ယနေ့ခေတ်မှာ တီဗွီဖန်သားပြင် ပေါ်ကနေ ဇာတ်ကားတွေကို စောင့်မျှော်ကြည့်ရှုစရာ မလိုတော့ပါဘူး။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၄ နှစ်ထိ အမျိုးသားအမျိုးသမီးတွေဟာ ဖုန်းထဲကနေတဆင့် ကိုယ်နှစ်သက်တဲ့ ဇာတ်ကားတွေကို စိတ်ကြိုက်ကြည့်ရှုနေကြပြီး Viu လို့ခေါ်တဲ့ App ကိုအသုံးပြုသူ ၇၀ % ကတော့ သူတို့ရဲ့အားလပ်ချိန်၂၀% ကို Viu သုံးရင်းအပန်းဖြေကြပါတယ်။ Viu app ကို https://bit.ly/2IPYgIV မှာ ဒေါင်းလုပ်ယူနိုင်ပါတယ်။ Viu မှာဟော့ဖြစ်နေတဲ့ ဘောလိဝုဒ်ဇာတ်ကား ငါးကား နဲ့ပတ်သတ်ပြီး User တွေရဲ့အမြင်က..
Sarkar
ဘောလိဝုဒ်ရဲ့ အတောက်ပဆုံးကြယ်ပွင် အမီတာဘဂျမ်း သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ အကောင်းဆုံး စာရင်းဝင်ဇာတ်ကားတစ်ကားဖြစ်ပြီး နိုင်ငံရေးမှုခင်းဆန်ဆန် ဇာတ်ကား ဖြစ်ပေမယ့် စကြည့်ကတည်းကနေ ဘယ်လိုပြီးသွားလဲဆိုတာတောင် သတိမထားမိလောက်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ ဇာတ်ဝင်ခန်းအပြင်အဆင်တွေက အရမ်းကိုအံ့သြမှင်သက်ရသလို နက်နဲတဲ့ မြှပ်ကွက်တွေ ဇာတ်ကောင်အလိုက် ပီပြင်တွေသရုပ်ဆောင်မှုတွေက ဒီဇာတ်ကားရဲ့ အဓိကထူးခြားချက်ပါ။ အမီတာဘဂျမ်းကိုယ်တိုင် ဒီကားမှာ ထူးချွန်အောင်သရုပ်ဆောင်နိုင်ခဲ့သလိုပဲ သူ့ရဲ့သားဖြစ်သူ Abhishek ဟာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ဖြစ်သူ Subhash Nagre တဖြစ်လဲ အမီတာဘဂျမ်းဟာ ဘုံဘေမြို့မှာ ချမ်းသာပြီးသြဇာညောင်းတဲ့သူတစ်ယောက်ပါ။ Subhash ဟာဇနီး၊ သား Vishnu၊ ချွေးမဖြစ်သူ Amrita နဲ့မြေး၊ ဒုတိယသား Shanker တို့နဲ့အတူ အမေရိကန်မှာနေထိုင်ပါတယ်။ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ Motilal Khurana အသတ်ခံရတဲ့အချိန်မှာပဲ လူသတ်သမားကို Subhash က ငှားရမ်းခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရပြီး ထောင်ကျခဲ့ရပါတယ်။ တရားမျှတမှုတွေပျောက်ဆုံးခဲ့ပြီး အရင်ကဂိုဏ်စတားတစ်ယောက်လို နေခဲ့တဲ့ Subhash နောက်မှာကူညီပေးမယ့်သူ တစ်ယောက်မှ မရှိတာသံဝေဂရစရာပါ။ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတဲ့ သားဖြစ်သူ Shankar သံသယတွေနဲ့ မိမိကိုယ်တိုင်ထောင်ကျခဲ့ရခြင်းရဲ့နောက်ကွယ်က တရားခံဟာ သားအကြီးဖြစ်သူ Vishnu အဖြစ်သိလိုက်ရတဲ့အချိန်မှာတော့…
