• Home
  • Lifestyle
  • Health & Beauty
  • သင့္ခႏၶာကိုယ္က ေျပာျပတတ္တဲ့ သင့္ရဲ႕က်န္းမာေရး
Health & Beauty Lifestyle

သင့္ခႏၶာကိုယ္က ေျပာျပတတ္တဲ့ သင့္ရဲ႕က်န္းမာေရး

ကၽြန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္မွာ က်န္းမာေရးနဲ႔ပတ္သတ္ၿပီး တံု႔ျပန္တတ္တဲ့ လကၡဏာေတြ ျဖစ္ေလ့ရွိပါတယ္။ ဒီလုိသြင္ျပင္လကၡဏာေတြကို ၾကည့္ၿပီး ကိုယ့္ရဲ႕က်န္းမာေရး အေျခအေနကိုသိရွိႏိုင္တာေၾကာင့္ က်န္းမာေရဗဟုသုတရရွိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ႏႈတ္ခမ္းအက္ကြဲ ေျခာက္ေသြ႔ျခင္း
ႏႈတ္ခမ္းေျခာက္ေသြ႔အက္ကြဲျခင္းဟာ မၾကာခဏျဖစ္ေလ့ရွိတဲ့ အရာျဖစ္ၿပီးေတာ့ ေဆာင္းတြင္းဖက္ေတြမွာ ပိုမိုျဖစ္ေလ့ရွိပါတယ္။ အခ်ိန္အေတာ္မ်ားမ်ား ယခုလိုေျခာက္ေသြ႕ေနရင္ေတာ့ ေရဓါတ္ခမ္းေျခာက္ေနေၾကာင္းကို တုန္႔ျပန္မႈအေနနဲ႔ အခ်က္ျပျခင္းပဲျဖစ္ပါတယ္။ ဒီလိုျဖစ္မႈေတြျဖစ္ေလ့ရွိျခင္းဟာ ႏႈတ္ခမ္းအလွကုန္ပစၥည္းေတြ၊ ေဆး၊ သြားႏွင့္ခံတြင္း သန္႔စင္တဲ့ပစၥည္းမ်ား ေၾကာင့္ျဖစ္တတ္ၿပီး ေရမ်ားမ်ားေသာက္ျခင္း ေရဓါတ္ျပန္လည္ျဖည့္တင္းေပးႏိုင္တဲ့ water base ထုတ္ကုန္ေတြကုိ ေျပာင္းလဲသံုးစြဲေပးသင့္ပါတယ္။

၂။ ေျခေထာက္ေတြ ေရာင္ရမ္းျခင္း
ေျခေထာက္ေတြ ေရာင္ရမ္းတာဟာ သိပ္ၿပီးေတာ့မဆန္းပါဘူး။ အမ်ိဳးသမီးေတြ ကိုယ္၀န္ေဆာင္တဲ့အခ်ိန္ေတြ၊ နာရီအေတာ္ၾကာမတ္တပ္ရပ္ေနရတဲ့အခ်ိန္ေတြ၊ ထိုင္တာမ်ားတဲ့အခါေတြမွာ ေသြးက်ၿပီးေရာင္ရမ္းလာတတ္ပါတယ္။ ယခုလိုေတြေၾကာင့္ ျဖစ္တာမဟုတ္ပဲ မၾကာခဏေရာင္ရမ္းေနပါက ဆရာ၀န္နဲ႔ ျပသသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ယခုလိုျဖစ္မႈဟာ ႏွလံုးပိုင္းဆိုင္ရာမွာ ျပႆနာရွိႏိုင္ၿပီး လူႀကီးေရာလူငယ္မွာပါ အခ်ိန္မေရြး ထိခိုက္ႏိုင္ေၾကာင္းကို အေမရိကန္ႏိုင္ငံ Emory Healthcare ကေျပာထားပါတယ္။

