Apple Watch ရဲ့ နည်းပညာက အချိန်မှီကယ်တင်ပေးခဲ့လို့ အသက်မဆုံးရှုံးခဲ့တဲ့ အမျိုးသား

0
3457

ပြီးခဲ့တဲ့၂၀ ရက်ပိုင်းက Gabe Burdett ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဖခင် ဆိုင်ကယ်မှောက်တဲ့ အကြောင်းကို မျှဝေခဲ့ပြီ ကံကောင်းထောက်မစွာ အသက်မသေခဲ့ဘူးဆိုတာကို ပြောပြထားခဲ့ပါတယ်။ “ဆိုင်ကယ်မှောက်တယ် အသက်မသေဘူး” ဆိုတာ အထူအဆန်းကြီးတော့ မဟုတ်ပေမဲ့ တကယ်တမ်းတော့ သူ့ရဲ့ ဖခင်ဟာ အချိန်မှီမကယ်တင်လိုက်နိုင်ရင် စိုးရိမ်ဖွယ် ရှိခဲ့ပါတယ်။

ဘာကြောင့် ထူးဆန်းနေလဲဆိုတော့ Gabe ရဲ့ ဖခင်ကို Apple Watch နည်းပညာက အချိန်မှီ ကယ်တင်လိုက်နိုင်လို့ပါပဲ။ ဖြစ်စဉ်ကတော့ ဒီလိုပါ။ ဝါရှင်တန်မြို့မှာ ပြီးခဲ့တဲ့ ၁၅ရက်နေ့က Gabe နဲ့ သူ့ရဲ့ ဖခင် Bob Burdett ဟာ Riverside State ပန်းခြံမှာ တွေ့ဖို့ ချိန်းထားပါတယ်။ အဲ့ဒီနောက် Gabe နဲ့ ချိန်းတဲ့နေရာကို Bob တစ်ယောက် တောင်တက်ဆိုင်ကယ်စီးပြီး လာစဉ်မှာပဲ လမ်းမှာ ဆိုင်ကယ် မှောက်ပြီး ချောက်ထဲ ကျခဲ့ပါတယ်။

Gabe လည်း ချိန်းတဲ့ပန်းခြံကိုသွားနေတုန်း လမ်းမှာပဲ ရှိသေးတယ် ဖခင်ဆီက အရေးပေါ်စာတစ်စောင်ဝင်လာတာကို လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာတော့ Bob Burdett တစ်ယောက် အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း၊ Apple Watch က Hard Fall တစ်ခုခုကို ခံစားမိကြောင်းပြောလာတဲ့ စာတစ်စောင်ပါ။

Gabe ဆီကို ဒီစာဘာကြောင့်ရောက်လဲဆိုတော့ Gabe ရဲ့ ဖုန်းနံပါတ်ကို ဖခင်ဖြစ်သူ Bob က အရေးပေါ်ဆက်သွယ်ရေးနံပါတ်စာရင်းထဲမှာ ထည့်ထားလို့ပါပဲ။ Gabe တစ်ယောက်ထဲ ဒီ SMS ကို လက်ခံရရှိတာမဟုတ်ပါဘူး။ Bob ထည့်သွင်းထားသမျှ အရေးပေါ် ဆက်သွယ်နိုင်တဲ့ လူတွေအကုန်လုံး ဒီ SMS ကို လက်ခံရရှိခဲ့တာပါ။

အရေးပေါ် SMS အပြင် Bob တစ်ယောက် ဆိုင်ကယ်မှောက်တဲ့ တည်နေရာကိုပါ မြေပုံနဲ့ တစ်ခါတည်း ညွှန်ပြထားပါတယ်။ အရေးပေါ် အကြောင်းကြားစာကို လက်ခံရရှိတာနဲ့ Gabe လည်း ဖခင် ဆိုင်ကယ်မှောက်တဲ့နေရာကို အမြန်လိုက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သိပ့်မကြာခင်မှာပဲ AppleWatch ကနေ နောက်ထပ်စာတစ်စောင် ရောက်လာခဲ့ပါတယ်။

