တိုတောင်းတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့အဆီတွေကို ဖျက်ဆီးပျက်နိုင်တဲ့ ၁၅မိနစ်စာလေ့ကျင့်ခန်းလေးတစ်ခုပဲဖြစ်ပါတယ်။ တစ်ရက်ကို ဒီလေ့ကျင့်အခန်းအတွက် ၁၅မိနစ်အချိန်သတ်မှတ်ပေးရမှာဖြစ်ပြီး ၃ပတ်ကြာတဲ့အခါ မှာတော့ အချိန်ကို မိနစ် ၂၀လောက်ထိ ပြုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းကအစတိုင်းမှာသင့်အတွက် ခက်ခဲပေမဲ့ နောက်ပိုင်းကျင့်သားရသွားတဲ့အခါ လွယ်ကူသွားပါလိမ့်မယ်။ လေ့ကျင့်ခန်း ၁ ပထမဦးစွာ သင့်ရဲ့ ခြေအစုံကို ချဲထားပေးပြီး လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်ထားပေးပါ။ ပုံမှာဖော်ပြထားတဲ့အတိုင်း ဒူးကို အနည်းငယ်ကွေးညွှတ်ပြီး...
Read moreကိုယ်ဝန်ဆောင်နေတဲ့ မေမေလောင်းတို့ စိတ်ပူတတ်တဲ့အရာတစ်ခုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ရေကူးလို့ရမရဆိုတာကိုပါ။ တကယ်တော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရေကူးတာဟာ မေမေတို့အတွက် အန္တရာယ်ကင်းတဲ့ လှုပ်ရှားမှုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရေကူးစမရှိရင်တော့ ဆရာဝန်သို့မဟုတ် သားဖွားဆရာမနဲ့ အရင်ဆုံးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အခြားလေ့ကျင့်ခန်းတွေ မလုပ်ရင်တောင်မှ ရေကူးတာဟာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကို fit ဖြစ်စေဖို့နဲ့ ကိုယ်ဝန်ကိုလိုက်လျောညီထွေ ဖြစ်စေဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ရေကူးတာကြောင့်...
Read moreမနက်အိပ်ယာထတဲ့အချိန် အိပ်ယာထဲမှာပဲဖြစ်ဖြစ် အားတဲ့အချိန်ပဲဖြစ်ဖြစ် မိနစ် ၂၀လောက်အချိန်ပေးတာနဲ့ သင့်အတွက် ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားကိုရရှိမှာဖြစ်ပါတယ်။ ပထမဦးဆုံး သင့်ရဲ့ ကျောရိုးအောက်မှာ ဖက်လုံးအသေး ဒါမှမဟုတ် စောင်ကို လိမ့်ပြီး ထားထားပေးပါ။ပက်လက်အနေအထားမှ သင်ရဲ့ ခြေထောက်အစုံက နံရံတစ်ခုကိုမှီပြီထောင်ထားပေးပါ။ ခြေထောက်အစုံဟာ နံရံနဲ့ တပြေးညီအနေအထားမှာရှိသင့်ပြီး လက်နှစ်ဖက်ကကြမ်းပြင်ပေါ်မှာ အကြောလျော့ပြီး ချထားပေးပါ။ ထိုအနေအထားအတိုင်း ၁၅-၂၀ မိနစ်လောက် ငြိမ်ငြိမ်လေးနေပေးပါ။တင်းကြပ်တဲ့အဝတ်အစားမျိုးမဟုတ်ဘဲ ချောင်ချောင်လည်လည်ရှိတဲ့အဝတ်အစားမျိုးကို ဝတ်ဆင်ပြီး...
Read moreတစ်နေ့ကို ၅မိနစ် အချိန်ပေးရုံနဲ့ သင့်ခါးမှအဆီတွေကို ဖယ်ရှားနိုင်ပြီး နောက်ကျောကို သက်သာပြီး သန်မာစေတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ခါးကုန်းတတ်တဲ့သူတွေအတွက်နောက်ကျောကိုလည်း ဖြောင့်ဆန့်စေပါတယ်။ အဆိုပါ လေ့ကျင့်ခန်းကိုပြုလုပ်ဖို့အတွက် ပထမဦးစွာ ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားဖြင့် အိပ်ပေးပါ။ ခါးအောက်တွင် လုံးပတ် ၃ လက်မနဲ့ အရှည် ၆လက်မလာက်ရှိတဲ့ သဘက် သို့မဟုတ် အဝတ်တစ်ခုခုကို လိမ့်ပြီး ခုထားပေးပါ။ ဆန့်ထားတဲ့ သင့်ရဲ့...
Read moreသီးသန့် အချိန်ပေးပြီး Gym ရုံမသွားချင်လို့ ဒါ့မှမဟုတ် Gym ဆော့ဖို့အတွက် ဘာဂျက်မလုံလောက်လို့ စတဲ့ပြဿနာတွေကြောင့် ခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်ဘဲ သင့်ခန္ဓာကိုယ်က ပုံပျက်ပန်းပျက်ကြီးဖြစ်နေတဲ့အခါ အိမ်မှာ အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးပြုလုပ်လို့ရမဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေရှိတယ်ဆိုတာ သတိရလိုက်ပါ။ ဘာအကူပစ္စည်းမှမလိုအပ်သလို အချိန်လဲ အများကြီး ပေးစရာမလိုဘဲ ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုယ်ဟန်အနေအထားကို ကောင်းမွန်စေမဲ့ လေ့ကျင့်ခန်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။ Plank Plank လေ့ကျင့်ခန်းဟာ အလွယ်ကူဆုံး...
Read moreပျိုမေတို့မှန်ကြည့်တဲ့အခါတိုင်း ကိုယ့်ရဲ့နောက်ကျောဖက်ကို ဘယ်နှစ်ခါလောက်ပြန်ကြည့်မိလဲ။ လူအတော်များများကတော့ ကိုယ့်ရဲ့နောက်ကျောဖက်ထက် ရှေ့ဖက်ကို ပိုပြီးဂရုစိုက်တတ်ကြတယ်။ ဒါပေမယ့် နောက်ကျောနဲ့ဘေးဖက်မှာ အဆီပိုတွေရှိနေရင် ခန္ဓာကိုယ်က အနည်းငယ်ကြည့်ရဆိုးစေပါတယ်။ ဒီလိုနောက်ကျောနဲ့ဘေးဖက်က မလိုချင်တဲ့အဆီပိုတွေကို ကျစေဖို့အတွက် လေ့ကျင့်ခန်း ၇ ခုကိုပျိုမေတို့အတွက် မျှဝေပေးမယ်နော်။ ၁။ Foeward bends ခန္ဓာကိုယ်ကို တည့်တည့်ရပ်ပြီးတော့ ခြေထောက်နှစ်ချောင်းကို အနည်းငယ်ချဲထားပါ။ ပြီးရင် ဒူးကိုမကွေးပဲနဲ့ ကြမ်းပြင်ကိုလက်ထောက်လို့ရတဲ့အထိ ခါးကိုကိုင်းညွှတ်ပေးပါ။...
Read moreခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကို ဖျက်ဆီးနိုင်ဖို့အတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မှမဟုတ်ပါဘူး။ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းကို နည်းစနစ်မှန်မှန်ပြုလုပ်ပေးရင်လည်း ခန္ဓာကိုယ်က အဆီတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါ့ကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ ရိုးရှင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ၂မျိုးကို ပေါင်းလုပ်ပေးရုံနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပုလင်းဖြင့် အသက်ရှူခြင်း ပုလင်းနဲ့ အသက်ရှူရတဲ့လေ့ကျင့်ခန်းဟာ လူကြိုက်များတဲ့ bodyflex အသက်ရှူလေ့ကျင့်ခန်းနဲ့ ပေါင်းစပ်ထားပြီး ကျော်ကြားတဲ့...
Read moreအမေရိကန်လူမျိုး ၈၇% လောက်က အသက်အရွယ်အိုမင်းမှာကို အရမ်းကြောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့ ပင်ပန်းနွမ်းနယ်ပြီး အိုမင်းခြင်းက ရောဂါတစ်ခုလို ကပ်ပါနေတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့်အိုမင်းခြင်းကို ဆန့်ကျင်ပြီး အသက်အရွယ်ကြီးရင့်နေပေမဲ့ ခန္ဓာကိုယ်အနေအထားက ကြံ့ခိုင်မှုရှိအောင် အမြဲဂရုစိက်လေ့ရှိပါတယ်။ သူတို့ရဲ့ ဂရုစိုက်မှုကတော့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ကိုယ်ဟန်အနေအထားတိုးတက်ကောင်းမွန်ပြီးသွေးလည်ပတ်မှု့စနစ်ကို ကောင်းမွန်စေတဲ့အပြင် စိတ်ဖိစီးမှုကိုပါ လျော့ချပေးနိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ Garland pose ပထမဦးစွာ ကီထိုင်သလိုမျိုး...
Read moreအသက်ရှူတဲ့အခါ ဝမ်းဗိုက်က အဆီတွေကို လျော့ချချင်ရင်တော့ အသက်ရှူတဲ့အခါ သတိထားလေ့ကျင့်ပေးဖို့တော့လိုအပ်ပါတယ်။ အသက်ရှူတဲ့အခါ ရင်ဘက်ကနေ အားစိုက်ရှူတာထက် ဝမ်းဗိုက်ကြွက်သားကနေ အားစိုက်ရှူပေးတာပိုကောင်းပါတယ်။ လေဝင်လေထွက်ကို ဝမ်းဗိုက်ကနေ အားစိုက်ပြီး ပြုလုပ်တဲ့အခါ ဖောင်းလိုက် ပိန်လိုက် ဖြစ်ပေါ်ပါတယ်။ ဒီလိုပြုလုပ်ပေးတာဟာ ဝမ်းဗိုက်မှာရှိတဲ့ အဆီကို ဖယ်ရှားစေပြီး ဝမ်းဗိုက်ကြွက်သားကို သန်မာလာစေပါတယ်။ မတူညီတဲ့ ရေချိုးနည်း ဒီနည်းလမ်းကတော့ ရိုးရှင်းပါတဲ့ လုပ်ထုံးလုပ်နည်းတစ်မျိုးပဲဖြစ်ပါတယ်။ ရေချိုးပြီးသွားတဲ့အခါ...
Read moreတင်ပါးဆုံကြော နာကျင်ခြင်းဟာ ခံရခက်သလို သွားလာလှုပ်ရှားဖို့အတွက်လည်း အရမ်းကို ဒုက္ခရောက်စေပါတယ်။ တင်ပါးရိုးနဗ်အာရုံကြောနဲ့ စပ်ဆက်တဲ့ တင်ပါးရိုးကနေ ပေါင်အောက်ပိုင်းတစ်လျှောက် ခြေသလုံးအထိ နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ တင်ပါးဆုံကြောနာကျင်ခြင်းဟာ ပုံမှန်လမ်းလျှောက်များသူတွေမှာ အဖြစ်များရောဂါတစ်မျိုးပါ။ ဒါပေမဲ့ ဒီရောဂါဖြစ်ပွားတဲ့အခါ ခွဲစိတ်ကုသမှု ၇၅% လောက် သက်သာစေမဲ့ရိုးရှင်းတဲ့နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းလေးကတော့ လေ့ကျင့်ခန်း ၆မျိုးကို ပုံမှန်ပြုလုပ်ပေးရုံနဲ့ သက်သာပျောက်ကင်းစေမဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း...
Read more