-Advertisement-
Home General Knowledge စိတ္နဲ႔ေငြေၾကးဥစၥာ ခ်မ္းသာဖို႔အတြက္ ေရွာင္ရွားရမယ့္ အေျခခံအရာ(၈) ခ်က္

စိတ္နဲ႔ေငြေၾကးဥစၥာ ခ်မ္းသာဖို႔အတြက္ ေရွာင္ရွားရမယ့္ အေျခခံအရာ(၈) ခ်က္

0
32

ပိုက္ဆံနဲ႔ေပ်ာ္ရြင္မႈကိုဝယ္မရႏိုင္ဘူးလို႔ ေျပာၾကေပမယ့္ လက္ေတြ႕က်က်ေျပာရရင္ ေငြမရွိရင္ ဘဝကိုလြယ္ကူစြာျဖတ္သန္းႏိုင္ဖို႔ သိပ္မလြယ္ကူလွပါဘူး။ တကယ္လို႔ သင္ကိုယ္တိုင္စီးပြားေရးေအာင္ျမင္လာၿပီး ထားစရာမရွိေအာင္ ခ်မ္းသာလာရင္ေတာ့ ေငြထက္အျခားအရာေတြက သင့္အတြက္ပိုအေရးႀကီးလာႏိုင္ပါတယ္။ ဒါေပမယ့္ လက္ေတြ႕ဘဝမွာေတာ့ အရမ္းခ်မ္းသာပါတယ္ဆိုတဲ့ မီလ်ံနာေတြကိုယ္တိုင္ သူတို႔ရဲ႕ဥစၥာဓနေတြ ပိုတိုးပြားလာေအာင္ ရင္းႏွီးျမွပ္ႏွံဖို႔ကိုသာ အားထုတ္ေနတာ သင္ျမင္ေတြ႕ပါလိမ့္မယ္။ ဒါဆိုရင္ ဝင္ေငြမတိုးပြားလာတဲ့ဘဝဟာ ေပ်ာ္စရာတကယ္ေကာင္းပါ့မလား။ လူတိုင္းဟာ စီးပြားေရးအသိပညာေတြနဲ႔ ထိုးထြင္းသိျမင္မႈ ရွိခ်င္မွရွိပါလိမ့္မယ္။
အခ်ိဳ႕လူေတြက ကံေကာင္းတာနဲ႔ အလုပ္ႀကိဳးစားမႈေၾကာင့္ခ်မ္းသာလာၾကၿပီး အခ်ိဳ႕ကေတာ့ အမွားေပါင္းေျမာက္ျမားစြာကို လုပ္မိေနတတ္ပါတယ္။ တကယ္လို႔ သင္ကိုယ္တိုင္ခ်မ္းသာသူတစ္ေယာက္ ျဖစ္လိုလွ်င္ အခ်ိဳ႕ေသာအေျခခံအမွားေတြကို ေရွာင္ရွားဖို႔ လိုအပ္ပါတယ္။

-Advertisement-

၁။ သင့္ရဲ႕လူမႈစက္ဝိုင္းကိုမခ်ဲ႕ထြင္ျခင္း
သင္ခ်မ္းသာသူတစ္ေယာက္ျဖစ္လိုလွ်င္ သင့္ရဲ႕လူမႈစက္ဝိုင္းကို ခ်ဲ႕ထြင္ဖို႔လိုပါလိမ့္မယ္။ ယခုလိုခ်ဲ႕ထြင္မႈေၾကာင့္ သင့္အတြက္အေတြးအေခၚေကာင္းေတြ၊ အခြင့္အလမ္းေတြ၊ စိတ္ကူေတြကို မွ်ေဝေပးႏိုင္သူေတြနဲ႔ ေတြ႕ဆံုႏိုင္ဖို႔အတြက္ အခြင့္အေရးေတြ ရွိလာေစၿပီး ခ်မ္းသာသူတစ္ေယာက္ျဖစ္လာဖို႔ လမ္းစေတြပြင့္လာေစပါတယ္။ ေလ့လာမႈေတြရဲ႕အဆိုအရ ခ်မ္းသာတဲ့ ၆၈% ေသာလူေတြဟာ လူသစ္ေတြနဲ႔ေတြ႕ဆံုရတာကို ေပ်ာ္ရြင္ၾကေၾကာင္း သိရပါတယ္။ ခ်မ္းၾကြယ္တဲ့လူအမ်ားစုဟာ သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈရွိၾကၿပီး သူတို႔ဘာလိုခ်င္တယ္ဆိုတာကို သိရွိတာေၾကာင့္ သူတို႔ရဲ႕ပထမဆံုးေတြ႕ၾကံဳဆက္ဆံမႈေတြဟာ အျမဲေကာင္းေနတတ္ပါတယ္။

