Ahn Jaehyun ပါဝင်တဲ့ ကြော်ငြာတွေအားလုံးကို ရပ်တန့်တော့မယ့် Merbliss အလှကုန်အမှတ်တံဆိပ်

0
2207

မင်းသား Ahn Jaehyun ကို Merbliss ရဲ့ ပရိုမိုးရှင်း ကြော်ငြာတွေကနေ အပြီးဖယ်ရှားတော့မှာ ဖြစ်ပါတယ်။
သြဂုတ်လ ၂၂ရက်နေ့တွင် အလှကုန် brandတစ်ခုဖြစ်တဲ့ Merbliss က လက်ရှိမှာ မင်းသမီး Goo Hyesun နဲ့ ကွာရှင်းမှု သတင်းတွေထွက်နေတဲ့ သရုပ်ဆောင် Ahn Jaehyun ရဲ့ပုံတွေကို သူတို့ရဲ့ကြော်ငြာနဲ့ အကြောင်းအရာတွေမှာ ဆက်ထည့်တော့မှာ မဟုတ်ဘူးလို့ ကြော်ငြာခဲ့ပြီး သူတို့ရဲ့ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

“ဆိုရှယ်မီဒီယာတွေပေါ်မှာ အငြင်းပွားဖွယ်ရာ လူသိရှင်ကြားကြော်ငြာထားတဲ့ Ahn Jaehyun ရဲ့ ကွာရှင်းမှု အကြောင်းတွေကို ကျွန်တော်တို့ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်၊ အမှတ်တံဆိပ်ကို ယုံကြည် စိတ်ချစွာဝယ်ယူကြတဲ့ ဖောက်သည်တွေကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်။ wedding theme တစ်ခု နဲ့ ကျွန်တော်တို့ရဲ့ Merbliss brand ဟာ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွင်မှုကိုပဲ ဦးတည်တာပါ။ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက Ahn Jaehyun နှင့် လက်မှတ်ထိုးခဲ့တုန်းက သူ့ပုံကို ကျွန်တော်တို့ အမှတ်တံဆိတ်ရဲ့ ဦးတည်ချက်နဲ့ လိုက်ဖက်တဲ့ ရိုမန့်တစ်ဆန်ဆန် ကြင်စဦး ဇနီးမောင်နှံတစ်တွဲ အဖြစ် ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့ စာချုပ်ချုပ်ခဲ့တဲ့ သက်တမ်းက ကုန်သွားပေမယ့် သူ့ကို ယုံကြည်လို့ ၂နှစ်ထပ်တိုးခဲ့ပါတယ်။”

“မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ Ahn Jaehyun နဲ့ မင်းသမီး Goo Hyesunတို့ရဲ့ အငြင်းပွားဖွယ် ကွာရှင်းမှု သတင်းတွေဟာ ကျွန်တော်တို့အမြင်နဲ့ အရမ်းကွာခြားပါတယ်။ ဒါ့ကြောင့် ယခင်ကတင်ခဲ့တဲ့ ကျွန်တော်တို့ ကြော်ငြာတွေ၊ contentတွေ ကို ဖျက်ပစ်ပြီး မှာ Ahn Jaehyun ပါတဲ့ ကြော်ငြာတွေ၊ contentတွေကို ရပ်တန့်တော့မယ်”လို့ ပြောကြားခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

Ahn Jaehyun ပါဝင္တဲ့ ေၾကာ္ျငာေတြအားလုံးကို ရပ္တန္႔ေတာ့မယ့္ Merbliss အလွကုန္အမွတ္တံဆိပ္

မင္းသား Ahn Jaehyun ကို Merbliss ရဲ႕ ပ႐ိုမိုးရွင္း ေၾကာ္ျငာေတြကေန အၿပီးဖယ္ရွားေတာ့မွာ ျဖစ္ပါတယ္။
ၾသဂုတ္လ ၂၂ရက္ေန႔တြင္ အလွကုန္ brandတစ္ခုျဖစ္တဲ့ Merbliss က လက္ရွိမွာ မင္းသမီး Goo Hyesun နဲ႔ ကြာရွင္းမႈ သတင္းေတြထြက္ေနတဲ့ သ႐ုပ္ေဆာင္ Ahn Jaehyun ရဲ႕ပုံေတြကို သူတို႔ရဲ႕ေၾကာ္ျငာနဲ႔ အေၾကာင္းအရာေတြမွာ ဆက္ထည့္ေတာ့မွာ မဟုတ္ဘူးလို႔ ေၾကာ္ျငာခဲ့ၿပီး သူတို႔ရဲ႕ တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။

“ဆိုရွယ္မီဒီယာေတြေပၚမွာ အျငင္းပြားဖြယ္ရာ လူသိရွင္ၾကားေၾကာ္ျငာထားတဲ့ Ahn Jaehyun ရဲ႕ ကြာရွင္းမႈ အေၾကာင္းေတြကို ကြၽန္ေတာ္တို႔ ဖုံးကြယ္ထားလို႔ မရပါဘူး။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ထုတ္ကုန္၊ အမွတ္တံဆိပ္ကို ယုံၾကည္ စိတ္ခ်စြာဝယ္ယူၾကတဲ့ ေဖာက္သည္ေတြကို စိတ္ရင္းမွန္နဲ႔ ေတာင္းပန္ပါတယ္။ wedding theme တစ္ခု နဲ႔ ကြၽန္ေတာ္တို႔ရဲ႕ Merbliss brand ဟာ ခ်စ္ျခင္းေမတၱာနဲ႔ ေပ်ာ္႐ြင္မႈကိုပဲ ဦးတည္တာပါ။ လြန္ခဲ့တဲ့ ၂ႏွစ္ကတည္းက Ahn Jaehyun ႏွင့္ လက္မွတ္ထိုးခဲ့တုန္းက သူ႔ပုံကို ကြၽန္ေတာ္တို႔ အမွတ္တံဆိတ္ရဲ႕ ဦးတည္ခ်က္နဲ႔ လိုက္ဖက္တဲ့ ႐ိုမန္႔တစ္ဆန္ဆန္ ၾကင္စဦး ဇနီးေမာင္ႏွံတစ္တြဲ အျဖစ္ ကြၽန္ေတာ္တို႔ ယုံၾကည္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့ သက္တမ္းက ကုန္သြားေပမယ့္ သူ႔ကို ယုံၾကည္လို႔ ၂ႏွစ္ထပ္တိုးခဲ့ပါတယ္။

မၾကာေသးခင္က ထုတ္ျပန္ခဲ့တဲ့ Ahn Jaehyun နဲ႔ မင္းသမီး Goo Hyesunတို႔ရဲ႕ အျငင္းပြားဖြယ္ ကြာရွင္းမႈ သတင္းေတြဟာ ကြၽန္ေတာ္တို႔အျမင္နဲ႔ အရမ္းကြာျခားပါတယ္။ ဒါ့ေၾကာင့္ ယခင္ကတင္ခဲ့တဲ့ ကြၽန္ေတာ္တို႔ ေၾကာ္ျငာေတြ၊ contentေတြ ကို ဖ်က္ပစ္ၿပီး မွာ Ahn Jaehyun ပါတဲ့ ေၾကာ္ျငာေတြ၊ contentေတြကို ရပ္တန္႔ေတာ့မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here