စာထဲမှာတော့ Bob ဟာ ယခင်ဆိုင်ကယ်မှောက်တဲ့ နေရာမှာ မရှိတော့ကြောင်း၊ အနီးနားက ဘယ်ဆေးရုံကို ရောက်နေတဲ့ဆိုတဲ့အကြောင်း တည်နေရာကို ထပ်ညွှန်ပြပေးထားတာပါ။ Gabe တို့ မိသားစုတွေ ဆေးရုံကို လိုက်သွားတဲ့အချိန်မှာတော့ Bob တစ်ယောက် ခေါင်းပေါက်တဲ့ ဒဏ်ရာသာ ရှိပြီး စိုးရိမ်စရာ မရှိတော့ပါဘူး။ ဆိုင်ကယ်မှောက်တဲ့ အချိန်တုန်းက Bob ဟာ သတိလစ်သွားခဲ့ပါ။

အဲ့ဒီအချိန်တုန်းက Bob လက်မှာပတ်ထားတဲ့ Apple Watch ရဲ့ hard fall mode ကိုသာ မဖွင့်ထားရင်တော့ Bob ရဲ့ အခြေအနေဟာ ဒီထက် စိုးရိမ်စရာတွေဖြစ်လာနိုင်ပါတယ်။ Hard Fall Mode Function ဟာ နောက်ပိုင်းထွက်ပေါ်လာတဲ့ Apple Watch Series 4ကနေ ပါဝင်လာတာဖြစ်ပြီး အမြင့်တစ်နေရာက ပြုတ်ကျတဲ့အခါ၊ အက်စီဒန့် တစ်ခုခု ကြုံတွေ့တဲ့အခါမျိုးမှာ Hard Fall Setting မှာ on ထားရင် အရေးပေါ် လူတွေဆီ ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ဘက်က အရေးပေါ်ဆက်သွယ်နိုင်တဲ့ လူတွေရဲ့ ဖုန်းနံပါတ်ကို ကြိုတင်ထည့်ထားဖို့တော့လိုအပ်ပါတယ်။ အခုလို အရေးပေါ်အခြေအနေမျိုးနဲ့ ကြုံတွေတဲ့အခါမျိုးမှာ Apple Watch က တစ်ခုခုခံစားရပြီဆိုတာနဲ့ Alert တစ်ခုခုပြပြီး ၃၀စက္ကန့်အတွင်း ကိုယ့်ဘက်က I’m Ok လို့မပြောရင် အရေးပေါ်ဆက်သွယ်ရေးနံပါတ်တွေဆီ အကြောင်းကြားစာနဲ့ တည်နေရာတွေ လိုက်ပို့တော့မှာဖြစ်ပါတယ်။

လူတွေရဲ့ အသက်ကို နည်းပညာတွေက တစ်ထောင့်တစ်နေရာကနေ ကယ်တင်ပေးနိုင်တယ်ဆိုတာတော့ တကယ့်ကို ဝမ်းမြောက်စရာပါပဲ။ Apple Watch အနေနဲ့လည်း ယခုထည့်သွင်းထားတဲ့ function ဟာ အထူးသဖြင့် တစ်ယောက်ထဲ ခရီးသွားတွေအတွက်တော့ တကယ့်ကို လုံခြုံမှုပေးစွမ်းနိုင်တဲ့ နည်းပညာတစ်ရပ်ပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

