တချို့ လူတွေက ကိုယ့်ထက်ပိုပြီး တက်ကြွ လန်းဆန်းနေနိုင်သလဲဆိုတာကို စဉ်းစားမိကြမှာပါ။ သင်လည်း သူတို့လို တက်ကြွလန်းဆန်းစေချင်ရင် သင့် နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲလိုက်ပါ။ အိပ်ရေး၀၀ အိပ်စက် ညအိပ်ချိန်မှာ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းတာပါ။ ဒါကြောင့် အိပ်ရေး၀၀ အိပ်စက်တာက နောက်တစ်နေ့ကို အားအင်အပြည့်နဲ့နိုးထနိုင်ဖို့ကူညီပါတယ်။ အဲ့ဒီအပြင် ကိုယ်နိုးနေချိန်မှာ စွမ်းအင်အများဆုံးအသုံးပြုရတဲ့ ဦးနှောက်ကိုလည်း အိပ်နေချိန်မှာ အားအင်တွေပြန်ဖြည့်ပေးပါတယ်။...
Read moreကျွန်မတို့တွေအားလုံး ကိုယ်အလေးချိန်လျှော့ချဖို့ တွေးလိုက်တိုင်း တကယ်လုပ်ကြည့်တဲ့အခါ ပင်ပန်းလို့ ရေရှည်မလုပ်နိုင်ကြပါဘူး။ ရေရှည် ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ကိုယ့်ကိုကိုယ် စိတ်ဓါတ်ဘယ်လိုမြင့်တင်မလဲ။ ပထမဆုံးတစ်ပတ်မှာတော့ ပုံမှန်လမ်းလျှောက်တယ် အစားလျှော့စားဖြစ်တယ် Gym ဆော့ဖြစ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စိတ်အားထက်သန်မှုတွေ လျှော့လျှော့လာပါတယ်။ ဒီတော့ ကိုယ်ကိုကိုယ် စိတ်အားထက်သန်မှုတွေ ရလာအောင် ဘယ်လိုစိတ်ဓါတ်မြင့်တင်မလဲ။ အောင်ပွဲခံပါ ကိုယ်အလေးချိန် ၁၀ ပေါင်လောက်ကျချင်တယ်ဆိုပြီး အစားတွေကို သေချာဂရုစိုက်စားဖြစ်တယ်။...
Read moreလူအများစုက သူတို့အရပ်အမြင့်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိတ်တိုင်းကျလေ့မရှိပါဘူး။ ရှိရင်းစွဲအရပ်ကိုမှ ထပ်ရှည်ချင်ကြပါတယ်။ အရပ်ရှည်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အာဟာရမျှတအောင် စားသုံးရမှာဖြစ်သလို အရပ်ရှည်စေတဲ့ လေ့ကျင့်ခန်းတွေကိုလည်း တွဲလုပ်ပေးရပါမယ်။ အရပ်ရှည်ဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရမလဲဆိုတာ မပြောပြခင် စားသုံးရမယ့် အစားအစာလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွားနို့ သောက်ပါ။ ဟုတ်ပါတယ် အရိုးအဆစ်သန်မာဖို့အတွက် နွားနို့က အရေးကြီးဆုံးပါပဲ။ ဒါ့အပြင် ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ကြက်သား၊ ဥအမျိုးမျိုး၊...
Read moreသိပ်ဝလို့ဝိတ်ချလိုက်တာ ပေါင်ဘယ်နှစ်ဆယ်လောက် ကျလို့လှသွားပြီဆိုတဲ့ သတင်းစကားပဲ ကြားဖူးပါသလား။ မဟုတ်ပါဘူး အရင်ဝတုန်းက ဝတ်ခဲ့တဲ့ ဆိုဒ်ကြီးကြီး ပုံမကျပန်းမကျ အင်္ကျီတွေ လွှင့်ပစ်လို့ရပြီဆိုပေမယ့် ဝိတ်အကြီးအကျယ်ချပြီးနောက် ဒီလို ဘေးထွက်ဆိုးကျိုးတွေလည်း ကြုံရတတ်ပါတယ်။ (၁) စိတ်အတက်အကျ များလာမယ် ဝိတ်ကျခြင်းဟာ စိတ်ဓါတ်ကျခြင်းကိုပါ ပိုဆိုးစေတယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်က ပြုလုပ်တဲ့ သုတေသနတစ်ခု ဆိုပါတယ်။ သုတေသီတွေဟာ အဝလွန်နေတဲ့ အရွယ်ရောက်ပြီးသူ ၂၀၀၀...
Read moreGym နေ့တိုင်းသွားကစားတယ်။ ဒါပေမဲ့ ကိုယ်မျှော်မှန်းထားတဲ့ ခန္ဓာကိုယ် အချိုးစားမျိုး ရမလာဘူးဆိုရင် တခုခုလွဲနေပါပြီ။ လူတော်တော်များများကတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ မသိကြပါဘူး။ Diet Plan ကောင်းကောင်းမရှိခြင်း ဒီအချက်က Gym ဆော့တဲ့သူ တော်တော်များများလုပ်မိတတ်တဲ့ အမှားတစ်ခုပါ။ မြန်မာလူမျိုးတွေဟာ အဆီစားသုံးမှု အရမ်းများပါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်ဖို့လည်းကျန်းမာရေး အသိပညာနည်းနေပါသေးတယ်။ Gym ဆော့ပြီး အိမ်ပြန်ရောက်သွားရင်...
