အသက္ ၂၀ ဝန္းက်င္မွာ လူငယ္ေတြလုပ္မိတတ္တဲ့ အဆိုးဆံုး အမွား (၁၀) ခု

0
58

“Your 20s are for learning and 30s are for earning” ဆိုတဲ့ စကားကို လူေတြမၾကာခဏ ေျပာတတ္ၾကပါတယ္။ အသက္၂၀ မွာ ပညာရွာၿပီး အသက္၃၀ မွာ ေငြရွာဖို႔အတြက္ ဆိုလိုတာပါ။ ဒါေပမယ့္ ယေန႔ကမာၻႀကီးဟာ ဘယ္လိုကၽြမ္းက်င္မႈေတြနဲ႔ စူးစမ္းေလ့လာမႈမ်ိဳးကိုမဆို သင္ရယူႏိုင္ေၾကာင္း အားလံုးသိၿပီးသားျဖစ္ပါတယ္။ ဘဝဟာ စိန္ေခၚမႈေတြ ျပည့္ႏွက္ေနတာကိုလည္း သံသယထားစရာ မလိုပါဘူး။ သင့္ရဲ႕ အသက္ႏွစ္ဆယ္ဆိုတဲ့ အရြယ္မွာ စိတ္လႈပ္ရွားမႈ နဲ႔ စိတ္ပိုင္းဆိုင္ရာ ၾကံ့ၾကံ့ခံႏိုင္ေအာင္ ေလ့က်င့္ရမယ့္ အခ်ိန္ျဖစ္ၿပီး ေပ်ာ္စရာေတြနဲ႔ အခက္အခဲေတြကိုေအာင္ျမင္ႏိုင္ဖို႔ဆိုရင္ ခက္ခက္ခဲခဲ ႀကိဳးစားေနရမယ့္ အရြယ္ပဲျဖစ္ပါတယ္။ ဒီလိုအရြယ္မွာ လုပ္မိတတ္တဲ့ အဆိုးဆံုးအမွားေတြေၾကာင့္ ေအာင္ျမင္မႈေတြနဲ႔ လြဲေခ်ာ္ႏိုင္တာေၾကာင့္ သတိထားႏိုင္ဖို႔အတြက္ မွ်ေဝေပးလိုက္ပါတယ္။

၁။ ပန္းတိုင္ကို ရွင္းရွင္းလင္းလင္းမသိဘူး
ဒီလိုအရြယ္မွာ ဝါသနာႀကီးမားတဲ့ အရာကို တစိုက္မတ္မတ္ လုပ္ရမယ့္အစား လစာေကာင္းတဲ့အရာေတြကိုပဲ ရွာေဖြေနတတ္ၾကပါတယ္။ ဒီလိုအခ်ိန္မွာ သင့္ကိုယ္သင္ဘယ္သူဆိုတာ ေသခ်ာမသိေသးပဲ ရွာေဖြေနလွ်က္ နည္းနည္းေလးတစ္ကိုယ္ေကာင္းဆန္တတ္ၿပီး ကိုယ့္ရဲ႕ပန္းတိုင္ကို ေမ့ေလ်ာ့ေနတတ္ပါတယ္။ ဒါေၾကာင့္ပဲ ေငြေနာက္ကိုလိုက္ၿပီး ကိုယ္ပိုင္ဖန္တီးႏိုင္စြမ္းေတြ ေပ်ာက္ဆံုးေနတတ္ပါတယ္။ တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕ဖန္တီးမႈတစ္ခုဟာ ေမွ်ာ္လင့္မထားတဲ့ အက်ိဳးအျမတ္ေတြ ရရွိႏိုင္ပါတယ္။ ဒါေပမယ့္ သင့္မွာဒီလိုအခ်ိန္ေလးေတြ ရွိလာမွာေတာ့ မဟုတ္ပါဘူး။ စီးပြားေရးေတာ့ သင္အဆင္ေျပခ်င္ ေျပပါလိမ့္မယ္။ အသက္ႀကီးလာတဲ့အခါမွာေတာ့ လုပ္ခ်င္တဲ့အရာေတြ မလုပ္မိခဲ့တဲ့အတြက္ ေနာင္တရမွာ မလြဲပါပဲ။

၂။ လက္ေလ်ာ့တာ အရမ္းလြယ္လြန္းတယ္
တခ်ိဳ႕အရာေတြ အေပၚမွာ သင္ၾကာရွည္ သည္းမခံတတ္ပါဘူး။ တစ္ႀကိမ္က်႐ႈံးျခင္းဟာ သင့္အတြက္ တကယ့္ကိုႀကီးမားတဲ့ စိတ္ဖိစီးမႈျဖစ္ႏိုင္ၿပီး အျမန္ဆံုး လက္ေလ်ာ့ခ်င္စိတ္ ေပါက္လာတတ္ပါတယ္။ သင္လုပ္ေနတဲ့ ႐ံုးအလုပ္မွာပဲျဖစ္ျဖစ္ relationship တစ္ခုမွာပဲျဖစ္ျဖစ္ သင့္အတြက္ Limit ကန္႔သတ္ထားျခင္း မရွိပါဘူး။ ေအာင္ျမင္မႈဟာ အခ်ိန္နဲ႔အတူ လာတတ္ၿပီးေတာ့
အမွားေတြကို ရွာေဖြရမယ့္အစား ေစာစီးစြာ အ႐ႈံးေပးလိုက္ျခင္းဟာ အေျဖရွာရာမေရာက္ပါဘူး။ သင့္ကိုအ႐ႈံးေနရာမွာပဲ ရွိေနေစပါလိမ့္မယ္။

