Emerald Brewery လုပ်ငန်းများ စတင်လည်ပတ်ရန်အတွက် F&N က မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း (၇၀) ရင်းနှီးမြှုပ်နှံ

0
166

Chang Lager Beer ကိုမြန်မာပြည်တွင်းမှာပဲ ထုတ်လုပ်ဖြန့်ချီဖို့အတွက် Fraser and Neave, Limited (F&N) က မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာသန်း (၇၀) ရင်းနှီးမြှုပ်နှံထားပြီး Emerald Brewery Myanmar Limited (“Emerald Brewery”) ရဲ့စီးပွားရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

-Advertisement-

Emerald Brewery Myanmar Limited ရဲ့ Chang ဘီယာစက်ရုံဟာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ တည်ဆောက်ထားပြီး နောက်ဆုံးပေါ်ခေတ်မှီစက်သစ်ကြီးများဖြင့် စတင်ထုတ်လုပ်သွားမှာဖြစ်သလို လာမည့် သီတင်းပတ်မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် F&N ဟာ Emerald Brewery မှတဆင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ဒေသတွင်းဝန်ထမ်းများ အလုပ်အကိုင်ရရှိရေးနဲ့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားတိုးတက်အောင်မြင်ရေးတွေမှာ ပါဝင်ကူညီပေးသွားမှာ ဖြစ်ပါတယ်။

Emerald Brewery စက်ရုံမှာ တစ်နှစ်လျှင် ဘီယာ hectolitres ပေါင်း (၅၀၀,၀၀၀) ကျော်ထုတ်လုပ်နိုင်တဲ့ ခေတ်မှီစက်များအသုံးပြုထားပြီး မြန်မာနိုင်ငံရဲ့ ဘီယာစျေးကွက်မှာ ပါဝင်လုပ်ကိုင်ရတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာမြန်မာနိုင်ငံမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေက လုပ်ငန်းသစ်တိုးတက်အောင်မြင်စေဖို့အတွက် ခွန်အားတွေဖြစ်မယ်လို့ ယုံကြည်ကြောင်း F&N Board Executive Committee ရဲ့ ဥက္ကဌဖြစ်သူ Mr. Koh Poh Tiong က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Chang Beer ရဲ့ (၂၅) နှစ်မြောက်မွေးနေ့ နဲ့ ဘီယာစက်ရုံစတင်လည်ပတ်ခြင်း First Canning ဂုဏ်ပြုပွဲမှာ ပြောခဲ့ပါတယ်။ 

Chang Lager ဘီယာရဲ့ အရည်အသွေးအာမခံမှုနဲ့ ပတ်သတ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းထက် ကျော်လွန်တဲ့ သန့်စင်မှုအမြင့်ဆုံးရေအရင်းအမြစ်နှင့် ဥရောပမှ မုယောစပါး၊ ဂျာမဏီနှင့် အမေရိကန်နိုင်ငံတို့မှ ဗျစ်ပွင့်များကို အသုံးပြုသွားမှာဖြစ်ပြီး စစ်ဆေးမှုအဆင့်ပေါင်း (၂၅၀) ကျော်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

Emerald Brewery မှ Chang Lager Beer ကို သံဗူး 330ml, သံဗူး 500ml, ပုလင်း 320ml နှင့် 620ml တို့အပြင် 30 litre စည် အစရှိတဲ့ ထုပ်ပိုးမှုပုံစံ (၅) မျိုးနဲ့ ထုတ်လုပ်ဖြန့်ချီပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

#ChangBeer #TimeForAChange #TimeForChang

#Lifestyle_Myanmar

Zawgyi font

Emerald Brewery လုပ္ငန္းမ်ား စတင္လည္ပတ္ရန္အတြက္ F&N က ျမန္မာႏိုင္ငံတြင္ အေမရိကန္ေဒၚလာ သန္း (၇၀) ရင္းႏွီးျမႇဳပ္ႏွံ

