မိသားစု ဆိုတာ လူတိုင်းလူတိုင်းအတွက် အဖိုးတန်ဆုံး လုံခြုံနွေးထွေးမှုပေးနိုင်ဆုံး ခိုးနားရာနေရာလေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ကိုယ့်ရဲ့ တစ်နေတာလုပ်တာဝန်တွေ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေနဲ့ပဲ လုံးပန်းနေကြပြီး မိသားစုကို သီးသန့်အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ အခုလာမယ့် အားလပ်ရက်လေးမှာတော့ မိသားစု ကို အချိန်ပေးမယ်လို့ စိတ်ကူးထားတဲ့သူတွေအတွက် ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ အဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးတစ်ခုဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။ (၁) သစ်ပင်စိုက်ပါ မိမိတို့ရဲ့...
Read moreသားဖြစ်စေ၊ သမီးဖြစ်စေ အမေကိုသာ စိတ်ထဲမှာဂရုတစိုက်နဲ့ ချစ်ခင်တတ်ကြပြီး အဖေ့အပေါ် ဂရုစိုက်ကြင်နာဖို့အတွက်တော့ မေ့လျော့နေတတ်ကြပါတယ်။ အဖေဟာ အမြဲအမေ့ခံ ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ကျိတ်ခံစားနေရသူ တစ်ဦးလည်းဖြစ်ပါတယ်။ သင့်ဖခင်ကို လျှပ်တပြက် ပျော်ရွှင်ကြည်နူးသွားအောင် စွမ်းဆောင်ပေးလိုက်ပါ။ ကြယ်သီး အသက်အရွယ်အရ အိုမင်းလာတဲ့အဖေဟာ တခါတရံမှာ ငယ်စဉ်ကလို စတိုင်ထုတ်ချင်မှာပါပဲ။ အဖေ့ရဲ့ ခန့်ညားမှုတွေ မကုန်ဆုံးသေးပါဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ အဖိုးတန်ကြယ်သီးတစ်စုံကို လက်ဆောင်အဖြစ်ရွေးချယ်လိုက်ပါ။ အဖေ အံ့သြဝမ်းသာသွားပါလိမ့်မယ်။...
Read moreယနေ့အချိန်ထိ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်လုံး အနွံတာခံ အနစ်နာခံပြီး ပြောသမျှနားထောင်ပေး ဖြစ်သမျှတိုင်းလည်း တချက်မညည်းညူဘဲ အကြံဥာဏ်ကောင်းတွေ ပေးစွမ်းတတ်တဲ့ အကောင်းဆုံး အဖော်မွန်တွေထဲမှာ မာတာမိခင်က ထိပ်ဆုံးကပါ။ မိခင်မေတ္တာဆိုတာ ခံစားဖို့လွယ်ကူသလောက် အင်မတန် နားလည်ရခက်ခဲလွန်းပါတယ်။ သင့်ရဲ့အရှိကိုအရှိအတိုင်း လက်ခံပေးပြီး ဖြောင့်ဖြူးသာယာတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက်ပဲ ချော့တလှည့် ခြောက်တလှည့်နဲ့ အမြဲတွန်းအားပေးနေသူဟာ မေမေပါ။ မိခင်ဆီက လက်ခံရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာ၊...
Read moreဒီနေ့ခေတ်ကို အလုပ်များတဲ့ခေတ်လို့ လူတွေတင်စားခေါ်ဝေါ်ကြပြီး ဒီလိုခေါ်ရတဲ့အကြောင်းအရင်းလည်း ရှိပါတယ်။ နေ့စဉ်စားသောက် နေထိုင်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားရတာကြောင့် မိဘနှစ်ပါး နဲ့ မိသားစုကို အချိန်မပေးနိုင်ကြဘူး။ တစ်အိမ်ထဲမှာ အတူတူနေကြပေမယ့် သားသမီးနဲ့မိဘ မတွေ့ဆုံဖြစ်ကြတဲ့ နေ့တွေတောင်ရှိနေပါသေးတယ်။ မိဘတွေဆိုတာကလည်း အသက်အရွယ်ရလာတာနဲ့အမျှ အထီးကျန်လာကြတယ်။ ဒါကဖြစ်ရိုးဖြစ်စဉ်လို ဖြစ်လာနေပါပြီ။ ဒီလိုမဖြစ်အောင် သားသမီးတွေအနေနဲ့ မိဘတွေကို စကားပြောပေးတာ အချိန်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒီနေ့တော့ မိဘတွေကို...
