” Comma ” ဆံပင်ပုံစံနဲ့ လုံးဝလိုက်ဖက်တဲ့ ကိုရီးယားအမျိုးသား အနုပညာရှင်များ

0
70

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တည်းက “ကော်မာ”(“Comma”) ဆံပင်ပုံစံဟာ နာမည်ကြီးအနုပညာရှင်တွေအကြားမှာ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ လူတိုင်းနှင့် ကြည့်ကောင်းချင်မှ ကြည့်ကောင်းပေမယ့် ကိုရီးယားအမျိုးသားတွေကြားမှာ အများဆုံးညှပ်ချင်တဲ့ ဆံပင်ပုံစံများထဲ တစ်ခုဖြစ်ပါတယ်။ အမျိုးသား အနုပညာရှင် အတော်များများလည်း ဒီပုံစံကို ညှပ်ခဲ့ကြပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ဒီ”ကော်မာ” ဆံပင်ပုံနဲ့ အရမ်းကြည့်ကောင်းတဲ့၊ လုံးဝလိုက်ဖက်တဲ့ ကိုရီးယားအမျိုးသား အနုပညာရှင်တစ်ချို့ပါ။

-Advertisement-

၁။ Park Seo Joon

Park Seo Joon ဟာ “ကော်မာ”ဆံပင်ပုံစံနဲ့ အရမ်းလိုက်ဖက်တဲ့ အနုပညာရှင်တစ်ဦးပါ။ အထူးသဖြင့် “What’s Wrong with Secretary Kim” ဇာတ်လမ်းတွဲထဲမှာ ဒီဆံပင်ပုံစံက သူ့ရုပ်ရည်ကို ပေါ်လွင်ပြီး ပိုကြည့်ကောင်းသွားစေပါတယ်။

၂။ BTS အဖွဲ့ဝင် Jungkook

Jungkook ကို BTS ရဲ့ “War of Hormone” သီချင်းမှာ “ကော်မာ”ဆံပင်ပုံစံနဲ့ တွေ့ရမှာပါ။ ဒီဆံပင်ပုံစံက သူ့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်ကို ပိုပြီးဆွဲဆောင်မှု ရှိစေပါတယ်။

၃။ ASTRO အဖွဲ့ဝင် Cha Eun Woo

ချာအွန်ဝူးဟာ “ကော်မာ”ဆံပင်ပုံစံနှင့် ကြည့်ကောင်းတဲ့ အိုင်ဒေါတွေထဲက တစ်ယောက်ပါ။ ဒီဆံပင်ပုံစံလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချာအွန်ဝူးဟာ မိန်းကလေးပရိတ်သတ်ရဲ့ သည်းသည်းလှုပ်အားပေးမှုကို အပြည့်အဝရရှိထားပါတယ်။ လက်ရှိမှာ သူဟာ “Rookie Historian Goo Hae Ryung.”ဆိုတဲ့ ကိုရီးယားရာဇဝင်ကားကို ရိုက်ကူးနေပါတယ်။

၄။ Kang Dong Won

Kang Dong Won ဟာ ဘယ်ဆံပင်ပုံစံနှင့်မဆို ကြည့်ကောင်းပေမယ့် အထူးသဖြင့် “ကော်မာ”ဆံပင်ပုံစံလေးနဲ့ဆိုရင် အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။

၅။ Park Bo Gum

သူ့ရဲ့ကလေးဆန်တဲ့ရုပ်ရည်၊ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးနှင့်အတူ Park Bo Gum ဟာ ခေတ်မှီဆန်းသစ်တဲ့ “comma” hairstyle လေးနဲ့ လိုက်ဖက်လို့ နေပြန်ပါတယ်။

၆။ Yoo Seung Ho

Yoo Seung Ho ရဲ့ အမြဲတမ်းညှပ်နေကျ ဆံပင်ပုံစံလေးကတော့ “ကော်မာ”ပုံစံဖြစ်ပြီး သူနဲ့ အရမ်းကို ကြည့်ကောင်းလွန်းပါတယ်။ သူဟာ “Remember” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဒီဆံပင်ပုံစံနဲ့ ထင်ရှားလာခဲ့ပါတယ်။

