လူတိုင်းမှာတော့ မတူကွဲပြားတဲ့အချစ်ဇာတ်လမ်းကိုယ်စီရှိကြပါတယ်။ တစ်ချို့အတွက်က ရိုမန့်တစ်ဆန်တယ်ဆိုတာ သပ်ရပ်လှပနေတဲ့ ပန်းစည်းတစ်စည်းဖြစ်ပြီး တစ်ချို့အတွက်ကျပြန်တော့ ပိတ်ရက်တွေမှာ အတူတူတောင်တက်ရတာမျိုးပါ။ လူနည်းစုကတော့ နှစ်ယောက်အတူ ဘီယာလေးတစ်ယောက်တစ်ခွက်စီနဲ့ အချိန်ဖြုန်းကြပြီး လူအနည်းငယ်လောက်ကလည်း ကားထဲမှာပဲ အနမ်းပေးရင်း ရိုမန့်တစ်ဆန်ကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ လူတွေက ဒီ့ထက်ပိုတဲ့အရာတွေကို လုပ်တတ်ကြပါသေးတယ်။ ဥပမာ – အခုမျှဝေပေးမယ့် နိုင်ငံ (၁၀) နိုင်ငံက လူတွေပေါ့။
၁။ ဗီယက်နမ်

ဗီယက်နမ်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လူကြိုက်များရတဲ့အဓိကအကြောင်းရင်းကလည်း ရိုမန့်တစ်ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်းတွေကြောင့်ဖြစ်ပါတယ်။ လူတိုင်းက ဗီယက်နမ်နိုင်ငံရဲ့ စိတ်ကူးယဉ်ဖွယ်အချစ်ဇာတ်လမ်းတွေကို ၎င်းနိုင်ငံရဲ့ လေထုထဲမှာ ကောင်းကောင်းခံစားမိနိုင်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လှပပြီး ပန်းချီကားချပ်တွေလိုမျိုး ရိုမန့်တစ်ဆန်တဲ့နေရာများစွာရှိနေပြီး ဒီလိုနေရာတွေရောက်တိုင်းလည်း သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို အကြိမ်ကြိမ်ဖြစ်ပေါ်စေမှာပါ။
ဒါ့အပြင် ဗီယက်နမ်လူမျိုးတွေဟာ သူတို့ရဲ့ ချစ်သူနဲ့ အတူ Scooter တွေကို အတူတူစီးကြပါသေးတယ်။ ဒါကမှ Romantic မဖြစ်ရင် ဘယ်အရာကို Romantic ဆန်တယ်လို့ ပြောရမှာလဲ?
၂။ အိုင်ယာလန်

အိုင်ယာလန်လူမျိုးတွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာ၊ surprise တွေနဲ့ ဆွဲဆောင်လေ့ရှိပြီး တစ်ခြားလူတွေကို အံ့အားသင့်စေသူတွေပါ။ လူတော်တော်များများအတွက် အိုင်ယာလန်လူမျိုးတွေကို ရိုမန့်တစ်အဆန်ဆုံးနိုင်ငံစာရင်းထဲမှာ ထည့်သွားထားခြင်းက တော်တော်လေးအံ့ဩစရာပါပဲ။ သို့ပေမယ့် အိုင်ယာလန်လူမျိုးတွေက ဆန့်ကျင်ဘက်ခံစားရပါလိမ့်မယ်။ အကြောင်းကတော့ ရိုမန့်တစ်အဆန်ဆုံးနိုင်ငံတွေထဲမှာ အမြဲတမ်း နံပါတ် (၃) နေရာမှာ ရှိတတ်သူတွေဖြစ်တာကြောင့်ပါ။
အိုင်ယာလန်တွေအတွက် သူတို့ချစ်သူကို ဆွဲဆောင်ဖို့ ငွေကြေးအကုန်အကျအများအပြားသုံးလေမရှိဘဲ အပြုံးတစ်ပွင့်ကသာ သူတို့အတွက် အရေးအကြီးဆုံးလက်ဆောင်ဖြစ်ပါတယ်။
၃။ ဆွီဒင်နိုင်ငံ