Read moreသမီးတွေဟာ အမေတွေကို တခြားမိသားစုဝင်တွေထက်ပိုပြီး ချစ်မြတ်နိုး ဂရုစိုက်တတ်ကြပါတယ်။ အမေတွေကလည်း သမီးတွေကို ချစ်ခင်တတ်ကြပါတယ်။ ကိုယ့်အမေကို အမြဲအမှတ်တရနဲ့ ဂရုစိုက်မှုလေးတွေ လုပ်ဆောင်ပေးခြင်းဖြင့် မေမေချစ်တဲ့ သမီးလိမ္မာလေးတွေ အဖြစ် ခံယူလိုက်ပါ။ မိခင်ရဲ့အကြိုက်တွေကို သိနိုင်အောင်တော့ ကြိုးစားထားသင့်တာပေါ့နော်။ အနွေးထည် အနွေးအင်္ကျီလှလှလေးတွေကို ရွေးချယ်လိုက်ပါ။ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေဟာ သိပ်အအေးမခံနိုင်ကြပါဘူး။ လှပပြီးနွေးထွေးမှုပေးနိုင်တဲ့ အနွေးအင်္ကျီလေးတွေဟာ သူတို့အတွက် လိုအပ်တဲ့အသုံးအဆောင်တစ်ခုပါပဲ။ ပုဝါလေးများ ဘုရားသွားချိန်ဖြစ်စေ၊ ဘုန်းကြီးကျောင်း ဥပုပ်သီလစောင့်တည်တဲ့...
Read moreအခုခေတ်မှာ မိသားစု၊ သူငယ်ချင်းတွေ တွေ့ဆုံကြတဲ့မြင်ကွင်းတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ မြင်တွေ့နေရပေမယ့် တကယ့်လက်တွေ့မှာတော့ အမှန်တကယ်အချိန်ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆိုရှယ်မီဒီယာပေါ်က ဆက်သွယ်ပြောဆိုတာမဟုတ်ဘဲ အပြင်မှာပါ သင့်မိသားစုနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေကိုအချိန်ပေးတာက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အခုပြောပြပေးမှာက မိသားစု၊ သူငယ်ချင်းတွေနဲ့အတူအချိန်ဖြုန်းတာက အဓိပ္ပါယ်ပြည့်ဝတဲ့ဘဝရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အချက်တွေဖြစ်တယ်ဆိုတာကိုပြောပြပေးမှာပါ။ (၁) စိတ်ကျန်းမာရေးကိုတိုးတက်စေတယ် အထူးသဖြင့် ဆိုရှယ်မီဒီယာတွေကမဟုတ်ဘဲ လူမှုဆက်သွယ်ရေးနည်းဖြစ်တဲ့ လူတစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်...
Read moreမိဘတွေကို ချစ်တဲ့သားသမီးရှိသလို မုန်းနေကြသူတွေလည်းရှိကြပါတယ်။ ဒါပေမယ့် ဒီလိုမုန်းတဲ့လူတွေတောင် တစ်ခုဝန်ခံရမှာကတော့ အကျဉ်းထဲအကျပ်ထဲရောက်နေချိန်မှာ အားကိုးလို့ရမယ့် အကူအညီတောင်းလို့ရမယ့် တစ်ဦးတည်းသောသူဟာ မိဘဆိုတာပါပဲ။ မိဘတွေကသာလျှင် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီးတော့ ကိုယ့်ဘဝမှောင်မိုက်နေချိန်မှာ ဂရုတစိုက်ရှိနေပေးတာကလည်း မိဘတွေပဲဖြစ်ပါတယ်။ ဒါဆိုရင် ဘာလို့များ မိဘတွေကို ဘယ်လောက်ချစ်ကြောင်း မပြောပြမိရတာလဲ။ အချိန်လွန်တော့မှ နောင်တရတာမျိုး မဖြစ်ရလေဖို့အတွက် အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့အတူ အဖေအမေ ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းကို ပြသလိုက်ပါတော့။ ကျေးဇူးသိတတ်ပါ အမေချက်ကျွေးတဲ့...
Read moreမိသားစုဆိုတာက နွေးထွေးမှုတွေ ချစ်ခြင်းမေတ္တာတွေ အစားထိုးမရနိုင်တဲ့ အမှတ်တရတွေနဲ့ ကာရံထားတဲ့ အသိုက်အမြုံလေးတစ်ခု ဖြစ်ပါတယ်။ ဘယ်အရာတွေ ဘယ်သူတွေ ဘယ်လောက်ပဲကောင်းနေပါစေ မိသားစုလို နွေးထွေးတဲ့ကမ္ကာလေး တစ်ခုထက်တော့ မပိုနိုင်ပါဘူး။ ဒီလိုအဓိပ္ပါယ်ပြည့်ဝပြီး တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုဘဝလေးကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာကျင့်သုံးဖို့ အကြုံပြုချင်ပါတယ်။ (၁) ပွင့်ပွင့်လင်းလင်းပြောဆိုပါ တစ်ချို့မိသားစုတွေက မိသားစုဝင်အချင်းအချင်း ပွင့်လင်းမှုနည်းပါးကြပါတယ်။ မဖြစ်မနေပြောရမယ့်...
Read moreဒီနေ့ခေတ်မှာ လူတော်တော်များများဟာ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့အတူ မအားမလပ် ဖြစ်နေကြတာပါ။ အခုလို မအားမလပ် ဖြစ်နေတာမျိုးတွေက တခါတလေဆို ကိစ္စမရှိပေမယ့် အချိန်ပြည့်ဖြစ်နေတယ်ဆိုရင်တော့ မိသားစုအတွက် အချိန်မပေးနိုင်ဘဲ မိသားစု ဆက်ဆံရေးတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အချိန်ပြည့် မအားမလပ် ဖြစ်နေတဲ့သူဆိုရင် မိသားစုဆက်ဆံရေးကိုလည်း မထိခိုက်အောင် အောက်ပါ အချက် (၄)ချက်ကို လိုက်နာကျင့်သုံးလိုက်ပါ။ မိသားစုနဲ့အတူ...
Read moreဆယ်ကျော်သက်နှစ်တွေကို အောင်မြင်စွာရှာဖွေဖို့ ဆယ်ကျော်သက်တွေလိုအပ်တဲ့အရာတွေကို မိဘတွေသိထားဖို့ အရေးကြီးပါတယ်။ ကလေးတွေက ရှေ့လာမယ့်စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေစေဖို့ ဘာလုပ်နိုင်မလဲ? တစ်ချို့အတွက် လွယ်ကူပေမယ့် တစ်ချို့က အင်မတန်ခက်ခဲပါတယ်။ ဒါပေမယ့် ဘယ်သူ့အတွက်မှ လူသားတစ်ယောက်လုပ်နိုင်တဲ့ အရည်အချင်းတွေထက် ကျော်လွန်ပြီး ကံကြမ္မာက ခက်ခဲမှုတွေပေးမှာမဟုတ်ပါဘူး။ မိဘတွေဘာလုပ်သင့်လဲ? ၁။ သင့်ကလေးကို ကျရှုံးခွင့်ပေးပါ သင်ကြားဖူးတဲ့ စကားလုံးပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လိုက်နာကျင့်သုံးဖူးရဲ့လား? မိဘတိုင်းက သူတို့သားသမီးတွေကျရှုံးတယ်တာမျိုးကို...
Read more