၂။ ကံၾကမၼာကို အျပစ္ပံုခ်ျခင္း
သင္ထီတေစာင္ထိုးၿပီး ေပါက္ျခင္းမေပါက္ျခင္းနဲ႔ ပတ္သတ္တာဆိုရင္ ကံတရားကို ယံုၾကည္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕အနာဂတ္န႔ဲ ေငြေၾကးေတြပိုင္ဆိုင္မႈကိုေတာ့ ကံၾကမၼာကဘာမွလုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ ခ်မ္းသားၾကြယ္ဝသူေတြဟာ သူတို႔ရဲ႕ေအာင္ျမင္မႈကို ရရွိဖို႔အတြက္ စိတ္အားထက္သန္မႈနဲ႔ ရည္မွန္းခ်က္ေတြကသာ အဓိကဦးေဆာင္ေၾကာင္း ယံုၾကည္ၾကပါတယ္။ ကံဆိုးတာက ေအာင္ျမင္မႈမရွိတဲ့သူေတြနဲ႔ ခ်မ္းသာၾကြယ္ဝမႈ နည္းပါးသူေတြဟာ သူတို႔ရဲ႕႐ႈံးနိမ့္မႈတိုင္းကို ကံၾကမၼာကိုပဲ အျပစ္ပံုခ်တတ္ၾကပါတယ္။ ဒီလိုလူေတြဟာ ၉၀% ရွိတာေၾကာင့္ ဆင္းရဲသူေတြမ်ားတာျဖစ္ေၾကာင္း သုေတသီေတြက ဆိုပါတယ္။

၃။ မႏွစ္ျမိဳတဲ့ အလုပ္ကိုလုပ္ျခင္း
သင့္အလုပ္ကို သင္ႏွစ္သက္ရင္ ေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္ဖို႔ အခြင့္အလမ္းေတြ ပိုမ်ားေစပါတယ္။ ကိုယ့္ရဲ႕အလုပ္အေပၚကိုခ်စ္တဲ့ လူ ၈၅%ဟာ ဘ႑ာေရးအရ ေအာင္ျမင္မႈရွိၾကေၾကာင္း ကိုသုေတသနက ေဖာ္ျပခဲ့ပါတယ္။ ဒီလိုအလုပ္အေပၚကို မႏွစ္သက္မႈေၾကာင့္ ကိုယ္က်င့္တရား၊ စိတ္ဓာတ္နဲ႔ အလုပ္ေအာင္ျမင္မႈ ေလ်ာ့နည္းေစတာေၾကာင့္ တကယ္လို႔သင့္ရဲ႕အသက္ေမြးဝမ္းေၾကာင္းအလုပ္မွာ ေပ်ာ္ရြင္မႈမရွိရင္ သင့္ကိုေပ်ာ္ရြင္ေစၿပီးတိုးတက္ေစႏိုင္မယ့္ အျခားအလုပ္သစ္တစ္ခုကိုေျပာင္းလဲလုပ္ေဆာင္တာ အေကာင္းဆံုးပဲျဖစ္ပါလိမ့္မယ္။

၄။ သင့္ရဲ႕က်န္းမာေရးအေပၚ လစ္လ်ဴ႐ႈျခင္း
ၾကြယ္ဝခ်မ္းသာတဲ့သူေတြဟာ အရမ္းကိုက်န္းမာေရးေကာင္းၿပီး အရြယ္တင္ၾကတာကို သင္သတိထားမိပါသလား။ ဒါဟာဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာသူတို႔က်န္းမာေရးအတြက္ အခ်ိန္မ်ားစြာကို ျမွပ္ႏွံထားၾကတာေၾကာင့္ျဖစ္ပါတယ္။ သူတို႔ဟာ တပတ္ကိုေလးႀကိမ္အနည္းဆံုး ေလ့က်င့္ခန္းပံုမွန္လုပ္ၾကၿပီး အစားအေသာက္ပံုစံကို မ်ားစြာဂ႐ုစိုက္တတ္ၾကပါတယ္။ ဝင္ေငြနည္းတဲ့သူေတြမွာ က်န္းမာေရးပိုမိုဆိုးဝါးတယ္လို႔ မဆိုလိုပါဘူး။ ဝင္ေငြနည္းေပမယ့္ က်န္းမာေရးလိုက္စားၿပီး ေအာင္ျမင္သူေတြလည္းမ်ားစြာရွိေပမယ့္ ရာခိုင္ႏႈန္းအေတာ္နည္းပါးပါတယ္။

