တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈမလြဲေအာင္ ေျပာဆိုရတာဟာ တကယ္ေတာ့ သိမ္ေမြ႔နက္နဲတဲ့ အရာတစ္ခုပါ။ အထူးသျဖင့္ အခ်စ္ေရးမွာေပါ့။ ကိုယ့္ရဲ႕ခ်စ္သူနဲ႔ ေျပာဆိုဆက္ဆံေနတဲ့ အခါ စိတ္ကလြတ္လပ္ေပါ့ပါးေနတဲ့အတြက္ တစ္ခါတစ္ေလမွာ စိတ္ထဲေပါ့ေပါ့ပါးပါးပဲ ေျပာဆိုလိုက္ၿပီး ကိုယ့္ရဲ႕စကားေၾကာင့္ ခ်စ္သူမွာနာက်င္ရတဲ့ အခါေတြလည္း ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ relationship အတြင္း ေျပာဆိုဆက္ဆံတဲ့အခါ ဆိုး၀ါးၿပီးညစ္ညမ္းတဲ့စကားလံုးေတြကို မသံုးစြဲသင့္႐ံုသာမက နားလည္မႈလြဲႏိုင္တဲ့ စကားေတြကို ေရွာင္က်ဥ္ႏိုင္ဖို႔အတြက္ စည္းမ်ဥ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ သင္မလိုခ်င္တာကိုေျပာမယ္အစား ျဖစ္ခ်င္တာကိုေျပာပါ
သင္တို႔ႏွစ္ေယာက္ဟာ ဘယ္ေလာက္ပဲအဆင္ေျပေနၿပီး တစ္ေယာက္ကိုတစ္ေယာက္ နားလည္မႈရွိပါေစ တစ္ခါတစ္ေလမွာ ေမွ်ာ္လင့္မထားတဲ့ အဓိပၸာယ္ေကာက္မႈေတြေၾကာင့္ ျပႆနာေလးေတြ ၾကံဳလာႏိုင္ပါတယ္။ ျပႆနာတိုင္းဟာလည္း သင့္ရဲ႕အႏႈတ္သေဘာေဆာင္တဲ့ ေျပာဆိုမႈေတြဆီကပဲ လာတာမဟုတ္ေၾကာင္းကို သတိျပဳပါ။ သင့္ရဲ႕ခ်စ္သူဆီကိုတစ္ခုခု ေျပာင္းလဲေစခ်င္တဲ့အခါ “မလုပ္နဲ႔” ” မေျပာနဲ႔” စတဲ့အမိန္႔ဆန္တဲ့ စကားလံုးေတြသံုးမယ့္အစား သင္ျဖစ္ေစခ်င္တဲ့ပံုစံကို ေျပာင္းလဲေျပာဆိုပါ။ ဥပမာ “ငါ့ဘ၀ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြကို လိုက္စြက္ဖက္တာ မလိုခ်င္ဘူး၊ လိုက္မစြက္ဖက္ပါနဲ႔ လို႔ေျပာမယ့္အစား “နင္ငါ့ကို ယံုၾကည္မယ္လို႔ ငါေမွ်ာ္လင့္တယ္” စတဲ့စကားမ်ိဳးက အဓိပၸာယ္အတူတူပဲ ျဖစ္ေပမယ့္ အရမ္းကို႐ိုးရွင္းၿပီး သင့္အတြက္ ပိုထိေရာက္ေစသလို ျပႆနာတစ္စံုတစ္ရာလည္း ျဖစ္မွာမဟုတ္ေတာ့ပါဘူး။
၂။ ဆြဲေဆာင္မႈရွိတဲ့ စကားဆက္ကိုသံုးပါ
စကားလံုးေတြမွာ အင္အားေတြရွိပါတယ္။ ဘာမွမဟုတ္ဖူးလို႔ ထင္ရတဲ့စကားဆက္ေလးေတြေတာင္မွ သက္ေရာက္မႈအဓိပၸာယ္ေျပာင္းလဲသြားတတ္ပါတယ္။ ဥပမာ- ငါနင့္ကို နားလည္ပါတယ္၊ “‘ဒါေပမယ့္” နင္ငါ့ကိုလည္း နားလည္ေပးဖို႔ လိုအပ္တယ္။ ယခုလိုစကားမ်ိဳးကို ဒါေပမယ့္ ဆိုတဲ့စကားလံုးအစား ၿပီးေတာ့ ဆိုတဲ့ စကားလံုးမိ်ဳးက ပိုၿပီးသိမ္ေမြ႔သလို ဆြဲေဆာင္မႈ ရွိပါတယ္။ ဥပမာ- ငါနင့္ကို နားလည္ပါတယ္၊ ၿပီးေတာ့ ငါ့ကိုလည္း နားလည္ေပးေစခ်င္တယ္။ ထိုစကားမ်ိဳးဟာ အဓိပၸာယ္အတူတူပဲ ျဖစ္ေပမယ့္ ဒုတိယစကားက ပိုၿပီးထိေရာက္ေစႏိုင္တာေၾကာင့္ ယခုလိုစကားမ်ိဳးေတြကို ဂ႐ုစိုက္ၿပီး ေျပာဆိုသင့္ပါတယ္။
၃။ အဆိုးျမင္အေတြးနဲ႔ မခ်ီးမြမ္းပါနဲ႔
တစ္စံုတစ္ေယာက္ကို သင္ခ်ီးမြန္းလိုတဲ့အခါ ေ၀ဖန္မႈေတြ မေရာေထြးမိပါေစနဲ႔။ ဘာေၾကာင့္လည္းဆိုေတာ့ လူရဲ႕ဦးေႏွာက္က ေကာင္းတာေျပာတဲ့စကားထက္ မေကာင္းတာေျပာတဲ့စကားမ်ိဳးကို ပိုၿပီးအာ႐ံုစိုက္တတ္တာေၾကာင့္ မၾကာခဏ နားလည္မႈလႊဲတဲ့ကိစၥေတြ ျဖစ္ေစတတ္ပါတယ္။ စကားအရာမွာ လိမၼာပါးနပ္တဲ့ သူေတြက သူတို႔စိတ္ထဲမေက်နပ္မႈကို ထုတ္ေဖာ္ေျပာခ်င္တဲ့အခါ အနည္းငယ္ခ်ီးမြန္းၿပီးမွ ေ၀ဖန္မႈလိုစကားမ်ိဳးကို ေျပာတတ္ၾကတာ သင္သတိထားမိမွာပါ။ အထူးသျဖင့္ relationship မွာေတာ့ ယခုလိုေျပာဆိုတတ္ျခင္းဟာ နားလည္မႈလႊဲေစႏိုင္ပါတယ္။ ဒါေၾကာင့္ ခ်ီးမြန္းတဲ့အခါ၊ ၀မ္းသာမႈအတြက္ ေက်းဇူးတင္တဲ့အခါေတြမွာ အျခားေ၀ဖန္မႈေတြ မေရာေထြးေစရန္
ဂ႐ုစိုက္သင့္ပါတယ္။ ဥပမာ- ညစာခ်က္ထားတာ အရမ္းအရသာရွိတယ္၊ မေန႔ကလို မဟုတ္ဖူး လို႔ေျပာမယ့္အစား ညစာစားရတာအရသာရွိတယ္၊ ေက်းဇူးပါ စတဲ့ ခ်ီးက်ဴးမႈသက္သက္စကားလံုးမ်ိဳးက တဖက္သားကိုျပည့္ျပည့္၀၀ေပ်ာ္ရြင္ေစၿပီး နားလည္မႈလြဲတဲ့ ကိစၥေတြကင္းေ၀းေစပါတယ္။
ဒါေၾကာင့္ စကားလံုးေတြကို ေလ်ာ့မတြက္ေစခ်င္သလို စကားေျပာမႈနဲ႔ ပတ္သတ္ၿပီးပ်င္းရိျခင္းကို ေရွာင္က်ဥ္သင့္ပါတယ္။ ယခုလိုစကားအသံုးအႏႈန္းေတြကို ပိုၿပီးက်စ္လစ္ေအာင္နဲ႔ အဓိပၸာယ္ျပည့္၀ေအာင္ ဂ႐ုစိုက္ သံုးစြဲတဲ့ အေလ့အထဟာ သင့္ရဲ႕ relationship အတြင္းမွာသာမကပဲ လူမႈပတ္၀န္းက်င္ေပါင္းသင္းဆက္ဆံေရးမွာပါ ေအာင္ျမင္မႈေတြ ရရွိေစပါလိမ့္မယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source_Brightside,Psychologytoday
သင္တြဲေနတဲ့ခ်စ္သူဟာ စိတ္ပိုင္းဆိုင္ရာဆိုက္ကို ၀င္ေနေၾကာင္း သက္ေသျပေနတဲ့ အခ်က္ (၈)
သင့်ရဲ့ relationship အတွင်းနားလည်မှုလွဲခြင်းအားလုံးကို ချေဖျက်နိုင်မယ့် စည်းမျဉ်း (၃)ချက်
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမလွဲအောင် ပြောဆိုရတာဟာ တကယ်တော့ သိမ်မွေ့နက်နဲတဲ့ အရာတစ်ခုပါ။ အထူးသဖြင့် အချစ်ရေးမှာပေါ့။ ကိုယ့်ရဲ့ချစ်သူနဲ့ ပြောဆိုဆက်ဆံနေတဲ့ အခါ စိတ်ကလွတ်လပ်ပေါ့ပါးနေတဲ့အတွက် တစ်ခါတစ်လေမှာ စိတ်ထဲပေါ့ပေါ့ပါးပါးပဲ ပြောဆိုလိုက်ပြီး ကိုယ့်ရဲ့စကားကြောင့် ချစ်သူမှာနာကျင်ရတဲ့ အခါတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် relationship အတွင်း ပြောဆိုဆက်ဆံတဲ့အခါ ဆိုးဝါးပြီးညစ်ညမ်းတဲ့စကားလုံးတွေကို မသုံးစွဲသင့်ရုံသာမက နားလည်မှုလွဲနိုင်တဲ့ စကားတွေကို ရှောင်ကျဉ်နိုင်ဖို့အတွက် စည်းမျဉ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သင်မလိုချင်တာကိုပြောမယ်အစား ဖြစ်ချင်တာကိုပြောပါ
သင်တို့နှစ်ယောက်ဟာ ဘယ်လောက်ပဲအဆင်ပြေနေပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိပါစေ တစ်ခါတစ်လေမှာ မျှော်လင့်မထားတဲ့ အဓိပ္ပာယ်ကောက်မှုတွေကြောင့် ပြဿနာလေးတွေ ကြုံလာနိုင်ပါတယ်။ ပြဿနာတိုင်းဟာလည်း သင့်ရဲ့အနှုတ်သဘောဆောင်တဲ့ ပြောဆိုမှုတွေဆီကပဲ လာတာမဟုတ်ကြောင်းကို သတိပြုပါ။ သင့်ရဲ့ချစ်သူဆီကိုတစ်ခုခု ပြောင်းလဲစေချင်တဲ့အခါ “မလုပ်နဲ့” ” မပြောနဲ့” စတဲ့အမိန့်ဆန်တဲ့ စကားလုံးတွေသုံးမယ့်အစား သင်ဖြစ်စေချင်တဲ့ပုံစံကို ပြောင်းလဲပြောဆိုပါ။ ဥပမာ “ငါ့ဘဝရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို လိုက်စွက်ဖက်တာ မလိုချင်ဘူး၊ လိုက်မစွက်ဖက်ပါနဲ့ လို့ပြောမယ့်အစား “နင်ငါ့ကို ယုံကြည်မယ်လို့ ငါမျှော်လင့်တယ်” စတဲ့စကားမျိုးက အဓိပ္ပာယ်အတူတူပဲ ဖြစ်ပေမယ့် အရမ်းကိုရိုးရှင်းပြီး သင့်အတွက် ပိုထိရောက်စေသလို ပြဿနာတစ်စုံတစ်ရာလည်း ဖြစ်မှာမဟုတ်တော့ပါဘူး။
၂။ ဆွဲဆောင်မှုရှိတဲ့ စကားဆက်ကိုသုံးပါ
စကားလုံးတွေမှာ အင်အားတွေရှိပါတယ်။ ဘာမှမဟုတ်ဖူးလို့ ထင်ရတဲ့စကားဆက်လေးတွေတောင်မှ သက်ရောက်မှုအဓိပ္ပာယ်ပြောင်းလဲသွားတတ်ပါတယ်။ ဥပမာ- ငါနင့်ကို နားလည်ပါတယ်၊ “‘ဒါပေမယ့်” နင်ငါ့ကိုလည်း နားလည်ပေးဖို့ လိုအပ်တယ်။ ယခုလိုစကားမျိုးကို ဒါပေမယ့် ဆိုတဲ့စကားလုံးအစား ပြီးတော့ ဆိုတဲ့ စကားလုံးမျိုးက ပိုပြီးသိမ်မွေ့သလို ဆွဲဆောင်မှု ရှိပါတယ်။ ဥပမာ- ငါနင့်ကို နားလည်ပါတယ်၊ ပြီးတော့ ငါ့ကိုလည်း နားလည်ပေးစေချင်တယ်။ ထိုစကားမျိုးဟာ အဓိပ္ပာယ်အတူတူပဲ ဖြစ်ပေမယ့် ဒုတိယစကားက ပိုပြီးထိရောက်စေနိုင်တာကြောင့် ယခုလိုစကားမျိုးတွေကို ဂရုစိုက်ပြီး ပြောဆိုသင့်ပါတယ်။
၃။ အဆိုးမြင်အတွေးနဲ့ မချီးမွမ်းပါနဲ့
တစ်စုံတစ်ယောက်ကို သင်ချီးမွန်းလိုတဲ့အခါ ဝေဖန်မှုတွေ မရောထွေးမိပါစေနဲ့။ ဘာကြောင့်လည်းဆိုတော့ လူရဲ့ဦးနှောက်က ကောင်းတာပြောတဲ့စကားထက် မကောင်းတာပြောတဲ့စကားမျိုးကို ပိုပြီးအာရုံစိုက်တတ်တာကြောင့် မကြာခဏ နားလည်မှုလွှဲတဲ့ကိစ္စတွေ ဖြစ်စေတတ်ပါတယ်။ စကားအရာမှာ လိမ္မာပါးနပ်တဲ့ သူတွေက သူတို့စိတ်ထဲမကျေနပ်မှုကို ထုတ်ဖော်ပြောချင်တဲ့အခါ အနည်းငယ်ချီးမွန်းပြီးမှ ဝေဖန်မှုလိုစကားမျိုးကို ပြောတတ်ကြတာ သင်သတိထားမိမှာပါ။ အထူးသဖြင့် relationship မှာတော့ ယခုလိုပြောဆိုတတ်ခြင်းဟာ နားလည်မှုလွှဲစေနိုင်ပါတယ်။ ဒါကြောင့် ချီးမွန်းတဲ့အခါ၊ ၀မ်းသာမှုအတွက် ကျေးဇူးတင်တဲ့အခါတွေမှာ အခြားဝေဖန်မှုတွေ မရောထွေးစေရန်
ဂရုစိုက်သင့်ပါတယ်။ ဥပမာ- ညစာချက်ထားတာ အရမ်းအရသာရှိတယ်၊ မနေ့ကလို မဟုတ်ဖူး လို့ပြောမယ့်အစား ညစာစားရတာအရသာရှိတယ်၊ ကျေးဇူးပါ စတဲ့ ချီးကျူးမှုသက်သက်စကားလုံးမျိုးက တဖက်သားကိုပြည့်ပြည့်ဝဝပျော်ရွင်စေပြီး နားလည်မှုလွဲတဲ့ ကိစ္စတွေကင်းဝေးစေပါတယ်။
ဒါကြောင့် စကားလုံးတွေကို လျော့မတွက်စေချင်သလို စကားပြောမှုနဲ့ ပတ်သတ်ပြီးပျင်းရိခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ယခုလိုစကားအသုံးအနှုန်းတွေကို ပိုပြီးကျစ်လစ်အောင်နဲ့ အဓိပ္ပာယ်ပြည့်ဝအောင် ဂရုစိုက် သုံးစွဲတဲ့ အလေ့အထဟာ သင့်ရဲ့ relationship အတွင်းမှာသာမကပဲ လူမှုပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံရေးမှာပါ အောင်မြင်မှုတွေ ရရှိစေပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source_Brightside,Psychologytoday