0
70
၁။ Rome (ရောမ)
၂။ Florence
၃။ Paris( ပဲရစ်)
၎။ Barcelona (ဘာစီလိုနာ)
၆။ New York city
၇။ Venice (ဗင်းနစ်)
၈။ Madrid
၉။ Tokyo
၁၀။ Bangkok
သင့်ရဲ့နှုတ်ခမ်းပုံစံက ပြောပြနေတဲ့သင့်အကြောင်း
#LM_Naung_Naung
#Lifestyle_Myanmar
#Travel
Unicode
TripAdvisor ရဲ့ထုတ်ပြန်မှုအရ ကမ္ဘာ့အကောင်းဆုံး အစားအစာတွေ ရှိတဲ့ မြို့ကြီးများ
အစားအသောက်ကောင်းတွေကိုမှ ချစ်တတ်သူတွေအတွက် ကမ္ဘာ့အကောင်းဆုံး အစားအစာတွေရှိတဲ့ နိုင်ငံတိုင်းက မြို့ကြီးတွေကို ညွှန်းပေးချင်ပါတယ်။ ပတ်စပိုစ့်တော့ အသင့်လုပ်ထားဖို့ လိုပြီနော်။ TripAdvisor ကခရီးသွား expert တွေကိုယ်တိုင် အစားအသောက်ကောင်းကြိုက်သူတွေအတွက် ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ရှိတဲ့မြို့ကြီးတွေကို စာရင်းတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ခရီးသွားရတာကို နှစ်သက်ကြသူတိုင်းနဲ့ ဒေသန္တရ ဗဟုသုတရှာမှီးသူတွေအတွက် အွန်လိုင်းမှာအကြီးဆုံး ခရီးသွားအကြံပေးဝက်ဆိုက်အဖြစ် TripAdvisor ကဆောင်ရွက်ပေးနေပြီး ခရီးစဉ်အကြောင်း၊ နဲ့ဝန်ဆောင်မှုတွေ သွားသင့်တဲ့နေရာတွေ အားလုံးကိုလည်း TripAdvisor မှာ အကောင်းဆုံးအကြံဉာဏ်တွေ ရယူနိုင်ကြောင်း Lifestyle Myanmar ကအကြံပေးချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတစ်ခုရဲ့ အလှအပနဲ့ ကျော်ကြားမှုဟာ ဒေသထွက်စားစရာတွေက အဓိကအရေးပါနေပြီး ခရီးသွားတွေကို များစွာဆွဲဆောင်နိုင်ပါတယ်။
၁။ Rome (ရောမ)
အစားအသောက်ကောင်းတွေ ပေါများတဲ့မြို့အဖြစ် Rome က နံပါတ် ၁ ပြေးနေပြီး ခရီးသွားတွေကို ထပ်ခါထပ်ခါ လာချင်အောင် ဆွဲဆောင်နိုင်ကြောင်း သိရပါတယ်။ သင့်အတွက် မြည်းစရာ အစားအသောက်တွေ မကုန်နိုင်သလိုပဲ TripAdvisor မှာ ဘွတ်ကင်အများဆုံး မြို့ကတော့ လှပတဲ့နေရောင်ခြည် ရရှိတဲ့ Rome food tour ဖြစ်ပြီး Prati ခရိုင်ပတ်လည်မှာ ရှိကြောင်း သိရပါတယ်။
၂။ Florence
Florence ဟာ အီတလီစားကောင်းသောက်ဖွယ်တွေနဲ့ ကျော်ကြားပြီး အစားအသောက်ချစ်သူတွေ ပျော်မွေ့ရာနေရာဆိုလည်း မမှားပါဘူး။ Florence မှာရှိတဲ့ Mercato Centrale မှာဆိုရင် ထူးခြားကောင်းမွန်တဲ့ အီတလီ shopping အတွေ့အကြုံတွေကို ရရှိစေမှာဖြစ်ပြီး ၁၈၇၄ ခုနှစ်လောက်တည်းက စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။ လေဟာပြင်ဈေးတစ်ခုဖြစ်ပြီးတော့
စားစရာအလုံးစုံကို တစ်နေရာတည်းမှာ ရရှိနိုင်တာကြောင့် ခရီးသွားတွေခြေချင်းလိမ်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ နေ့လည်စာအတွက် ဆိုရင်တော့ TripAdvisor မှာ ဘွတ်ကင်အများဆုံး ဖြစ်တဲ့ Florence က ပြည်တွင်းဈေးတစ်ခုမှာရှိတဲ့ Tuscan farmhouse ကို ညွှန်းပါတယ်။
၃။ Paris( ပဲရစ်)
ပဲရစ်ကတော့ Food love တွေနဲ့ ညှိနှိုင်းစရာတောင် မလိုတဲ့ နေရာတစ်ခုဖြစ်ပြီး croissants နဲ့ espresso ဟာ ဆိုရင် ပြင်သစ်စားသောက်ဆိုင်တွေရဲ့ အမှတ်တံဆိပ်တစ်ခုလိုဖြစ်ပြီး fromagerie က cheese ကတော့ စံနမူနာတစ်ခုလိုပါပဲ။ ပဲရစ်ကို သွားမယ်ဆိုရင်တော့ သင့်ရဲ့အစာအိမ်က ကျေးဇူးအထူးတင်မှာဖြစ်ပြီး TripAvisor မှာဘွတ်ကင် အများဆုံးဆိုင်ကတော့ အရသာနဲ့ အထူးပြည့်စုံတဲ့ Montmartre ဆိုင်လို့ သိရပါတယ်။
၄။ Barcelona (ဘာစီလိုနာ)
ဘာစီလိုနာကို ခရီးသွားဖို့ စဉ်းစားနေရင်တော့ သင့်ရဲ့စာရင်းထဲမှာ Mercator de la Boqueria ကိုထပ်ပေါင်းထည့်ထားဖို့ လိုအပ်ပါပြီ။ halados က Sprimfruit နဲ့ Ramblero က အနီရောင်ပုဇွန်ကြီးတွေကတော့ Food lover တွေရဲ့ အသည်းကျော်လို့ပြောလို့ရပါတယ်။ ဒီဈေးထဲကို သင်သွားတာနဲ့ ဗိုက်မဆာလာပဲ စိတ်ပျက်လက်ပျက်နဲ့ ဘယ်တော့မှထွက်ခွာမှာ မဟုတ်ပါဘူး။
ဘာစီလိုနာကိုရောက်ရင်တော့ ဒီနေရာတွေကို ရောက်အောင်သွားပြီး အဝစားခဲ့ဖို့ တိုက်တွန်းချင်ပါတယ်။
၅။ New Orleans(နယူးအော်လန်)
နယူးအော်လန်ဟာ သင့်အတွက်ကတော့ တစ်သက်မမေ့နိုင်တဲ့ အရသာတွေကို ပေးစွမ်းနိုင်တဲ့ မြို့တစ်မြို့ဆိုရင်လည်း မမှားပါဘူး။အဲ့ဒီမှာ ခရီးသွားတွေ အနှစ်သက်ဆုံးဖြစ်တဲ့ စားစရာတွေက chicory coffee နဲ့ sugar-dusted beignet တို့ဖြစ်ပါတယ်။ စားဖြစ်အောင်စားခဲ့ဖို့ မေ့မနေနဲ့ဦးနော်။
၆။ New York city
နယူးယောက်ကို သွားရင်တော့ လမ်းထောင့်တိုင်းမှာပဲ သင့်အတွက် သရေကျစရာတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ Dough က ဧရာမ hibiscus Donuts တွေနဲ့ နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုနဲ့ ဆီပူပူဆမ်းထားပြီး ခပ်စပ်စပ်လေး အရသာရှိတဲ့ Xians ကကျော်ကြားတဲ့ ခေါက်ဆွဲအပြင် နာမည်ကျော်အစားအစာ မျိုးစုံကိုလည်း မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့။ TripAdvisor ကနေ
အများဆုံး ဘွတ်ကင်ပြုလုပ်ခဲ့တဲ့ဆိုင်ကတော့ ဘရွတ်ကလင်းမြို့ရဲ့ အကောင်းဆုံးစားသောက်ဆိုင်ဖြစ်တဲ့ hard-day food and culture tour ဖြစ်ပါတယ်။
၇။ Venice (ဗင်းနစ်)
ဗင်းနစ်မှာ လူတိုင်းအမှတ်ရနေစေမယ့် အရသာတစ်ခုအမြဲရှိနေပါတယ်။ ဝိုင်ချစ်သူတွေအတွက်ကတော့ al Covo မှာရှိတဲ့ spectacular wine နဲ့ ထူးခြားလတ်ဆတ်တဲ့ ပင်လယ်စာဟင်းလျာကို မေ့ထားလို့မရပါဘူး။ TripAdvisor ရဲ့အကြံပြုချက်ကတော့ Venice food tour ဖြစ်ပြီး cichetti နဲ့ ဝိုင်တွေကိုလည်း မြည်းခဲ့ဖို့တိုက်တွန်းခဲ့ပါတယ်။
၈။ Madrid
မက်ဒရစ်ကိုရောက်ခဲ့ရင်တော့ Mercado de San Migual ကိုသွားရောက်သင့်ပါတယ်။ ဒီဈေးဟာ မက်ဒရစ်ရဲ့ရှေးအကျဆုံးဈေးဖြစ်ပြီးတော့ စားကောင်းသောက်ဖွယ်တွေ ပေါများတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ပင်လယ်စာတွေဟာ အရသာထူးခြားကောင်းမွန်ပြီး လူသိများတဲ့ အစားအစာမျိုးစုံရှိတာကြောင့် သေချာလ့လာသွားဖို့ လိုအပ်ပါတယ်။
၉။ Tokyo
အစားအသောက်ချစ်သူတွေအတွက် တိုကျိုမြို့ ရှိနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။ သင်ဘယ်တော့မှာ ဆာလောင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ညလုံးပေါက်ဖွင့်တဲ့ဆိုင်တွေနဲ့ ချက်ပြုတ်ကြော်လှော်နေတဲ့ ရနံ့တွေက သင့်ကိုအမြဲတမ်းဆွဲဆောင်နေမှာ ဖြစ်လိုပါပဲ။ ဂျပန်နိုင်ငံ တိုကျိုကစားသောက်စရာတွေက သူ့အရသာနဲ့သူ ထူးခြားကောင်းမွန်လွန်းလို့
တစ်ခုချင်းစီညွှန်းဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ အားလုံးကိုမြည်းစမ်းနိုင်ဖို့ဆိုရင် နည်းနည်းစီပဲစားဖို့ အကြံပေးချင်ပါတယ်။ ဒါပေမယ့် သင့်စိတ်ကိုတော့ ထိန်းနိုင်မှာ မဟုတ်ပါဘူး။
၁၀။ Bangkok
ထိုင်း street food ကတော့ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားနေလျက်ရှိပြီး လူတွေဘန်ကောက်မှာ စုပြုံနေရတဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။  Damnoen Saduak Floating Market က tom yum kway teow noodle soup နဲ့ Wang Lang Market က Hot fried pork ကိုတော့ မေ့ထားလို့မဖြစ်ပါဘူး။ ဒီအတွေ့အကြုံတွေကို သင်တစ်သက်မမေ့နိုင်ဖူးဆိုတာကို အာမခံပါတယ်။ TripAdvisor ကအများဆုံး ဘွတ်ကင်ပြုလုပ်တဲ့ ဆိုင်ကတော့ Bangkok Food Tour ဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
#Travel
LEAVE A REPLY
Please enter your comment!
Please enter your name here