Annabella သရဲကားကြည့်ပြီး ရုပ်ရှင်ရုံထဲမှာတင် သေဆုံးသွားတဲ့ အမျိုးသား

0
389
Annabella

လူတိုင်းသိပြီးသားဖြစ်တဲ့ Annabella သရဲကားကတော့ တကယ့်ကို အထိတ်တလန့်ရှိတဲ့ ရုပ်ရှင်းဇာတ်ကားဖြစ်ပြီး မကြာသေးမှီကာလကပဲ Annabella Comes Home ဆိုတဲ့ နောက်ဆုံးဇာတ်ကားကို ရုံတင်ပြသခဲ့ပြီးပြီဖြစ်ပါတယ်။ ထိုရုံတင်ပြသတဲ့ ကာလမှာတော့ အသက် ၇၈နှစ်အရွယ် ဗြိန်တိန်အမျိုးသားတစ်ဦးဟာ ဇာတ်ကားကြည့်ရင်း ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။

-Advertisement-

အဆိုပါ ဇာတ်ကားကို ထိုင်းနိုင်ငံရှိ Pattaya မြို့က Shopping Mall တစ်ခုရဲ့ ရုပ်ရှင်ရုံတစ်ရုံမှာ ရုံတင်ပြသခဲ့ရင်း အခုလို သေဆုံးမှုဖြစ်ပွားခဲ့တာပါ။ ရုပ်ရှင်ပြီးလို့ သန့်ရှင်းရေးဝန်ထမ်းတွေ သန့်ရှင်ရေး ဝင်လုပ်တဲ့အခါမှာ ထိုင်ခုံပေါ်မှာ မလှုပ်မယှက်နဲ့ ထိုင်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက် အနီးကပ်သွားရောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ အသက်မရှိကြောင်း သိရှိခဲ့ရပြီး သက်ဆိုင်ရာရဲဌာနကို ချက်ခြင်းဖုန်းဆက်အကြောင်းကြားခဲ့ပါတာပါ။

ရုပ်ရှင်ရုံရှိ ဝန်ထမ်းတွေရဲ့ အဆိုအရ သေဆုံးသူဗြိန်တိန်အမျိုးသားဟာ လက်မှတ်တစ်ဆောင်တည်ဝယ်ပြီး သူတစ်ယောက်ထဲ လာကြည့်ခဲ့တာလို့ ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ အချိန်ဟာ မနက် ၁၂နာရီခွဲလောက်ရှိပြီး ရုပ်ရှင်ရုံထဲမှာ ဘယ်သူမဆို ဓာတ်ပုံရိုက်ခွင့်မရှိတာကြောင့် အဆိုပါ အမျိုးသားရဲ့ သေဆုံးမှုမှတ်တမ်းကို သေချာချာ မှတ်တမ်းမတင်ခဲ့နိုင်ဘူးလို့လည်း သိရပါတယ်။

ဘာကြောင့် သေဆုံးရတယ်ဆိုတာကို စစ်ဆေးဖို့ အလောင်းကို Bang Lamung ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ စစ်ဆေးပြီးတဲ့ အခါမှာတော့ အဆိုပါ အမျိုးသားဟာ နှလုံးရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး ရုပ်ရှင်လာကြည့်တဲ့နေ့ကလည်း ဖျားနေတာလို့ အဆိုပါအမှုကို ကိုင်တွယ်သူ ရဲအရာရှိတစ်ဦးကဆိုပါတယ်။ လက်ရှိမှာတော့ ဗြိတိသျှသံရုံးကနေ တစ်ဆင့် ထိုအမျိုးသားရဲ့ ဆွေမျိုးသားချင်းတွေဆီအကြောင်းကြာပေးထားတယ်လို့လည်း သိရပါတယ်။

Lifestyle_Myanmar ပရိတ်သတ်ကြီး အနေနဲ့လည်း ကိုယ့်မှာ နှလုံးရောဂါ အခံရှိနေရင် အခုလို အထိတ်တလန့်ဖြစ်ဖွယ် ဇာတ်ကားမျိုးကို မကြည့်ကြပါနဲ့လို့ တိုက်တွန်းပါရစေခင်ဗျာ။

#Lifestyle_Myanmar

#Thar_Nage

ဇနီးကိုသတ် ရေခဲသေတ္တာထဲထည့်ခဲ့ပြီး သူမရဲ့ ခရက်ဒစ်ကဒ်ကိုအသုံးပြုကာ မယားငယ်နဲ့အပန်းဖြေခရီးထွက်တဲ့ အမျိုးသား