၅။ အႏၱရာယ္ကိုေရွာင္လႊဲျခင္း
ေအာင္ျမင္မႈနဲ႔ ထိခိုက္မႈဟာ ဒြန္တြဲေနၿပီး ထိခိုက္မႈမရွိပဲနဲ႔ေတာ့ သင္အျမင့္ဆံုးကို ေရာက္မွာမဟုတ္ပါဘူး။ ဘယ္အလုပ္မွာပဲျဖစ္ျဖစ္ အ႐ႈံးကဲ့သို႔ေသာ အေျခအေနမ်ားစြာကို ေတြ႕ၾကံဳဖို႔အခြင့္အလမ္းနဲ႔ ေအာင္ျမင္ဖို႔အခြင့္အလမ္းဟာ ရွိေနတတ္ၿပီး သင့္ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ ဥာဏ္ပညာေပၚမူတည္ၿပီး အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာေစမွာျဖစ္ပါတယ္။

၆။ စာအုပ္ေတြကို ေရွာင္ရွားျခင္း
ယေန႔ေခတ္မွာ လူအမ်ားစုဟာ စာအုပ္စာေပေတြအစား အင္တာနက္နဲ႔တီဗြီမွာတင္ ဗဟုသုတေတြ ရွာေဖြလာၾကပါတယ္။ ဒါေပမယ့္စာအုပ္ဖတ္ျခင္းဟာ သင့္ရဲ႕ဦးေႏွာက္ကေတြးေတာဖို႔အတြက္ ပိုအလုပ္ေပးႏိုင္ၿပီး အရာရာကိုပိုမွတ္မိလြယ္ေစပါတယ္။ စာအုပ္မွာပါတဲ့အေၾကာင္းအရာနဲ႔ အင္တာနက္မွာဖတ္တဲ့ အေၾကာင္းအရာ တူေနရင္ေတာင္မွ ရရွိမယ့္အက်ိဳးေက်းဇူးေတြ မတူဖူးဆိုတာ စာအုပ္ဖတ္ေလ့ရွိသူတိုင္း သိရွိၾကပါတယ္။ ဒါေၾကာင့္ ဗဟုသုတေတြနဲ႔ အေတြအေခၚေတြကို ရွာမွီးဖို႔ဆို စာအုပ္ေတြကို ပိတ္ထားလို႔မရဘူးဆိုတာ သတိရပါ။

၇။ အိပ္စက္ျခင္း
ခ်မ္းသာသူေတြဟာ သူတို႔ေတြရဲ႕ေန႔တစ္ေန႔ကို မနက္ခင္းေစာေစာမွာ စတင္တယ္လို႔ယံုၾကည္ၾကပါတယ္။ ဒါေၾကာင့္ပဲ အလုပ္မသြားခင္မွာပဲ ကိုယ္လုပ္စရာရွိတာေတြကို မပ်က္မကြက္လုပ္ေဆာင္ၿပီး ပံုမွန္ plan အတိုင္းလုပ္ေဆာင္ေလ့ရွိၾကပါတယ္။
သင္ကသူတို႔ကို ေကာင္းစြာမအိပ္စက္ရသူေတြကို ထင္ေကာင္းထင္ရင္ေတာ့ မွားပါလိမ့္မယ္။ သူတို႔လည္း သင့္လိုပဲတစ္ေန႔ ၇ နာရီကေန ၈ နာရီထိအိပ္ေရးဝေအာင္အိပ္စက္ၿပီး တစ္ေန႔တာအလုပ္ေတြကို ၿပီးေအာင္လုပ္ေဆာင္တတ္ၾကပါတယ္။