Apple Watch ရဲ့ နည္းပညာက အခ်ိန္မွီကယ္တင္ေပးခဲ့လို႔ အသက္မဆုံးရွုံးခဲ့တဲ့ အမ်ိဳးသား
ၿပီးခဲ့တဲ့၂၀ ရက္ပိုင္းက Gabe Burdett ဆိုတဲ့ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ့ ဖခင္ ဆိုင္ကယ္ေမွာက္တဲ့ အေၾကာင္းကို မၽွေဝခဲ့ၿပီ ကံေကာင္းေထာက္မစြာ အသက္မေသခဲ့ဘူးဆိုတာကို ေျပာျပထားခဲ့ပါတယ္။ “ဆိုင္ကယ္ေမွာက္တယ္ အသက္မေသဘူး” ဆိုတာ အထူအဆန္းႀကီးေတာ့ မဟုတ္ေပမဲ့ တကယ္တမ္းေတာ့ သူ႔ရဲ့ ဖခင္ဟာ အခ်ိန္မွီမကယ္တင္လိုက္နိုင္ရင္ စိုးရိမ္ဖြယ္ ရွိခဲ့ပါတယ္။

ဘာေၾကာင့္ ထူးဆန္းေနလဲဆိုေတာ့ Gabe ရဲ့ ဖခင္ကို Apple Watch နည္းပညာက အခ်ိန္မွီ ကယ္တင္လိုက္နိုင္လို႔ပါပဲ။ ျဖစ္စဥ္ကေတာ့ ဒီလိုပါ။ ဝါရွင္တန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ၁၅ရက္ေန႔က Gabe နဲ႔ သူ႔ရဲ့ ဖခင္ Bob Burdett ဟာ Riverside State ပန္းၿခံမွာ ေတြ႕ဖို႔ ခ်ိန္းထားပါတယ္။ အဲ့ဒီေနာက္ Gabe နဲ႔ ခ်ိန္းတဲ့ေနရာကို Bob တစ္ေယာက္ ေတာင္တက္ဆိုင္ကယ္စီးၿပီး လာစဥ္မွာပဲ လမ္းမွာ ဆိုင္ကယ္ ေမွာက္ၿပီး ေခ်ာက္ထဲ က်ခဲ့ပါတယ္။

Gabe လည္း ခ်ိန္းတဲ့ပန္းၿခံကိုသြားေနတုန္း လမ္းမွာပဲ ရွိေသးတယ္ ဖခင္ဆီက အေရးေပၚစာတစ္ေစာင္ဝင္လာတာကို လက္ခံရရွိခဲ့ပါတယ္။ စာထဲမွာေတာ့ Bob Burdett တစ္ေယာက္ အေရးေပၚ အေျခအေနနဲ႔ ရင္ဆိုင္ေနရေၾကာင္း၊ Apple Watch က Hard Fall တစ္ခုခုကို ခံစားမိေၾကာင္းေျပာလာတဲ့ စာတစ္ေစာင္ပါ။

Gabe ဆီကို ဒီစာဘာေၾကာင့္ေရာက္လဲဆိုေတာ့ Gabe ရဲ့ ဖုန္းနံပါတ္ကို ဖခင္ျဖစ္သူ Bob က အေရးေပၚဆက္သြယ္ေရးနံပါတ္စာရင္းထဲမွာ ထည့္ထားလို႔ပါပဲ။ Gabe တစ္ေယာက္ထဲ ဒီ SMS ကို လက္ခံရရွိတာမဟုတ္ပါဘူး။ Bob ထည့္သြင္းထားသမၽွ အေရးေပၚ ဆက္သြယ္နိုင္တဲ့ လူေတြအကုန္လုံး ဒီ SMS ကို လက္ခံရရွိခဲ့တာပါ။

အေရးေပၚ SMS အျပင္ Bob တစ္ေယာက္ ဆိုင္ကယ္ေမွာက္တဲ့ တည္ေနရာကိုပါ ေျမပုံနဲ႔ တစ္ခါတည္း ညႊန္ျပထားပါတယ္။ အေရးေပၚ အေၾကာင္းၾကားစာကို လက္ခံရရွိတာနဲ႔ Gabe လည္း ဖခင္ ဆိုင္ကယ္ေမွာက္တဲ့ေနရာကို အျမန္လိုက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ သိပ့္မၾကာခင္မွာပဲ AppleWatch ကေန ေနာက္ထပ္စာတစ္ေစာင္ ေရာက္လာခဲ့ပါတယ္။

