နှစ်လိုဖွယ်ကောင်းတဲ့ အသက် ၄၀ ကျော်အမျိုးသမီးတွေရဲ့ လှို့ဝှက်ချက်
0
42
#Naung_Naung
#Lifestyle_Myanmar
သင့်ခန္ဓာကိုယ်ကို ပိုပြီးသေးသွယ်သယောင်ထင်ရစေမယ့် ဖက်ရှင်သိကောင်းစရာလေးတွေ
Unicode
အသက်လေးဆယ်ကျော်နေပေမယ့် ဆယ်ကျော်သက်တွေ ငေးရလောက်အောင် လှတဲ့ အမျိုးသမီးတွေကို လူတိုင်းသတိထားမိပါလိမ့်မယ်။ ယခုလိုအရွယ်မှာ သူမအနေနဲ့ တသက်တာအတွက် အ့ံဖွယ်ရှာဖွေမှုတွေကို အပြည့်အဝ ရှာဖွေတွေ့ရှိပြီးပါပြီ။ သူမတို့အတွက်ကတော့ ရင့်ကျက်တည်ငြိမ်တဲ့ အလှနဲ့ အရာရာကို တည်တည်ငြိမ်ငြိမ်ကလေး ဖြတ်သန်းနေကြပါတယ်။ အမျိုးသမီးတွေဟာ အရွယ်တိုင်းမှာ လှပကြတယ်လို့ လူတွေပြောကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၄၀ကျော်နေတဲ့ မမတွေအတော်များများကတော့ အရမ်းကိုဆွဲဆောင်မှုရှိပြီး၊ ပိုလှပကြတယ်လို့လူငယ်တွေ အများဆုံးပြောတာ မကြာခဏ ကြားနေရပါတယ်။ ဒါဟာ ခေတ်သစ်ရေစီးကြောင်းလား ဒါမှမဟုတ် ရှည်လျားတဲ့ အမှန်တရားတစ်ခုပဲလား။ ငယ်ရွယ်တဲ့ မိန်းမပျိုလေးတွေနဲ့ အသက်လေးဆယ်ကျော် မမတွေ တကယ့်ပြိုင်ပွဲမှာ အလှချင်းပြိုင်နိုင်ပါ့မလား။ ဒီမေးခွန်းတဲ့အဖြေကို စာရေးသူက ကောင်းကောင်းသိပြီးတော့ အဖြေကိုသိလိုက်ရရင် သင့်ကိုအံ့သြသွားစေပါလိမ့်မယ်။ ၄၀ကျော်မမတွေအတွက် ဝါသနာအသစ်တွေ၊ စိတ်ဝင်စားစရာတွေ နဲ့ အသုံးဝင်စီမံကိန်းတွေကို သူမတို့ရဲ့ဘဝမှာ ဖြစ်ပျက်ခဲ့ပြီးကြပါပြီ။ အသက် ၄၀ မတိုင်ခင်ကတည်းက အရမ်းကိုကြောက်ရွံ့စရာကောင်းတဲ့ အဖြစ်တွေကို ကြုံတွေ့ပြီးသလိုပဲ ဘဝဟာအမြဲတမ်းတော့ ကောင်းမွန်တဲ့လက်ဆောင်တွေချည်း ပေးနေမှာမဟုတ်ကြောင်း ကောင်းစွာသိရှိကြပါတယ်။ ဒါကြောင့်ပဲ အလုပ်ထဲမှာ လူစိမ်းတွေနဲ့ ဆက်ဆံရတဲ့အခါ စိတ်အေးချမ်းစွာနဲ့ သက်တောင့်သက်သာပဲ ဖြတ်သန်းနိုင်သူတွေပါ။
သူမတို့ရဲ့ စိတ်ထဲမှာ သူမရဲ့ခန္ဓာကိုယ်၊ အလုပ်အားလုံးအပေါ် ကိုယ့်ကိုယ်ကိုကျေနပ်မှု ရှိနေကြပြီး ရူးးမိုက်တဲ့အတွေးတွေကိုတောင် ဘယ်တော့မှ အလည်လာခွင့် မပေးတတ်ပါဘူး။ ဒါကြောင့်ပဲ အခိုက်အတန့်တိုင်းမှာ ပျော်ရွင်နေပြီး မိုးကုပ်စက်ဝိုင်းအောက်မှာပဲ ကမ္ဘာကြီးရဲ့ အလှတရားတွေကို ရှာဖွေနေတတ်ကြပါတယ်။ ၄၀ကျော်မမတွေဟာ သူမတို့ ဘာကြိုက်တယ်ဆိုတာကို သေချာသိနေပြီးဖြစ်တဲ့အတွက် အပြင်ထွက်တဲ့အခါတိုင်း သူမနှစ်သက်တဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ကြသလို ကိုယ့်မနှစ်သက်တဲ့ အဝတ်အစားဆိုရင် စမ်းပြီးတော့တောင်မှ မကြိုးစားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အရိုးရှင်းဆုံး အရာတွေကနေ ပျော်ရွင်မှုတွေကို ခံစားတတ်ကြတာကြောင့် ဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ အမျိုးသားတစ်ယောက်နဲ့ relationship တစ်ခုတည်ဆောက်နေရင်တော့ အခြားသူတွေနဲ့ မတူပဲ နည်းနည်းကွဲပြားနေပါတယ်။
တကယ်လို့ သင်လုပ်ချင်တဲ့အရာတစ်ခုခုကို သူမမလုပ်ချင်တဲ့အခါဆိုရင်လည်း သူမကငြင်းဆန်မှာ မဟုတ်ပါဘူး။ သူမဖြစ်ချင်တဲ့ အရာကိုသူ သူမဆက်လုပ်ပါလိမ့်မယ်။ သူမတို့ရဲ့ ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး သင့်ရဲ့အမြင်တွေကို သူမကတကယ်ပဲစိတ်မဝင်စားသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိသာ လုပ်ဆောင်တတ်ကြပါတယ်။ သူမစိတ်ထဲမှာ ရှိနေတဲ့အမြင်တွေကို ဖုံးကွယ်မထားပဲ ပွင့်လင်းစွာနဲ့ ထုတ်ဖော်တတ်ကြပါသေးတယ်။ သူမရဲ့လက်တွဲဖော်ကိုလည်း သူငယ်ချင်းတွေကို ထုတ်ပြရမှာ မစိုးရိမ်တတ်ပါဘူး။ အရင်းနှီးဆုံး မိတ်ဆွေတွေကို သူမတွေ့ရှိပြီး ဖြစ်တဲ့အတွက် ဘယ်သူ့ကြောင့်မှ နာကျင်ရတာမျိုး ရှိမှာမဟုတ်ပါဘူး။ သူမတို့ရဲ့ ပင်ကိုယ်အသိကိုက ထူးခြားပြီး စွမ်းရည်ပြည့်တာကြောင့် အမျိုးသားတစ်ယောက်ရဲ့ အကြောင်းကို ခန့်မှန်းကြည့်ရုံနဲ့ အားလုံးသိနေတတ်ပါတယ်။ ဒီလိုစွမ်းရည်တွေကြောင့်ပဲ ၄၀ကျော် မမတွေဟာ ဆွဲဆောင်မှုပြည့်ဝနေပြီး လေးစားစရာကောင်းနေရတာပါ။
#Naung_Naung
#Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here