၃။ လွ်ာျဖဴဖပ္ျဖဴေရာ္ျဖစ္ျခင္း
ကၽြန္ေတာ္တို႔ရဲ႕လွ်ာဟာ ပံုမွန္အေျခအေနမွာ ပန္းေရာင္ရွိေနၿပီး စိုစြတ္ေနပါတယ္။ တကယ္လို႔သင့္ရဲ႕လွ်ာဟာ ေျခာက္ေသြ႔ၿပီး ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနပါက သံဓါတ္ခ်ိဳ႕တဲ့ေနတဲ့ လကၡဏာပဲျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ ေသြးစစ္တဲ့အခါ သင့္ေသြးထဲမွာသံဓါတ္ေလ်ာ့နည္းေနတာကို ေတြ႔ရမွာျဖစ္ၿပီး သံဓါတ္အားျဖည့္ေဆးေတြနဲ႔၊ ဟင္းႏုနယ္၊ ငါးအမ်ိဳးမ်ိဳးကို စားသံုးေပးသင့္ပါတယ္။

၄။ ပံုမွန္မဟုတ္ေသာ ေခၽြးအနံ႔
သင့္ရဲ႕ေခၽြးအနံ႔ဟာ သင့္ရဲ႕အေထြေထြက်န္းမာေရးနဲ႔ ပတ္သတ္ၿပီး အခ်က္အလက္ေတြအမ်ားႀကီး ေပးႏိုင္ပါတယ္။ သင့္ရဲ႕ေခၽြးနံ႔ဟာ အရင္လိုမဟုတ္ပဲ အနံ႔ျပင္းျခင္း၊ ေျပာင္းလဲျခင္းတို႕ ျဖစ္ေနပါက အသည္းနဲ႔ေက်ာက္ကပ္ ျပႆနာရွိႏိုင္ၿပီး ဆီးခ်ိဳေရာဂါကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

၅။ မ်က္ခံုးေမႊးကၽြတ္ျခင္း
မ်က္ခံုးေမြးထူထဲၿပီး နက္ေမွာင္ျခင္းဟာ လူတစ္ေယာက္ရဲ႕အလွကိုပိုမိုထူးျခားေစပါတယ္။ ဒါေပမယ့္ သင့္ရဲ႕မ်က္ခံုးေမႊးေတြ ပါးလာလွ်င္ေတာ့ ဒါဟာသိုင္းရြိဳက္ေရာဂါေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သိုင္းရြိဳက္ေရာဂါ ျဖစ္လာတာနဲ႔အမွ် အျပင္ဖက္မ်က္ခံုးေမႊးေတြ ကၽြတ္ထြက္လာၿပီး ပါးလႊာလာတတ္တာေၾကာင့္ မေပါ့ဆဖို႔ လိုအပ္ပါတယ္။

၆။ ေျခေထာက္ေတြနံျခင္း
ေျခေထာက္ေတြနံျခင္းဟာ ဖိနပ္ေျခအိတ္တို႔ မသန္႔ရွင္းျခင္းေၾကာင့္ ျဖစ္ေလ့ရွိၿပီး အကယ္၍ သန္႔ရွင္းေနေသာ္လည္း ေျခေထာက္ေတြနံေနရင္ေတာ့ ဖန္းဂတ္စ္ပိုးကူးစက္ခံရျခင္းရဲ႕ လကၡဏာပဲျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ သင့္ရဲ႕ေျခအိတ္ေတြ ဖိနပ္ေတြကို အသစ္လဲသင့္မွသာ ယားယံျခင္းနဲ႔ အနီဖုေတြထျခင္းကို ကာကြယ္ႏိုင္ပါလိမ့္မယ္။

၇။ သြားေတြမညီမညာျဖစ္ျခင္း
သြားေတြမညီမညာျဖစ္ျခင္းဟာ စိတ္ဖိစီးမႈတိုးပြားမႈနဲ႔ ဆက္စပ္ေနေၾကာင္း Colgate ရဲ႕အစီရင္ခံစာမွာေဖာ္ျပထားၿပီး ညဖက္အိပ္တဲ့အခါမွာလည္း သြားႀကိတ္တတ္ေၾကာင္း သိရွိရပါတယ္။

၈။ အသားအေရေျခာက္ေသြ႔ျခင္း
ရာသီဥတုေအးျခင္းနဲ႔ ေျခာက္ေသြ႕တဲ့အခါ အသားအေရေျခာက္ေသြ႕ျခင္းဟာ ပံုမွန္ျဖစ္ေသာ္လည္း အျမဲတမ္းေျခာက္ေသြ႕တတ္ပါက အေရးျပားကို ေရဓါတ္ျဖည့္တင္းဖို႔လိုအပ္ၿပီး ေရမ်ားမ်ားေသာက္သံုးဖို႔ လိုအပ္ပါတယ္။ အဆိုပါအသားအေရေျခာက္ေသြ႕သူေတြအတြက္ အေထာက္အကူျဖစ္ေစဖို႔ essential fatty acids, vitamin E, vitamin D, vitamin A and potassium, စတဲ့ပစၥည္းေတြပါ၀င္တဲ့ ေဆး၀ါးေတြ အစားအစာေတြကို ပိုမိုမွီ၀ဲဖို႔အတြက္ ဆရာ၀န္ေတြက အၾကံျပဳထားပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar

Skinny jeans ေတြနဲ႔ ဝတ္ဆင္ဖို႔ အေကာင္းဆံုး ဖိနပ္ေလးေတြ


Unicode

သင့်ခန္ဓာကိုယ်က ပြောပြတတ်တဲ့ သင့်ရဲ့ကျန်းမာရေး
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး တုံ့ပြန်တတ်တဲ့ လက္ခဏာတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုသွင်ပြင်လက္ခဏာတွေကို ကြည့်ပြီး ကိုယ့်ရဲ့ကျန်းမာရေး အခြေအနေကိုသိရှိနိုင်တာကြောင့် ကျန်းမာရေဗဟုသုတရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ နှုတ်ခမ်းအက်ကွဲ ခြောက်သွေ့ခြင်း
နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်းဟာ မကြာခဏဖြစ်လေ့ရှိတဲ့ အရာဖြစ်ပြီးတော့ ဆောင်းတွင်းဖက်တွေမှာ ပိုမိုဖြစ်လေ့ရှိပါတယ်။ အချိန်အတော်များများ ယခုလိုခြောက်သွေ့နေရင်တော့ ရေဓါတ်ခမ်းခြောက်နေကြောင်းကို တုန့်ပြန်မှုအနေနဲ့ အချက်ပြခြင်းပဲဖြစ်ပါတယ်။ ဒီလိုဖြစ်မှုတွေဖြစ်လေ့ရှိခြင်းဟာ နှုတ်ခမ်းအလှကုန်ပစ္စည်းတွေ၊ ဆေး၊ သွားနှင့်ခံတွင်း သန့်စင်တဲ့ပစ္စည်းများ ကြောင့်ဖြစ်တတ်ပြီး ရေများများသောက်ခြင်း ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ water base ထုတ်ကုန်တွေကို ပြောင်းလဲသုံးစွဲပေးသင့်ပါတယ်။

၂။ ခြေထောက်တွေ ရောင်ရမ်းခြင်း
ခြေထောက်တွေ ရောင်ရမ်းတာဟာ သိပ်ပြီးတော့မဆန်းပါဘူး။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အချိန်တွေ၊ နာရီအတော်ကြာမတ်တပ်ရပ်နေရတဲ့အချိန်တွေ၊ ထိုင်တာများတဲ့အခါတွေမှာ သွေးကျပြီးရောင်ရမ်းလာတတ်ပါတယ်။ ယခုလိုတွေကြောင့် ဖြစ်တာမဟုတ်ပဲ မကြာခဏရောင်ရမ်းနေပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုလိုဖြစ်မှုဟာ နှလုံးပိုင်းဆိုင်ရာမှာ ပြဿနာရှိနိုင်ပြီး လူကြီးရောလူငယ်မှာပါ အချိန်မရွေး ထိခိုက်နိုင်ကြောင်းကို အမေရိကန်နိုင်ငံ Emory Healthcare ကပြောထားပါတယ်။

၃။ လျှာဖြူဖပ်ဖြူရော်ဖြစ်ခြင်း
ကျွန်တော်တို့ရဲ့လျှာဟာ ပုံမှန်အခြေအနေမှာ ပန်းရောင်ရှိနေပြီး စိုစွတ်နေပါတယ်။ တကယ်လို့သင့်ရဲ့လျှာဟာ ခြောက်သွေ့ပြီး ဖြူဖပ်ဖြူရော်ဖြစ်နေပါက သံဓါတ်ချို့တဲ့နေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သွေးစစ်တဲ့အခါ သင့်သွေးထဲမှာသံဓါတ်လျော့နည်းနေတာကို တွေ့ရမှာဖြစ်ပြီး သံဓါတ်အားဖြည့်ဆေးတွေနဲ့၊ ဟင်းနုနယ်၊ ငါးအမျိုးမျိုးကို စားသုံးပေးသင့်ပါတယ်။

