Combat ဘြတ္ဖိနပ္ေတြဟာ ၁၉၉၀ႏွစ္လယ္ပိုငး္ေလာက္က အရမ္းေပၚျပဴလာျဖစ္ခဲ့ေပမယ့္လည္း ဒီဖိနပ္ေတြဟာ ယေန႔တိုင္ အရမ္းေခတ္မွီေနဆဲပါ။ ဒီဘြတ္ဖိနပ္ေတြကို ဖန္စီအဝတ္အစားေတြနဲ႔ တြဲဖက္ႏိုင္သလို casual ဝတ္စံုေတြနဲ႔လည္း တြဲဖက္နိုင္ပါတယ္။ ထူးထူးျခားျခားနဲ႔ စတိုင္က်ၿပီး classy ျဖစ္မယ့္ဒီဇိုင္းကို ဖန္တီးဖို႔ ဒီဘြတ္ဖိနပ္ေတြကို အလြယ္တကူ သံုးႏိုင္ပါတယ္။
၁။ ေခတ္မီဆန္းသစ္တဲ့ Look ကိုဖန္တီးဖို႔ မိ္န္းကေလးဆန္ဆန္ ဂါဝန္ကို ေရြးခ်ယ္ပါ

ရိုးရွင္းေပမယ့္ solid color ဂါဝန္တိုတစ္ထည္နဲ႔ combat boots တစ္စံုက ေခတ္မွီတဲ့ ဝတ္စံုတစ္စံု ျဖစ္ပါတယ္။ ဒီထက္ပိုၿပီး လြတ္လပ္မႈဒီဇိုင္းကို ဖန္တီးခ်င္ရင္ေတာ့ ပန္းပြင့္ေလးေသးေသးေလးေတြ၊ အစက္အေျပာက္ေသးေသးေလးေတြပါတဲ့ ဂါဝန္ရွည္တစ္ထည္ကို ေရြးခ်ယ္ပါ။ ေရာင္စံုဂါဝန္တစ္ထည္ဆိုရင္ေတာ့ အနက္ သို႔မဟုတ္ မီးခိုးေရာင္ combat boots ကိုေရြးခ်ယ္ပါ။
၂။ ဘေလာက္အက်ၤီေကာင္းေကာင္းတစ္ထည္ႏွင့္အတူ short boots တစ္စံု

အျဖဴ၊ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ သို႔မဟုတ္ အဝါေရာင္ေဖ်ာ့ေဖ်ာ့ကဲ့သို႔ အေရာင္ေဖ်ာ့ေဖ်ာ့ေလးမွာ flowy ဘေလာက္တစ္ထည္ကို ေရြးခ်ယ္ပါ။ ဇာေတြ၊ အတြန္႔အဖတ္ေတြကဲ့သို႔ မိန္းကေလးဆန္ဆန္ အေသးစိတ္အလွဆင္ထားတဲ့ ရွပ္တစ္ထည္ကို ေရြးခ်ယ္ပါ။ ဘြတ္ဖိနပ္နဲ႔ လုိက္ဖက္ေအာင္ စကတ္အတို သို႔မဟုတ္ cropped pants ေလးေတြကို ေရြးခ်ယ္ပါ။
၃။ မိန္းကေလးဆန္ဆန္ Look အတြက္ သင့္ရဲ႕ဘြတ္ဖိနပ္ကို စကတ္တစ္ထည္ျဖင့္ ဝတ္ဆင္ပါ

အနက္ေရာင္၊ မီးခိုးေရာင္ pencil skirt ေလးေတြက သင့္ရဲ႕ဝတ္စံုကို ပေရာင္ဖက္ရွင္နယ္အသြင္ကို ဖန္တီးေပးပါလိမ့္မယ္။အက်ၤီကို ပိုၿပီး စနစ္က်က် ဝတ္မယ္ဆိုရင္ေတာ့ အထပ္အတြန္႔အဖက္ေလးေတြပါတဲ့ ခပ္ပြပြစကတ္တစ္ထည္ကို ေရြးခ်ယ္လို႔ရပါတယ္။
ပေရာ္ဖက္ရွင္နယ္မက်တဲ့ အသြင္ကို ဖန္တီးေပးႏိုင္တာေၾကာင့္ ဘြတ္ဖိနပ္ကို maxi စကတ္နဲ႔ တြဲဝတ္တာေရွာင္ပါ။
၄။ ပေရာ္ဖက္ရွင္နယ္ Look တစ္ခုအတြက္ ankle-height boots ႏွင့္ သုိးေမႊးရင္ေစ့အက်ၤီကို ေရြးခ်ယ္ပါ

