အမ်ိဳးသမီးေတြဟာသူတို႔လိုအပ္တဲ့အရာေတြကို ေလ့လာေနတတ္ၿပီး ထိုအရာေတြကို ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိရွိနဲ႔ ေမးျမန္းျခင္း၊ ေတာင္းဆိုျခင္းေတြကို ျပဳလုပ္ဖို႔အတြက္ သိပ္ၿပီးဝန္မေလးတတ္ပါဘူး။ ဒါေပမယ့္ အမ်ိဳးသားေတြအတြက္ကေတာ့ သူတို႔ေတြးေနတဲ့ တခ်ိဳ႕အရာေတြကို ထုတ္ေဖာ္ေျပာဖို႔ ခက္ခဲတတ္ၾကပါတယ္။ သူတို႔ဆီက စကားလံုးေတြ ထြက္က်မလာျခင္းဟာ သင့္ဆီကဘာမွထပ္ၿပီး ေစာင့္ဆိုင္းမေနဘူးလို႔ အဓိပၸာယ္မရပါဘူး။ ဒါေၾကာင့္ အမ်ိဳးသားေတြ စိတ္ထဲကေန ေမွ်ာ္လင့္တတ္တဲ့ အရာ (၅) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ေျမွာက္ပင့္မႈ၊ ခ်ီမြန္းမႈေတြ
သင္ခ်ီးမြန္းခံရျခင္းကို ႏွစ္သက္ပါသလား။ ဒီလိုပါပဲ သင့္ရဲ႕ခ်စ္သူလည္း သင့္ဆီကေန ယခုလိုပဲတူညီတဲ့အရာကို ၾကားရဖို႔အတြက္ ေမွ်ာ္လင့္တတ္ၾကပါတယ္။ လူမႈပတ္ဝန္းက်င္က အမ်ိဳးသားျဖစ္ရင္ အမ်ိဳးသမီးေတြထက္ ကိုယ့္ကိုယ္ကိုစိတ္ခ်မႈ၊ စိတ္ပိုင္း႐ုပ္ပိုင္း သန္မာမႈေတြ အျဖစ္ ပံုေဖာ္ၾကေပမယ့္ တကယ့္ကိုနက္နက္႐ႈိင္း႐ႈိင္း ေျပာရရင္ လူတိုင္းလိုပဲ သူတို႔လည္းအတူတူပဲ ျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳခံရတဲ့အခါ၊ သို႔မဟုတ္ ခ်ီးက်ဴးခံရတဲ့အခါေတြမွာ သူတို႔ကိုယ္ပိုင္ယံုၾကည္မႈကို ျမွင့္တင္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္နဲ႔အမွ် သူနဲ႔ပတ္သတ္တဲ့အရာေတြထဲကမွ သင္ႏွစ္သက္တဲ့ သံုးခုေလာက္ကို ခ်ီးမြန္းေပးပါ။ သူ႔အတြက္စြမ္းအင္ေတြ ပိုၿပီးတိုးေစပါတယ္။
၂။ ဆႏၵျပင္းျပျခင္း
အမ်ိဳးသားတိုင္း လိုခ်င္တပ္မက္မႈ ခံစားခ်က္ကို လိုအပ္သလိုပဲ လိုခ်င္တတ္ၾကပါတယ္။ ဒါဟာ အျပန္အလွန္သေဘာမ်ိဳး လိင္ပိုင္းဆိုင္ရာ ကန္႔သတ္ျခင္းကို ဆိုလိုတာမဟုုတ္ပါဘူး။ သူတို႔က အမ်ိဳးသမီးေတြကို ေပြ႔ဖက္၊ နမ္းျခင္း၊ နဲ႔ အျခားထိေတြ႔ျခင္းေတြလိုပဲ အမ်ိဳးသမီးေတြကလည္း ယခုလိုျပဳမူဖို႔အတြက္ ေမွ်ာ္လင့္ေနတတ္ၾကပါတယ္။
၃။ စိတ္ခ်ရန္အာမခံခ်က္