၇။ EXO အဖွဲ့ဝင် Sehun

Sehun ဟာ ဆံပင်ကို အနောက်အပြောင်သိမ်းတာမျိုး၊ ရောင်စုံဆိုးတာမျိုး စသဖြင့် ဆံပင်ပုံစံအမျိုးမျိုးကို စမ်းသပ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ကော်မာ ဆံပင်ပုံစံကလည်း သူနဲ့ ကြည့်ကောင်းတဲ့ ဆံပင်ပုံစံတစ်ခု ဖြစ်ပါတယ်။

၈။ Gray

AOMG ရဲ့ ရက်ပ်အဆိုတော်၊ ပရိုဂျူဆာ Gray ဟာ များသောအားဖြင့် ကော်မာပုံစံ ဆံပင် အတိုအကပ်လေး တွေသာ ညှပ်လေ့ရှိပါတယ်။

၉။ Ryu Jun Yeol

Ryu Jun Yeol ဟာဒီဆံပင်ပုံစံလေးနဲ့ ကြည့်ကောင်းတဲ့ နောက်ထပ် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာ မကြာသေးမီက သူ့ရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ “The Battle: Roar to Victory” အတွက် သတင်းစာရှင်းလင်းပွဲကို ဒီဆံပင်ပုံနဲ့ တတ်ရောက်ခဲ့ပါသေးတယ်။

၁၀။ Ong Seong Wu

ပရိတ်သတ်တွေက ဒီအိုင်ဒေါဟာ ကော်မာဆံပင်ပုံစံလေးနဲ့ အရမ်းကြည့်ကောင်းတယ်လို့ အပြည့်အဝထောက်ခံထားကြပါတယ်။ သူဟာ “Moments of 18″ ဒရမ်မာမှာ လက်ရှိသရုပ်ဆောင်နေပါတယ်။ ဒီ ဒရမ်မာ ဇာတ်ကားထဲမှာ ကော်မာ ဆံပင်ပုံစံလေးနဲ့ မတွေ့ရသော်လည်း သစ္စာရှိတဲ့ သူငယ်ချင်းတစ်ယောက်၊ အပြစ်ကင်းစင်တဲ့ ၁၈နှစ်အရွယ်ကောင်လေးအဖြစ် ဖော်ကျူးထားတာကို တွေ့နိုင်ပါတယ်။

၁၁။ GOT7 အဖွဲ့ဝင် Mark

GOT7 အဖွဲ့ဝင် Mark ဟာ ကော်မာ ဆံပင်ပုံစံလေးနဲ့ အရမ်းလိုက်ဖက်တဲ့ အိုင်ဒေါတစ်ယောက်ဖြစ်တာကို ခုဓါတ်ပုံထဲမှာ မြင်တွေ့ကြရမှာပါ။ သူဟာ ဆံပင်ကို အနက်ရောင်၊ အညိုရောင်၊ ငွေရောင်ဆိုးလေ့ရှိပေမယ့် ကော်မာ ဆံပင်ပုံစံလေးကတော့ မပြောင်းသွားပါဘူး။