၈။ မေကာင္းတဲ့သူေတြနဲ႔ မဆက္ဆံျခင္း
ခ်မ္းသာတဲ့သူေတါ ဘာေၾကာင့္ေအာင္ျမင္ရတာလဲဆိုေတာ့ သူတို႔ရဲ႕ပတ္ဝန္းက်င္မွာရွိတဲ့ မေကာင္းတဲ့သူေတြ၊ ဒုကၡေပးတတ္တဲ့လူေတြကိုစစ္ထုတ္တတ္ၿပီး သူတို႔လိုလူေတြနဲ႔ပဲ ေပါင္းသင္းတတ္တာေၾကာင့္ျဖစ္ပါတယ္။ ဒါမွသာ ဘဝအတြက္အေရးမပါတာေတြနဲ႔ အခ်ိန္မကုန္ေတာ့ပဲ ပတ္ဝန္းက်င္နဲ႔အတူ တိုးတက္မႈေတြကို ရရွိေစမွာျဖစ္ပါတယ္။

Selfie ဆြဲရင္ ဘာေၾကာင့္ Background ကိုသတိထားသင့္ေၾကာင္း ေဖာ္ျပေနတဲ့ ဟာသပံုမ်ား

#LM_Naung_Naung
#Lifestyle_Myanmar
Source-providr

စိတ်နဲ့ငွေကြေးဥစ္စာ ချမ်းသာဖို့အတွက် ရှောင်ရှားရမယ့် အခြေခံအရာ(၈) ချက်

ပိုက်ဆံနဲ့ပျော်ရွင်မှုကိုဝယ်မရနိုင်ဘူးလို့ ပြောကြပေမယ့် လက်တွေ့ကျကျပြောရရင် ငွေမရှိရင် ဘဝကိုလွယ်ကူစွာဖြတ်သန်းနိုင်ဖို့ သိပ်မလွယ်ကူလှပါဘူး။ တကယ်လို့ သင်ကိုယ်တိုင်စီးပွားရေးအောင်မြင်လာပြီး ထားစရာမရှိအောင် ချမ်းသာလာရင်တော့ ငွေထက်အခြားအရာတွေက သင့်အတွက်ပိုအရေးကြီးလာနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အရမ်းချမ်းသာပါတယ်ဆိုတဲ့ မီလျံနာတွေကိုယ်တိုင် သူတို့ရဲ့ဥစ္စာဓနတွေ ပိုတိုးပွားလာအောင် ရင်းနှီးမြှပ်နှံဖို့ကိုသာ အားထုတ်နေတာ သင်မြင်တွေ့ပါလိမ့်မယ်။ ဒါဆိုရင် ဝင်ငွေမတိုးပွားလာတဲ့ဘဝဟာ ပျော်စရာတကယ်ကောင်းပါ့မလား။ လူတိုင်းဟာ စီးပွားရေးအသိပညာတွေနဲ့ ထိုးထွင်းသိမြင်မှု ရှိချင်မှရှိပါလိမ့်မယ်။
အချို့လူတွေက ကံကောင်းတာနဲ့ အလုပ်ကြိုးစားမှုကြောင့်ချမ်းသာလာကြပြီး အချို့ကတော့ အမှားပေါင်းမြောက်မြားစွာကို လုပ်မိနေတတ်ပါတယ်။ တကယ်လို့ သင်ကိုယ်တိုင်ချမ်းသာသူတစ်ယောက် ဖြစ်လိုလျှင် အချို့သောအခြေခံအမှားတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။

၁။ သင့်ရဲ့လူမှုစက်ဝိုင်းကိုမချဲ့ထွင်ခြင်း
သင်ချမ်းသာသူတစ်ယောက်ဖြစ်လိုလျှင် သင့်ရဲ့လူမှုစက်ဝိုင်းကို ချဲ့ထွင်ဖို့လိုပါလိမ့်မယ်။ ယခုလိုချဲ့ထွင်မှုကြောင့် သင့်အတွက်အတွေးအခေါ်ကောင်းတွေ၊ အခွင့်အလမ်းတွေ၊ စိတ်ကူတွေကို မျှဝေပေးနိုင်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် အခွင့်အရေးတွေ ရှိလာစေပြီး ချမ်းသာသူတစ်ယောက်ဖြစ်လာဖို့ လမ်းစတွေပွင့်လာစေပါတယ်။ လေ့လာမှုတွေရဲ့အဆိုအရ ချမ်းသာတဲ့ ၆၈% သောလူတွေဟာ လူသစ်တွေနဲ့တွေ့ဆုံရတာကို ပျော်ရွင်ကြကြောင်း သိရပါတယ်။ ချမ်းကြွယ်တဲ့လူအများစုဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြပြီး သူတို့ဘာလိုချင်တယ်ဆိုတာကို သိရှိတာကြောင့် သူတို့ရဲ့ပထမဆုံးတွေ့ကြုံဆက်ဆံမှုတွေဟာ အမြဲကောင်းနေတတ်ပါတယ်။

၂။ ကံကြမ္မာကို အပြစ်ပုံချခြင်း
သင်ထီတစောင်ထိုးပြီး ပေါက်ခြင်းမပေါက်ခြင်းနဲ့ ပတ်သတ်တာဆိုရင် ကံတရားကို ယုံကြည်နိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့အနာဂတ်နဲ့ ငွေကြေးတွေပိုင်ဆိုင်မှုကိုတော့ ကံကြမ္မာကဘာမှလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ချမ်းသားကြွယ်ဝသူတွေဟာ သူတို့ရဲ့အောင်မြင်မှုကို ရရှိဖို့အတွက် စိတ်အားထက်သန်မှုနဲ့ ရည်မှန်းချက်တွေကသာ အဓိကဦးဆောင်ကြောင်း ယုံကြည်ကြပါတယ်။ ကံဆိုးတာက အောင်မြင်မှုမရှိတဲ့သူတွေနဲ့ ချမ်းသာကြွယ်ဝမှု နည်းပါးသူတွေဟာ သူတို့ရဲ့ရှုံးနိမ့်မှုတိုင်းကို ကံကြမ္မာကိုပဲ အပြစ်ပုံချတတ်ကြပါတယ်။ ဒီလိုလူတွေဟာ ၉၀% ရှိတာကြောင့် ဆင်းရဲသူတွေများတာဖြစ်ကြောင်း သုတေသီတွေက ဆိုပါတယ်။

၃။ မနှစ်မြိုတဲ့ အလုပ်ကိုလုပ်ခြင်း
သင့်အလုပ်ကို သင်နှစ်သက်ရင် အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုများစေပါတယ်။ ကိုယ့်ရဲ့အလုပ်အပေါ်ကိုချစ်တဲ့ လူ ၈၅%ဟာ ဘဏ္ဍာရေးအရ အောင်မြင်မှုရှိကြကြောင်း ကိုသုတေသနက ဖော်ပြခဲ့ပါတယ်။ ဒီလိုအလုပ်အပေါ်ကို မနှစ်သက်မှုကြောင့် ကိုယ်ကျင့်တရား၊ စိတ်ဓာတ်နဲ့ အလုပ်အောင်မြင်မှု လျော့နည်းစေတာကြောင့် တကယ်လို့သင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်မှာ ပျော်ရွင်မှုမရှိရင် သင့်ကိုပျော်ရွင်စေပြီးတိုးတက်စေနိုင်မယ့် အခြားအလုပ်သစ်တစ်ခုကိုပြောင်းလဲလုပ်ဆောင်တာ အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။

၄။ သင့်ရဲ့ကျန်းမာရေးအပေါ် လစ်လျူရှုခြင်း
ကြွယ်ဝချမ်းသာတဲ့သူတွေဟာ အရမ်းကိုကျန်းမာရေးကောင်းပြီး အရွယ်တင်ကြတာကို သင်သတိထားမိပါသလား။ ဒါဟာဘာကြောင့်လဲဆိုတော့ သူတို့ဟာသူတို့ကျန်းမာရေးအတွက် အချိန်များစွာကို မြှပ်နှံထားကြတာကြောင့်ဖြစ်ပါတယ်။ သူတို့ဟာ တပတ်ကိုလေးကြိမ်အနည်းဆုံး လေ့ကျင့်ခန်းပုံမှန်လုပ်ကြပြီး အစားအသောက်ပုံစံကို များစွာဂရုစိုက်တတ်ကြပါတယ်။ ဝင်ငွေနည်းတဲ့သူတွေမှာ ကျန်းမာရေးပိုမိုဆိုးဝါးတယ်လို့ မဆိုလိုပါဘူး။ ဝင်ငွေနည်းပေမယ့် ကျန်းမာရေးလိုက်စားပြီး အောင်မြင်သူတွေလည်းများစွာရှိပေမယ့် ရာခိုင်နှုန်းအတော်နည်းပါးပါတယ်။

၅။ အန္တရာယ်ကိုရှောင်လွှဲခြင်း
အောင်မြင်မှုနဲ့ ထိခိုက်မှုဟာ ဒွန်တွဲနေပြီး ထိခိုက်မှုမရှိပဲနဲ့တော့ သင်အမြင့်ဆုံးကို ရောက်မှာမဟုတ်ပါဘူး။ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် အရှုံးကဲ့သို့သော အခြေအနေများစွာကို တွေ့ကြံုဖို့အခွင့်အလမ်းနဲ့ အောင်မြင်ဖို့အခွင့်အလမ်းဟာ ရှိနေတတ်ပြီး သင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ဉာဏ်ပညာပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေမှာဖြစ်ပါတယ်။

၆။ စာအုပ်တွေကို ရှောင်ရှားခြင်း
ယနေ့ခေတ်မှာ လူအများစုဟာ စာအုပ်စာပေတွေအစား အင်တာနက်နဲ့တီဗွီမှာတင် ဗဟုသုတတွေ ရှာဖွေလာကြပါတယ်။ ဒါပေမယ့်စာအုပ်ဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကတွေးတောဖို့အတွက် ပိုအလုပ်ပေးနိုင်ပြီး အရာရာကိုပိုမှတ်မိလွယ်စေပါတယ်။ စာအုပ်မှာပါတဲ့အကြောင်းအရာနဲ့ အင်တာနက်မှာဖတ်တဲ့ အကြောင်းအရာ တူနေရင်တောင်မှ ရရှိမယ့်အကျိုးကျေးဇူးတွေ မတူဖူးဆိုတာ စာအုပ်ဖတ်လေ့ရှိသူတိုင်း သိရှိကြပါတယ်။ ဒါကြောင့် ဗဟုသုတတွေနဲ့ အတွေအခေါ်တွေကို ရှာမှီးဖို့ဆို စာအုပ်တွေကို ပိတ်ထားလို့မရဘူးဆိုတာ သတိရပါ။

၇။ အိပ်စက်ခြင်း
ချမ်းသာသူတွေဟာ သူတို့တွေရဲ့နေ့တစ်နေ့ကို မနက်ခင်းစောစောမှာ စတင်တယ်လို့ယုံကြည်ကြပါတယ်။ ဒါကြောင့်ပဲ အလုပ်မသွားခင်မှာပဲ ကိုယ်လုပ်စရာရှိတာတွေကို မပျက်မကွက်လုပ်ဆောင်ပြီး ပုံမှန် plan အတိုင်းလုပ်ဆောင်လေ့ရှိကြပါတယ်။
သင်ကသူတို့ကို ကောင်းစွာမအိပ်စက်ရသူတွေကို ထင်ကောင်းထင်ရင်တော့ မှားပါလိမ့်မယ်။ သူတို့လည်း သင့်လိုပဲတစ်နေ့ ရ နာရီကနေ ၈ နာရီထိအိပ်ရေးဝအောင်အိပ်စက်ပြီး တစ်နေ့တာအလုပ်တွေကို ပြီးအောင်လုပ်ဆောင်တတ်ကြပါတယ်။

၈။ မကောင်းတဲ့သူတွေနဲ့ မဆက်ဆံခြင်း
ချမ်းသာတဲ့သူတေါ ဘာကြောင့်အောင်မြင်ရတာလဲဆိုတော့ သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့သူတွေ၊ ဒုက္ခပေးတတ်တဲ့လူတွေကိုစစ်ထုတ်တတ်ပြီး သူတို့လိုလူတွေနဲ့ပဲ ပေါင်းသင်းတတ်တာကြောင့်ဖြစ်ပါတယ်။ ဒါမှသာ ဘဝအတွက်အရေးမပါတာတွေနဲ့ အချိန်မကုန်တော့ပဲ ပတ်ဝန်းကျင်နဲ့အတူ တိုးတက်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။

#LM_Naung_Naung
#Lifestyle_Myanmar
Source-providr

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here