၄။ ပုံမှန်မဟုတ်သော ချွေးအနံ့
သင့်ရဲ့ချွေးအနံ့ဟာ သင့်ရဲ့အထွေထွေကျန်းမာရေးနဲ့ ပတ်သတ်ပြီး အချက်အလက်တွေအများကြီး ပေးနိုင်ပါတယ်။ သင့်ရဲ့ချွေးနံ့ဟာ အရင်လိုမဟုတ်ပဲ အနံ့ပြင်းခြင်း၊ ပြောင်းလဲခြင်းတို့ ဖြစ်နေပါက အသည်းနဲ့ကျောက်ကပ် ပြဿနာရှိနိုင်ပြီး ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

၅။ မျက်ခုံးမွှေးကျွတ်ခြင်း
မျက်ခုံးမွေးထူထဲပြီး နက်မှောင်ခြင်းဟာ လူတစ်ယောက်ရဲ့အလှကိုပိုမိုထူးခြားစေပါတယ်။ ဒါပေမယ့် သင့်ရဲ့မျက်ခုံးမွှေးတွေ ပါးလာလျှင်တော့ ဒါဟာသိုင်းရွိုက်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ရောဂါ ဖြစ်လာတာနဲ့အမျှ အပြင်ဖက်မျက်ခုံးမွှေးတွေ ကျွတ်ထွက်လာပြီး ပါးလွှာလာတတ်တာကြောင့် မပေါ့ဆဖို့ လိုအပ်ပါတယ်။

၆။ ခြေထောက်တွေနံခြင်း
ခြေထောက်တွေနံခြင်းဟာ ဖိနပ်ခြေအိတ်တို့ မသန့်ရှင်းခြင်းကြောင့် ဖြစ်လေ့ရှိပြီး အကယ်၍ သန့်ရှင်းနေသော်လည်း ခြေထောက်တွေနံနေရင်တော့ ဖန်းဂတ်စ်ပိုးကူးစက်ခံရခြင်းရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သင့်ရဲ့ခြေအိတ်တွေ ဖိနပ်တွေကို အသစ်လဲသင့်မှသာ ယားယံခြင်းနဲ့ အနီဖုတွေထခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။

၇။ သွားတွေမညီမညာဖြစ်ခြင်း
သွားတွေမညီမညာဖြစ်ခြင်းဟာ စိတ်ဖိစီးမှုတိုးပွားမှုနဲ့ ဆက်စပ်နေကြောင်း Colgate ရဲ့အစီရင်ခံစာမှာဖော်ပြထားပြီး ညဖက်အိပ်တဲ့အခါမှာလည်း သွားကြိတ်တတ်ကြောင်း သိရှိရပါတယ်။

၈။ အသားအရေခြောက်သွေ့ခြင်း
ရာသီဥတုအေးခြင်းနဲ့ ခြောက်သွေ့တဲ့အခါ အသားအရေခြောက်သွေ့ခြင်းဟာ ပုံမှန်ဖြစ်သော်လည်း အမြဲတမ်းခြောက်သွေ့တတ်ပါက အရေးပြားကို ရေဓါတ်ဖြည့်တင်းဖို့လိုအပ်ပြီး ရေများများသောက်သုံးဖို့ လိုအပ်ပါတယ်။ အဆိုပါအသားအရေခြောက်သွေ့သူတွေအတွက် အထောက်အကူဖြစ်စေဖို့ essential fatty acids, vitamin E, vitamin D, vitamin A and potassium, စတဲ့ပစ္စည်းတွေပါ၀င်တဲ့ ဆေးဝါးတွေ အစားအစာတွေကို ပိုမိုမှီဝဲဖို့အတွက် ဆရာဝန်တွေက အကြံပြုထားပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

Related posts

ပ်ိဳေမေတြအတြက္ ေဆာင္းရာသီမွာ ဆံပင္ထိန္းသိမ္းမႈ သိေကာင္းစရာမ်ား

Nandar Lwin

သဘာ၀အတိုင္း ရင္သားအရြယ္အစားကို တိုးေစမယ့္ Vaseline

Nandar Lwin

ရွာလကာရည္သံုးၿပီး အိမ္သာကို သဘာ၀အတိုင္း သန္႔ရွင္းဖို႔

Nandar Lwin

Leave a Comment