Zawgyi Fonts

Annabella သရဲကားၾကည့္ၿပီး ႐ုပ္ရွင္႐ုံထဲမွာတင္ ေသဆုံးသြားတဲ့ အမ်ိဳးသား
လူတိုင္းသိၿပီးသားျဖစ္တဲ့ Annabella သရဲကားကေတာ့ တကယ့္ကို အထိတ္တလန္႔ရွိတဲ့ ႐ုပ္ရွင္းဇာတ္ကားျဖစ္ၿပီး မၾကာေသးမွီကာလကပဲ Annabella Comes Home ဆိုတဲ့ ေနာက္ဆုံးဇာတ္ကားကို ႐ုံတင္ျပသခဲ့ၿပီးၿပီျဖစ္ပါတယ္။ ထို႐ုံတင္ျပသတဲ့ ကာလမွာေတာ့ အသက္ ၇၈ႏွစ္အရြယ္ ၿဗိန္တိန္အမ်ိဳးသားတစ္ဦးဟာ ဇာတ္ကားၾကည့္ရင္း ဆုံးပါးသြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ဇာတ္ကားကို ထိုင္းနိုင္ငံရွိ Pattaya ၿမိဳ႕က Shopping Mall တစ္ခုရဲ့ ႐ုပ္ရွင္႐ုံတစ္႐ုံမွာ ႐ုံတင္ျပသခဲ့ရင္း အခုလို ေသဆုံးမွုျဖစ္ပြားခဲ့တာပါ။ ႐ုပ္ရွင္ၿပီးလို႔ သန္႔ရွင္းေရးဝန္ထမ္းေတြ သန္႔ရွင္ေရး ဝင္လုပ္တဲ့အခါမွာ ထိုင္ခုံေပၚမွာ မလွုပ္မယွက္နဲ႔ ထိုင္ေနတဲ့ အမ်ိဳးသားတစ္ဦးကို ေတြ႕လိုက္ရပါတယ္။ အဲ့ဒီေနာက္ အနီးကပ္သြားေရာက္ စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ အသက္မရွိေၾကာင္း သိရွိခဲ့ရၿပီး သက္ဆိုင္ရာရဲဌာနကို ခ်က္ျခင္းဖုန္းဆက္အေၾကာင္းၾကားခဲ့ပါတာပါ။

႐ုပ္ရွင္႐ုံရွိ ဝန္ထမ္းေတြရဲ့ အဆိုအရ ေသဆုံးသူၿဗိန္တိန္အမ်ိဳးသားဟာ လက္မွတ္တစ္ေဆာင္တည္ဝယ္ၿပီး သူတစ္ေယာက္ထဲ လာၾကည့္ခဲ့တာလို႔ ဆိုပါတယ္။ အခင္းျဖစ္ပြားတဲ့ အခ်ိန္ဟာ မနက္ ၁၂နာရီခြဲေလာက္ရွိၿပီး ႐ုပ္ရွင္႐ုံထဲမွာ ဘယ္သူမဆို ဓာတ္ပုံရိုက္ခြင့္မရွိတာေၾကာင့္ အဆိုပါ အမ်ိဳးသားရဲ့ ေသဆုံးမွုမွတ္တမ္းကို ေသခ်ာခ်ာ မွတ္တမ္းမတင္ခဲ့နိုင္ဘူးလို႔လည္း သိရပါတယ္။

ဘာေၾကာင့္ ေသဆုံးရတယ္ဆိုတာကို စစ္ေဆးဖို႔ အေလာင္းကို Bang Lamung ေဆး႐ုံကို ပို႔ေဆာင္ခဲ့ပါတယ္။ စစ္ေဆးၿပီးတဲ့ အခါမွာေတာ့ အဆိုပါ အမ်ိဳးသားဟာ ႏွလုံးေရာဂါအခံရွိသူတစ္ဦးျဖစ္ၿပီး ႐ုပ္ရွင္လာၾကည့္တဲ့ေန႔ကလည္း ဖ်ားေနတာလို႔ အဆိုပါအမွုကို ကိုင္တြယ္သူ ရဲအရာရွိတစ္ဦးကဆိုပါတယ္။ လက္ရွိမွာေတာ့ ၿဗိတိသၽွသံ႐ုံးကေန တစ္ဆင့္ ထိုအမ်ိဳးသားရဲ့ ေဆြမ်ိဳးသားခ်င္းေတြဆီအေၾကာင္းၾကာေပးထားတယ္လို႔လည္း သိရပါတယ္။

Lifestyle_Myanmar ပရိတ္သတ္ႀကီး အေနနဲ႔လည္း ကိုယ့္မွာ ႏွလုံးေရာဂါ အခံရွိေနရင္ အခုလို အထိတ္တလန္႔ျဖစ္ဖြယ္ ဇာတ္ကားမ်ိဳးကို မၾကည့္ၾကပါနဲ႔လို႔ တိုက္တြန္းပါရေစခင္ဗ်ာ။

LEAVE A REPLY

Please enter your comment!
Please enter your name here