သူငယ်ချင်းတွေဆိုတာ အများအားဖြင့်တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်ဆုံးလို့ ကျွန်တော်တို့အားလုံး လက်ခံယုံကြည်ထားကြပါတယ်။ ကိစ္စတိုင်းနီးနီးမှာလည်း ဒါဟာအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အချစ်ရဲ့ခံစားချက်တစ်ခုက ဘယ်လိုအရာတွေကနေဖြစ်တည်လာတာလဲဆို ဆက်ဆံရေးတစ်ခုရဲ့ ဆန်းပြားရှုပ်ထွေးတဲ့ အမူအယာတွေ ကတဆင့် သိနိုင်တယ်ဆိုတာကို ကျွန်တော်တို့တွေသတိမထားမိတတ်ကြပါဘူး။
ခံစားချက်တွေဆိုတာဟာလည်း သတိမထားမိသမျှ ကာလပတ်လုံး အနက်ကောက်ဖို့ခက်ခဲတဲ့ အရာတစ်ခုပါ။ လူတစ်ချို့တွေကတော့ သူတို့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်ကြပေမယ့် တစ်ခါတစ်လေမှာ သတိမထားမိတဲ့ အမူအယာလေးတွေကတဆင့် ဖော်ပြတတ်ကြတယ်။ သင့်ရဲ့ BFF ကသင့်အပေါ်မှာ သူငယ်ချင်းတစ်ယောက်ထက်ပိုပြီး အရူးအမူး ချစ်နေကြောင်း သိဖို့အတွက် အောက်ပါအချက်တွေကတဆင့် သတိထားမိဖို့လိုအပ်ပါတယ်။ ဆိုလိုတာက သူငယ်ချင်းအဖြစ်ကနေ ဖြစ်ပေါ်လာတဲ့အချစ်စိတ်က ပိုပြီးအချစ်စစ် ဖြစ်ပါတယ်။ သတိမထားမိရင် နောက်ဆုံးတယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံး နာကျင်ခံစားရတတ်ပါတယ်။
၁။ သင့်ဘေးနားမှာဝဲနေတဲ့ လိပ်ပြာတွေကို ကြီးကြီးမားမား စိုးရိမ်တတ်လာခြင်း
တကယ်လို့ သင့်ရဲ့ BFF ဟာအရင်ကထက်ထူးထူးခြားခြား သင်ဘယ်ကိုသွားသွား ဂရုစိုက်တတ်လာမယ်။ သူတို့ကိုယ်သူတို့ပိုမိုကြည့်ကောင်းအောင် ပြင်ဆင်လာမယ်၊ သူရဲ့အကောင်းဆုံလုပ်နိုင်တဲ့အချက်တွေကို သင့်ကိုသတိထားမိလာအောင် ပြုလုပ်လာမယ်ဆိုရင် သင့်ကိုသူချစ်နေမိတာဖြစ်နိုင်ပါတယ်။
၂။ သင့်ကိုအရင်ကထက် ပိုပြီးကြည့်လာမယ်
အချစ်ဆိုတာ မျက်လုံးကစတင်တယ်လို့ အချို့စာရေးဆရာတွေက ဖွဲ့နွဲ့ကြတယ်။ သင်တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ သူ့ကိုပဲအမြဲတမ်းမြင်ချင်နေမိမှာပါ။ သင့်ရဲ့ BFF ကသင့်ကိုအရင်ကထက်ပိုပြီးခိုးခိုးကြည့်နေမယ်။ သင်နဲ့မျက်လုံးချင်းဆုံတဲ့အခါ သူကမျက်လွှာချမယ်ဆိုရင် သင့်ကိုသူ့စိတ်ထဲက စိတ်ဝင်စားမိနေပါပြီ။
၃။ လူများတဲ့နေရာတွေမှာသင့်ကို ရှောင်ရှားလာမယ်
အရင်လိုပဲသင်ကတခြားသူငယ်ချင်းတွေနဲ့ အတူတူတွေ့ဆုံကြပေမယ့် တစ်စုံတစ်ယောက်ကတော့ ထူးထူးခြားခြားသင့်ကို ရှောင်လာလိမ့်မယ်။ဒါဟာလည်း အချစ်ရဲ့သင်္ကေတတစ်ခု ဖြစ်ပါတယ်။ သင်နဲ့အရင်လိုတွေ့ဆုံကြတဲ့အခါ သင့်ရဲ့ရှေ့မှာ သူတို့ဟန်ဆောင်ပြီးနေဖို့အတွက် ခက်ခဲတာကြောင့်ဖြစ်နိုင်ပါတယ်။ တခြားလူတွေရဲ့အရှေ့မှာ သင့်ကိုစိတ်ဝင်စားနေကြောင်း သင်နဲ့ အခြားလူတွေရိပ်မိမှာကို သူစိုးရိမ်နေလို့ပါ။
၎။သင့်ကိုသူ စတင်ပြီးတုပလာပါလိမ့်မယ်
တုပခြင်းဟာလည်း ဆွဲဆောင်ခြင်းရဲ့ အကြီးမားဆုံးညွှန်းကိန်တစ်ခုဖြစ်ကြောင်း စိတ်ပညာနဲ့ဆိုင်တဲ့ သိပ္ပံဆိုင်ရာလေ့လာမှုတစ်ခု ဖြစ်ပါတယ်။ သင့်ကိုသူ စိတ်ဝင်စားလာတာနဲ့အမျှ သင့်ရဲ့အပြုအမူတွေ ခန္ဓာကိုယ်လှုပ်ရှားပုံတွေကအစ ဂရုစိုက်မိရာကနေ သင့်ပုံစံအတိုင်း မသိစိတ်ကနေတုပပြီးလိုက်လုပ်လာတာကို သတိထားမိရင် သင့်ကိုသူချစ်နေကြောင်း သိနိုင်မှာပါ။
၅။ သင်ရိပ်မိလာဖို့အတွက်
တချို့လူတွေက သင့်ကိုသူချစ်နေကြောင်း ရိပ်မိမှာစိုးရိမ်သကဲ့သို့ တစ်ချို့တွေကတော့ သင်ကိုယ်တိုင်ရိပ်မိလာအောင် ကြိုးစားတတ်ကြပါတယ်။ ရုတ်တရက်သင်အံ့အားသင့်စေမယ့် လက်ဆောင်တွေ၊ အစားအသောက်တွေကို ထူးထူးခြားခြားခဏခဏ ပေးခြင်းဖြင့် ဖော်ပြတတ်ကြပါတယ်။ သင့်တစ်ယောက်ထဲကိုပဲ ရက်ရက်ရောရောပေးနေပြီ ဆိုရင်တော့ သင်ဟာသူ့အပေါ်မှာလွှမ်းမိုးထားတယ်ဆိုတာ သိနိုင်မှာပါ။
၆။သူ့ဘေးနားမှာပဲ သင့်ကိုနေစေချင်မယ်
သူကတစ်နေရာရာကို သွားလည်ချင်တာ အကြောင်းကိစ္စတစ်ခုခုပေါ်လာတဲ့အခါ သင့်ကိုပဲခေါ်စေချင်မျိုးဟာလည်း သင့်ကိုအရင်ကထက်ဘေးနားမှာနေစေချင်တာမျိုးနဲ့လည်း သင့်ကိုချစ်နေကြောင်းရိပ်မိနိုင်ပါတယ်။ သူတို့ဘာကိစ္စပဲရှိရှိ သင့်ကိုဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
၇။သင့်ရဲ့ရှေ့မှာဆို အရင်ကထက်ပိုရှက်တတ်လာမယ်
ဒါဟာ လူတိုင်းတော့မဟုတ်ပေမယ့် ရုတ်တရက်ရှက်တတ်လာခြင်းဟာလည်း စိတ်ဝင်စားခြင်းတစ်မျိုးဖြစ်ပါတယ်။ သူ့မှာသင်နဲ့ပတ်သတ်ပြီး နားမလည်လောက်အောင် ရှုပ်ထွေးတဲ့ ခံစားချက်တွေ ဖြစ်လာတာနဲ့အမျှ သင့်အပေါ်မှာအရင်ကလိုမျိုး ပေါ့ပေါ့ပါးပါးမနေနိုင်တော့ပဲ ရှက်ကိုးရှက်ကန်းဖြစ်လာတာပါ။
၈။ သင့်ရဲ့ပျက်လုံးတွေကို သဘောကျစွာရယ်နေတတ်တယ်
သင်ဟာ ရယ်စရာမကောင်းတဲ့ ပျက်လုံးတွေကိုပြောတဲ့အခါမှာ အခြားလူတွေက ရယ်မှာမဟုတ်ပါဘူး။ သင့်ကို crush နေတဲ့ သင့်ရဲ့ BFF လေးကတော့ သင်ပြောသမျှအရာအားလုံးကို သဘောကျနေမှာပါ။
၉။သင့်ကို အရင်ကထက်ပိုမိုထိတွေ့လာမယ်
သူ သင့်ကိုစိတ်ဝင်စားလာတဲ့အခါ သင်နဲ့ပတ်သတ်သမျှအရာအားလုံးကို သူကပိုပြီးတန်ဖိုးထားလာတဲ့အတွက် အခွင့်အရေးရလျှင် သင့်နဲ့ထိတွေ့ချင်စိတ်ဖြစ်ပေါ်လာပါတယ်။ဥပမာ- ရုတ်တရက်ခြေချော်တဲ့အခါမျိုး၊ ကားလမ်းဖြတ်ကူးတဲ့အခါမျိုး၊ သင့်ကိုအသားချင်းထိတွေ့တဲ့အခါမျိုးတွေမှာ သိသိသာသာသတိထားကြည့်နိုင်ပါတယ်။
Source-powerofpositivity
#LM_Naung_Naung
#Lifestyle_Myanmar