Chanyeol ရဲ့မွေးနေ့လေးဟာ နိုဝင်ဘာ ၂၇ရက်နေ့ကပြီးဆုံးခဲ့ပါပြီ။ Chanyeol ရဲ့မွေးနေ့ပွဲလေးကို unions fan တွေနဲ့ EXO ရဲ့main rapper fan sites က Chanyeol မှတဆင့် လူ့မှုအဖွဲ့အစည်းကို ထောက်ပံ့ပေးချင်ခဲ့ပါတယ်။ ဒါ့ကြောင့် Chanyeol ကိုချစ်ကြတဲ့ Fan တစ်ချို့က မိမိတို့ရဲ့နိုင်ငံအသီးသီးမှာ Chanyeol ရဲ့မွေးနေ့အတွက်ရည်စူးပြီး အလှူဒါနတွေ၊ လှူဒါန်းမှုလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။
၁။ ကမ္ဘောဒီးယားပြည်နယ်စီရင်စုမှာ မြေမြုပ်မိုင်းကြောင့် မိဘတွေ ခြေထောက်ဆုံးရှုံးသွားခဲ့ရတဲ့ ဆင်းရဲသားမိသားစုတစ်စုအတွက် Chanyeol ရဲ့နာမည်နဲ့ အိမ်တစ်လုံးလှူဒါန်းခဲ့တာပါ
၂။ Chanyeol ရဲ့နာမည်နဲ့ သွေးကင်ဆာနှင့် ကင်ဆာရောဂါခံစားနေရတဲ့ ကလေးအတွက် ကိုရီးယားအသင်းကို ဆံပင်လှူဒါန်းခဲ့တာပါ။
၃။ မြန်မာ EXOL fan တွေက ကလေးပြုစုစောင့်ရှောက်ရေးဂေဟာကို နေ့လယ်စာနဲ့ အာဟာရလှူဒါန်းပြီး ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။
၎။ Chanyeol ရဲ့နာမည်အောက်မှာ အင်ဒိုနီးရှား ယူနီဆတ်ကို IDR 2,000,000 လှူဒါန်းခဲ့ပါတယ်။
၅။ Chanyeol ရဲ့နာမည်နဲ့ အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အို ၃၀၀ ကို ဒူးစွပ်များနဲ့ thermal အတွင်းခံအဝတ်အစားများကဲ့သို့ ဆောင်းတွင်းလိုအပ်တာတွေကို ထောက်ပံ့ပေးခဲ့တာပါ
၆။ လူမျိုးနှင့် သဘာဝကို တခြားခြိမ်းခြောက်မှုများစွာနှင့် သစ်တောပြုန်းတီးမှုကို ရပ်တန့်ဖို့၊ မျိုးသုဉ်းတော့မယ့် မျိုးစိတ်တွေကို ကယ်တင်ကူညီဖို့ Chanyeol ရဲ့နာမည်နဲ့ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ရန်ပုံငွေ အဖွဲ့သို့ $127 လှူဒါန်းခဲ့တာပါ။
Lifestyle_Myanmar
Source- kstarlive