ဘယ္အလုပ္မဆို အခ်ိန္ဆြဲရတဲ့ အေၾကာင္းရင္းနဲ႔ ကိုယ္တိုင္ျပဳျပင္ႏိုင္မယ့္နည္းလမ္း

0
105
Lifestyle Myanmar

ဘဝရဲ႕ အခ်ိန္တစ္နာရီကို ျဖဳန္းတီးရဲေသာသူဟာ ဘဝရဲ႕စစ္မွန္တဲ့ တန္ဖိုးကို ရွာမေတြ႕ေသးသူသာ ျဖစ္ပါတယ္။ ဥပမာအေနနဲ႕ ေနာက္ဆံုးေန႔ဆိုတာကို ေမ့ေနတဲ့အတြက္ assignment တင္ဖို႔ တစ္နာရီအလိုမွာ ဖင္မီးခိုးထြက္ေအာင္ အသဲအသန္ကုန္း႐ုန္းေရး ေနရသလိုပါပဲ။ ေဆာင္ရြက္ရမဲ့ ကိစၥေတြအေပၚကၽြန္ေတာ္တို႔ေတြ အခ်ိန္ေတြဆြဲၾကရင္း ေနာက္ဆံုးတစ္နာရီအလိုၾကမွ ငါအေစာႀကီးထဲက လုပ္ခဲ့ရင္ ေကာင္းသားဆိုတဲ့ ေနာင္တနဲ႔ ကိုယ့္ကိုယ္ကို အျပစ္တင္ျခင္းနဲ႔သာ အဆံုးသတ္ခဲ့ေပါင္းမ်ားပါၿပီ။
ဒီလို အေျခအေနမ်ိဳးေတြကို လူတိုင္းၾကံဳဖူးၾကမွာပါ။ ေနာက္ဆံုး အခိုက္အတန္႔အခ်ိန္ကေလး မေရာက္ခင္ထိ အေၾကာင္းျပခ်က္ေပါင္း မ်ားစြာနဲ႔ေပါ့။ ဒီလိုေဆာင္ရြက္ရမယ့္ ကိစၥေတြအေပၚမွာ အခ်ိန္ဆြဲဖင့္ေႏွးတတ္တာဟာ ပ်င္းလို႔၊ စိတ္မပါလို႕ သို႕မဟုတ္ အက်င့္ပါေနလို႔ စတဲ့ ေခါင္းစဥ္ေတြလည္း ကြဲေကာင္းကြဲႏိုင္ပါေသးတယ္။ တကယ္လို႔ ယခုလိုအခ်ိန္ဆြဲဖင့္ေႏွးတတ္တဲ့ အက်င့္ကို အခ်ိန္အၾကာႀကီး ေမြးျမဴမိေနရင္ေတာ့ သင့္ရဲ႕ပုဂၢိဳလ္ေရးဆိုင္ရာ ေတြထိခိုက္ႏိုင္သလို စိတ္ဓာတ္မတက္ၾကြမႈနဲ႔ လူမႈေရးစီးပြားေရး နယ္ပယ္မွာ ထိခိုက္မႈေတြ ၾကံဳေတြ႕ႏိုင္ပါတယ္။ ဒီလိုအခ်ိန္ဆြဲတတ္တဲ့ အေလ့အက်င့္ကို ျပန္လည္ကုစားႏုိင္ဖို႔အတြက္ အၾကံဥာဏ္အခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။

၁။ သင္ဘာေၾကာင့္ အခ်ိန္ဆြဲေနရတယ္ဆိုတာကို ရွာေဖြပါ
သင့္ကိုယ္သင္ အခ်ိန္ဆြဲတတ္သူတစ္ေယာက္ ျဖစ္ေၾကာင္း ဝန္ခံၿပီးလွ်င္ ဘာေၾကာင့္ယခုလို အေလ့အထကို အရသာေတြ႕ေနရလဲဆိုတာကို စဥ္းစားပါ။ တခ်ိဳ႕လူေတြဟာ အထူးေပးအပ္ထားတဲ့ တာဝန္ေတြကို ဘာေၾကာင့္ေရွာင္က်ဥ္ရလဲဆိုေတာ့ ႐ႈံးနိမ့္မွာကို ေၾကာက္ရြံျခင္း သို႔မဟုတ္ အပ်င္းႀကီးျခင္း နဲ႔ သူတို႔ေတြရဲ႕ စြမ္းရည္ေတြအေပၚ သံသယဝင္ေနလို႔ ျဖစ္ပါတယ္။ တခ်ိဳ႕ေတြကေတာ့ ယခုလိုတာဝန္ေတြကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ရင္ ေနာက္ထပ္ယခုလိုတာဝန္ေတြကို မူပိုင္ေပးအပ္ခံရမွာေၾကာင့္လည္း ျဖစ္ပါတယ္။ ေနာက္ထပ္ ဆင္ေျခတစ္ခုကေတာ့ ဆံုးျဖတ္ခ်က္ခ်ဖို႔ အားနည္းၿပီး ဘယ္ကဘယ္လို စလုပ္ရမယ္ဆိုတာ မသိတာနဲ႔ တကယ္လို႔ လုပ္လိုက္လို႔မွားသြားခဲ့ရင္ဆိုတဲ့ အေၾကာက္တရားရဲ႕ လႊမ္းမိုးမႈကို ခံေနရတာေၾကာင့္ ျဖစ္ပါတယ္။