Chang Lager Beer ကိုျမန္မာျပည္တြင္းမွာပဲ ထုတ္လုပ္ျဖန္႔ခ်ီဖို႔အတြက္ Fraser and Neave, Limited (F&N) က ျမန္မာႏိုင္ငံမွာ အေမရိကန္ေဒၚလာသန္း (၇၀) ရင္းႏွီးျမႇဳပ္ႏွံထားၿပီး Emerald Brewery Myanmar Limited (“Emerald Brewery”) ရဲ႕စီးပြားေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ျခင္း အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳပြဲအခမ္းအနားကို က်င္းပခဲ့ပါတယ္။

Emerald Brewery Myanmar Limited ရဲ႕ Chang ဘီယာစက္႐ုံဟာ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္မွာ တည္ေဆာက္ထားၿပီး ေနာက္ဆုံးေပၚေခတ္မွီစက္သစ္ႀကီးမ်ားျဖင့္ စတင္ထုတ္လုပ္သြားမွာျဖစ္သလို လာမည့္ သီတင္းပတ္မွာ တႏိုင္ငံလုံးအတိုင္းအတာျဖင့္ စတင္ျဖန္႔ျဖဴးေပးသြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ F&N ဟာ Emerald Brewery မွတဆင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈ တိုးတက္ေရး၊ ေဒသတြင္းဝန္ထမ္းမ်ား အလုပ္အကိုင္ရရွိေရးနဲ႔ ျမန္မာႏိုင္ငံရဲ႕ လူမႈစီးပြားတိုးတက္ေအာင္ျမင္ေရးေတြမွာ ပါဝင္ကူညီေပးသြားမွာ ျဖစ္ပါတယ္။

Emerald Brewery စက္႐ုံမွာ တစ္ႏွစ္လွ်င္ ဘီယာ hectolitres ေပါင္း (၅၀၀,၀၀၀) ေက်ာ္ထုတ္လုပ္ႏိုင္တဲ့ ေခတ္မွီစက္မ်ားအသုံးျပဳထားၿပီး ျမန္မာႏိုင္ငံရဲ႕ ဘီယာေစ်းကြက္မွာ ပါဝင္လုပ္ကိုင္ရတဲ့အတြက္ ဂုဏ္ယူေၾကာင္းနဲ႔ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာျမန္မာႏိုင္ငံမွာ လုပ္ကိုင္ခဲ့တဲ့ အေတြ႕အႀကဳံေတြက လုပ္ငန္းသစ္တိုးတက္ေအာင္ျမင္ေစဖို႔အတြက္ ခြန္အားေတြျဖစ္မယ္လို႔ ယုံၾကည္ေၾကာင္း F&N Board Executive Committee ရဲ႕ ဥကၠဌျဖစ္သူ Mr. Koh Poh Tiong က ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၅ ရက္ေန႔မွာ က်င္းပခဲ့တဲ့ Chang Beer ရဲ႕ (၂၅) ႏွစ္ေျမာက္ေမြးေန႔ နဲ႔ ဘီယာစက္႐ုံစတင္လည္ပတ္ျခင္း First Canning ဂုဏ္ျပဳပြဲမွာ ေျပာခဲ့ပါတယ္။

Chang Lager ဘီယာရဲ႕ အရည္အေသြးအာမခံမႈနဲ႔ ပတ္သတ္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕၏ စံခ်ိန္စံၫႊန္းထက္ ေက်ာ္လြန္တဲ့ သန္႔စင္မႈအျမင့္ဆုံးေရအရင္းအျမစ္ႏွင့္ ဥေရာပမွ မုေယာစပါး၊ ဂ်ာမဏီႏွင့္ အေမရိကန္ႏိုင္ငံတို႔မွ ဗ်စ္ပြင့္မ်ားကို အသုံးျပဳသြားမွာျဖစ္ၿပီး စစ္ေဆးမႈအဆင့္ေပါင္း (၂၅၀) ေက်ာ္နဲ႔ ထုတ္လုပ္သြားမွာ ျဖစ္ေၾကာင္းသိရပါတယ္။

Emerald Brewery မွ Chang Lager Beer ကို သံဗူး 330ml, သံဗူး 500ml, ပုလင္း 320ml ႏွင့္ 620ml တို႔အျပင္ 30 litre စည္ အစရွိတဲ့ ထုပ္ပိုးမႈပုံစံ (၅) မ်ိဳးနဲ႔ ထုတ္လုပ္ျဖန္႔ခ်ီေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ChangBeer #TimeForAChange #TimeForChang

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here