Crush ရှိတဲ့ဆိုင်က ကော်ဖီကို ဆီးချိုရောဂါရတဲ့အထိ အားပေးခဲ့တဲ့ အမျိုးသား

0
141

တဖတ်သတ် ချစ်တဲ့အချစ်က ဆိုးဝါးပါတယ်။ ကိုယ်ကြိတ်ပြီး crush နေတဲ့သူကို နေ့စဉ်မြင်တွေ့ရဖို့ဆိုရင် ယောကျ်ားလေးတိုင်း နည်းမျိုးစုံသုံးပြီး ကြိုးစားမိမှာပါပဲ။ ထိုင်ဝမ်အမျိုးသားတစ်ယောက်ကတော့ 7-Eleven ဆိုင်က casher စော်လေးကို အရူးအမူး crush မိတာကြောင့် နေ့စဉ်ကော်ဖီဝယ်သောက်ရင်း နောက်ဆုံးမှာ ဆီးချိုရောဂါပါ ရသွားခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ သူ့ရဲ့ဖြစ်စဥ်ကို Dcard လို့ခေါ်တဲ့ လူသိများတဲ့ ဖိုရမ်တစ်ခုမှာ မျှဝေခဲ့တာဖြစ်ပါတယ်။ သူက “ကျွန်တော်တို့ သဘောကျတဲ့ မိန်းကလေးတစ်ယောက်ကို လိုက်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ ဇွဲရှိမရှိပေါ်မှာ မူတည်ပါတယ်” လို့ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူနေထိုင်တဲ့နေရာနားက 7-Eleven ဆိုင်ခွဲတစ်ခုမှာ casher မှာထိုင်တဲ့ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းမှာပဲ အရူးအမူးစွဲလမ်းခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ကိုသတိပြုမိပြီး မှတ်မိနေစေဖို့အတွက် ကြိုးစားမယ်လို့ သူဆုံးဖြတ်ချက်ချခဲ့ပြီး သူနေ့စဉ်ဝယ်ယူတဲ့ကော်ဖီမှာ သကြားငါးဇွန်း ထည့်ဖို့ပြောခဲ့ပါတယ်။ အခြားသူတွေနဲ့မတူမှသာ သူ့ကိုပိုပြီးမှတ်မိမယ်ဆိုတဲ့ ဗျူဟာကို သုံးခဲ့တာဖြစ်ပါတယ်။

သူယခုလို သကြား အများကြီးထည့်ခိုင်းတဲ့အတွက် ကောင်မလေးက အံ့သြပြီး “အရမ်းချိုနေမှာပေါ့” လို့ ပြောတဲ့အခါ သူက “မင်းလောက်တော့ ချိုမှာမဟုတ်ပါဘူး”လို့ မျက်စိတဖတ်မှိတ်ပြရင်း သူကပြန်ပြောခဲ့ပါတယ်။ ကောင်မလေးက သူ့ကို ရှက်ပြုံးလေးပြုံးပြခဲ့တာကြောင့် သူ့ရဲ့တော်ကီ အောင်မြင်တယ်လို့ ပြောရမလိုပါပဲ။ အဲ့နောက်ပိုင်းမှာတော့ အဆိုပါ crush နဲ့နီးစပ်ဖို့အတွက် သကြားငါးဇွန်းထည့်ထားတဲ့ ကော်ဖီချိုချိုကို နေ့စဉ်နေ့တိုင်း ဝယ်ယူအားပေးပါတော့တယ်။ ၂နှစ်ခန့် ကြာတဲ့အခါမှာတော့ သူမှာဆီးချိုရောဂါဖြစ်နေကြောင်း သိလိုက်ရတယ်လို့ ဆိုပါတယ်။

အချို့အင်တာနက်သုံးစွဲသူတွေက သူ့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ခဲ့ကြပြီး အချို့ကတော့ သူ့ရဲ့ဇတ်လမ်းကို သံသယဖြစ်နေကြပါတယ်။ Healthline ရဲ့အဆိုအရ သကြားတွေအများကြီးစားသုံးတာဟာ ဆီးချိုရောဂါရဲ့ ရလာဒ်မဟုတ်ပါဘူး၊ ဒါပေမယ့် အချိုတွေအလွန်အကျွံစားသုံးခြင်းဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ရောဂါခံစားရစေပါတယ်လို့ သိရပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source