သင့္ကိုသူက ဘယ္ေလာက္ပဲယံုၾကည္ပါတယ္ေျပာပါေစ၊ သင့္ဆီကေန စိတ္ခ်မႈေပးႏိုင္တဲ့ စကားမ်ိဳးေတြကို ေမွ်ာ္လင့္ေနတတ္ပါတယ္။ သူဟာသင့္အတြက္ သာယာမႈေတြအျပည့္အဝေပးႏိုင္ရဲ႕လားလို႔ သူကိုယ္တိုင္ခဏခဏ ေမးခြန္းျပန္ထုတ္ေနတတ္ၿပီး သင္ကသူ႕ကို ဘယ္ေလာက္ထိခ်စ္ေၾကာင္း သင္ဟာသူ႕တစ္ေယာက္တည္းအတြက္ ျဖစ္ေၾကာင္း စသျဖင့္ သူစိတ္ခ်ယံုၾကည္ႏိုင္မယ့္ စကားမ်ိဳးေတြကို မေမးျမန္္းေပမဲ့ အေျဖကိုေမွ်ာ္လင့္ေနတတ္ၾကပါတယ္။
၄။ သူ႔ရဲ႕ဝါသနာကို စိတ္ဝင္စားေစျခင္း
အမ်ိဳးသားေတြဟာ အမ်ားအားျဖင့္အားကစား၊ ဂီတနဲ႔၊ ဂိမ္းကစားျခင္းတို႔ကို ခံုမင္ႏွစ္သက္ၾကၿပီး သူတို႔ရဲ႕ခ်စ္သူေတြကိုလည္း သူတို႔စိတ္ဝင္စားတဲ့အရာကို အေလးထားေစခ်င္ၾကပါတယ္။ သင့္ခ်စ္သူက ဂိမ္းသမားတစ္ေယာက္ျဖစ္ရင္ သင့္ကိုလည္း ဂိမ္းနဲ႔ပတ္သတ္ၿပီး စိတ္ဝင္စားေစခ်င္သလို၊ rock သီခ်င္းေတြကိုမွ ႏွစ္သက္သူဆိုရင္လည္း သင့္ကို rock ဂီတအေၾကာင္း နားလည္ေစခ်င္ၾကပါတယ္။ သင္က hip hop ခေရဇီျဖစ္ရင္ေတာင္မွ သူႀကိဳက္တဲ့ music အမ်ိဳးအစားကို စိတ္ဝင္စားေစခ်င္ပါတယ္။ သူ႕ႏႈတ္ကေတာ့ သင့္ကိုေျပာခ်င္မွေျပာပါလိမ့္မယ္။ ဒါကိုသင္ကေကာင္းစြာနားလည္ၿပီး ေသးငယ္တဲ့ေျပာင္းလဲမႈေလး လုပ္လိုက္႐ံုနဲ႔ သင္တို႔ႏွစ္ေယာက္ၾကား ပိုၿပီးရင္းႏွီးမႈေတြကို ရေစမွာပါ။
၅။ သူ႔ေနာက္မွ ရွိေနေစခ်င္တယ္
သူကိုယ္တိုင္ဘယ္လိုကိစၥမ်ိဳးကိုပဲ ယံုၾကည္မႈအျပည့္နဲ႔ ေဆာင္ရြက္ပါေစ ၊ လက္တြဲေဖာ္ျဖစ္သူကိုေတာ့ သူေနာက္ကေန ရပ္တည္ေပးဖို႔ကို ေမွ်ာ္လင့္ေနတတ္ၾကပါတယ္။ ေအာင္ျမင္တဲ့ ေယာက်္ားေတြရဲ႕ေနာက္မွ ျပင္းထန္စြာေထာက္ခံကူညီေပးေနတဲ့ မိန္းမေတြ ရွိတယ္ ဆိုတဲ့ စကားလိုပါပဲ။ သူကိုယ္တိုင္မေအာင္ျမင္ပဲ က်႐ႈံးပါေစ၊ သင့္ရဲ႕အားေပးစကားနဲ႔ တိုက္တြန္းမႈေတြေၾကာင့္ ေအာင္ျမင္မႈေတြဆီ ျပန္ေရာက္ႏိုင္တယ္ဆိုတာကို သတိရပါ။ အေျခခံအားျဖင့္ အိမ္ေထာင္ဦးစီးက အိမ္ေထာင္တစ္ခု ၾသဇာအရွိဆံုးလို႔ သတ္မွတ္ထားသလိုပဲ အမ်ိဳးသားေတြရဲ႕ စိတ္ထဲမွာလည္း လက္တြဲေဖာ္ရဲ႕ အားကိုးမႈ၊ ယံုၾကည္မႈနဲ႔ အေနာက္ကေန ပံ့ပိုးမႈေတြကို လိုခ်င္ေနတတ္ၾကပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
မိဘေတြအေနနဲ႔ သားသမီးေတြကို ယံုၾကည္မႈရွိသူတစ္ေယာက္ျဖစ္ေစဖို႔ သင္ေပးထားသင့္တဲ့ အရာ( ၇)ခု
Unicode
ချစ်သူကိုဖွင့်မပြောပေမယ့် အမျိုးသားတွေ မျှော်လင့်တတ်တဲ့ အရာ (၅) ချက်ကဘာတွေလဲ
အမျိုးသမီးတွေဟာသူတို့လိုအပ်တဲ့အရာတွေကို လေ့လာနေတတ်ပြီး ထိုအရာတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ မေးမြန်းခြင်း၊ တောင်းဆိုခြင်းတွေကို ပြုလုပ်ဖို့အတွက် သိပ်ပြီးဝန်မလေးတတ်ပါဘူး။ ဒါပေမယ့် အမျိုးသားတွေအတွက်ကတော့ သူတို့တွေးနေတဲ့ တချို့အရာတွေကို ထုတ်ဖော်ပြောဖို့ ခက်ခဲတတ်ကြပါတယ်။ သူတို့ဆီက စကားလုံးတွေ ထွက်ကျမလာခြင်းဟာ သင့်ဆီကဘာမှထပ်ပြီး စောင့်ဆိုင်းမနေဘူးလို့ အဓိပ္ပာယ်မရပါဘူး။ ဒါကြောင့် အမျိုးသားတွေ စိတ်ထဲကနေ မျှော်လင့်တတ်တဲ့ အရာ (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မြှောက်ပင့်မှု၊ ချီမွန်းမှုတွေ
သင်ချီးမွန်းခံရခြင်းကို နှစ်သက်ပါသလား။ ဒီလိုပါပဲ သင့်ရဲ့ချစ်သူလည်း သင့်ဆီကနေ ယခုလိုပဲတူညီတဲ့အရာကို ကြားရဖို့အတွက် မျှော်လင့်တတ်ကြပါတယ်။ လူမှုပတ်ဝန်းကျင်က အမျိုးသားဖြစ်ရင် အမျိုးသမီးတွေထက် ကိုယ့်ကိုယ်ကိုစိတ်ချမှု၊ စိတ်ပိုင်းရုပ်ပိုင်း သန်မာမှုတွေ အဖြစ် ပုံဖော်ကြပေမယ့် တကယ့်ကိုနက်နက်ရှိုင်းရှိုင်း ပြောရရင် လူတိုင်းလိုပဲ သူတို့လည်းအတူတူပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုခံရတဲ့အခါ၊ သို့မဟုတ် ချီးကျူးခံရတဲ့အခါတွေမှာ သူတို့ကိုယ်ပိုင်ယုံကြည်မှုကို မြှင့်တင်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်နဲ့အမျှ သူနဲ့ပတ်သတ်တဲ့အရာတွေထဲကမှ သင်နှစ်သက်တဲ့ သုံးခုလောက်ကို ချီးမွန်းပေးပါ။ သူ့အတွက်စွမ်းအင်တွေ ပိုပြီးတိုးစေပါတယ်။
၂။ ဆန္ဒပြင်းပြခြင်း
အမျိုးသားတိုင်း လိုချင်တပ်မက်မှု ခံစားချက်ကို လိုအပ်သလိုပဲ လိုချင်တတ်ကြပါတယ်။ ဒါဟာ အပြန်အလှန်သဘောမျိုး လိင်ပိုင်းဆိုင်ရာ ကန့်သတ်ခြင်းကို ဆိုလိုတာမဟုုတ်ပါဘူး။ သူတို့က အမျိုးသမီးတွေကို ပွေ့ဖက်၊ နမ်းခြင်း၊ နဲ့ အခြားထိတွေ့ခြင်းတွေလိုပဲ အမျိုးသမီးတွေကလည်း ယခုလိုပြုမူဖို့အတွက် မျှော်လင့်နေတတ်ကြပါတယ်။
၃။ စိတ်ချရန်အာမခံချက်