၃။ စာဖတ္တဲ့ အေလ့အထ မလုပ္ဖူး
စာဖတ္ျခင္းအေလ့အထဟာ သင့္အတြက္မ်ားျပားတဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ေၾကာင္း သင္သိၿပီးသားပါ။ စာအုပ္ေတြကို ႐ိုးရွင္းစြာဖတ္ေန႐ံုနဲ႔တင္ အရာေပါင္းမ်ားစြာကို သင္ေလ့လာႏိုင္ပါလိမ့္မယ္။ တကယ္လို႔ သင္ အသိပညာၾကြယ္ဝၿပီး ေတြးေတာႏိုင္စြမ္း ရွိသူတစ္ေယာက္ ျဖစ္လိုလွ်င္ စာဖတ္တဲ့အေလ့အထကို အလွ်င္အျမန္အေကာင္ထည္ေဖာ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ စိတ္ကူးယဥ္စာေပ၊ စိတ္ကူးယဥ္မဟုတ္တဲ့စာေပ၊ သိပၸံ၊ သမိုင္း၊ အရာအားလံုးသင့္လက္ေပၚတင္ၿပီး ဖတ္႐ံုပါပဲ။ သင္အမ်ားႀကီးဖတ္ရင္ အမ်ားႀကီးသိလာမယ္၊ အမ်ားႀကီးသိလာတဲ့အခါ၊ အမ်ားႀကီး ထပ္ၿပီးေလ့လာလာမယ္၊ အမ်ားႀကီးေလ့လာလာတဲ့အခါ ေနရာအမ်ားႀကီးကို သင္သြားပါလိမ့္မယ္။ ဘဝဟာ မဆံုးေတာ့တဲ့ ခရီးတစ္ခုပါပဲ။ ေက်ာက္တံုးတစ္တံုးလိုေနရင္ေတာ့ သင္ဘယ္ကိုမွေရြ႕မွာ မဟုတ္ပါဘူး။

၄။ ခရီး လံုေလာက္ေအာင္ မသြားဘူး
ကၽြန္ေတာ္တို႔ အိုမင္းလာတဲ့အခါ ပိုၿပီးေတာ့ ေႏွးလာပါတယ္။ ဒါဟာ သဘာဝရဲ႕ အမွန္တရားတစ္ခုျဖစ္ၿပီးေတာ့ ဘယ္သူမွျငင္းပယ္မွာ မဟုတ္ပါဘူး။ တကယ္လို႔သင္ဟာ အိမ္ေထာင္မက်ေသးသူတစ္ေယာက္ ဆိုရင္ေတာ့ ဒီအရြယ္ဟာ ကမာၻႀကီးထဲက အရာေတြကို စူးစမ္းဖို႔ အေကာင္းဆံုးအခြင့္အေရးပါပဲ။ သင္မွာ မိသားစုရဲ႕ ခ်ည္ေႏွာင္မႈေတြ မရွိေသးဘူး၊ Single ျဖစ္ေနျခင္းေၾကာင့္ ေငြေရးေၾကးေရးလည္း လြတ္လပ္မႈရွိပါတယ္။ သင္ငယ္ရြယ္ေနတဲ့ အခ်ိန္မွာ ခရီးထြက္ျခင္းေၾကာင့္ ပိုက္ဆံက အျခားသူေတြ ထင္တာေလာက္ သိပ္အေရးပါမွာ မဟုတ္ပါဘူး။ အေကာင္းဆံုးကား၊ ေနာက္ဆံုးေပၚပရိေဘာဂေတြ၊ နဲ႔ အႀကီးဆံုးတိုက္ခန္းကို ပိုင္ဆိုင္ဖို႔ စိတ္မပူပါနဲ႔။ ကမာၻႀကီးရဲ႕ အလွအပေတြနဲ႔ အေတြ႕အၾကံဳ အရသာေတြကုိ ခံစားဖို႔အတြက္ အာရွ၊ ဥေရာပ စံုေနေအာင္ ခရီးထြက္ဖုိ႔ႀကိဳးစားပါ။ ေငြေၾကးေနာက္ကိုပဲ လိုက္ေနရင္ေတာ့ အသက္ႀကီးလာလို႔ သို႔မဟုတ္ အိမ္ေထာင္က်ၿပီးလို႔ မသြားျဖစ္မလာျဖစ္ေတာ့မွ သင္ေနာင္တရႏိုင္ပါတယ္။

