31 C
Yangon
June 24, 2018
  • Home
  • General Knowledge
  • ရင်သပ်ရှုမောလောက်အောင်လှတဲ့ ကမ္ဘာပေါ်က နာမည်ကျော် ကမ်းခြေများ
General Knowledge Unique Things

ရင်သပ်ရှုမောလောက်အောင်လှတဲ့ ကမ္ဘာပေါ်က နာမည်ကျော် ကမ်းခြေများ


Hidden Beach, Mexico
မက္ကဆီကိုနိုင်ငံမှာရှိတဲ့ အဆိုပါကမ်းခြေဟာ ကမ္ဘာပေါ်မှာအထူးခြားဆုံး အသွင်သဏ္ဍာန်ရှိတဲ့ ကမ်းခြေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဟိုးအရင်ကောလဟာလသသတင်းများအရ မက္ကဆီကန်စစ်တပ်ရဲ့ ဗုံးစမ်းသပ်မှုကြောင့် အဆိုပါကမ်းခြေဖြစ်ပေါ်လာကြောင်း သိရပါတယ်။ တကယ်လို့ဒီကမ်းခြေကို သင်ရောက်သွားခဲ့ရင် သင့်သူငယ်ချင်းတွေကို သင့်ရဲ့ထူးခြားတွေအကြောင်း ပြောလို့ကုန်မှာမဟုတ်ပါဘူး။

Seven Mile Beach, Jamaica
ဂျမေကာနိုင်ငံ ကာရေဘီယာကျွန်းမှာရှိတဲ့ ၇ မိုင်ကမ်းခြေဟာ ကမ္ဘာသက်တမ်းအရှည်းဆုံးကမ်းခြေတစ်ခုဖြစ်ပြီး အလှဆုံးကမ်းခြေစာရင်းတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ သူရဲ့နာမည်လိုပဲ ကမ်းခြေရဲ့အလျားဟာ ၇မိုင်ရှည်ပြီး အသက်ရှုမှားလောက်အောင်လှတဲ့ ကမ်းပါးတွေရှိပါသေးတယ်။


Mosquito Bay, Puerto Rico
နာမည်ကြားယုံနဲ့ ခရီးသွားတွေကြောက်ရွံ့နိုင်ပေမယ့် အဆိုပါကမ်းခြေရဲ့အလှကတော့ ဆန့်ကျင်ဖက်ပါပဲ။ ၎င်း ကမ်းခြေကို Bio-luminescennt Bay အဖြစ်လည်း လူသိများပြီး နေ၀င်ချိန်မှာ အပြာရောင်နီယွန်မီးတွေတလက်လက်တောက်ပနေတာကြောင့် သင်တကယ်လို့ရောက်သွားခဲ့ရင် ရေထဲဆင်းပြီးအနီးကပ်သွားကြည့်လိမ့်မယ် ထင်ပါတယ်။


Maya Bay, Thailand
ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်အ၀င်အစားဆုံး အာရှကနိုင်ငံဖြစ်လို့နေပါတယ်။ ထိုင်းနိုင်ငံဆိုတာနဲ့ နာမည်ကျော်ကမ်းခြေတွေက နိုင်ငံရဲ့ဂုဏ်ကိုဆောင်နေကြပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးဆုံးတည်ရှိနေတဲ့ နိုင်ငံဖြစ်လို့ မသေခင်မှာ အဆိုပါကမ်းခြေကိုရောက်အောင်သွားဖို့ ကြိုးစားသင့်ပါတယ်။


Rabbit Beach, Italy
ခရီးသွားအကြံပေးအဖွဲ့ရဲ့ အဆိုအရ အဆိုပါကမ်းခြေဟာ ကမ္ဘာ့ထိပ်တန်းအဆင့် ကမ်းခြေတစ်ခုအဖြစ်ဦးဆောင်နေပါတယ်။ ဒီကမ်းခြေနဲ့ပတ်သတ်ပြီး ရယ်စရာတစ်ခုကတော့ အဲ့ဒီ့ကမ်းခြေမှာ ယုန်လုံးဝမရှိပါဘူးတဲ့။


Bahia Gardner, Galapagos
သင်ဟာ လှပတဲ့ကမ်းခြေတွေနဲ့ တိရိစ္ဆာန်တွေကို ချစ်မြတ်နိုးသူဆိုရင်တော့ တိရိစ္ဆာန်မျိုးစိတ်တွေ အစုလိုက်အပြုံလိုက်တွေ့ရမယ့် အဆိုပါကမ်းခြေကို သွားချင်ပါလိမ့်မယ်။ အဆိုပါကမ်းခြေမှာ အသံအမျိုးမျိုးကို တုပပြီးအော်တတ်တဲ့ မြေလူးငှက်တွေ၊
လှိုင်းစီးနေတဲ့ ပင်လယ်ဇင်ယော်တွေ၊ နေပူစာလှုံနေတဲ့ ပင်လယ်ဖျံကြီးတွေ၊အနီရောင်တောက်တဲ့ ကြီးတွေကို အစုလိုက်အပြုံလိုက်မြင်ရမှာဖြစ်သလို အခြားသတ္တာဝါမျိုးစိတ်တွေလည်းများစွား ရှိပါသေးတယ်။