ဆွီဒင်လူမျိုးတွေက ချစ်ခြင်းမေတ္တာတွေ၊ အချစ်ဇာတ်လမ်းတွေနဲ့ ဘယ်တော့ ဝေးကွာတတ်သူတွေမဟုတ်ပါဘူး။ ရိုမန့်တစ်အဆန်ဆုံးနိုင်ငံစာရင်းမှာ ဆွီဒင်ပါလာရခြင်းရဲ့ အဓိကအကြောင်းအရင်းက သူတို့နိုင်ငံရဲ့ ရိုးလာအစဉ်အလာတစ်ချို့ကြောင့်ဖြစ်ပါတယ်။ ဥပမာ – ဆွီဒင်အမျိုးသားတွေဟာ မီးဖိုချောင်ကိစ္စတွေမှာ အကူအညီပေးတတ်သူတွေဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ကို ဂရုစိုက်ပေးရုံတင်မကဘဲ အိမ်မှုကိစ္စတွေကိုပါ ဝိုင်းဝန်းလုပ်ကိုင်လိုသူတဲ့ ခင်ပွန်းမျိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဆွီဒင်အမျိုးသားတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အကောင်းဆုံးနှင့် အချစ်တတ်ဆုံး (အရိုဆုံး) အမျိုးသားတွေအတွက် လက်ခံထားကြပါတယ်။
၄။ အမေရိကန်

အမေရိကန်တွေကတော့ သူတို့ရဲ့ ပါတနာကို ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသဖို့ ဘယ်တော့မှ မရှက်တတ်သူတွေပါ။ လိမ္မာပါးနပ်ကြသူတွေဖြစ်ပြီး လက်ဆောင်တွေအမြောက်အများပေးတတ်ကြသလို တော်ကီတွေကိုလည်း စိတ်အားထက်ထက်သန်သန်နဲ့ အလုံးလိုက်ပစ်ထည့်တတ်ကြပါသေးတယ်။
ဖယောင်းတိုင်တွေ ပတ်ပတ်လည်ထွန်းထားတဲ့ ညစာစားပွဲတွေ၊ ဝိုင်တွေနှင့် Romantic ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်းတွေကတော့ အမေရိကန်နိုင်ငံရဲ့ ချစ်ခြင်းမေတ္တာမှာ အဓိကပါဝင်ပစ္စည်းတွေဖြစ်ပါတယ်။
၅။ Lebanon

လက်ဘနွန်လူမျိုးတွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာနှင့် တွယ်တာမှုဆိုင်ရာ ပုံပြင်တွေကြောင့် ရိုမန့်တစ်အဆန်ဆုံးနိုင်ငံစာရင်းတွေမှာ ပါဝင်လာတာဖြစ်ပါတယ်။ လက်ဘနွန်ပြည်သူတွေက သူတို့ရဲ့ ချစ်သူတွေကို ချစ်မြတ်နိးတဲ့အခါ သူတို့ပါတနာရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ဓားတောင်ကို ကျော်ကျော်/ မီးပင်လယ်ကို ဖြတ်ဖြတ်ဆိုတဲ့လူမျိုးတွေပါ။
လက်ဘနွန်ကို တစ်ခြားအာရပ်နိုင်ငံတွေနှင့် နှိုင်းယှဉ်မယ်ဆိုရင် လုံးဝကွဲပြားကို သင်တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ ခံစားချက်တွေကို ဘယ်တော့မှ ဖုံးကွယ်လေ့မရှိသလို လူ့အဖွဲ့အစည်းတွေကိုလည်း ကြောက်တတ်သူတွေမဟုတ်ပါဘူး။ တစ်ဆက်တည်းမှာ သူတို့ရဲ့ ပါတနာကို ဆွဲဆောင်ဖို့ လုံလောက်သောဂုဏ်အင်္ဂါရပ်တွေရှိသူတွေလည်းဖြစ်ပါတယ်။ သင့်အနေနဲ့ ချစ်ခြင်းမေတ္တာကို တောင့်တနေတယ်ဆိုရင် လက်ဘနွန်ဟာ သင့်အတွက် ချစ်ခြင်းမေတ္တာတွေကို ရှာဖွေဖို့ နေရာမှန်ဖြစ်နိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
Ref-herbeauty, worldlist