၅။ သင့္က်န္းမာေရးနဲ႔ ရန္ပံုေငြကို လစ္လ်ဴ႐ႈထားတယ္
သင္အသက္ႏွစ္ဆယ္ အရြယ္မွာ ကိုယ့္ရဲ႕က်န္းမာေရးကို နည္းနည္း ဂ႐ုမစိုက္တတ္ၾကသလို ေငြစုဖို႔ကိုလည္း ေမ့ေနတတ္ၾကပါတယ္။ ဘယ္အရြယ္ပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕က်န္းမာေရးကို ကိုယ္တိုင္ ဂ႐ုစိုက္ဖို႔ မေမ့ပါနဲ႔။ ဒါ့အျပင္ ေငြအနည္းအက်ဥ္းကို ျဖည္းျဖည္းခ်င္း စုတတ္တဲ့ အေလ့အထဟာလည္း သင့္အတြက္ ႀကီးမားတဲ့ ေျပာင္းလဲမႈေတြနဲ႔ ေငြေၾကးအေပၚ တန္ဖိုးထားမႈေတြကို
ျဖစ္ေစႏိုင္ပါတယ္။

 

၆။ Relationship မွာပဲအခ်ိန္ျဖဳန္းေနရင္ သင့္ကိုေနာက္ျပန္ဆြဲထားလိမ့္မယ္
ကၽြန္ေတာ္တို႔ေတြ ယခုလိုအေျခအေနကို တစ္နည္းမဟုတ္တစ္နည္း ၾကံဳဖူးၾကပါတယ္။ သင့္ခ်စ္သူေကာင္ေလးက သူငယ္ခ်င္းေတြနဲ႔ ခရီးသြားဖို႔ကို ခြင့္မျပဳတာမ်ိဳး၊ သင့္ရဲ႕အလုပ္ခ်ိန္ေတြကိုပါ ထိခိုက္ေအာင္ သင့္ခ်စ္သူေကာင္မေလးက ခဏခဏေတြ႕ခ်င္ေနတာမ်ိဳး၊ အရင္တုန္းက သူငယ္ခ်င္းအုပ္စုနဲ႔ တပတ္မွသံုးရက္ေလာက္ အတူတကြေပ်ာ္ျမဴးခဲ့ၾကေပမယ့္ အဲ့လိုအခ်ိန္ေတြ ေပ်ာက္ဆံုးခဲ့တာ ႏွစ္မ်ားစြာ ရွိတာမ်ိဳးေတြပါ။ သင့္ရဲ႕အသက္ႏွစ္ဆယ္ဝန္းက်င္အရြယ္မွာ အခ်ိန္ေတြက အရမ္းကို တန္ဖိုးရွိပါတယ္။ သင့္ရဲ႕ Relationship ကသင့္အတြက္ ခါးသက္ေနရင္၊ ေပ်ာ္စရာေတြကို သင့္ဆီကဖယ္ထုတ္သြားရင္၊ ဒါမွမဟုတ္ သင့္ကိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခံေနရရင္ ျပဳျပင္ေျပာင္းလဲႏိုင္ေအာင္ ႀကိဳးစားပါ။

သင္ႀကိဳးစားဖို႔ မျဖစ္ႏိုင္ဖူးဆိုရင္ေတာ့ လမ္းခြဲလိုက္တာ အေကာင္းဆံုးပါပဲ။ အားလံုးက သူငယ္ခ်င္းခင္မင္မႈကသာ ထာဝရလို႔ ေျပာခ်င္ေျပာပါလိမ့္မယ္။ ဒါဟာျပႆနာ မဟုတ္ပါဘူး။ သင့္အတြက္ လိုအပ္သူေတြဟာ သင့္ကိုေပ်ာ္ရြင္ေစတဲ့သူ၊ တိုးတက္ေစတဲ့သူ၊ အခ်ိန္အၾကာႀကီးထိ ေဘးမွာရွိေနေပးမယ့္ သူေတြသာ လိုအပ္ပါတယ္။ သူငယ္ခ်င္းတိုင္းလည္း မဟုတ္ပါဘူး။ သင့္ရဲ႕အဖိုးတန္အခ်ိန္ေတြကို  ဘယ္သူမွ အက်ိဳးမဲ့ေအာင္ မလုပ္ပါေစနဲ႔။

၇။ သင့္ကိစၥေတြကို သင့္ကိုယ္သင္ထက္ အျခားသူေတြကို အျပစ္ပံုခ်တတ္တယ္
သင့္မွာ ေကာင္းမြန္တဲ့ပညာသင္မႈ မရွိခဲ့ရင္ေတာ့ ဒီကိစၥက ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ လႈမႈအဖြဲ႕အစည္းရဲ႕ ေအာင္ျမင္မႈအျမင္ကို ေရာက္ဖို႔ ခက္ခဲႏိုင္တဲ့ စိတ္ပိုင္း႐ုပ္ပိုင္း မသန္စြမ္းမႈေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕အေျခအေနေတြ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔အားလံုးဟာ ကိုယ့္ရဲ႕တကယ့္အစစ္အမွန္တရားကို တာဝန္ခံဖို႔ေတာ့
လိုအပ္ပါတယ္။ သင့္ရဲ႕ ႏွလံုးသားကို နာက်င္ေစၿပီး သင့္ရဲ႕ဘဝကို ပ်က္စီးေစေအာင္ ျပဳလုပ္ႏိုင္သူဟာ သင့္အေမ၊ သင့္အေဖ နဲ႔ သင့္ၾကားကတစ္စံုတစ္ေယာက္ မဟုတ္ပါဘူး။  သင္ကိုယ္တိုင္ပါပဲ။ သင့္ရဲ႕ဘဝကို သင္ဘာပဲလုပ္လုပ္ အျခားတစ္ေယာက္နဲ႔ မဆိုင္ပါဘူး။ အရာအားလံုးဟာ ျဖစ္ႏိုင္ေျခရွိတဲ့အတြက္ သင့္အမွားအတြက္ သင္တာဝန္ယူ႐ံုပါပဲ။

၈။ အ႐ႈံးကို ေၾကာက္႐ြံျခင္းမ်ား
ကၽြန္ေတာ္တို႔ အားလံုးလိုလိုဟာ ဘဝရဲ႕ပံုေသနည္းေတြထဲ သြတ္သြင္းခံထားရပါတယ္။ ေက်ာင္းကိုသြား၊ အလုပ္လုပ္၊ အိမ္ေထာင္ျပဳ၊ ကေလးေလးေတြေမြး၊ အိမ္ဝယ္၊ ေသဆံုး၊ ဒီလိုအရာေတြကို ကၽြန္ေတာ္တို႔ စီမံခန္႔ခြဲပိုင္ခြင့္ ရွိလားမရွိလား ဘယ္သူမွေသခ်ာမသိပါဘူး။ တခ်ိဳ႕ေတြက အႏုပညာကို မဖန္တီးၾကဘူး၊ တခ်ိဳ႕က အေဝႀကီးကို ဘယ္ေတာ့မွမသြားဘူး၊ တခ်ိဳ႕ကေတာ့ ဆိုးရြားေနတဲ့ relationship ကို အဆံုးမသတ္ႏိုင္ၾကဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔ အ႐ႈံးကိုေၾကာက္ၾကလို႔ပါပဲ။ တကယ္ေတာ့ အ႐ႈံးဆိုတာဟာ သင္ယူျခင္းျဖစ္စဥ္တစ္ခုပါပဲ။ ပထမအႀကိမ္ သင္ဘယ္လို႐ႈံးတယ္ဆိုတာ သင္ယူမိတဲ့အခါ ဘယ္လိုေအာင္ျမင္ေအာင္ လုပ္ရမယ္ဆိုတာ သင္ပိုၿပီး နားလည္လာပါလိမ့္မယ္။။ သင္အခုအခ်ိန္မွာ အ႐ႈံးကိုေၾကာင္ေနလား။ ေကာင္းပါၿပီ၊ အသက္သံုးဆယ္မေရာက္ခင္ ဒီခ်ာတူးလန္မႈကို အျမတ္ျပတ္ေအာင္ ျဖတ္ထုတ္ပါလို႔ တိုက္တြန္းခ်င္ပါတယ္။

၉။ Skill အသစ္ေတြကုိ တိုးတက္ေအာင္မလုပ္ဖူး
သင့္ရဲ႕ ကၽြမ္းက်င္မႈေတြကို ျမွင့္တင္ဖို႔နဲ႔ အသစ္ေတြကို သင္ယူဖို႔ဆိုရင္ ယခုအသက္ႏွစ္ဆယ္ အခ်ိန္ဟာ အေကာင္းဆံုးပဲျဖစ္ပါတယ္။ သင္ဟာ လန္းဆန္းတက္ၾကြေနၿပီးေတာ့ သင့္ရဲ႕ဦးေႏွာက္က ေလ့က်င့္ေပစးဖို႔ အေကာင္းဆံုးပါပဲ။ ယခုလို အသက္ ၂၀ အရြယ္မွာ အရာအားလံုးကို သင္ယူထားျခင္းဟာ သင့္အတြက္ အခ်ိန္အၾကာႀကီး တည္ျမဲေနဖို႔ အခြင့္အေရးပိုမ်ားပါတယ္။
သင့္ရဲ႕ဦးေႏွာက္ကို ေသေသခ်ာခ်ာ Focus လုပ္ႏိုင္ၿပီး မွန္ကန္စြာဆံုးျဖတ္ခ်က္ခ်ဖို႔အတြက္ ယခုအခ်ိန္ဟာ အေကာင္းဆံုးစတင္ျခင္းဆိုတာ မေမ့ပါနဲ႔။

၁၀။ စိတ္မရွည္ျခင္း၊ လက္ေတြမက်တဲ့ပန္းတိုင္မ်ားခ်မွတ္ျခင္း၊ ေရတိုအတြက္ Plan ခ်ျခင္း
ရည္မွန္းခ်က္ ထားျခင္းဟာ သင့္ကိုဦးတည္ခ်က္ေပးတဲ့ အသိတစ္ခုျဖစ္ေၾကာင္း သံသယထားစရာမလိုပါဘူး။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ ယခုရည္မွန္းခ်က္ကို သင္ဆြတ္ခူးႏိုင္တဲ့ အလားအလာရွိတဲ့ အေၾကာင္းကို ေမ့မပစ္သင့္သလို အရမ္းကိုျမင့္မားလြန္းတဲ့ ရည္မွန္းခ်က္ေတြက သင့္စိတ္ကိုအီသြားေစၿပီး သင့္ရဲ႕အလားအလာကို ေက်ာ္လြန္ေစသလို လက္နက္ခ်ခ်င္စိတ္ေတြကို ျဖစ္ေပၚေစႏိုင္တာကို သတိျပဳေစခ်င္ပါတယ္။ ဒါေၾကာင့္ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြကို ရယူခ်င္ရင္ ေသးငယ္တဲ့ ပန္းတိုင္ေလးေတြကို ခ်မွတ္ၿပီး တဆင့္ခ်င္းရယူဖို႔ ႀကိဳးစားပါ။ စိတ္မရွည္မႈေတြကို ဖယ္ထုတ္ႏိုင္ေအာင္ ႀကိဳးစားပါ။ ဘာေၾကာင့္လည္းဆိုေတာ့ သင့္ရဲ႕စိတ္မရွည္တတ္မႈဟာ ႀကီးမားတဲ့ျပႆနာေတြကို ျဖစ္လာေစတတ္လို႔ပါ။

အမ်ိဳးသားေတြကို စိတ္ကူးယဥ္ေစတတ္တဲ့ အမ်ိဳးသမီးေတြရဲ႕႐ုပ္ပိုင္းဆိုင္ရာ ထူးျခားခ်က္ (၈)ခ်က္

#LM_Naung_Naung
#Lifestyle_Myanmar
Source-awesomeindia

Unicode

အသက် ၂၀ ဝန်းကျင်မှာ လူတွေလုပ်မိတတ်တဲ့ အဆိုးဆုံး အမှား (၁၀) ခု
“Your 20s are for learning and 30s are for earning” ဆိုတဲ့ စကားကို လူတွေမကြာခဏ ပြောတတ်ကြပါတယ်။ အသက်၂၀ မှာ ပညာရှာပြီး အသက်၃၀ မှာ ငွေရှာဖို့အတွက် ဆိုလိုတာပါ။ ဒါပေမယ့် ယနေ့ကမ္ဘာကြီးဟာ ဘယ်လိုကျွမ်းကျင်မှုတွေနဲ့ စူးစမ်းလေ့လာမှုမျိုးကိုမဆို သင်ရယူနိုင်ကြောင်း အားလုံးသိပြီးသားဖြစ်ပါတယ်။ ဘဝဟာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတာကိုလည်း သံသယထားစရာ မလိုပါဘူး။ သင့်ရဲ့ အသက်နှစ်ဆယ်ဆိုတဲ့ အရွယ်မှာ စိတ်လှုပ်ရှားမှု နဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ရမယ့် အချိန်ဖြစ်ပြီး ပျော်စရာတွေနဲ့ အခက်အခဲတွေကိုအောင်မြင်နိုင်ဖို့ဆိုရင် ခက်ခက်ခဲခဲ ကြိုးစားနေရမယ့် အရွယ်ပဲဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ လုပ်မိတတ်တဲ့ အဆိုးဆုံးအမှားတွေကြောင့် အောင်မြင်မှုတွေနဲ့ လွဲချော်နိုင်တာကြောင့် သတိထားနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

၁။ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းမသိဘူး
ဒီလိုအရွယ်မှာ ဝါသနာကြီးမားတဲ့ အရာကို တစိုက်မတ်မတ် လုပ်ရမယ့်အစား လစာကောင်းတဲ့အရာတွေကိုပဲ ရှာဖွေနေတတ်ကြပါတယ်။ ဒီလိုအချိန်မှာ သင့်ကိုယ်သင်ဘယ်သူဆိုတာ သေချာမသိသေးပဲ ရှာဖွေနေလျှက် နည်းနည်းလေးတစ်ကိုယ်ကောင်းဆန်တတ်ပြီး ကိုယ့်ရဲ့ပန်းတိုင်ကို မေ့လျော့နေတတ်ပါတယ်။ ဒါကြောင့်ပဲ ငွေနောက်ကိုလိုက်ပြီး ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေတတ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဖန်တီးမှုတစ်ခုဟာ မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာဒီလိုအချိန်လေးတွေ ရှိလာမှာတော့ မဟုတ်ပါဘူး။ စီးပွားရေးတော့ သင်အဆင်ပြေချင် ပြေပါလိမ့်မယ်။ အသက်ကြီးလာတဲ့အခါမှာတော့ လုပ်ချင်တဲ့အရာတွေ မလုပ်မိခဲ့တဲ့အတွက် နောင်တရမှာ မလွဲပါပဲ။

၂။ လက်လျော့တာ အရမ်းလွယ်လွန်းတယ်
တချို့အရာတွေ အပေါ်မှာ သင်ကြာရှည် သည်းမခံတတ်ပါဘူး။ တစ်ကြိမ်ကျရှုံးခြင်းဟာ သင့်အတွက် တကယ့်ကိုကြီးမားတဲ့ စိတ်ဖိစီးမှုဖြစ်နိုင်ပြီး အမြန်ဆုံး လက်လျော့ချင်စိတ် ပေါက်လာတတ်ပါတယ်။ သင်လုပ်နေတဲ့ ရုံးအလုပ်မှာပဲဖြစ်ဖြစ် relationship တစ်ခုမှာပဲဖြစ်ဖြစ် သင့်အတွက် Limit ကန့်သတ်ထားခြင်း မရှိပါဘူး။ အောင်မြင်မှုဟာ အချိန်နဲ့အတူ လာတတ်ပြီးတော့
အမှားတွေကို ရှာဖွေရမယ့်အစား စောစီးစွာ အရှုံးပေးလိုက်ခြင်းဟာ အဖြေရှာရာမရောက်ပါဘူး။ သင့်ကိုအရှုံးနေရာမှာပဲ ရှိနေစေပါလိမ့်မယ်။

၃။ စာဖတ်တဲ့ အလေ့အထ မလုပ်ဖူး
စာဖတ်ခြင်းအလေ့အထဟာ သင့်အတွက်များပြားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်း သင်သိပြီးသားပါ။ စာအုပ်တွေကို ရိုးရှင်းစွာဖတ်နေရုံနဲ့တင် အရာပေါင်းများစွာကို သင်လေ့လာနိုင်ပါလိမ့်မယ်။ တကယ်လို့ သင် အသိပညာကြွယ်ဝပြီး တွေးတောနိုင်စွမ်း ရှိသူတစ်ယောက် ဖြစ်လိုလျှင် စာဖတ်တဲ့အလေ့အထကို အလျှင်အမြန်အကောင်ထည်ဖော်ဖို့ တိုက်တွန်းချင်ပါတယ်။
စိတ်ကူးယဉ်စာပေ၊ စိတ်ကူးယဉ်မဟုတ်တဲ့စာပေ၊ သိပ္ပံ၊ သမိုင်း၊ အရာအားလုံးသင့်လက်ပေါ်တင်ပြီး ဖတ်ရုံပါပဲ။ သင်အများကြီးဖတ်ရင် အများကြီးသိလာမယ်၊ အများကြီးသိလာတဲ့အခါ၊ အများကြီး ထပ်ပြီးလေ့လာလာမယ်၊ အများကြီးလေ့လာလာတဲ့အခါ နေရာအများကြီးကို သင်သွားပါလိမ့်မယ်။ ဘဝဟာ မဆုံးတော့တဲ့ ခရီးတစ်ခုပါပဲ။ ကျောက်တုံးတစ်တုံးလိုနေရင်တော့ သင်ဘယ်ကိုမှရွေ့မှာ မဟုတ်ပါဘူး။

၄။ ခရီး လုံလောက်အောင် မသွားဘူး
ကျွန်တော်တို့ အိုမင်းလာတဲ့အခါ ပိုပြီးတော့ နှေးလာပါတယ်။ ဒါဟာ သဘာဝရဲ့ အမှန်တရားတစ်ခုဖြစ်ပြီးတော့ ဘယ်သူမှငြင်းပယ်မှာ မဟုတ်ပါဘူး။ တကယ်လို့သင်ဟာ အိမ်ထောင်မကျသေးသူတစ်ယောက် ဆိုရင်တော့ ဒီအရွယ်ဟာ ကမ္ဘာကြီးထဲက အရာတွေကို စူးစမ်းဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။ သင်မှာ မိသားစုရဲ့ ချည်နှောင်မှုတွေ မရှိသေးဘူး၊ Single ဖြစ်နေခြင်းကြောင့် ငွေရေးကြေးရေးလည်း လွတ်လပ်မှုရှိပါတယ်။ သင်ငယ်ရွယ်နေတဲ့ အချိန်မှာ ခရီးထွက်ခြင်းကြောင့် ပိုက်ဆံက အခြားသူတွေ ထင်တာလောက် သိပ်အရေးပါမှာ မဟုတ်ပါဘူး။ အကောင်းဆုံးကား၊ နောက်ဆုံးပေါ်ပရိဘောဂတွေ၊ နဲ့ အကြီးဆုံးတိုက်ခန်းကို ပိုင်ဆိုင်ဖို့ စိတ်မပူပါနဲ့။ ကမ္ဘာကြီးရဲ့ အလှအပတွေနဲ့ အတွေ့အကြုံ အရသာတွေကို ခံစားဖို့အတွက် အာရှ၊ ဥရောပ စုံနေအောင် ခရီးထွက်ဖို့ကြိုးစားပါ။ ငွေကြေးနောက်ကိုပဲ လိုက်နေရင်တော့ အသက်ကြီးလာလို့ သို့မဟုတ် အိမ်ထောင်ကျပြီးလို့ မသွားဖြစ်မလာဖြစ်တော့မှ သင်နောင်တရနိုင်ပါတယ်။

၅။ သင့်ကျန်းမာရေးနဲ့ ရန်ပုံငွေကို လစ်လျူရှုထားတယ်
သင်အသက်နှစ်ဆယ် အရွယ်မှာ ကိုယ့်ရဲ့ကျန်းမာရေးကို နည်းနည်း ဂရုမစိုက်တတ်ကြသလို ငွေစုဖို့ကိုလည်း မေ့နေတတ်ကြပါတယ်။ ဘယ်အရွယ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ဒါ့အပြင် ငွေအနည်းအကျဉ်းကို ဖြည်းဖြည်းချင်း စုတတ်တဲ့ အလေ့အထဟာလည်း သင့်အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ငွေကြေးအပေါ် တန်ဖိုးထားမှုတွေကို
ဖြစ်စေနိုင်ပါတယ်။

၆။ Relationship မှာပဲအချိန်ဖြုန်းနေရင် သင့်ကိုနောက်ပြန်ဆွဲထားလိမ့်မယ်
ကျွန်တော်တို့တွေ ယခုလိုအခြေအနေကို တစ်နည်းမဟုတ်တစ်နည်း ကြံုဖူးကြပါတယ်။ သင့်ချစ်သူကောင်လေးက သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ကို ခွင့်မပြုတာမျိုး၊ သင့်ရဲ့အလုပ်ချိန်တွေကိုပါ ထိခိုက်အောင် သင့်ချစ်သူကောင်မလေးက ခဏခဏတွေ့ချင်နေတာမျိုး၊ အရင်တုန်းက သူငယ်ချင်းအုပ်စုနဲ့ တပတ်မှသုံးရက်လောက် အတူတကွပျော်မြူးခဲ့ကြပေမယ့် အဲ့လိုအချိန်တွေ ပျောက်ဆုံးခဲ့တာ နှစ်များစွာ ရှိတာမျိုးတွေပါ။ သင့်ရဲ့အသက်နှစ်ဆယ်ဝန်းကျင်အရွယ်မှာ အချိန်တွေက အရမ်းကို တန်ဖိုးရှိပါတယ်။ သင့်ရဲ့ Relationship ကသင့်အတွက် ခါးသက်နေရင်၊ ပျော်စရာတွေကို သင့်ဆီကဖယ်ထုတ်သွားရင်၊ ဒါမှမဟုတ် သင့်ကိုထိန်းချုပ်ဖို့ ကြိုးစားခံနေရရင် ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားပါ။ သင်ကြိုးစားဖို့ မဖြစ်နိုင်ဖူးဆိုရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ အားလုံးက သူငယ်ချင်းခင်မင်မှုကသာ ထာဝရလို့ ပြောချင်ပြောပါလိမ့်မယ်။ ဒါဟာပြဿနာ မဟုတ်ပါဘူး။ သင့်အတွက် လိုအပ်သူတွေဟာ သင့်ကိုပျော်ရွင်စေတဲ့သူ၊ တိုးတက်စေတဲ့သူ၊ အချိန်အကြာကြီးထိ ဘေးမှာရှိနေပေးမယ့် သူတွေသာ လိုအပ်ပါတယ်။ သူငယ်ချင်းတိုင်းလည်း မဟုတ်ပါဘူး။ သင့်ရဲ့အဖိုးတန်အချိန်တွေကို  ဘယ်သူမှ အကျိုးမဲ့အောင် မလုပ်ပါစေနဲ့။

၇။ သင့်ကိစ္စတွေကို သင့်ကိုယ်သင်ထက် အခြားသူတွေကို အပြစ်ပုံချတတ်တယ်
သင့်မှာ ကောင်းမွန်တဲ့ပညာသင်မှု မရှိခဲ့ရင်တော့ ဒီကိစ္စက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လှုမှုအဖွဲ့အစည်းရဲ့ အောင်မြင်မှုအမြင်ကို ရောက်ဖို့ ခက်ခဲနိုင်တဲ့ စိတ်ပိုင်းရုပ်ပိုင်း မသန်စွမ်းမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့အခြေအနေတွေ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ ကိုယ့်ရဲ့တကယ့်အစစ်အမှန်တရားကို တာဝန်ခံဖို့တော့
လိုအပ်ပါတယ်။ သင့်ရဲ့ နှလုံးသားကို နာကျင်စေပြီး သင့်ရဲ့ဘဝကို ပျက်စီးစေအောင် ပြုလုပ်နိုင်သူဟာ သင့်အမေ၊ သင့်အဖေ နဲ့ သင့်ကြားကတစ်စုံတစ်ယောက် မဟုတ်ပါဘူး။  သင်ကိုယ်တိုင်ပါပဲ။ သင့်ရဲ့ဘဝကို သင်ဘာပဲလုပ်လုပ် အခြားတစ်ယောက်နဲ့ မဆိုင်ပါဘူး။ အရာအားလုံးဟာ ဖြစ်နိုင်ခြေရှိတဲ့အတွက် သင့်အမှားအတွက် သင်တာဝန်ယူရုံပါပဲ။

၈။ အရှုံးကို ကြောက်ရွံခြင်းများ
ကျွန်တော်တို့ အားလုံးလိုလိုဟာ ဘဝရဲ့ပုံသေနည်းတွေထဲ သွတ်သွင်းခံထားရပါတယ်။ ကျောင်းကိုသွား၊ အလုပ်လုပ်၊ အိမ်ထောင်ပြု၊ ကလေးလေးတွေမွေး၊ အိမ်ဝယ်၊ သေဆုံး၊ ဒီလိုအရာတွေကို ကျွန်တော်တို့ စီမံခန့်ခွဲပိုင်ခွင့် ရှိလားမရှိလား ဘယ်သူမှသေချာမသိပါဘူး။ တချို့တွေက အနုပညာကို မဖန်တီးကြဘူး၊ တချို့က အဝေကြီးကို ဘယ်တော့မှမသွားဘူး၊ တချို့ကတော့ ဆိုးရွားနေတဲ့ relationship ကို အဆုံးမသတ်နိုင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ အရှုံးကိုကြောက်ကြလို့ပါပဲ။ တကယ်တော့ အရှုံးဆိုတာဟာ သင်ယူခြင်းဖြစ်စဉ်တစ်ခုပါပဲ။ ပထမအကြိမ် သင်ဘယ်လိုရှုံးတယ်ဆိုတာ သင်ယူမိတဲ့အခါ ဘယ်လိုအောင်မြင်အောင် လုပ်ရမယ်ဆိုတာ သင်ပိုပြီး နားလည်လာပါလိမ့်မယ်။။ သင်အခုအချိန်မှာ အရှုံးကိုကြောင်နေလား။ ကောင်းပါပြီ၊ အသက်သုံးဆယ်မရောက်ခင် ဒီချာတူးလန်မှုကို အမြတ်ပြတ်အောင် ဖြတ်ထုတ်ပါလို့ တိုက်တွန်းချင်ပါတယ်။

၉။ Skill အသစ်တွေကို တိုးတက်အောင်မလုပ်ဖူး
သင့်ရဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်ဖို့နဲ့ အသစ်တွေကို သင်ယူဖို့ဆိုရင် ယခုအသက်နှစ်ဆယ် အချိန်ဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်ဟာ လန်းဆန်းတက်ကြွနေပြီးတော့ သင့်ရဲ့ဦးနှောက်က လေ့ကျင့်ပေစးဖို့ အကောင်းဆုံးပါပဲ။ ယခုလို အသက် ၂၀ အရွယ်မှာ အရာအားလုံးကို သင်ယူထားခြင်းဟာ သင့်အတွက် အချိန်အကြာကြီး တည်မြဲနေဖို့ အခွင့်အရေးပိုများပါတယ်။
သင့်ရဲ့ဦးနှောက်ကို သေသေချာချာ Focus လုပ်နိုင်ပြီး မှန်ကန်စွာဆုံးဖြတ်ချက်ချဖို့အတွက် ယခုအချိန်ဟာ အကောင်းဆုံးစတင်ခြင်းဆိုတာ မမေ့ပါနဲ့။

၁၀။ စိတ်မရှည်ခြင်း၊ လက်တွေမကျတဲ့ပန်းတိုင်များချမှတ်ခြင်း၊ ရေတိုအတွက် Plan ချခြင်း
ရည်မှန်းချက် ထားခြင်းဟာ သင့်ကိုဦးတည်ချက်ပေးတဲ့ အသိတစ်ခုဖြစ်ကြောင်း သံသယထားစရာမလိုပါဘူး။ ဒါပေမဲ့ တချိန်တည်းမှာပဲ ယခုရည်မှန်းချက်ကို သင်ဆွတ်ခူးနိုင်တဲ့ အလားအလာရှိတဲ့ အကြောင်းကို မေ့မပစ်သင့်သလို အရမ်းကိုမြင့်မားလွန်းတဲ့ ရည်မှန်းချက်တွေက သင့်စိတ်ကိုအီသွားစေပြီး သင့်ရဲ့အလားအလာကို ကျော်လွန်စေသလို လက်နက်ချချင်စိတ်တွေကို ဖြစ်ပေါ်စေနိုင်တာကို သတိပြုစေချင်ပါတယ်။ ဒါကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို ရယူချင်ရင် သေးငယ်တဲ့ ပန်းတိုင်လေးတွေကို ချမှတ်ပြီး တဆင့်ချင်းရယူဖို့ ကြိုးစားပါ။ စိတ်မရှည်မှုတွေကို ဖယ်ထုတ်နိုင်အောင် ကြိုးစားပါ။ ဘာကြောင့်လည်းဆိုတော့ သင့်ရဲ့စိတ်မရှည်တတ်မှုဟာ ကြီးမားတဲ့ပြဿနာတွေကို ဖြစ်လာစေတတ်လို့ပါ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-awesomeindia

LEAVE A REPLY

Please enter your comment!
Please enter your name here