စာထဲမွာေတာ့ Bob ဟာ ယခင္ဆိုင္ကယ္ေမွာက္တဲ့ ေနရာမွာ မရွိေတာ့ေၾကာင္း၊ အနီးနားက ဘယ္ေဆး႐ုံကို ေရာက္ေနတဲ့ဆိုတဲ့အေၾကာင္း တည္ေနရာကို ထပ္ညႊန္ျပေပးထားတာပါ။ Gabe တို႔ မိသားစုေတြ ေဆး႐ုံကို လိုက္သြားတဲ့အခ်ိန္မွာေတာ့ Bob တစ္ေယာက္ ေခါင္းေပါက္တဲ့ ဒဏ္ရာသာ ရွိၿပီး စိုးရိမ္စရာ မရွိေတာ့ပါဘူး။ ဆိုင္ကယ္ေမွာက္တဲ့ အခ်ိန္တုန္းက Bob ဟာ သတိလစ္သြားခဲ့ပါ။

အဲ့ဒီအခ်ိန္တုန္းက Bob လက္မွာပတ္ထားတဲ့ Apple Watch ရဲ့ hard fall mode ကိုသာ မဖြင့္ထားရင္ေတာ့ Bob ရဲ့ အေျခအေနဟာ ဒီထက္ စိုးရိမ္စရာေတြျဖစ္လာနိုင္ပါတယ္။ Hard Fall Mode Function ဟာ ေနာက္ပိုင္းထြက္ေပၚလာတဲ့ Apple Watch Series 4ကေန ပါဝင္လာတာျဖစ္ၿပီး အျမင့္တစ္ေနရာက ျပဳတ္က်တဲ့အခါ၊ အက္စီဒန္႔ တစ္ခုခု ၾကဳံေတြ႕တဲ့အခါမ်ိဳးမွာ Hard Fall Setting မွာ on ထားရင္ အေရးေပၚ လူေတြဆီ ဆက္သြယ္ေပးမွာျဖစ္ပါတယ္။

ဒါေပမဲ့ ကိုယ့္ဘက္က အေရးေပၚဆက္သြယ္နိုင္တဲ့ လူေတြရဲ့ ဖုန္းနံပါတ္ကို ႀကိဳတင္ထည့္ထားဖို႔ေတာ့လိုအပ္ပါတယ္။ အခုလို အေရးေပၚအေျခအေနမ်ိဳးနဲ႔ ၾကဳံေတြတဲ့အခါမ်ိဳးမွာ Apple Watch က တစ္ခုခုခံစားရၿပီဆိုတာနဲ႔ Alert တစ္ခုခုျပၿပီး ၃၀စကၠန္႔အတြင္း ကိုယ့္ဘက္က I’m Ok လို႔မေျပာရင္ အေရးေပၚဆက္သြယ္ေရးနံပါတ္ေတြဆီ အေၾကာင္းၾကားစာနဲ႔ တည္ေနရာေတြ လိုက္ပို႔ေတာ့မွာျဖစ္ပါတယ္။

လူေတြရဲ့ အသက္ကို နည္းပညာေတြက တစ္ေထာင့္တစ္ေနရာကေန ကယ္တင္ေပးနိုင္တယ္ဆိုတာေတာ့ တကယ့္ကို ဝမ္းေျမာက္စရာပါပဲ။ Apple Watch အေနနဲ႔လည္း ယခုထည့္သြင္းထားတဲ့ function ဟာ အထူးသျဖင့္ တစ္ေယာက္ထဲ ခရီးသြားေတြအတြက္ေတာ့ တကယ့္ကို လုံျခဳံမွုေပးစြမ္းနိုင္တဲ့ နည္းပညာတစ္ရပ္ပဲျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here