၂။ အခ်ိန္ဆြဲျခင္းရဲ႕ ဆိုးရြားတဲ့ သက္ေရာက္မႈမ်ား
ယခုလို အခ်ိန္ဆြဲဖင့္ေႏွးတဲ့ အက်င့္ကို အခ်ိန္အၾကာႀကီး က်င့္သံုးေနရင္ေတာ့ အလုပ္မွာ သီးျခားျဖစ္ေနၿပီး စိတ္ဓာတ္က်ျခင္းနဲ႔ အလုပ္ဆံုး႐ႈံးျခင္းတို႕ကို ၾကံဳေတြ႕ရပါလိမ့္မယ္။ ေလ့လာမႈေတြအရ အခ်ိန္ဆြဲျခင္းဟာ မေကာင္းတဲ့ အေလ့အက်င့္ျဖစ္႐ံုသာမက စိုးရိမ္စိတ္လို က်န္းမာေရးျပႆနာေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါအျပင္ စိတ္ဖိစီးမႈေရာဂါနဲ႔ ဖ်ားနာျခင္းလို ရလာဒ္ေတြကိုလည္း ပိုမိုျဖစ္ဖို႔ အခြင့္အေရးမ်ားေၾကာင္း ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။

၃။ သင္ကိုယ္သင္ ခြင့္လႊတ္ဖို႔ ေမးပါ
အတိတ္က သင္အခ်ိန္ဆြဲခဲ့တာေတြအတြက္ သင့္ကိုယ္သင္ ခြင့္လႊတ္သင့္ၿပီး အနာဂတ္မွာ ဒီလိုအမွားေတြကို ျပန္မလုပ္ဖို႔အတြက္ ကိုယ့္ကိုယ္ကို ကတိေပးပါ။ ယခုလို အတိတ္ကအမွားေတြကို ခြင့္လႊတ္ႏိုင္ျခင္းဟာ လူတစ္ေယာက္ရဲ႕ ခံစားခ်က္ကို အေကာင္းဖက္ေရာက္ေစၿပီး ေနာက္ထပ္အမွားေတြ ထပ္မလုပ္မိေစဖို႔ အခြင့္အေရးေတြ တိုးပြားေစႏိုင္ပါတယ္။

၄။ သင့္လမ္းမွာရွိတဲ့ အတားအဆီးေတြကို ဖယ္ရွားပါ
ယခုလို အမူအက်င့္ကို ဖယ္ရွားဖို႔အတြက္ဆို ဆိုရွယ္မီဒီယာဆိုက္ေတြကို သြားေရာက္လည္ပတ္ေနတာကို ေလ်ာ့ၿပီး တာဝန္ေတြကို ပိုၿပီးေဆာင္ရြက္ပါ။ သင္ပိုၿပီးအလုပ္မ်ားတာနဲ႔အမွ် ယခုလိုအခ်ိန္ကုန္ေစႏိုင္တဲ့ အမူအက်င့္ေတြ ေလ်ာ့ပါးလာေစၿပီး ဘယ္လိုတာဝန္မ်ိဳးကိုမဆို အစကေနအဆံုးထိ အာ႐ံုစိုက္ လုပ္ေဆာင္ႏိုင္လာပါလိမ့္မယ္။

၅။ စတင္ေဆာင္ရြက္ျခင္းဟာ တိုက္ပြဲမွာ တဝက္ႏိုင္ေနပါၿပီ
လူေတြေျပာၾကသလို စလွမ္းလိုက္တဲ့ေျခလွမ္းဟာ ေအာင္ျမင္မႈရဲ႕တဝက္ဆိုသလိုပဲ ဘာေတြပဲျဖစ္ေနေန သင့္အေနနဲ႔ တာဝန္ေတြကို ခ်က္ခ်င္းလက္ငင္း ေဆာင္ရြက္ပါ။ တာဝန္တစ္ခုကို စတင္လုပ္ေဆာင္လိုက္တာနဲ႔ သင့္ရဲ႕ခံစားခ်က္ေတြကို ျမင့္မားေစၿပီးေတာ့ အျခားအပန္ေျဖစရာေတြထက္ အလုပ္ကို ပိုၿပီး အာ႐ံုစိုက္ႏိုင္လာတာကို ေတြ႕ရမွာပါ။