Read moreGym မှာ ဆော့တဲ့သူ တော်တော်များများဟာ အားကစားလုပ်ပြီးတာနဲ့ သော့ယူ၊ ရေးဘူးယူပြီးတော့ အိမ်ပြန်သွားကြတတ်ပြီး တော်တော်များများ အကြောလျှော့ပေးဖို့အတွက် မေ့နေတတ်ကြပါတယ်။ လေ့လာသူတွေကတော့ အားကစားလုပ်ပေးပြီးတာနဲ့ အပေါ့စားလေ့ကျင့်ခန်းနဲ့ အကြောလျှော့ပေးတာတွေက အကျိုးရှိစေတယ်လို့ ဆိုထားပါတယ်။ အခု အားကစားလုပ်ပြီးတာနဲ့ လုပ်သင့်တဲ့အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ လက်ကိုသေချာစွာဆေးကြောပေးပါ ဒီအချက်ကတော့ Gym ကစားပြီးတာနဲ့ ပထမဆုံးလုပ်ရမယ့် အရေးကြီးဆုံးအချက်ပါပဲ။ အားကစားလုပ်ပြီးတာနဲ့ ချက်ခြင်း လက်ကို...
Read moreရေဓါတ်ပြည့်ဝခြင်းဟာ ဝိတ်ကျစေရုံတင်မဟုတ်ပါဘူး။ ကြွက်သားလုပ်ဆောင်ချက်တွေနဲ့ အစာချေဖျက်မှုအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘာလို့ ရေသောက်သုံးမှုက ဝိတ်ကျဖို့အတွက် အားပေးတာလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ (၁) စားချင်စိတ်ကို လျှော့ချပေးနိုင်တယ် ဗိုက်ဆာတယ်လို့ ခံစားတိုင်း မုန့်စားမယ့်အစား ရေတစ်ဖန်ခွက်လောက် သောက်ကြည့်ပါ။ ရေသောက်ပြီး ၁၅ မိနစ်လောက်ကြာတဲ့အထိ ဗိုက်ဆာနေတုန်းပဲလို့ ခံစားရရင်တော့ မုန့်တစ်ခုခု စားနိုင်ပါတယ်။ (၂)...
Read moreတောက်လျှောက်ဆိုသလို အိပ်ရေးပျက်တာ များလာရင် ကျန်းမာရေးချို့ယွင်းချက်တွေ ဆက်တိုက်ဖြစ်လာမှာ အမှန်ပါပဲ။ ဒီတော့ အိပ်စက်မှုပေါ် ကောင်းတဲ့ သက်ရောက်မှုရှိမယ့် နည်းနဲ့ အားကစားလုပ်ရင်း ကျန်းမာရေးကို ထိန်းသိမ်းသင့်ပါတယ်။ လေ့လာမှုတွေအရ အားကစားလုပ်ခြင်းဟာ ညဘက် နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်အောင် အကူအညီပေးတယ်လို့ ဆိုပါတယ်။ အေရိုးဗစ်လို တစ်ကိုယ်လုံး လှုပ်ခါပြီး သိပ်မပြင်းမထန် ကိုယ်လက်လှုပ်ရှားလိုက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တဲ့ ပမာဏကို ပိုတိုးပေးနိုင်ပါတယ်။...
Read moreပထမဆုံး အကြံပေးချင်တာက ကယ်လိုရီလောင်ကျွမ်း စေချင်ရုံနဲ့ Gym သွားစရာမလိုဘူးဆိုတာပဲ။ အိမ်မှုကိစ္စလေးတွေ နေ့စဉ်လုပ်ရင်းနဲ့လည်း ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။ (၁) ဥယျာဉ်စိုက်ခြင်း သဘာဝထဲ နေထိုင်သူတွေဟာ အသက်ပိုရှည်ကြပါတယ်။ အိမ်မှာ မြေနေရာလွတ်ရှိရင် အပင်စိုက်ဖို့ အကြံပြုချင်ပါတယ်။ တစ်ပတ်ကို ၅ နာရီပဲ ဥယျာဉ်ထဲမှာ အချိန်ကုန်စေတယ်ဆိုရင်တောင် တစ်နှစ်ကို ကယ်လိုရီ ၁၉၀၀၀ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ သန့်ရှင်းတဲ့...
Read moreဘယ်နေရာမှာမဆို သူ့နေရာနဲ့သူ အလိုက်သိရမယ့် နီတိနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာ Gym ရောက်ရင် ရှောင်ရှားသင့်တဲ့ အပြုအမူတချို့အကြောင်း မျှဝေပေးချင်ပါတယ်။ (၁) Gym ပစ္စည်းသုံးမှု စည်းကမ်းမရှိခြင်း Gym ဆိုတာ Public Place တစ်ခုဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း လာကစားတဲ့ နေရာမဟုတ်ပါဘူး။ ဒါကြောင့် Gym မှာ အားကစားလုပ်ပြီးရင် ကိုယ်သုံးထားတဲ့ ပစ္စည်းတွေကို...
Read more