သင့်ကိုသူက ဘယ်လောက်ပဲယုံကြည်ပါတယ်ပြောပါစေ၊ သင့်ဆီကနေ စိတ်ချမှုပေးနိုင်တဲ့ စကားမျိုးတွေကို မျှော်လင့်နေတတ်ပါတယ်။ သူဟာသင့်အတွက် သာယာမှုတွေအပြည့်အဝပေးနိုင်ရဲ့လားလို့ သူကိုယ်တိုင်ခဏခဏ မေးခွန်းပြန်ထုတ်နေတတ်ပြီး သင်ကသူ့ကို ဘယ်လောက်ထိချစ်ကြောင်း သင်ဟာသူ့တစ်ယောက်တည်းအတွက် ဖြစ်ကြောင်း စသဖြင့် သူစိတ်ချယုံကြည်နိုင်မယ့် စကားမျိုးတွေကို မမေးမြန််းပေမဲ့ အဖြေကိုမျှော်လင့်နေတတ်ကြပါတယ်။
၄။ သူ့ရဲ့ဝါသနာကို စိတ်ဝင်စားစေခြင်း
အမျိုးသားတွေဟာ အများအားဖြင့်အားကစား၊ ဂီတနဲ့၊ ဂိမ်းကစားခြင်းတို့ကို ခုံမင်နှစ်သက်ကြပြီး သူတို့ရဲ့ချစ်သူတွေကိုလည်း သူတို့စိတ်ဝင်စားတဲ့အရာကို အလေးထားစေချင်ကြပါတယ်။ သင့်ချစ်သူက ဂိမ်းသမားတစ်ယောက်ဖြစ်ရင် သင့်ကိုလည်း ဂိမ်းနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစေချင်သလို၊ rock သီချင်းတွေကိုမှ နှစ်သက်သူဆိုရင်လည်း သင့်ကို rock ဂီတအကြောင်း နားလည်စေချင်ကြပါတယ်။ သင်က hip hop ခရေဇီဖြစ်ရင်တောင်မှ သူကြိုက်တဲ့ music အမျိုးအစားကို စိတ်ဝင်စားစေချင်ပါတယ်။ သူ့နှုတ်ကတော့ သင့်ကိုပြောချင်မှပြောပါလိမ့်မယ်။ ဒါကိုသင်ကကောင်းစွာနားလည်ပြီး သေးငယ်တဲ့ပြောင်းလဲမှုလေး လုပ်လိုက်ရုံနဲ့ သင်တို့နှစ်ယောက်ကြား ပိုပြီးရင်းနှီးမှုတွေကို ရစေမှာပါ။
၅။ သူ့နောက်မှ ရှိနေစေချင်တယ်
သူကိုယ်တိုင်ဘယ်လိုကိစ္စမျိုးကိုပဲ ယုံကြည်မှုအပြည့်နဲ့ ဆောင်ရွက်ပါစေ ၊ လက်တွဲဖော်ဖြစ်သူကိုတော့ သူနောက်ကနေ ရပ်တည်ပေးဖို့ကို မျှော်လင့်နေတတ်ကြပါတယ်။ အောင်မြင်တဲ့ ယောကျ်ားတွေရဲ့နောက်မှ ပြင်းထန်စွာထောက်ခံကူညီပေးနေတဲ့ မိန်းမတွေ ရှိတယ် ဆိုတဲ့ စကားလိုပါပဲ။ သူကိုယ်တိုင်မအောင်မြင်ပဲ ကျရှုံးပါစေ၊ သင့်ရဲ့အားပေးစကားနဲ့ တိုက်တွန်းမှုတွေကြောင့် အောင်မြင်မှုတွေဆီ ပြန်ရောက်နိုင်တယ်ဆိုတာကို သတိရပါ။ အခြေခံအားဖြင့် အိမ်ထောင်ဦးစီးက အိမ်ထောင်တစ်ခု သြဇာအရှိဆုံးလို့ သတ်မှတ်ထားသလိုပဲ အမျိုးသားတွေရဲ့ စိတ်ထဲမှာလည်း လက်တွဲဖော်ရဲ့ အားကိုးမှု၊ ယုံကြည်မှုနဲ့ အနောက်ကနေ ပံ့ပိုးမှုတွေကို လိုချင်နေတတ်ကြပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar