Home Celebrity B.I ရဲ့ မူးယစ်ဆေးဝါးနှင့် ပတ်သတ်တဲ့ လက်တလော ဖြစ်ရပ်တွေကြောင့် စတော့ရှယ်ယာတွေ ထိုးကျခဲ့တဲ့ YG Entertainment
B.I ရဲ့ မူးယစ်ဆေးဝါးနှင့် ပတ်သတ်တဲ့ လက်တလော ဖြစ်ရပ်တွေကြောင့် စတော့ရှယ်ယာတွေ ထိုးကျခဲ့တဲ့ YG Entertainment
0
11
YG Entertainment ရဲ့ စတော့ရှယ်ယာစျေးနှုန်းဟာ တောင်ကိုရီးယားနိုင်ငံ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ iKON အဖွဲ့ဝင် B.I ရဲ့ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး ပြစ်မှုသတင်းတွေ ထွက်လာပြီးနောက်ပိုင်းမှာ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
YG Entertainment ရဲ့ စတော့ရှယ်ယာတွေဟာ လက်ရှိမှာ ယခင်ကထက်နှိုင်းယှဉ်ရင် ကိုရီးယားစံတော်ချိန် ညနေ ၄နာရီမှာ 31,950ဝမ်ဖြင့် ၄.၀၅ ရာခိုင်နှုန်းလောက် ကျသွားတာကို တွေ့ရပါတယ်။
B.I ဟာ ၂၀၁၆ခုနှစ်က မူးယစ်ဆေးဝါး ဝယ်ယူဖို့ ကြိုးစားတယ်ဆိုတဲ့ သံသယရှိမှုဖြင့် လက်ရှိမှာ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ အစောပိုင်းရက်တွေက သတင်းဌာန Dispatch ရဲ့သတင်းတွေမှာ B.I နှင့် သူ့ရဲ့အသိမိတ်ဆွေ Mr. A တို့အကြား LSDမူးယစ်ဆေးဝါး နှင့်ပတ်သတ်ပြီး စုံစမ်းမေးမြန်းထားတာတွေ၊ စျေးလျှော့တောင်းခဲ့တာတွေ ပါဝင်တဲ့ ချက်တင်မှတ်တမ်းစီးရီးတစ်ခုကို ဖော်ပြခဲ့ပါတယ်။
ပထမဦးဆုံး အစီရင်ခံစာကို စတော့စျေးနှုန်းတွေကျသွားသောအချိန် (ကိုရီးယားစံတော်ချိန်) မနက် ၁၀နာရီ ၁၅ဝန်းကျင်မှာ ဖြန့်ချီခဲ့ပါတယ်၊ ရှယ်ယာတွေ လျှင်မြန်စွာ မထိုးကျခင်က ဝမ် 33,800အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
B.I ဟာ သူ မူးယစ်ဆေးဝါးသုံးစွဲချင်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပြီး အင်စတာဂရမ်ပို့စ်တစ်ခုမှာ iKON ကနေထွက်ခွာဖို့ ရည်ရွယ်ထားကြောင်း ကြော်ငြာခဲ့ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-koreaboo.
ZawGyi
B.I ရဲ့ မူးယစ်ဆေးဝါးနှင့် ပတ်သတ်တဲ့ သိက္ခာကျဖွယ် လက်တလော ဖြစ်ရပ်တွေကြောင့် စတော့ရှယ်ယာတွေ ထိုးကျခဲ့တဲ့ YG Entertainment
ပထမဦးဆုံး အစီရင်ခံစာကို စတော့ဈေးနှုန်းတွေကျသွားသောအချိန် (ကိုရီးယားစံတော်ချိန်) မနက် ၁၀နာရီ ၁၅ဝန်းကျင်မှာ ဖြန့်ချီခဲ့ပါတယ်၊ ရှယ်ယာတွေ လျှင်မြန်စွာ မထိုးကျခင်က ဝမ် 33,800အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-koreaboo.
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here