Lifestyle_Myanmar

LM_Nandar

ZawGyi

“Comma ” ဆံပင္ပုံစံနဲ႔ လုံးဝလိုက္ဖက္တဲ့ ကိုရီးယားအမ်ိဳးသား အႏုပညာရွင္မ်ား
လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္တည္းက “ေကာ္မာ”(“Comma”) ဆံပင္ပုံစံဟာ နာမည္ႀကီးအႏုပညာရွင္ေတြအၾကားမွာ ေရပန္းအစားဆုံးျဖစ္ခဲ့ပါတယ္။ လူတိုင္းႏွင့္ ၾကည့္ေကာင္းခ်င္မွ ၾကည့္ေကာင္းေပမယ့္ ကိုရီးယားအမ်ိဳးသားေတြၾကားမွာ အမ်ားဆုံးညႇပ္ခ်င္တဲ့ ဆံပင္ပုံစံမ်ားထဲ တစ္ခုျဖစ္ပါတယ္။ အမ်ိဳးသား အႏုပညာရွင္ အေတာ္မ်ားမ်ားလည္း ဒီပုံစံကို ညႇပ္ခဲ့ၾကပါတယ္။ ေအာက္မွာေဖာ္ျပထားတာကေတာ့ ဒီ”ေကာ္မာ” ဆံပင္ပုံနဲ႔ အရမ္းၾကည့္ေကာင္းတဲ့၊ လုံးဝလိုက္ဖက္တဲ့ ကိုရီးယားအမ်ိဳးသား အႏုပညာရွင္တစ္ခ်ိဳ႕ပါ။

၁။ Park Seo Joon

Park Seo Joon ဟာ “ေကာ္မာ”ဆံပင္ပုံစံနဲ႔ အရမ္းလိုက္ဖက္တဲ့ အႏုပညာရွင္တစ္ဦးပါ။ အထူးသျဖင့္ “What’s Wrong with Secretary Kim” ဇာတ္လမ္းတြဲထဲမွာ ဒီဆံပင္ပုံစံက သူ႔႐ုပ္ရည္ကို ေပၚလြင္ၿပီး ပိုၾကည့္ေကာင္းသြားေစပါတယ္။

၂။ BTS အဖြဲ႕ဝင္ Jungkook

Jungkook ကို BTS ရဲ႕ “War of Hormone” သီခ်င္းမွာ “ေကာ္မာ”ဆံပင္ပုံစံနဲ႔ ေတြ႕ရမွာပါ။ ဒီဆံပင္ပုံစံက သူ႔ရဲ႕ ၾကည့္ေကာင္းတဲ့ ႐ုပ္ရည္ကို ပိုၿပီးဆြဲေဆာင္မႈ ရွိေစပါတယ္။

၃။ ASTRO အဖြဲ႕ဝင္ Cha Eun Woo

ခ်ာအြန္ဝူးဟာ “ေကာ္မာ”ဆံပင္ပုံစံႏွင့္ ၾကည့္ေကာင္းတဲ့ အိုင္ေဒါေတြထဲက တစ္ေယာက္ပါ။ ဒီဆံပင္ပုံစံေလးနဲ႔ လိုက္ဖက္လြန္းတဲ့ ခ်ာအြန္ဝူးဟာ မိန္းကေလးပရိတ္သတ္ရဲ႕ သည္းသည္းလႈပ္အားေပးမႈကို အျပည့္အဝရရွိထားပါတယ္။ လက္ရွိမွာ သူဟာ “Rookie Historian Goo Hae Ryung.”ဆိုတဲ့ ကိုရီးယားရာဇဝင္ကားကို ႐ိုက္ကူးေနပါတယ္။

၄။ Kang Dong Won

Kang Dong Won ဟာ ဘယ္ဆံပင္ပုံစံႏွင့္မဆို ၾကည့္ေကာင္းေပမယ့္ အထူးသျဖင့္ “ေကာ္မာ”ဆံပင္ပုံစံေလးနဲ႔ဆိုရင္ အရမ္းကို ဆြဲေဆာင္မႈရွိပါတယ္။

၅။ Park Bo Gum

သူ႔ရဲ႕ကေလးဆန္တဲ့႐ုပ္ရည္၊ ခ်စ္ဖို႔ေကာင္းတဲ့ အၿပဳံးေလးႏွင့္အတူ Park Bo Gum ဟာ ေခတ္မွီဆန္းသစ္တဲ့ “comma” hairstyle ေလးနဲ႔ လိုက္ဖက္လို႔ ေနျပန္ပါတယ္။

၆။ Yoo Seung Ho

Yoo Seung Ho ရဲ႕ အၿမဲတမ္းညႇပ္ေနက် ဆံပင္ပုံစံေလးကေတာ့ “ေကာ္မာ”ပုံစံျဖစ္ၿပီး သူနဲ႔ အရမ္းကို ၾကည့္ေကာင္းလြန္းပါတယ္။ သူဟာ “Remember” ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ဒီဆံပင္ပုံစံနဲ႔ ထင္ရွားလာခဲ့ပါတယ္။

၇။ EXO အဖြဲ႕ဝင္ Sehun

Sehun ဟာ ဆံပင္ကို အေနာက္အေျပာင္သိမ္းတာမ်ိဳး၊ ေရာင္စုံဆိုးတာမ်ိဳး စသျဖင့္ ဆံပင္ပုံစံအမ်ိဳးမ်ိဳးကို စမ္းသပ္တဲ့ေနရာမွာ နာမည္ႀကီးပါတယ္။ ေကာ္မာ ဆံပင္ပုံစံကလည္း သူနဲ႔ ၾကည့္ေကာင္းတဲ့ ဆံပင္ပုံစံတစ္ခု ျဖစ္ပါတယ္။

၈။ Gray

AOMG ရဲ႕ ရက္ပ္အဆိုေတာ္၊ ပ႐ိုဂ်ဴဆာ Gray ဟာ မ်ားေသာအားျဖင့္ ေကာ္မာပုံစံ ဆံပင္ အတိုအကပ္ေလး ေတြသာ ညႇပ္ေလ့ရွိပါတယ္။

၉။ Ryu Jun Yeol

Ryu Jun Yeol ဟာဒီဆံပင္ပုံစံေလးနဲ႔ ၾကည့္ေကာင္းတဲ့ ေနာက္ထပ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ သူဟာ မၾကာေသးမီက သူ႔ရဲ႕ ဇာတ္ကားသစ္ျဖစ္တဲ့ “The Battle: Roar to Victory” အတြက္ သတင္းစာရွင္းလင္းပြဲကို ဒီဆံပင္ပုံနဲ႔ တတ္ေရာက္ခဲ့ပါေသးတယ္။

၁၀။ Ong Seong Wu

ပရိတ္သတ္ေတြက ဒီအိုင္ေဒါဟာ ေကာ္မာဆံပင္ပုံစံေလးနဲ႔ အရမ္းၾကည့္ေကာင္းတယ္လို႔ အျပည့္အဝေထာက္ခံထားၾကပါတယ္။ သူဟာ “Moments of 18″ ဒရမ္မာမွာ လက္ရွိသ႐ုပ္ေဆာင္ေနပါတယ္။ ဒီ ဒရမ္မာ ဇာတ္ကားထဲမွာ ေကာ္မာ ဆံပင္ပုံစံေလးနဲ႔ မေတြ႕ရေသာ္လည္း သစၥာရွိတဲ့ သူငယ္ခ်င္းတစ္ေယာက္၊ အျပစ္ကင္းစင္တဲ့ ၁၈ႏွစ္အ႐ြယ္ေကာင္ေလးအျဖစ္ ေဖာ္က်ဴးထားတာကို ေတြ႕ႏိုင္ပါတယ္။

၁၁။ GOT7 အဖြဲ႕ဝင္ Mark

GOT7 အဖြဲ႕ဝင္ Mark ဟာ ေကာ္မာ ဆံပင္ပုံစံေလးနဲ႔ အရမ္းလိုက္ဖက္တဲ့ အိုင္ေဒါတစ္ေယာက္ျဖစ္တာကို ခုဓါတ္ပုံထဲမွာ ျမင္ေတြ႕ၾကရမွာပါ။ သူဟာ ဆံပင္ကို အနက္ေရာင္၊ အညိဳေရာင္၊ ေငြေရာင္ဆိုးေလ့ရွိေပမယ့္ ေကာ္မာ ဆံပင္ပုံစံေလးကေတာ့ မေျပာင္းသြားပါဘူး။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here