ကိုယ့္ရဲ႕ ပံုပန္းသ႑ာန္ကို လူတိုင္းအလွဆံုးျဖစ္ခ်င္ၾကေပမယ့္ သတိမထားမိတဲ့ အမွားေလးေတြေၾကာင့္ ဆြဲေဆာင္မႈကို ေလ်ာ့က်သြားေစပါတယ္။ ဒီလိုေသးငယ္တဲ့အမွားေလးေတြကို ဂ႐ုစိုက္ျပဳျပင္ႏိုင္ေစဖို႕ ေဖာ္ျပလိုက္ပါတယ္။
၁။ အေရာင္မွိန္ေနတဲ့ အ၀တ္အစားေတြ ၀တ္ဆင္ျခင္း
တခ်ိဳ႕က မွိန္ေဖ်ာ့ေဖ်ာ့အေရာင္ႏုေတြကိုႀကိဳက္တတ္ၾကေပမယ့္ အေရာင္ရင့္ကေန ေလွ်ာ္တာမ်ားၿပီး မွိန္သြားတဲ့အ၀တ္အစားေတြကေတာ့ မတူညီတတ္ၾကပါဘူး။ သစ္လြင္ေတာက္ပေနတဲ့အေရာင္ဟာ သင့္ကိုပိုမိုထင္ေပၚေစၿပီး အေရာင္ႏု၀တ္ရင္ေတာင္မွ အေရာင္မလြင့္ေသးတဲ့ အ၀တ္အစားေတြကို၀တ္ဆင္သင့္ပါတယ္။ ယခုလိုအေရာင္လြင့္ေနတဲ့ အ၀တ္အစားေတြက သင့္ရဲ႕ဆြဲေဆာင္မႈကို က်ဆင္းေစႏိုင္ပါတယ္။ သင့္ရဲ႕အမဲေရာင္အ၀တ္ေတြကို ေလွ်ာ္ဖြတ္တဲ့အခါ Black ေကာ္ဖီ၊ ရွာလကာရည္စတာေတြနဲ႔စိမ္ၿပီး ေလွ်ာ္ဖြပ္ျခင္းေၾကာင့္ အေရာင္လြင့္မႈကို ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။
၂။ အျဖဴစြတ္စြတ္မဟုတ္တာေတြ
ဒီတစ္ခုဟာလည္း အမဲေရာင္နဲ႔သေဘာျခင္း တူေနပါတယ္။ အျဖဴစြတ္စြတ္အေရာင္ဟာ လူတိုင္းအတြက္ အရမ္းကိုက်က္သေရရွိေစပါတယ္။ ဒါေပမယ့္ အျဖဴေရာင္အ၀တ္ေပၚမွာ ေခၽြးကြက္၊ အ၀ါေရာင္အစြန္း၊ စတာေတြဟာ ကပ္ညိဖို႔လြယ္ကူၿပီး ေပ်ာက္ကင္းေအာင္လုပ္ဖို႔ ခက္ခဲပါလိမ့္မယ္။ ယခုလိုအ၀ါေရာင္အစြန္းေတြကို ဖယ္ရွားဖို႔အတြက္ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္၊ မုတ္ဖုတ္ေဆာ္ဒါ၊ ဒါမွမဟုတ္ သံပုရာရည္နဲ႔ ေရာေႏွာၿပီးေလွ်ာ္ဖြတ္ေပးပါ။ ဒါေတာင္မွမကၽြတ္ရင္ေတာ့ အ၀တ္အစား Brand ကိုေျပာင္း၀တ္ဖို႔ စဥ္းစားရမယ့္ အခ်ိန္ပဲျဖစ္ပါတယ္။
၃။ အက်ၤ ီလက္ေခါက္ျခင္း
ရွပ္အက်ီၤလက္ရွည္ကို လက္ေခါက္ၿပီး ဝတ္ဆင္ျခင္းဟာ သင့္ကိုပိုၿပီးငယ္ရြယ္တယ္လို႔ ထင္ရေစၿပီး sexy က်ေစပါတယ္။ ဒါေပမယ့္ စနစ္တက်လိပ္ၿပီးေခါက္တင္ဖို႔လည္းလိုအပ္ပါတယ္။ လက္ကိုမေခါက္ပဲ အေပၚကိုဆြဲတင္ျခင္းဟာ အတြန္႔ေတြကိုျဖစ္ေစၿပီး
ၾကည့္ရဆိုးပါလိမ့္မယ္။
၄။ ေဗာက္ထျခင္း