၆။ တာဝန္ေတြကို အပိုင္းခြဲျခားၿပီး လုပ္ပါ
အခ်ိန္အမ်ားစုမွာ ကၽြန္ေတာ္တို႔ေတြဟာ ႀကီးမားတဲ့တာဝန္ပံုႀကီးကို ေၾကာက္ရြံ႕ေနတတ္ၾကၿပီး ၿပီးရမယ့္အခ်ိန္ မၿပီးမွာကို စတင္ၿပီးစိုးရိမ္လာပါတယ္။ ဒီလိုစိုးရိမ္မႈကို ဖယ္ရွားႏိုင္ဖို႔ဆိုရင္ ပထမဆံုး သင္လုပ္ရမယ့္အလုပ္ကို အခ်ိန္နဲ႔ ကိုက္ညွိၿပီး အပိုင္းေတြခြဲပါ။ တစ္ပိုင္းစီကိုပဲ ၿပီးေအာင္လုပ္ျခင္း သို႕မဟုတ္ ေက်ာ္ေအာင္လုပ္ပါ။ အရာရာကို ပိုၿပီးလြယ္ကူလာတာကို ေတြ႕ရပါလိမ့္မယ္။

၇။ ပတ္ဝန္းက်င္ကို မွန္ကန္ေအာင္ ေရြးခ်ယ္တတ္ပါေစ
သင္အလုပ္လုပ္တဲ့ ေနရာနဲ႔ ပတ္ဝန္းက်င္ကို သန္႔ရွင္းသပ္ယပ္ေနေစၿပီး စည္းကမ္းတက်ျဖစ္ေအာင္ ထားေပးပါ။ သင့္ကိုယ္သင္လည္း အလုပ္လုပ္ေနတဲ့ အခ်ိန္မွာ မိသားစု၊ သူငယ္ခ်င္း တို႔အျပင္ သီခ်င္းနားေထာင္တာေတြနဲ႔ တီဗြီေရွ႕မွာ အလုပ္ကိုေဆာင္ရြက္တာေတြကို ေရွာင္ရွားပါ။ ဒါမွသာ အျခားအရာေတြအေပးကို အာ႐ံုမေျပာင္းေတာ့ပဲ အလုပ္ကိုပဲ focus ထားႏိုင္လာမွာ ျဖစ္ပါတယ္။ စည္းကမ္းေသဝပ္ျခင္းနဲ႔ သန္႔ရွင္းျခင္းဟာ အလုပ္ကိုပိုမို ၿပီးေျမာက္ေစႏိုင္ပါတယ္။

၈။ ေသးငယ္တဲ့ ေအာင္ျမင္မႈေလးေတြကို တန္ဖိုးထားပါ
အေပၚမွာေျပာခဲ့သလိုပဲ သင္ခြဲျခားၿပီးလုပ္တဲ့ အပိုင္းေလးေတြ ေအာင္ျမင္သြားတာနဲ႔အမွ် ထိုအရာေလးေတြအတြက္ ပီတိျဖစ္ေစၿပီး အလုပ္အားလံုးၿပီးမွ စိတ္ခ်လက္ခ်ေပ်ာ္ရမယ္ဆိုတဲ့ စိတ္မ်ိဳးမထားပါနဲ႔။ ယခုလိုေအာင္ျမင္မႈေသးေသးေလးေတြကေန သင့္ကိုေပ်ာ္ရြင္မႈေတြ ေပးႏိုင္႐ံုသာမက သင့္ကိုသင္ယံုၾကည္မႈနဲ႔ ေနာက္တဆင့္ကိုထပ္မံလုပ္ေဆာင္ဖို႔အတြက္ စြမ္းအင္ေတြကိုလည္း တိုးျမွင့္ေပးႏိုင္ပါတယ္။

 

၉။ ပန္းတိုင္ေတြဟာ လက္ေတြ႕က်ပါေစ
ဘဝမွာပန္းတိုင္ သတ္မွတ္ျခင္းဟာ အေရးႀကီးတဲ့ အရာျဖစ္ၿပီးေတာ့ ကိုယ့္ရဲ႕ပန္းတိုင္းဟာလည္း ရယူႏိုင္ေလာက္ၿပီး လက္ေတြ႕က်ဖို႔လည္း လိုအပ္ပါတယ္။ တကယ္လို႔ သင့္ရဲ႕ပန္းတိုင္က လက္ေတြ႕မက်ပဲ မျဖစ္ႏိုင္တဲ့အရာေတြ ဆိုရင္ေတာ့ မေအာင္ျမင္တဲ့အခါ ဝမ္းနည္းမႈနဲ႔ စိတ္ဓာတ္အားေလ်ာ့မႈေတြကို ရင္ဆိုင္ရပါလိမ့္မယ္။ လက္ေတြ႕က်တဲ့ ပန္းတိုင္ေတြဟာ သင့္ရဲ႕စိတ္ဓာတ္ကို ျမွင့္တင္ေပးႏိုင္ယံုသာမကပဲ ပိုၿပီးေတာ့ confident ရွိရွိနဲ႔ အလုပ္အားလံုးကို ေအာင္ျမင္ေစဖို႔ တြန္းအားေပးပါလိမ့္မယ္။

၁၀။ သင့္ကိုေစာင့္ၾကည့္ေပးမယ့္သူ ရွိရင္ပိုေကာင္းပါတယ္

ကိုယ့္ကိုကိုယ္ေစာင့္ၾကည့္တာဟာ ေကာင္းမြန္တဲ့အရာတစ္ခုျဖစ္ေပမယ့္ တစ္ခါတစ္ေလမွာ သင္ကိုယ္သင္ ျပန္ဆန္းစစ္ႏိုင္တာထက္ တျခားသူေတြ ေဝဖန္မႈက ပိုၿပီး ခိုင္လံုေစပါတယ္။ သင္အာရံုစိုက္မႈ ဆံုး႐ႈံးႏိုင္တာကို ဆိုလိုတာပါ။ ဒီအတြက္ အျခားတစ္ေယာက္ရဲ႕ ေစာင့္ၾကည့္မႈနဲ႔ အစစ္ေဆးခံမႈက သင့္ကိုပိုၿပီး အမွန္ျမင္ေစပါလိမ့္မယ္။ ဒီလိုလူေတြဟာ သင္ခ်စ္ရသူတစ္ေယာက္ သို႔မဟုတ္ သင့္အလုပ္မွာယံုၾကည္မႈရွိသူတစ္ေယာက္ ျဖစ္သင့္ၿပီး သင့္ကိုေစာင့္ၾကည့္ဖို႔ အရည္အခ်င္းရွိသူ ျဖစ္ဖို႔ လိုအပ္ပါတယ္။

၁၁။ သင့္အတြက္အေကာင္းဆံုးအခ်ိန္မွာ အျပင္းထန္ဆံုးဆိုတာေတြကို လုပ္ပါ
သင့္ရဲ႕အလုပ္ဟာ မနက္ခင္း သို႔မဟုတ္ ညေနခင္းမွာ ပိုလုပ္လို႔ေကာင္းသလား ဘယ္အခ်ိန္မွာ သင့္အတြက္အက်ိဳးေပးမႈနဲ႔ စိတ္ဝင္စားမႈ အရွိဆံုးလဲဆိုတာကို ကိုယ့္ကိုကိုယ္ ျပန္ေမးပါ။ ဒီလိုအခ်ိန္မ်ိဳးမွာ ခက္ခဲျပင္းထန္တဲ့ အလုပ္ေတြကို ေဆာင္ရြက္ျခင္းက အလုပ္ၿပီးေျမာက္ဖို႔ အခြင့္အေရး ပိုမ်ားေစပါတယ္။

၁၂။ ကိုယ့္ကိုယ္ကိုျပန္ဆန္းစစ္ခ်က္ေတြ မွန္ကန္ပါေစ
ကိုယ့္ကိုယ္ကိုျပန္ေျပာတာဟာ ေကာင္းတဲ့ အေလ့အက်င့္ျဖစ္ေပမယ့္ သင့္ကိုသင္ဘာေျပာေနတာလဲဆိုတာကို ပိုၿပီးဂ႐ုစိုက္မိဖို႔ လိုအပ္ပါတယ္။ ဥပမာ ငါအရင္ကလို အခ်ိန္မဆြဲေတာ့ဘူး ဆိုတဲ့စကားကို ထပ္ခါထပ္ခါ ေျပာေနျခင္းဟာ သင့္စိတ္ကိုျပဳျပင္တာထက္ ထိခိုက္ေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူရဲ႕စိတ္သေဘာဟာ မေကာင္းတဲ့အရာေတြအေပၚ ဦးတည္ၿပီး ဆြဲေဆာင္တတ္လို႔ပါ။ ဒီလိုအပ်က္သေဘာေဆာင္တဲ့ စကားမ်ိဳးအစား ေကာင္းမြန္တဲ့ေျပာဆိုမႈေတြက သင့္စိတ္ကိုအေကာင္းျမင္ေစၿပီး အလုပ္ကိုလည္း လြယ္ကူေစမွာျဖစ္ပါတယ္။