Crush ရွိတဲ့ဆိုင္က ေကာ္ဖီကို ဆီးခ်ိဳေရာဂါရတဲ့အထိ အားေပးခဲ့တဲ့ အမ်ိဳးသား
တဖတ္သတ္ ခ်စ္တဲ့အခ်စ္က ဆိုးဝါးပါတယ္။ ကိုယ္ႀကိတ္ၿပီး crush ေနတဲ့သူကို ေန႔စဥ္ျမင္ေတြ႕ရဖို႔ဆိုရင္ ေယာက်္ားေလးတိုင္း နည္းမ်ိဳးစုံသုံးၿပီး ႀကိဳးစားမိမွာပါပဲ။ ထိုင္ဝမ္အမ်ိဳးသားတစ္ေယာက္ကေတာ့ 7-Eleven ဆိုင္က casher ေစာ္ေလးကို အ႐ူးအမူး crush မိတာေၾကာင့္ ေန႔စဥ္ေကာ္ဖီဝယ္ေသာက္ရင္း ေနာက္ဆုံးမွာ ဆီးခ်ိဳေရာဂါပါ ရသြားခဲ့ပါတယ္။ အဆိုပါအမ်ိဳးသားဟာ သူ႔ရဲ႕ျဖစ္စဥ္ကို Dcard လို႔ေခၚတဲ့ လူသိမ်ားတဲ့ ဖိုရမ္တစ္ခုမွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။ သူက “ကြၽန္ေတာ္တို႔ သေဘာက်တဲ့ မိန္းကေလးတစ္ေယာက္ကို လိုက္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ဇြဲရွိမရွိေပၚမွာ မူတည္ပါတယ္” လို႔ေျပာခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က သူေနထိုင္တဲ့ေနရာနားက 7-Eleven ဆိုင္ခြဲတစ္ခုမွာ casher မွာထိုင္တဲ့ ေကာင္မေလးတစ္ေယာက္ကို ျမင္ျမင္ခ်င္းမွာပဲ အ႐ူးအမူးစြဲလမ္းခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူ႔ကိုသတိျပဳမိၿပီး မွတ္မိေနေစဖို႔အတြက္ ႀကိဳးစားမယ္လို႔ သူဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီး
သူေန႔စဥ္ဝယ္ယူတဲ့ေကာ္ဖီမွာ သၾကားငါးဇြန္း ထည့္ဖို႔ေျပာခဲ့ပါတယ္။ အျခားသူေတြနဲ႔မတူမွသာ သူ႔ကိုပိုၿပီးမွတ္မိမယ္ဆိုတဲ့ ဗ်ဴဟာကို သုံးခဲ့တာျဖစ္ပါတယ္။
သူယခုလို သၾကား အမ်ားႀကီးထည့္ခိုင္းတဲ့အတြက္ ေကာင္မေလးက အံ့ၾသၿပီး “အရမ္းခ်ိဳေနမွာေပါ့” လို႔ ေျပာတဲ့အခါ သူက “မင္းေလာက္ေတာ့ ခ်ိဳမွာမဟုတ္ပါဘူး”လို႔ မ်က္စိတဖတ္မွိတ္ျပရင္း သူကျပန္ေျပာခဲ့ပါတယ္။ ေကာင္မေလးက သူ႔ကို ရွက္ၿပဳံးေလးၿပဳံးျပခဲ့တာေၾကာင့္ သူ႔ရဲ႕ေတာ္ကီ ေအာင္ျမင္တယ္လို႔ ေျပာရမလိုပါပဲ။ အဲ့ေနာက္ပိုင္းမွာေတာ့ အဆိုပါ crush နဲ႔နီးစပ္ဖို႔အတြက္ သၾကားငါးဇြန္းထည့္ထားတဲ့ ေကာ္ဖီခ်ိဳခ်ိဳကို ေန႔စဥ္ေန႔တိုင္း ဝယ္ယူအားေပးပါေတာ့တယ္။ ၂ႏွစ္ခန္႔ ၾကာတဲ့အခါမွာေတာ့ သူမွာဆီးခ်ိဳေရာဂါျဖစ္ေနေၾကာင္း သိလိုက္ရတယ္လို႔ ဆိုပါတယ္။ အခ်ိဳ႕အင္တာနက္သုံးစြဲသူေတြက သူ႔ရဲ႕က်န္းမာေရးအတြက္ စိုးရိမ္ပူပန္ခဲ့ၾကၿပီး အခ်ိဳ႕ကေတာ့ သူ႔ရဲ႕ဇတ္လမ္းကို သံသယျဖစ္ေနၾကပါတယ္။ Healthline ရဲ႕အဆိုအရ သၾကားေတြအမ်ားႀကီးစားသုံးတာဟာ ဆီးခ်ိဳေရာဂါရဲ႕ ရလာဒ္မဟုတ္ပါဘူး၊ ဒါေပမယ့္ အခ်ိဳေတြအလြန္အကြၽံစားသုံးျခင္းဟာ သြယ္ဝိုက္တဲ့နည္းနဲ႔ ေရာဂါခံစားရေစပါတယ္လို႔ သိရပါတယ္။
LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here