White Bay, British Virgin Islands
အဆိုပါကမ်းခြေဟာ ကာရေဘီယံရဲ့ အသေးဆုံးကျွန်းစုလေးဖြစ်သလို အဖြူရောင်သဲသောင်ပြင်၊ လှပတဲ့သန္တာကျောက်တန်းတွေနဲ့ ဖွဲ့စည်းထားလို့ အလှပဆုံးစာရင်းဝင် ကမ်းခြေတစ်ခုဖြစ်ပါတယ်။


Plage de St. Jean, St. Barths
အဆိုပါကမ်းခြေကတော့ ချမ်သာကြွယ်ဝသူတွေ၊ နာမည်ကျော် ဆယ်လီတွေရဲ့ အပန်းဖြေစရာကမ်းခြေတစ်ခုဖြစ်ပါတယ်။


Langkawi Beach, Malaysia
လန်ကာဝီ ကမ်းခြေဟာ မလေးရှားနိုင်ငံရဲ့ လှပတဲ့ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ဟိုးတချိန်ကတော့ ပင်လယ်ဓါးပြတွေ ကြီးစိုးတဲ့နေရာတစ်ခု ဖြစ်ပါတယ်။


Lanikai Beach, Hawaii
Lanikai ကမ်းခြေဟာ ကမ္ဘာပေါ်မှာ ဓါတ်ပုံအရိုက်ခံဆုံး ကမ်းခြေအဖြစ်မှတ်တမ်းတင် ခံရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူရဲ့ အံ့သြစရာကောင်းတဲ့ရှုခင်းတွေနဲ့ အစိမ်းရောင်ပတ်ဝန်းကျင်ကြောင့် လူတွေကိုဆွဲဆောင်ထားတာကို အံ့သြစရာတော့မရှိပါဘူး။


Maldives
လူတိုင်းသိကြတဲ့ မော်ဒိုက်ကမ်းခြေဟာ အပူပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရဲ့ အနောက်တောင်ဖက် သိရိလင်္ကာမှာ တည်ရှိပါတယ်။ အားလပ်ရက်အပန်းဖြေခရီးအတွက် နေရာကောင်းတစ်ခုပါပဲ။


Bathsheba Beach, Barbados
လှိုင်းကြမ်းကြမ်းနဲ့ လှပတဲ့ကျောက်တုံးတွေများစွာရှိလို့ ဓါတ်ပုံဝါသနာရှင်တွေရဲ့ စိတ်ကြိုက်နေရာကောင်းတစ်ခုဖြစ်လို့နေပါတယ်။


Bora Bora, French Polynesia
ပစိဖိတ် သမုဒ္ဒရာမှာရှိတဲ့ Bora Bora ကမ်းခြေဟာ စုံတွဲတွေအတွက်တော့ ရင်ခုန်စရာကောင်းတဲ့ ကမ်းခြေတစ်ခုဖြစ်လို့နေပါတယ်။


Horseshoe Bay, Bermuda
ံHorseshoe Bay ဟာ လူကြိုက်အများဆုံး ကမ်းခြေစာရင်းဝင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လှပတဲ့ကျောက်ဆောင်တွေနဲ့ ပြည့်နှက်နေပြီး မိသားစုလိုက်ပျော်ပွဲစားထွက်ဖို့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။

Kauna’oa Bay, Hawaii
လှပတဲ့ သစ်ပင်တဲ့ သဲသောင်ပြင်ကိုပိုင်ဆိုင်ထားလို့ ဟာဝိုင်ရီကို ရောက်ရှိသူတိုင်းသွားကြတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ကြီးမားတဲ့ ငါးမျိုးစိတ်တွေလည်းပေါများတာကြောင့် မော်တော်ဘုတ်နဲ့ ငါးလိုက်ဖမ်းလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။


Lake McKenzie, Australia


Anse Source d’Argent, Seychelles


Ref-knowledgedish

#LM_Naung_Naung

ကောင်းမွန်တဲ့ မိသားစုဘဝတစ်ခု တည်ဆောက်ဖို့အတွက် အဓိကကျတဲ့ အချက်များ

Related posts

အမေဇုန် နို့နှစ်ရောင်ဖား (Amazon Milk Frog)

OMCTC

Facebook မှာ တားမြစ်ထားတဲ့ စိတ်ဝင်စားဖွယ် အရာ ၈ ခု

OMCTC

မြစ်ကို ကြိုးနဲ့ဖြတ်ကူးပြီး ကျောင်းသွားတက်ရတဲ့ နီပေါမှ ကလေးတွေ

OMCTC

Leave a Comment