၁၃။ အခ်ိန္ဆြဲတတ္သူေတြနဲ႔ ေဝးေဝးမွာေနပါ
သင့္ရဲ႕အနာဂတ္မွာ ယခုလိုအခ်ိန္ဆြဲတတ္တဲ့ အေလ့အက်င့္ကို ေရွာင္ရွားခ်င္တယ္ ဆိုရင္ေတာ့ အခ်ိန္ဆြဲတတ္သူေတြရဲ႕ ေဝးေဝးမွာေနတာကို ေန႔စဥ္အလုပ္လို ေမြးျမဴပါ။ တကယ္လို႔ သင္ကသူတို႔ကို ထိေရာက္ေအာင္ control လုပ္ႏိုင္မယ္ဆိုရင္ သင္အခ်ိန္ဆြဲတတ္သူတစ္ေယာက္ ျဖစ္မွာမဟုတ္ပါဘူး။ တကယ္လို႔ သင္ကသူတို႔ကို ထိထိေရာက္ေရာက္ control မလုပ္ႏိုင္ရင္ေတာ့ သူတို႔က သင့္ကိုျပန္ၿပီး control လုပ္ပါလိမ့္မယ္။ ယခုအခ်က္ေတြက သင့္အတြက္ အက်ိဳးရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ကမၻာလွည့္ခရီးသြားေတြကို အဆြဲေဆာင္ႏိုင္ဆံုး ကမာၻ႔ ေရွးအက်ဆံုးၿမိဳ႕ႀကီး (၁၀) ၿမိဳ႕


#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab

Unicode

ဘယ်အလုပ်မဆို အချိန်ဆွဲရတဲ့ အကြောင်းရင်းနဲ့ ကိုယ်တိုင်ပြုပြင်နိုင်မယ့်နည်းလမ်း

ဘဝရဲ့ အချိန်တစ်နာရီကို ဖြုန်းတီးရဲသောသူဟာ ဘဝရဲ့စစ်မှန်တဲ့ တန်ဖိုးကို ရှာမတွေ့သေးသူသာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ နောက်ဆုံးနေ့ဆိုတာကို မေ့နေတဲ့အတွက် assignment တင်ဖို့ တစ်နာရီအလိုမှာ ဖင်မီးခိုးထွက်အောင် အသဲအသန်ကုန်းရုန်းရေး နေရသလိုပါပဲ။ ဆောင်ရွက်ရမဲ့ ကိစ္စတွေအပေါ်ကျွန်တော်တို့တွေ အချိန်တွေဆွဲကြရင်း နောက်ဆုံးတစ်နာရီအလိုကြမှ ငါအစောကြီးထဲက လုပ်ခဲ့ရင် ကောင်းသားဆိုတဲ့ နောင်တနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းနဲ့သာ အဆုံးသတ်ခဲ့ပေါင်းများပါပြီ။
ဒီလို အခြေအနေမျိုးတွေကို လူတိုင်းကြုံဖူးကြမှာပါ။ နောက်ဆုံး အခိုက်အတန့်အချိန်ကလေး မရောက်ခင်ထိ အကြောင်းပြချက်ပေါင်း များစွာနဲ့ပေါ့။ ဒီလိုဆောင်ရွက်ရမယ့် ကိစ္စတွေအပေါ်မှာ အချိန်ဆွဲဖင့်နှေးတတ်တာဟာ ပျင်းလို့၊ စိတ်မပါလို့ သို့မဟုတ် အကျင့်ပါနေလို့ စတဲ့ ခေါင်းစဉ်တွေလည်း ကွဲကောင်းကွဲနိုင်ပါသေးတယ်။ တကယ်လို့ ယခုလိုအချိန်ဆွဲဖင့်နှေးတတ်တဲ့ အကျင့်ကို အချိန်အကြာကြီး မွေးမြူမိနေရင်တော့ သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ တွေထိခိုက်နိုင်သလို စိတ်ဓာတ်မတက်ကြွမှုနဲ့ လူမှုရေးစီးပွားရေး နယ်ပယ်မှာ ထိခိုက်မှုတွေ ကြံုတွေ့နိုင်ပါတယ်။ ဒီလိုအချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ကို ပြန်လည်ကုစားနိုင်ဖို့အတွက် အကြံဉာဏ်အချို့ကို မျှဝေပေးချင်ပါတယ်။

၁။ သင်ဘာကြောင့် အချိန်ဆွဲနေရတယ်ဆိုတာကို ရှာဖွေပါ
သင့်ကိုယ်သင် အချိန်ဆွဲတတ်သူတစ်ယောက် ဖြစ်ကြောင်း ဝန်ခံပြီးလျှင် ဘာကြောင့်ယခုလို အလေ့အထကို အရသာတွေ့နေရလဲဆိုတာကို စဉ်းစားပါ။ တချို့လူတွေဟာ အထူးပေးအပ်ထားတဲ့ တာဝန်တွေကို ဘာကြောင့်ရှောင်ကျဉ်ရလဲဆိုတော့ ရှုံးနိမ့်မှာကို ကြောက်ရွံခြင်း သို့မဟုတ် အပျင်းကြီးခြင်း နဲ့ သူတို့တွေရဲ့ စွမ်းရည်တွေအပေါ် သံသယဝင်နေလို့ ဖြစ်ပါတယ်။ တချို့တွေကတော့ ယခုလိုတာဝန်တွေကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ရင် နောက်ထပ်ယခုလိုတာဝန်တွေကို မူပိုင်ပေးအပ်ခံရမှာကြောင့်လည်း ဖြစ်ပါတယ်။ နောက်ထပ် ဆင်ခြေတစ်ခုကတော့ ဆုံးဖြတ်ချက်ချဖို့ အားနည်းပြီး ဘယ်ကဘယ်လို စလုပ်ရမယ်ဆိုတာ မသိတာနဲ့ တကယ်လို့ လုပ်လိုက်လို့မှားသွားခဲ့ရင်ဆိုတဲ့ အကြောက်တရားရဲ့ လွှမ်းမိုးမှုကို ခံနေရတာကြောင့် ဖြစ်ပါတယ်။

၂။ အချိန်ဆွဲခြင်းရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုများ
ယခုလို အချိန်ဆွဲဖင့်နှေးတဲ့ အကျင့်ကို အချိန်အကြာကြီး ကျင့်သုံးနေရင်တော့ အလုပ်မှာ သီးခြားဖြစ်နေပြီး စိတ်ဓာတ်ကျခြင်းနဲ့ အလုပ်ဆုံးရှုံးခြင်းတို့ကို ကြံုတွေ့ရပါလိမ့်မယ်။ လေ့လာမှုတွေအရ အချိန်ဆွဲခြင်းဟာ မကောင်းတဲ့ အလေ့အကျင့်ဖြစ်ရုံသာမက စိုးရိမ်စိတ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် စိတ်ဖိစီးမှုရောဂါနဲ့ ဖျားနာခြင်းလို ရလာဒ်တွေကိုလည်း ပိုမိုဖြစ်ဖို့ အခွင့်အရေးများကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။

၃။ သင်ကိုယ်သင် ခွင့်လွှတ်ဖို့ မေးပါ
အတိတ်က သင်အချိန်ဆွဲခဲ့တာတွေအတွက် သင့်ကိုယ်သင် ခွင့်လွှတ်သင့်ပြီး အနာဂတ်မှာ ဒီလိုအမှားတွေကို ပြန်မလုပ်ဖို့အတွက် ကိုယ့်ကိုယ်ကို ကတိပေးပါ။ ယခုလို အတိတ်ကအမှားတွေကို ခွင့်လွှတ်နိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ခံစားချက်ကို အကောင်းဖက်ရောက်စေပြီး နောက်ထပ်အမှားတွေ ထပ်မလုပ်မိစေဖို့ အခွင့်အရေးတွေ တိုးပွားစေနိုင်ပါတယ်။

၄။ သင့်လမ်းမှာရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားပါ
ယခုလို အမူအကျင့်ကို ဖယ်ရှားဖို့အတွက်ဆို ဆိုရှယ်မီဒီယာဆိုက်တွေကို သွားရောက်လည်ပတ်နေတာကို လျော့ပြီး တာဝန်တွေကို ပိုပြီးဆောင်ရွက်ပါ။ သင်ပိုပြီးအလုပ်များတာနဲ့အမျှ ယခုလိုအချိန်ကုန်စေနိုင်တဲ့ အမူအကျင့်တွေ လျော့ပါးလာစေပြီး ဘယ်လိုတာဝန်မျိုးကိုမဆို အစကနေအဆုံးထိ အာရုံစိုက် လုပ်ဆောင်နိုင်လာပါလိမ့်မယ်။

၅။ စတင်ဆောင်ရွက်ခြင်းဟာ တိုက်ပွဲမှာ တဝက်နိုင်နေပါပြီ
လူတွေပြောကြသလို စလှမ်းလိုက်တဲ့ခြေလှမ်းဟာ အောင်မြင်မှုရဲ့တဝက်ဆိုသလိုပဲ ဘာတွေပဲဖြစ်နေနေ သင့်အနေနဲ့ တာဝန်တွေကို ချက်ချင်းလက်ငင်း ဆောင်ရွက်ပါ။ တာဝန်တစ်ခုကို စတင်လုပ်ဆောင်လိုက်တာနဲ့ သင့်ရဲ့ခံစားချက်တွေကို မြင့်မားစေပြီးတော့ အခြားအပန်ဖြေစရာတွေထက် အလုပ်ကို ပိုပြီး အာရုံစိုက်နိုင်လာတာကို တွေ့ရမှာပါ။

၆။ တာဝန်တွေကို အပိုင်းခွဲခြားပြီး လုပ်ပါ
အချိန်အများစုမှာ ကျွန်တော်တို့တွေဟာ ကြီးမားတဲ့တာဝန်ပုံကြီးကို ကြောက်ရွံ့နေတတ်ကြပြီး ပြီးရမယ့်အချိန် မပြီးမှာကို စတင်ပြီးစိုးရိမ်လာပါတယ်။ ဒီလိုစိုးရိမ်မှုကို ဖယ်ရှားနိုင်ဖို့ဆိုရင် ပထမဆုံး သင်လုပ်ရမယ့်အလုပ်ကို အချိန်နဲ့ ကိုက်ညှိပြီး အပိုင်းတွေခွဲပါ။ တစ်ပိုင်းစီကိုပဲ ပြီးအောင်လုပ်ခြင်း သို့မဟုတ် ကျော်အောင်လုပ်ပါ။ အရာရာကို ပိုပြီးလွယ်ကူလာတာကို တွေ့ရပါလိမ့်မယ်။

၇။ ပတ်ဝန်းကျင်ကို မှန်ကန်အောင် ရွေးချယ်တတ်ပါစေ
သင်အလုပ်လုပ်တဲ့ နေရာနဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ယပ်နေစေပြီး စည်းကမ်းတကျဖြစ်အောင် ထားပေးပါ။ သင့်ကိုယ်သင်လည်း အလုပ်လုပ်နေတဲ့ အချိန်မှာ မိသားစု၊ သူငယ်ချင်း တို့အပြင် သီချင်းနားထောင်တာတွေနဲ့ တီဗွီရှေ့မှာ အလုပ်ကိုဆောင်ရွက်တာတွေကို ရှောင်ရှားပါ။ ဒါမှသာ အခြားအရာတွေအပေးကို အာရုံမပြောင်းတော့ပဲ အလုပ်ကိုပဲ focus ထားနိုင်လာမှာ ဖြစ်ပါတယ်။ စည်းကမ်းသေဝပ်ခြင်းနဲ့ သန့်ရှင်းခြင်းဟာ အလုပ်ကိုပိုမို ပြီးမြောက်စေနိုင်ပါတယ်။

၈။ သေးငယ်တဲ့ အောင်မြင်မှုလေးတွေကို တန်ဖိုးထားပါ
အပေါ်မှာပြောခဲ့သလိုပဲ သင်ခွဲခြားပြီးလုပ်တဲ့ အပိုင်းလေးတွေ အောင်မြင်သွားတာနဲ့အမျှ ထိုအရာလေးတွေအတွက် ပီတိဖြစ်စေပြီး အလုပ်အားလုံးပြီးမှ စိတ်ချလက်ချပျော်ရမယ်ဆိုတဲ့ စိတ်မျိုးမထားပါနဲ့။ ယခုလိုအောင်မြင်မှုသေးသေးလေးတွေကနေ သင့်ကိုပျော်ရွင်မှုတွေ ပေးနိုင်ရုံသာမက သင့်ကိုသင်ယုံကြည်မှုနဲ့ နောက်တဆင့်ကိုထပ်မံလုပ်ဆောင်ဖို့အတွက် စွမ်းအင်တွေကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။

၉။ ပန်းတိုင်တွေဟာ လက်တွေ့ကျပါစေ
ဘဝမှာပန်းတိုင် သတ်မှတ်ခြင်းဟာ အရေးကြီးတဲ့ အရာဖြစ်ပြီးတော့ ကိုယ့်ရဲ့ပန်းတိုင်းဟာလည်း ရယူနိုင်လောက်ပြီး လက်တွေ့ကျဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ သင့်ရဲ့ပန်းတိုင်က လက်တွေ့မကျပဲ မဖြစ်နိုင်တဲ့အရာတွေ ဆိုရင်တော့ မအောင်မြင်တဲ့အခါ ဝမ်းနည်းမှုနဲ့ စိတ်ဓာတ်အားလျော့မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ လက်တွေ့ကျတဲ့ ပန်းတိုင်တွေဟာ သင့်ရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ယုံသာမကပဲ ပိုပြီးတော့ confident ရှိရှိနဲ့ အလုပ်အားလုံးကို အောင်မြင်စေဖို့ တွန်းအားပေးပါလိမ့်မယ်။

၁၀။ သင့်ကိုစောင့်ကြည့်ပေးမယ့်သူ ရှိရင်ပိုကောင်းပါတယ်
ကိုယ့်ကိုကိုယ်စောင့်ကြည့်တာဟာ ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်လေမှာ သင်ကိုယ်သင် ပြန်ဆန်းစစ်နိုင်တာထက် တခြားသူတွေ ဝေဖန်မှုက ပိုပြီး ခိုင်လုံစေပါတယ်။ သင်အာရုံစိုက်မှု ဆုံးရှုံးနိုင်တာကို ဆိုလိုတာပါ။ ဒီအတွက် အခြားတစ်ယောက်ရဲ့ စောင့်ကြည့်မှုနဲ့ အစစ်ဆေးခံမှုက သင့်ကိုပိုပြီး အမှန်မြင်စေပါလိမ့်မယ်။ ဒီလိုလူတွေဟာ သင်ချစ်ရသူတစ်ယောက် သို့မဟုတ် သင့်အလုပ်မှာယုံကြည်မှုရှိသူတစ်ယောက် ဖြစ်သင့်ပြီး သင့်ကိုစောင့်ကြည့်ဖို့ အရည်အချင်းရှိသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

၁၁။ သင့်အတွက်အကောင်းဆုံးအချိန်မှာ အပြင်းထန်ဆုံးဆိုတာတွေကို လုပ်ပါ
သင့်ရဲ့အလုပ်ဟာ မနက်ခင်း သို့မဟုတ် ညနေခင်းမှာ ပိုလုပ်လို့ကောင်းသလား ဘယ်အချိန်မှာ သင့်အတွက်အကျိုးပေးမှုနဲ့ စိတ်ဝင်စားမှု အရှိဆုံးလဲဆိုတာကို ကိုယ့်ကိုကိုယ် ပြန်မေးပါ။ ဒီလိုအချိန်မျိုးမှာ ခက်ခဲပြင်းထန်တဲ့ အလုပ်တွေကို ဆောင်ရွက်ခြင်းက အလုပ်ပြီးမြောက်ဖို့ အခွင့်အရေး ပိုများစေပါတယ်။

၁၂။ ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ချက်တွေ မှန်ကန်ပါစေ
ကိုယ့်ကိုယ်ကိုပြန်ပြောတာဟာ ကောင်းတဲ့ အလေ့အကျင့်ဖြစ်ပေမယ့် သင့်ကိုသင်ဘာပြောနေတာလဲဆိုတာကို ပိုပြီးဂရုစိုက်မိဖို့ လိုအပ်ပါတယ်။ ဥပမာ ငါအရင်ကလို အချိန်မဆွဲတော့ဘူး ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ပြောနေခြင်းဟာ သင့်စိတ်ကိုပြုပြင်တာထက် ထိခိုက်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူရဲ့စိတ်သဘောဟာ မကောင်းတဲ့အရာတွေအပေါ် ဦးတည်ပြီး ဆွဲဆောင်တတ်လို့ပါ။ ဒီလိုအပျက်သဘောဆောင်တဲ့ စကားမျိုးအစား ကောင်းမွန်တဲ့ပြောဆိုမှုတွေက သင့်စိတ်ကိုအကောင်းမြင်စေပြီး အလုပ်ကိုလည်း လွယ်ကူစေမှာဖြစ်ပါတယ်။

၁၃။ အချိန်ဆွဲတတ်သူတွေနဲ့ ဝေးဝေးမှာနေပါ
သင့်ရဲ့အနာဂတ်မှာ ယခုလိုအချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ကို ရှောင်ရှားချင်တယ် ဆိုရင်တော့ အချိန်ဆွဲတတ်သူတွေရဲ့ ဝေးဝေးမှာနေတာကို နေ့စဉ်အလုပ်လို မွေးမြူပါ။ တကယ်လို့ သင်ကသူတို့ကို ထိရောက်အောင် control လုပ်နိုင်မယ်ဆိုရင် သင်အချိန်ဆွဲတတ်သူတစ်ယောက် ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ သင်ကသူတို့ကို ထိထိရောက်ရောက် control မလုပ်နိုင်ရင်တော့ သူတို့က သင့်ကိုပြန်ပြီး control လုပ်ပါလိမ့်မယ်။ ယခုအချက်တွေက သင့်အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab

LEAVE A REPLY

Please enter your comment!
Please enter your name here