ပိုမိုေခတ္မွီတဲ့ Look ကိုဖန္တီးဖို႔အတြက္ ရွပ္အကၤ်ီအေပၚကေန ရင့္ေစ့ဆြယ္တာအက်ီၤေလး ထပ္ဝတ္ပါ။ မိန္းကေလးပိုဆန္ခ်င္ရင္ေတာ့ pencil skirt တစ္ထည္ကို ရိုးရိုးဘေလာက္တစ္ထည္ႏွင့္အတူ ဇာရင္ေစ့အက်ီၤေလးထပ္ဝတ္ႏိုင္ပါတယ္။ သိုးေမႊးရင္ေစ့အကၤ်ီေတြက ေအးျမတဲ့ ေဆာင္းရာသီမွာ ေႏြးေေထြးေစၿပီး ဖက္ရွင္က်တဲ့ အကၤ်ီတစ္ထည္လည္း ျဖစ္ပါတယ္။
၅။ cropped pants နဲ႔တြဲဝတ္မယ္ဆိုရင္ shorter boots ေလးကို ေရြးပါ

စတုိင္က်တဲ့ ဝတ္စံုကိုဖန္တီးဖို႔ အနက္ေရာင္၊ မီးခိုးေရာင္ ၊အညိဳေရာင္၊ မိုးျပာေရာင္ကဲ့သို႔ အေရာင္ရင့္ရင့္ ေဘာင္းဘီေတြကို ေရြးခ်ယ္ပါ။ cropped jeans လို ေျခခ်င္းဝတ္အထက္မွာ ဆံုးတဲ့ ေဘာင္းဘီအက်ပ္ေလးေတြ ျဖစ္ရပါမယ္။ ေဘာင္းဘီက ဒီထက္ပိုရွည္ရင္ ေဘာင္းဘီနဲ႔ ဖိနပ္အၾကား အသားအေရကို နည္းနည္းျပဖို႔ တစ္ေခါက္ ေခါက္ၿပီး ဝတ္ဆင္ပါ။
Lifestyle_Myanmar
LM_Nandar
Unicode
Combat Boots ကို စတိုင်ကျကျနဲ့ ခေတ်မှီအောင် ဘယ်လိုဝတ်ဆင်မလဲ?
Combat ဘွတ်ဖိနပ်တွေဟာ ၁၉၉၀နှစ်လယ်ပိုငး်လောက်က အရမ်းပေါ်ပြူလာဖြစ်ခဲ့ပေမယ့်လည်း ဒီဖိနပ်တွေဟာ ယနေ့တိုင် အရမ်းခေတ်မှီနေဆဲပါ။ ဒီဘွတ်ဖိနပ်တွေကို ဖန်စီအဝတ်အစားတွေနဲ့ တွဲဖက်နိုင်သလို casual ဝတ်စုံတွေနဲ့လည်း တွဲဖက်နိုင်ပါတယ်။ ထူးထူးခြားခြားနဲ့ စတိုင်ကျပြီး classy ဖြစ်မယ့်ဒီဇိုင်းကို ဖန်တီးဖို့ ဒီဘွတ်ဖိနပ်တွေကို အလွယ်တကူ သုံးနိုင်ပါတယ်။
၁။ ခေတ်မီဆန်းသစ်တဲ့ Look ကိုဖန်တီးဖို့ မိ်န်းကလေးဆန်ဆန် ဂါဝန်ကို ရွေးချယ်ပါ
ရိုးရှင်းပေမယ့် solid color ဂါဝန်တိုတစ်ထည်နဲ့ combat boots တစ်စုံက ခေတ်မှီတဲ့ ဝတ်စုံတစ်စုံ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး လွတ်လပ်မှုဒီဇိုင်းကို ဖန်တီးချင်ရင်တော့ ပန်းပွင့်လေးသေးသေးလေးတွေ၊ အစက်အပြောက်သေးသေးလေးတွေပါတဲ့ ဂါဝန်ရှည်တစ်ထည်ကို ရွေးချယ်ပါ။ ရောင်စုံဂါဝန်တစ်ထည်ဆိုရင်တော့ အနက် သို့မဟုတ် မီးခိုးရောင် combat boots ကိုရွေးချယ်ပါ။
၂။ ဘလောက်အကျင်္ီကောင်းကောင်းတစ်ထည်နှင့်အတူ short boots တစ်စုံ
အဖြူ၊ ပန်းရောင်ဖျော့ဖျော့ သို့မဟုတ် အဝါရောင်ဖျော့ဖျော့ကဲ့သို့ အရောင်ဖျော့ဖျော့လေးမှာ flowy ဘလောက်တစ်ထည်ကို ရွေးချယ်ပါ။ ဇာတွေ၊ အတွန့်အဖတ်တွေကဲ့သို့ မိန်းကလေးဆန်ဆန် အသေးစိတ်အလှဆင်ထားတဲ့ ရှပ်တစ်ထည်ကို ရွေးချယ်ပါ။ ဘွတ်ဖိနပ်နဲ့ လိုက်ဖက်အောင် စကတ်အတို သို့မဟုတ် cropped pants လေးတွေကို ရွေးချယ်ပါ။
၃။ မိန်းကလေးဆန်ဆန် Look အတွက် သင့်ရဲ့ဘွတ်ဖိနပ်ကို စကတ်တစ်ထည်ဖြင့် ဝတ်ဆင်ပါ
အနက်ရောင်၊ မီးခိုးရောင် pencil skirt လေးတွေက သင့်ရဲ့ဝတ်စုံကို ပရောင်ဖက်ရှင်နယ်အသွင်ကို ဖန်တီးပေးပါလိမ့်မယ်။အကျင်္ီကို ပိုပြီး စနစ်ကျကျ ဝတ်မယ်ဆိုရင်တော့ အထပ်အတွန့်အဖက်လေးတွေပါတဲ့ ခပ်ပွပွစကတ်တစ်ထည်ကို ရွေးချယ်လို့ရပါတယ်။
ပရော်ဖက်ရှင်နယ်မကျတဲ့ အသွင်ကို ဖန်တီးပေးနိုင်တာကြောင့် ဘွတ်ဖိနပ်ကို maxi စကတ်နဲ့ တွဲဝတ်တာရှောင်ပါ။
၄။ ပရော်ဖက်ရှင်နယ် Look တစ်ခုအတွက် ankle-height boots နှင့် သိုးမွှေးရင်စေ့အကျင်္ီကို ရွေးချယ်ပါ
ပိုမိုခေတ်မှီတဲ့ Look ကိုဖန်တီးဖို့အတွက် ရှပ်အင်္ကျီအပေါ်ကနေ ရင့်စေ့ဆွယ်တာအကျီင်္လေး ထပ်ဝတ်ပါ။ မိန်းကလေးပိုဆန်ချင်ရင်တော့ pencil skirt တစ်ထည်ကို ရိုးရိုးဘလောက်တစ်ထည်နှင့်အတူ ဇာရင်စေ့အကျီင်္လေးထပ်ဝတ်နိုင်ပါတယ်။ သိုးမွှေးရင်စေ့အင်္ကျီတွေက အေးမြတဲ့ ဆောင်းရာသီမှာ နွေးေထွေးစေပြီး ဖက်ရှင်ကျတဲ့ အင်္ကျီတစ်ထည်လည်း ဖြစ်ပါတယ်။
၅။ cropped pants နဲ့တွဲဝတ်မယ်ဆိုရင် shorter boots လေးကို ရွေးပါ
စတိုင်ကျတဲ့ ဝတ်စုံကိုဖန်တီးဖို့ အနက်ရောင်၊ မီးခိုးရောင် ၊အညိုရောင်၊ မိုးပြာရောင်ကဲ့သို့ အရောင်ရင့်ရင့် ဘောင်းဘီတွေကို ရွေးချယ်ပါ။ cropped jeans လို ခြေချင်းဝတ်အထက်မှာ ဆုံးတဲ့ ဘောင်းဘီအကျပ်လေးတွေ ဖြစ်ရပါမယ်။ ဘောင်းဘီက ဒီထက်ပိုရှည်ရင် ဘောင်းဘီနဲ့ ဖိနပ်အကြား အသားအရေကို နည်းနည်းပြဖို့ တစ်ခေါက် ခေါက်ပြီး ဝတ်ဆင်ပါ။