Nishabd
တိတ်တိတ်ပုန်းလို့ အဓိပ္ပာယ်ရတဲ့ ဒီဇာတ်ကားဟာ မင်းသားကြီးအမီတာဘဂျမ်း ရုပ်ရှင်လောကကို တစ်ကျော့ပြန်လာပြီးနောက် သမီးဖြစ်သူရဲ့ သူငယ်ချင်းနဲ့ ဇာတ်လမ်းဖြစ်ခဲ့ပြီး သူ့ရဲ့မိသားစုနဲ့ရင်ဆိုင်ရတဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်အဖြစ် ရိုက်ကူးခဲ့တဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးဖြစ်ပါတယ်။ ပရိသတ်တွေက အမီတာဘဂျမ်းဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဇတ်ကားတွေက ဥပေက္ခာပြုဖို့ ခက်ခဲပါတယ်။ သူ့ခေတ်သူ့အခါက အကောင်းဆုံးဖြစ်ခဲ့တာကြောင့် ယခုသူပြန်လာတဲ့အချိန်မှာ သူ့ရဲ့သရုပ်ဆောင်မှုတွေကို ဝေဖန်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အမီတာရဲ့အရည်အချင်းတစ်ခုက သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်း ဖြစ်ပါတယ်။ သူကရင့်ကျက်တယ်၊ ပညာရှိတယ်၊ ခံစားလွယ်တယ်။ Nishabd ဇာတ်ကားနဲ့ပတ်သတ်ပြီး Amitabh က သူနဲ့ပတ်သတ်ပြီး ငါဘယ်လိုပြောရမလဲ၊ ငါ့မှာပြောစရာစကားမရှိပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ငါဘာပဲပြောပြော ဒါဟာဖျော်ဖြေမှုတစ်ခုဖြစ်တဲ့အတွက် လုံလောက်အောင်ပြောနိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့သရုပ်ဆောင်မှုတွေဟာ တကယ့်သူ့ရဲ့စရိုက်လို့ထင်ရလောက်အောင် သက်ဝင်လွန်းလို့ Fan တွေ လက်မလွှတ်သင့်ပါဘူးလို့ သူကမှတ်ချက်ပေးပါတယ်။ အသက် ၆၀ ရှိပြီဖြစ်တဲ့ Vijay အမီတာဘဂျမ်းဟာ ၁၈နှစ်သမီး Rita ၊ အိမ်ထောင်သက် ၂၇နှစ်ရှိပြီဖြစ်တဲ့ ဇနီး Amrita နဲ့အတူ ခြံအကျယ်ကြီးမှာ အတူတကွနေထိုင်ပါတယ်။ Vijay ကဓါတ်ပုံဝါသနာရှင်တစ်ယောက်ဖြစ်ပြီး Amrita က ရွှေတံဆိပ်နှစ်ဆုရ Kuchipudi အကမယ်တစ်ယောက်ဖြစ်ပေမဲ့ မိသားစုအတွက် ဝါသနာကိုစွန့်လွှတ်ခဲ့သူတစ်ယောက်ပါ။ အားလပ်ရက်တစ်ခုမှာ Rita က သူ့သူငယ်ချင်း Jia ကိုအိမ်ခေါ်လာခဲ့တယ်။ Australia မှာနေခဲ့တဲ့ Jia က ကလေးဆန်ပြီး နည်းနည်းကလက်တယ်။ တစ်နေ့ Rita ခြေထောက်အဆစ်လွဲတော့ Vijay နဲ့ Jia တို့ဇာတ်လမ်းစတဲ့အချိန်မှာ Vijay ရဲ့ဇနီးဖြစ်သူသတိထားမိပြီး Jia ကို Rita ကအိမ်ကထွက်သွားဖို့ပြောပေမယ့် Vijay ကတားမြစ်ခဲ့တယ်။ Amrita ရဲ့အကို ဖြစ်သူ အလည်အပတ်ရောက်လာတဲ့ အချိန်မှာတော့..
Janta Garage
Janta Garage ဟာ သာမာန်ဘောလိဝုဒ်ကားတွေလို့ သင့်ကိုဖျော်ဖြေရုံသက်သက် ပေးမယ့်ဇာတ်ကားမဟုတ်ပဲ လေးနက်တဲ့စိတ်ခံစားမှုတွေ ကိုပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ သဘာဝပတ်ဝန်းကျင်ကိုချစ်တဲ့ ကျောင်းသားတစ်ယောက်နဲ့ လူတွေကိုကူညီချင်တဲ့စက်ပြင်ဆရာတစ်ယောက်။ Garage ရဲ့ပြည်သူတွေကို ကယ်တင်ဖို့အတွက် သူတို့နှစ်ဦးနဲ့ စီးပွားရေးသမားပုဂ္ဂိုလ်တို့ ရင်ဆိုင်ရတဲ့အခါ… သမီးဖြစ်သူကျောင်းသွာရင်း လမ်းမှာမတော်တဆပျောက်ဆုံးသွားခဲ့တဲ့ Sathyam ရဲ့သူငယ်ချင်း။ ချို့တဲ့တာကြောင့် အမှားကိုအမှန်အဖြစ် လက်ခံနေရပေမယ့် ကြေးစားလူမိုက်တချို့ရဲ့ မုဒိန်းကျင့်သတ်ဖြတ်ခံရခြင်းကို သိရှိနေတဲ့ Sathyam ၊ ဥပဒေကိုခါးပိုက်ထဲထည့်ပြီး အမှုမှန်ကိုဖုံးကွယ်ရင်း မတော်တဆသဖွယ် ဇာတ်လမ်းဆင်ပြီး ချိမ်းခြောက်တဲ့ Chandrasekhar တို့ရင်ဆိုင်တွေ့ကြတဲ့အခါ…
Bobby Jasoos
Bobby အဖြစ် Vidya Balan ကသရုပ်ဆောင်ထားပါတယ်။ အိန္ဒိယရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း ဟာသလေးပါးပါးခပ်ထားပြီး မေတ္တာဘွဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ပရိသတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို မိသားစုနဲ့အတူတူကြည့်သင့်တဲ့ ဇာတ်ကားပါ။
Jaanemann
ဘောလိဝုဒ်ရဲ့နာမည်ကျော်မင်းသား Salman Khan သရုပ်ဆောင်ထားပြီးသုံးပွင်ဆိုင်အချစ်ဇာတ်လမ်းဖြစ်တာကြောင့် အချစ်ကားကြိုက်သူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတိုင်းမှာ နောက်ထပ်ဘာတွေဆက်ဖြစ်မယ်ဆိုတာ သိချင်စိတ်ဖြစ်အောင် ဆွဲဆောင်သွားပါလိမ့်မယ်။ Salman နဲ့ Akshay တို့နှစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို ပြိုင်တူချစ်တဲ့ ဇာတ်လမ်းဖြစ်ပေမဲ့ အခြားသာမာန်သုံးပွင့်ဆိုင် ဇာတ်ကားတွေနဲ့ ကွဲပြားနေပါတယ်။ ခင်ပွန်ဟောင်းဖြစ်သူက ကလေးစားရိတ်မပေးချင်ရုံနဲ့ ဇနီးဟောင်းကို အခြားသူနဲ့ကြိုက်အောင် ကြိုးစားမှုတွေကို ဇာတ်လမ်းမှာမြင်တွေ့ရမှာပါ။ လက်ထပ်ထားတဲ့ Suhaan နဲ့ Piya ဟာကွာရှင်းလိုက်ပြီး မကြာမီမှာပဲ Piya က သူမရဲ့ကောလိပ်တုန်းက သူငယ်ချင်းဖြစ်သူ Agasta နဲ့စေ့စပ်လိုက်ပါတယ်။ Piya ကခင်ပွန်းဟောင်းဖြစ်သူ Suhaan ကိုပဲ ချစ်နေသေးတယ်လို့ Agastya သဘောပေါက်မိတဲ့အခါ…
ဒီတပတ်မှာ အနှစ်သက်ဆုံး ဇာတ်ကားတွေကို တ၀ကြည့်ဖို့ဆို Viu app ကိုမေ့လို့ မဖြစ်ဖူးနော်။ မေလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ဘောလိဝုဒ်ဇာတ်ကားတွေ Viu ကနေ Free ကြည့်နိုင်ပြီး ဟာသ၊ အလွမ်း၊ ဇာတ်ကြမ်းနဲ့ သဲထိတ်ရင်ဖိုဇာတ်ကားတွေကိုလည်း Viu ကနေတဆင့် မြန်မာစာတန်းထိုးနဲ့ တိုက်ရိုက်ကြည့်ရှုနိုင်လို့ အခုပဲ Play Store ကနေ free ဒေါင်းလိုက်ပါ။ ပြီးတော့ သင့်ရဲ့ ဖေ့ဘွတ်စ်အကောင့်ကို အသုံးပြုပြီး one-month free trial ပဲဖြစ်ဖြစ် Viu Premium ကို subscribe လုပ်ရင်ပဲဖြစ်ဖြစ် မြန်မာကျပ် ၁၅၀၀ ထက်ပိုနည်းတဲ့ ဇာတ်ကားတွေ စီးရီးတွေကို တ၀ကြီးကြည့်ရှုနိုင်မှာပါ။
Viu app ကို ဒီနေရာတွင် Free Download ရယူလိုက်ပါ။ နေ့စဉ်နဲ့အမျှ ဇာတ်ကားအသစ်တွေကို သိရှိလိုပါက Viu Myanmar Facebook Page မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
#Viu_Myanmar
#Lifestyle_Myanmar