ေဗာက္ထျခင္းဟာ အရမ္းကိုဆိုးရြားၿပီး သင့္ရဲ႕တစ္ကိုယ္ရည္သန္႔ရွင္းေရးကိုေတာင္ အျခားသူေတြက အထင္ေသးႏိုင္ပါတယ္။ ေဗာက္ထေနတဲ့ အေတာအတြင္း အမဲေရာင္အ၀တ္အစားေတြကိုေရွာင္က်ဥ္ဖို႔ သတိျပဳပါ။ သင္ေခါင္းၿဖီးတဲ့အခါ ဆံပင္ကိုသပ္တဲ့အခါေတြမွာ ေဗာက္အစက္ေတြ အက်ၤ ီမွာတင္ေနတတ္ပါတယ္။ ေဗာက္ထျခင္းကို ေပ်ာက္ကင္းဖို႔အတြက္ သင့္ရဲ႕ဆံပင္ကို ပိုဂ႐ုစိုက္ၿပီး သန္႔သန္႔ရွင္းရွင္းနဲ႔ တပတ္ကို ႏွစ္ႀကိမ္ေလာက္ ေခါင္းေလွ်ာ္ပါ။ ေခါင္းေလွ်ာ္ရည္ကိုလည္း ေဗာက္အမွန္တကယ္ေပ်ာက္ကင္းတဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္သင့္ၿပီး ေခါင္းဖီးကိုသန္႔ရွင္းစြာသီးသန္႔သံုးစြဲပါ။ ဆံသားပညာရွင္နဲ႔တိုင္ပင္ၿပီး လိုအပ္တဲ့ဗီတာမင္ေတြ မွီ၀ဲႏိုင္ရင္ ပိုေကာင္းပါတယ္။
၅။ accessories ေတြအရမ္းမ်ားျခင္း
မ်က္ႏွာမွာ မိတ္ကပ္ေတြလိမ္းခ်ယ္ၿပီး Accessories ေတြမ်ားစြာ၀တ္ဆင္ျခင္းဟာ သင့္ကိုၾကည့္ရတာ အဆင္မေျပျဖစ္ေစပါတယ္။ ဒါေၾကာင့္ ရွင္းရွင္းေလးနဲ႔လွပဖို႔အတြက္ အပိုပစၥည္းေတြကို မ်ားစြာ၀တ္ဆင္ျခင္းကို ေရွာင္ရွားပါ။
၆။ မုတ္ဆိတ္ေမႊးထားျခင္း
အမ်ိဳးသားရဲ႕ မုတ္ဆိတ္ေမႊးနဲ႔ ႏႈတ္ခမ္းေမႊးဟာ အမ်ိဳးသမီးေတြရဲ႕ မိတ္ကပ္အစြမ္းလိုပဲ အျပစ္အနာအဆာနဲ႔ အသြင္သ႑ာန္ကို ဖံုးလႊမ္းႏိုင္စြမ္းရွိၿပီး ခန္႔ညားေစပါတယ္။ ဒါေပမယ့္ မုတ္ဆိတ္ေမႊးထားတဲ့အခါ ဆံပင္ကိုသပ္သပ္ရပ္ရပ္ ဖီးဖို႔လိုအပ္ၿပီး ႏႈတ္ခမ္းေမႊးေတြ အရမ္းႀကီး ရွည္မေနေစဖို႔ အေရးႀကီးပါတယ္။ ဒီလိုမွမဟုတ္ရင္ သင့္ပံုစံဟာ အိုးမဲ့အိမ္မဲ့ ဆင္းရဲသားပံုေပါက္ေစၿပီး အစားစားတဲ့အခါမွာလည္း ၾကည့္ရဆိုးေစပါတယ္။
၇။ ဂ်င္းဘာင္းဘီ၀တ္တဲ့အခါ
ဂ်င္းေဘာင္ဘီဝတ္တဲ့အခါကိုယ္နဲ႔လိုက္ဖက္မယ့္ စတိုင္ကိုေရြးခ်ယ္တတ္ဖို႔လိုအပ္ပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြအေနနဲ႔ တင္ပါးေနရာမွာ ခ်ဳပ္႐ိုးေၾကာင္းေတြပါတာကိုေရွာင္ရွားပါ။ အေနာက္ကၾကည့္တဲ့အခါ ၾကည့္ရဆိုးေစၿပီး ကိုယ့္ရဲ႕ကိုယ္ဟန္ကိုလည္း ပ်က္စီးေစပါတယ္။
၈။ ဒိတ္လြန္ေနတဲ့ အလွကုန္ပစၥည္းေတြသံုးျခင္း
ဒိတ္ေအာက္ေနတဲ့ အလွကုန္ပစၥည္းေတြဟာ သင့္ကိုပိုမိုၾကည့္ရဆိုးေစၿပီး သင့္ရဲ႕အေရျပားကိုထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေက်းဇူးျပဳၿပီး သင့္ပစၥည္းေတြဒိတ္လြန္ေနပါက စြန္႔ပစ္လိုက္ပါ။ ဒါ့အျပင္ မ်က္ေတာင္ေမႊးကို အရမ္းနက္ေမွာင္ေအာင္ဆိုးျခင္း၊ ႏႈတ္ခမ္းနီကို ထူပိန္းေနေအာင္ဆိုးျခင္းတို႔ကလည္း သင့္ရဲ႕ဆြဲေဆာင္မႈကို က်ဆင္းေစႏိုင္ပါတယ္။ သဘာ၀ဆန္ဆန္အလွကို ေဖာ္ထုတ္ဖို႔ႀကိဳးစားျခင္းကသာလွ်င္ သင့္ရဲ႕ဆြဲေဆာင္မႈကို ျမင့္မားေစမွာပါ။
၉။ ေသးငယ္တဲ့အရာေလးေတြအေပၚ အာ႐ံုမစိုက္ျခင္း
သင့္ရဲ႕သြားေပၚမွာ ႏႈတ္ခမ္းနီစြန္းေနလို အေသးအမႊားေလးေတြကို ဂ႐ုမစိုက္တတ္ျခင္းဟာလည္း သင့္ရဲ႕ဆြဲေဆာင္မႈကို ေလ်ာ့က်သြားေစပါတယ္။ ဒါေၾကာင့္ အလွျပင္ၿပီးမွန္ကိုေသခ်ာၾကည့္ၿပီး စစ္ေဆးပါ။ ေကာ္ဖီေသာက္ၿပီးတဲ့အခ်ိန္၊မုန္႕စားၿပီးတဲ့အခ်ိန္ေတြမွာ ကိုယ့္ရဲ႕သြင္ျပင္ကို ျပန္လည္ဆန္းစစ္ဖို႔မေမ့ပါနဲ႔။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab
သင့္အဝတ္အစားေတြရဲ႕ အေရာင္ကေျပာတဲ့ သင့္အေၾကာင္း
Unicode
သင့်ရဲ့ပုံပန်းသဏ္ဍာန်ကြောင့် ဆွဲဆောင်မှုကို ကျဆင်းစေတဲ့ အရာ (၉) ချက်
ကိုယ့်ရဲ့ ပုံပန်းသဏ္ဍာန်ကို လူတိုင်းအလှဆုံးဖြစ်ချင်ကြပေမယ့် သတိမထားမိတဲ့ အမှားလေးတွေကြောင့် ဆွဲဆောင်မှုကို လျော့ကျသွားစေပါတယ်။ ဒီလိုသေးငယ်တဲ့အမှားလေးတွေကို ဂရုစိုက်ပြုပြင်နိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။
၁။ အရောင်မှိန်နေတဲ့ အဝတ်အစားတွေ ၀တ်ဆင်ခြင်း
တချို့က မှိန်ဖျော့ဖျော့အရောင်နုတွေကိုကြိုက်တတ်ကြပေမယ့် အရောင်ရင့်ကနေ လျှော်တာများပြီး မှိန်သွားတဲ့အဝတ်အစားတွေကတော့ မတူညီတတ်ကြပါဘူး။ သစ်လွင်တောက်ပနေတဲ့အရောင်ဟာ သင့်ကိုပိုမိုထင်ပေါ်စေပြီး အရောင်နုဝတ်ရင်တောင်မှ အရောင်မလွင့်သေးတဲ့ အဝတ်အစားတွေကိုဝတ်ဆင်သင့်ပါတယ်။ ယခုလိုအရောင်လွင့်နေတဲ့ အဝတ်အစားတွေက သင့်ရဲ့ဆွဲဆောင်မှုကို ကျဆင်းစေနိုင်ပါတယ်။ သင့်ရဲ့အမဲရောင်အဝတ်တွေကို လျှော်ဖွတ်တဲ့အခါ Black ကော်ဖီ၊ ရှာလကာရည်စတာတွေနဲ့စိမ်ပြီး လျှော်ဖွပ်ခြင်းကြောင့် အရောင်လွင့်မှုကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။
၂။ အဖြူစွတ်စွတ်မဟုတ်တာတွေ
ဒီတစ်ခုဟာလည်း အမဲရောင်နဲ့သဘောခြင်း တူနေပါတယ်။ အဖြူစွတ်စွတ်အရောင်ဟာ လူတိုင်းအတွက် အရမ်းကိုကျက်သရေရှိစေပါတယ်။ ဒါပေမယ့် အဖြူရောင်အဝတ်ပေါ်မှာ ချွေးကွက်၊ အဝါရောင်အစွန်း၊ စတာတွေဟာ ကပ်ညိဖို့လွယ်ကူပြီး ပျောက်ကင်းအောင်လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ယခုလိုအဝါရောင်အစွန်းတွေကို ဖယ်ရှားဖို့အတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ မုတ်ဖုတ်ဆော်ဒါ၊ ဒါမှမဟုတ် သံပုရာရည်နဲ့ ရောနှောပြီးလျှော်ဖွတ်ပေးပါ။ ဒါတောင်မှမကျွတ်ရင်တော့ အဝတ်အစား Brand ကိုပြောင်းဝတ်ဖို့ စဉ်းစားရမယ့် အချိန်ပဲဖြစ်ပါတယ်။
၃။ အကျင်္ ီလက်ခေါက်ခြင်း
ရှပ်အကျီင်္လက်ရှည်ကို လက်ခေါက်ပြီး ဝတ်ဆင်ခြင်းဟာ သင့်ကိုပိုပြီးငယ်ရွယ်တယ်လို့ ထင်ရစေပြီး sexy ကျစေပါတယ်။ ဒါပေမယ့် စနစ်တကျလိပ်ပြီးခေါက်တင်ဖို့လည်းလိုအပ်ပါတယ်။ လက်ကိုမခေါက်ပဲ အပေါ်ကိုဆွဲတင်ခြင်းဟာ အတွန့်တွေကိုဖြစ်စေပြီး
ကြည့်ရဆိုးပါလိမ့်မယ်။
၄။ ဗောက်ထခြင်း
ဗောက်ထခြင်းဟာ အရမ်းကိုဆိုးရွားပြီး သင့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတောင် အခြားသူတွေက အထင်သေးနိုင်ပါတယ်။ ဗောက်ထနေတဲ့ အတောအတွင်း အမဲရောင်အဝတ်အစားတွေကိုရှောင်ကျဉ်ဖို့ သတိပြုပါ။ သင်ခေါင်းဖြီးတဲ့အခါ ဆံပင်ကိုသပ်တဲ့အခါတွေမှာ ဗောက်အစက်တွေ အကျင်္ ီမှာတင်နေတတ်ပါတယ်။ ဗောက်ထခြင်းကို ပျောက်ကင်းဖို့အတွက် သင့်ရဲ့ဆံပင်ကို ပိုဂရုစိုက်ပြီး သန့်သန့်ရှင်းရှင်းနဲ့ တပတ်ကို နှစ်ကြိမ်လောက် ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကိုလည်း ဗောက်အမှန်တကယ်ပျောက်ကင်းတဲ့ ခေါင်းလျှော်ရည်နဲ့လျှော်သင့်ပြီး ခေါင်းဖီးကိုသန့်ရှင်းစွာသီးသန့်သုံးစွဲပါ။ ဆံသားပညာရှင်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ဗီတာမင်တွေ မှီဝဲနိုင်ရင်
ပိုကောင်းပါတယ်။
၅။ accessories တွေအရမ်းများခြင်း
မျက်နှာမှာ မိတ်ကပ်တွေလိမ်းချယ်ပြီး Accessories တွေများစွာဝတ်ဆင်ခြင်းဟာ သင့်ကိုကြည့်ရတာ အဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့် ရှင်းရှင်းလေးနဲ့လှပဖို့အတွက် အပိုပစ္စည်းတွေကို များစွာဝတ်ဆင်ခြင်းကို ရှောင်ရှားပါ။
၆။ မုတ်ဆိတ်မွှေးထားခြင်း
အမျိုးသားရဲ့ မုတ်ဆိတ်မွှေးနဲ့ နှုတ်ခမ်းမွှေးဟာ အမျိုးသမီးတွေရဲ့ မိတ်ကပ်အစွမ်းလိုပဲ အပြစ်အနာအဆာနဲ့ အသွင်သဏ္ဍာန်ကို ဖုံးလွှမ်းနိုင်စွမ်းရှိပြီး ခန့်ညားစေပါတယ်။ ဒါပေမယ့် မုတ်ဆိတ်မွှေးထားတဲ့အခါ ဆံပင်ကိုသပ်သပ်ရပ်ရပ် ဖီးဖို့လိုအပ်ပြီး နှုတ်ခမ်းမွှေးတွေ အရမ်းကြီး ရှည်မနေစေဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်ပုံစံဟာ အိုးမဲ့အိမ်မဲ့ ဆင်းရဲသားပုံပေါက်စေပြီး အစားစားတဲ့အခါမှာလည်း ကြည့်ရဆိုးစေပါတယ်။
၇။ ဂျင်းဘာင်းဘီဝတ်တဲ့အခါ
ဂျင်းဘောင်ဘီဝတ်တဲ့အခါကိုယ်နဲ့လိုက်ဖက်မယ့် စတိုင်ကိုရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ တင်ပါးနေရာမှာ ချုပ်ရိုးကြောင်းတွေပါတာကိုရှောင်ရှားပါ။ အနောက်ကကြည့်တဲ့အခါ ကြည့်ရဆိုးစေပြီး ကိုယ့်ရဲ့ကိုယ်ဟန်ကိုလည်း ပျက်စီးစေပါတယ်။
၈။ ဒိတ်လွန်နေတဲ့ အလှကုန်ပစ္စည်းတွေသုံးခြင်း
ဒိတ်အောက်နေတဲ့ အလှကုန်ပစ္စည်းတွေဟာ သင့်ကိုပိုမိုကြည့်ရဆိုးစေပြီး သင့်ရဲ့အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး သင့်ပစ္စည်းတွေဒိတ်လွန်နေပါက စွန့်ပစ်လိုက်ပါ။ ဒါ့အပြင် မျက်တောင်မွှေးကို အရမ်းနက်မှောင်အောင်ဆိုးခြင်း၊ နှုတ်ခမ်းနီကို ထူပိန်းနေအောင်ဆိုးခြင်းတို့ကလည်း သင့်ရဲ့ဆွဲဆောင်မှုကို ကျဆင်းစေနိုင်ပါတယ်။ သဘာဝဆန်ဆန်အလှကို ဖော်ထုတ်ဖို့ကြိုးစားခြင်းကသာလျှင် သင့်ရဲ့ဆွဲဆောင်မှုကို မြင့်မားစေမှာပါ။
၉။ သေးငယ်တဲ့အရာလေးတွေအပေါ် အာရုံမစိုက်ခြင်း
သင့်ရဲ့သွားပေါ်မှာ နှုတ်ခမ်းနီစွန်းနေလို အသေးအမွှားလေးတွေကို ဂရုမစိုက်တတ်ခြင်းဟာလည်း သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျသွားစေပါတယ်။ ဒါကြောင့် အလှပြင်ပြီးမှန်ကိုသေချာကြည့်ပြီး စစ်ဆေးပါ။ ကော်ဖီသောက်ပြီးတဲ့အချိန်၊မုန့်စားပြီးတဲ့အချိန်တွေမှာ ကိုယ့်ရဲ့သွင်ပြင်ကို ပြန်လည်ဆန်းစစ်ဖို့မမေ့ပါနဲ့။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab