လူတိုင္းဟာ စိတ္ပိုင္းဆိုင္ရာအျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီၾကေပမယ့္ relationship တစ္ခုမွာ တစ္ေယာက္က အျမဲလိုလိုစိတ္ထိခိုက္ေနရၿပီး မလံုျခံဳမႈေတြ၊ အၾကမ္းပတမ္း ဆက္ဆံခံရျခင္းေတြဟာ ကိုယ္တြဲေနတဲ့သူမွာ ဆိုက္ကိုတစ္ခုခုရွိေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီလို relationship ကေန ႐ုန္းထြက္ဖို႔ဆိုတာလည္း ခက္ခဲႏိုင္ၿပီး တသက္လံုးသည္းခံၿပီးေပါင္းသင္းဖို႔ ဆိုတာကလည္း မလြယ္တဲ့အရာတစ္ခုပါ။ ဒါေပမယ့္ ဆိုက္ကိုသမားတစ္ေယာက္ရဲ႕ လကၡဏာေတြကို သိရွိျခင္းေၾကာင့္ သင္တစ္ခုခုလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အတြက္ သူတို႔ေတြရဲ႕ လကၡဏာရပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ပထမဆံုး သင္ဆိုက္ကိုသမားတစ္ေယာက္နဲ႔ တြဲေနရျခင္းဟာ သင့္ရဲ႕ေခၚဆိုမႈေၾကာင့္ ဆိုတာကိုေတာ့ သိထားေပးပါ။
၁။ သင္တို႔ရဲ႕ relationship ကအခက္အခဲေတြကို သင့္အေပၚ အျပစ္ပံုခ်တယ္
ဆိုက္ကိုသမားတစ္ေယာက္ဟာ အရာအားလံုးကို သင့္အမွားပဲျဖစ္ေအာင္ ျပဳလုပ္ဖို႔ ႀကိဳးစားတတ္ပါတယ္။ သူတို႔ေတြဟာ သူတို႔ရဲ႕အမွားကို ကိုယ္တိုင္သိရွိၿပီး နားလည္ၾကပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔ေတြဟာ စဥ္းစားဥာဏ္ကင္းမဲ့သူေတြ မဟုတ္လို႔ပါ။ ဒါေပမယ့္ ဆိုက္ကိုသမားေတြရဲ႕ သဘာ၀ကိုက သူတို႔ရဲ႕အမွားကို ႐ိုးရွင္းစြာ၀န္မခံႏိုင္ၾကတာေၾကာင့္ သင့္အမွားလို႔ ခံစားရေအာင္ သူတို႔ကျပဳလုပ္တာျဖစ္ပါတယ္။
၂။ သင့္ခံစားခ်က္ကို ဆိုး၀ါးေအာင္ျပဳလုပ္ေစဖို႔ အဆက္မျပတ္လိမ္ညာတတ္တယ္
ဆိုက္ကိုေတြဟာ သင့္ရဲ႕ ခံစားခ်က္ကို တကယ့္ကိုဂ႐ုမစိုက္တတ္ၾကပဲ ေထာင့္ေပါင္းစံုကေန လိမ္ညာဖို႔ႀကိဳးစားတတ္ပါတယ္။ သူတို႔ေတြဟာ သာမာန္အရာေလးေတြကိုေတာင္မွ အမွန္အတိုင္းမေျပာတတ္တဲ့အတြက္ သူတို႔ဘယ္ေနရာမွဘာလုပ္ေနတယ္ ဆိုတာကို လံုး၀သိႏိုင္လိမ့္မွာ မဟုတ္ပါဘူး။ လိမ္ညာျခင္းဟာ သူတို႔အတြက္ ဒုတိယသဘာ၀တစ္ခုျဖစ္ၿပီး အမွန္တရားျဖစ္လုနီးနီး ေကာင္းမြန္ေသသပ္ေအာင္ လိမ္ညာတတ္ျခင္းဟာလည္း သူတို႔ရဲ႕အရည္အခ်င္း တစ္ခုပါ။ ဒီလိုလိမ္ညာမႈအေပၚကို သူတို႔ေတြက ေထြေထြထူးထူး အေရးမထားတတ္ၾကပါဘူး။
၃။ သူတို႔မစြမ္းေဆာင္ႏိုင္မႈေၾကာင့္ ေအာင္ျမင္မႈမရျခင္းအေပၚ သင့္ကိုအျပစ္ပံုခ်တယ္
စိတ္ပိုင္းဆိုင္ရာ မျပည့္၀တဲ့သူေတြဟာ သူတို႔ရဲ႕အ႐ႈံးအားလံုးကို ကမာၻႀကီးနဲ႔ပတ္သတ္တဲ့ အရာအားလံုးအေပၚ အျပစ္ပံုခ်ဖို႔ ႀကိဳးစားတတ္ပါတယ္။ အထူးသျဖင့္ သင့္ကိုေပါ့။ သင့္ရဲ႕ ခံစားခ်က္အေပၚကိုလည္း ေလွာင္ရယ္ဖို႔ ဂ႐ုစိုက္တတ္ၾကၿပီး ” ငါ့ေမွ်ာ္လင့္ခ်က္ေတြကို ဆံုး႐ႈံးရတာ နင့္ေၾကာင့္” စတဲ့စကားလံုးမ်ိဳးေတြနဲ႔ သင့္ေခါင္းကို ဗံုတီးသလိုအဆက္မျပတ္ ထုႏွက္ဖို႔ႀကိဳးစားတတ္ၾကပါတယ္။
၄။ သင့္ရဲ႕ဂုဏ္သိကၡာနဲ႔ ကိုယ့္ကိုယ္ကိုေလးစားမႈကို ေလ်ာ့ခ်ဖို႔ ႀကိဳးစားတတ္တယ္
ဆိုက္ကိုသမားေတြဟာ သူတို႔ကိုတကယ္တန္ဖိုးထား ခ်စ္တဲ့သူကိုသာ ရွာေဖြတတ္ၾကၿပီး ခ်စ္သူရဲ႕ ေသးငယ္တဲ့အက်ိဳးအျမတ္ေတြနဲ႔ လိုအပ္ခ်က္ေတြကိုကအစ ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတတ္ပါတယ္။ ဒီလိုထိန္းခ်ဳပ္ခံရျခင္းေၾကာင့္ သင့္ရဲ႕ခံစားခ်က္ေတြ ဘယ္ေတာ့မွမတံု႕ျပန္ႏိုင္ေတာ့သလို ကိုယ့္ရဲ႕ဂုဏ္သိကၡာနဲ႔ ေလးစားမႈကိုပါ ေမ့ေလ်ာ့လာေစတဲ့အထိ ျဖစ္ေစတတ္ပါတယ္။
၅။ အျခားသူေတြနဲ႔ ဆက္သြယ္မႈကို တားဆီးတယ္
ဒီလိုလူမ်ိဳးနဲ႔ ေပါင္းသင္းရတဲ့အခါ သင္ဘယ္ေတာ့မွ အျခားအကူအညီေတြ ရရွိေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင့္ သင့္ရဲ႕ကမာၻဟာကန္႔သတ္ခံရျခင္းေၾကာင့္ သူငယ္ခ်င္းေတြ မိသားစုေတြနဲ႔ ဆက္သြယ္ေျပာဖို႔ေတာင္မွ ကန္႔သတ္ခံရ ပါလိမ့္မယ္။ သင့္ရဲ႕ရွင္သန္မႈဟာလည္း သူတို႔အေပၚမွာ မူတည္ေနေအာင္ ခ်ည္ေႏွာင္ခံရတဲ့အတြက္ တျဖည္းျဖည္းသင္အထီးက်န္ျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။
၆။ သူတို႔ရဲ႕ အမိန္႔အာဏာကို သင္ထာ၀ရ ႐ုန္းကန္ရလိမ့္မယ္
ဆိုက္ကိုသမားေတြဟာ သူတို႔ရဲ႕လက္တြဲေဖာ္ကို စိတ္ပိုင္းဆိုင္ရာ ၊ ႐ုပ္ပိုင္းဆိုင္ရာေတြမွာ ထိန္းခ်ဳပ္ဖို႔အတြက္ အျမဲတမ္းလိုအပ္ေနပါတယ္။ ဒီလို ထိန္းခ်ဳပ္ဖို႔အတြက္ ၿခိမ္းေျခာက္မႈေတြ၊ ႐ုပ္ပိုင္းစိတ္ပိုင္း အၾကမ္းဖက္မႈေတြကို သံုးတတ္ၾကၿပီး သင္ဟာစိတ္ပိုင္း႐ုပ္ပိုင္း ဒါဏ္ရာေတြနဲ႔ ရပ္တည္ရပါလိမ့္မယ္။ ဒီလိုအေျခအေနမွာ သင့္အတြက္အေကာင္းဆံုးက သင္အယံုၾကည္ရဆံုး၊ အားအကိုးရဆံုး၊ သူ႔ကိုရင္ဆိုင္ႏိုင္မယ့္ သင့္ရဲ႕မိဘ အႀကီးအကဲေတြကို အကူအညီေတာင္းၿပီး ဒီလိုဒုကၡေတြကေန ႐ုန္းထြက္ႏိုင္ေအာင္ ႀကိဳးစားပါ။ တစ္ခုလပ္ျဖစ္မွာထက္ ကိုယ့္ကိုကၽြန္တစ္ေယာက္လို ဆက္ဆံခံရျခင္းက ပိုၿပီးဆိုး၀ါးပါတယ္။
၇။ သင့္ရဲ႕ပုဂၢိဳလ္ေရး ဆက္သြယ္မႈေတြကို စစ္ေဆးဖို႔အဆက္မျပတ္ ႀကိဳးစားတတ္တယ္။
သူတို႔က သင့္ကို ၾသဇာအာဏာနဲ႔ ထိန္းခ်ဳပ္တတ္ၿပီး သင့္အေပၚလႊမ္းမိုးမႈ ဆံုး႐ႈံးမွာ ေၾကာက္ၾကပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕မက္ေဆ့ေတြ၊ ဖုန္းေခၚမႈမွတ္တမ္းေတြ၊ သင္နဲ႔စကားေျပာခဲ့တဲ့ သူေတြ၊ စတာေတြကိုအျမဲတမ္းစစ္ေဆးေနတတ္ပါတယ္။ ဒီလိုအရာေတြက ဆိုက္ကိုသမားေတြအတြက္ ထိန္းခ်ဳပ္မႈ ဆံုး႐ံႈရျခင္းနဲ႔ လံုျခံဳမႈေတြအတြက္ အျမဲတမ္းအသိေပးေနတဲ့အတြက္ သူတို႔စိုးရိမ္ၾကပါတယ္။
၈။ နာရီ၀က္တိုင္း သင့္ကိုေခၚေနမယ္
သင္အျပင္ထြက္ျခင္း ဒါမွမဟုတ္ အလုပ္ေၾကာင့္ အေ၀းသြားရတဲ့အခါ သင့္ရဲ႕အခ်ိန္ေတြတိုင္းကို စစ္ေဆးဖို႔အတြက္ အဆက္မျပတ္ မၾကာခဏဆိုသလို ဖုန္းေခၚေနတတ္ပါတယ္။ သူတို႔ေတြရဲ႕စိတ္မွာ သင့္ကိုအိမ္မွာပဲေနေစၿပီး သူ႔တစ္ေယာက္ကိုပဲ ျပဳစုယုယေနဖို႔လိုအပ္ၿပီး သူစိတ္တိုင္းက်သင့္ကို ခိုင္းေစလိုၾကပါတယ္။ သင္ဖုန္းေျဖဖို႔ နည္းနည္းေနာက္က်ရင္ေတာင္မွ သူ႕ရဲ႕စစ္ေၾကာေရးကို ရင္ဆိုင္ဖို႔ႀကိဳတင္ျပင္ဆင္ရပါလိမ့္မယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source- Troab
သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္ ေဆြမ်ိဳးေတြနဲ႔ ဘာေၾကာင့္ ေ၀းေ၀းမွာေနသင့္တာလဲ
သင်တွဲနေတဲ့ချစ်သူဟာ စိတ်ပိုင်းဆိုင်ရာဆိုက်ကို ၀င်နေကြောင်း သက်သေပြနေတဲ့ အချက် (၈)
လူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာအဖြစ် တစ်ယောက်နဲ့တစ်ယောက် မတူညီကြပေမယ့် relationship တစ်ခုမှာ တစ်ယောက်က အမြဲလိုလိုစိတ်ထိခိုက်နေရပြီး မလုံခြုံမှုတွေ၊ အကြမ်းပတမ်း ဆက်ဆံခံရခြင်းတွေဟာ ကိုယ်တွဲနေတဲ့သူမှာ ဆိုက်ကိုတစ်ခုခုရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို relationship ကနေ ရုန်းထွက်ဖို့ဆိုတာလည်း ခက်ခဲနိုင်ပြီး တသက်လုံးသည်းခံပြီးပေါင်းသင်းဖို့ ဆိုတာကလည်း မလွယ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဆိုက်ကိုသမားတစ်ယောက်ရဲ့ လက္ခဏာတွေကို သိရှိခြင်းကြောင့် သင်တစ်ခုခုလုပ်နိုင်မယ်လို့ မျှော်လင့်တဲ့အတွက် သူတို့တွေရဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံး သင်ဆိုက်ကိုသမားတစ်ယောက်နဲ့ တွဲနေရခြင်းဟာ သင့်ရဲ့ခေါ်ဆိုမှုကြောင့် ဆိုတာကိုတော့ သိထားပေးပါ။
၁။ သင်တို့ရဲ့ relationship ကအခက်အခဲတွေကို သင့်အပေါ် အပြစ်ပုံချတယ်
ဆိုက်ကိုသမားတစ်ယောက်ဟာ အရာအားလုံးကို သင့်အမှားပဲဖြစ်အောင် ပြုလုပ်ဖို့ ကြိုးစားတတ်ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့အမှားကို ကိုယ်တိုင်သိရှိပြီး နားလည်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့တွေဟာ စဉ်းစားဉာဏ်ကင်းမဲ့သူတွေ မဟုတ်လို့ပါ။ ဒါပေမယ့် ဆိုက်ကိုသမားတွေရဲ့ သဘာဝကိုက သူတို့ရဲ့အမှားကို ရိုးရှင်းစွာဝန်မခံနိုင်ကြတာကြောင့် သင့်အမှားလို့ ခံစားရအောင် သူတို့ကပြုလုပ်တာဖြစ်ပါတယ်။
၂။ သင့်ခံစားချက်ကို ဆိုးဝါးအောင်ပြုလုပ်စေဖို့ အဆက်မပြတ်လိမ်ညာတတ်တယ်
ဆိုက်ကိုတွေဟာ သင့်ရဲ့ ခံစားချက်ကို တကယ့်ကိုဂရုမစိုက်တတ်ကြပဲ ထောင့်ပေါင်းစုံကနေ လိမ်ညာဖို့ကြိုးစားတတ်ပါတယ်။ သူတို့တွေဟာ သာမာန်အရာလေးတွေကိုတောင်မှ အမှန်အတိုင်းမပြောတတ်တဲ့အတွက် သူတို့ဘယ်နေရာမှဘာလုပ်နေတယ် ဆိုတာကို လုံးဝသိနိုင်လိမ့်မှာ မဟုတ်ပါဘူး။ လိမ်ညာခြင်းဟာ သူတို့အတွက် ဒုတိယသဘာဝတစ်ခုဖြစ်ပြီး အမှန်တရားဖြစ်လုနီးနီး ကောင်းမွန်သေသပ်အောင် လိမ်ညာတတ်ခြင်းဟာလည်း သူတို့ရဲ့အရည်အချင်း တစ်ခုပါ။ ဒီလိုလိမ်ညာမှုအပေါ်ကို သူတို့တွေက ထွေထွေထူးထူး အရေးမထားတတ်ကြပါဘူး။
၃။ သူတို့မစွမ်းဆောင်နိုင်မှုကြောင့် အောင်မြင်မှုမရခြင်းအပေါ် သင့်ကိုအပြစ်ပုံချတယ်
စိတ်ပိုင်းဆိုင်ရာ မပြည့်ဝတဲ့သူတွေဟာ သူတို့ရဲ့အရှုံးအားလုံးကို ကမ္ဘာကြီးနဲ့ပတ်သတ်တဲ့ အရာအားလုံးအပေါ် အပြစ်ပုံချဖို့ ကြိုးစားတတ်ပါတယ်။ အထူးသဖြင့် သင့်ကိုပေါ့။ သင့်ရဲ့ ခံစားချက်အပေါ်ကိုလည်း လှောင်ရယ်ဖို့ ဂရုစိုက်တတ်ကြပြီး ” ငါ့မျှော်လင့်ချက်တွေကို ဆုံးရှုံးရတာ နင့်ကြောင့်” စတဲ့စကားလုံးမျိုးတွေနဲ့ သင့်ခေါင်းကို ဗုံတီးသလိုအဆက်မပြတ် ထုနှက်ဖို့ကြိုးစားတတ်ကြပါတယ်။
၄။ သင့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုကို လျော့ချဖို့ ကြိုးစားတတ်တယ်
ဆိုက်ကိုသမားတွေဟာ သူတို့ကိုတကယ်တန်ဖိုးထား ချစ်တဲ့သူကိုသာ ရှာဖွေတတ်ကြပြီး ချစ်သူရဲ့ သေးငယ်တဲ့အကျိုးအမြတ်တွေနဲ့ လိုအပ်ချက်တွေကိုကအစ ထိန်းချုပ်ဖို့ကြိုးစားတတ်ပါတယ်။ ဒီလိုထိန်းချုပ်ခံရခြင်းကြောင့် သင့်ရဲ့ခံစားချက်တွေ ဘယ်တော့မှမတုံ့ပြန်နိုင်တော့သလို ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ လေးစားမှုကိုပါ မေ့လျော့လာစေတဲ့အထိ ဖြစ်စေတတ်ပါတယ်။
၅။ အခြားသူတွေနဲ့ ဆက်သွယ်မှုကို တားဆီးတယ်
ဒီလိုလူမျိုးနဲ့ ပေါင်းသင်းရတဲ့အခါ သင်ဘယ်တော့မှ အခြားအကူအညီတွေ ရရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင့် သင့်ရဲ့ကမ္ဘာဟာကန့်သတ်ခံရခြင်းကြောင့် သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဆက်သွယ်ပြောဖို့တောင်မှ ကန့်သတ်ခံရ ပါလိမ့်မယ်။ သင့်ရဲ့ရှင်သန်မှုဟာလည်း သူတို့အပေါ်မှာ မူတည်နေအောင် ချည်နှောင်ခံရတဲ့အတွက် တဖြည်းဖြည်းသင်အထီးကျန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
၆။ သူတို့ရဲ့ အမိန့်အာဏာကို သင်ထာဝရ ရုန်းကန်ရလိမ့်မယ်
ဆိုက်ကိုသမားတွေဟာ သူတို့ရဲ့လက်တွဲဖော်ကို စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေမှာ ထိန်းချုပ်ဖို့အတွက် အမြဲတမ်းလိုအပ်နေပါတယ်။ ဒီလို ထိန်းချုပ်ဖို့အတွက် ခြိမ်းခြောက်မှုတွေ၊ ရုပ်ပိုင်းစိတ်ပိုင်း အကြမ်းဖက်မှုတွေကို သုံးတတ်ကြပြီး သင်ဟာစိတ်ပိုင်းရုပ်ပိုင်း ဒါဏ်ရာတွေနဲ့ ရပ်တည်ရပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ သင့်အတွက်အကောင်းဆုံးက သင်အယုံကြည်ရဆုံး၊ အားအကိုးရဆုံး၊ သူ့ကိုရင်ဆိုင်နိုင်မယ့် သင့်ရဲ့မိဘ အကြီးအကဲတွေကို အကူအညီတောင်းပြီး ဒီလိုဒုက္ခတွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ တစ်ခုလပ်ဖြစ်မှာထက် ကိုယ့်ကိုကျွန်တစ်ယောက်လို ဆက်ဆံခံရခြင်းက ပိုပြီးဆိုးဝါးပါတယ်။
၇။ သင့်ရဲ့ပုဂ္ဂိုလ်ရေး ဆက်သွယ်မှုတွေကို စစ်ဆေးဖို့အဆက်မပြတ် ကြိုးစားတတ်တယ်။
သူတို့က သင့်ကို သြဇာအာဏာနဲ့ ထိန်းချုပ်တတ်ပြီး သင့်အပေါ်လွှမ်းမိုးမှု ဆုံးရှုံးမှာ ကြောက်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့မက်ဆေ့တွေ၊ ဖုန်းခေါ်မှုမှတ်တမ်းတွေ၊ သင်နဲ့စကားပြောခဲ့တဲ့ သူတွေ၊ စတာတွေကိုအမြဲတမ်းစစ်ဆေးနေတတ်ပါတယ်။ ဒီလိုအရာတွေက ဆိုက်ကိုသမားတွေအတွက် ထိန်းချုပ်မှု ဆုံးရှုံရခြင်းနဲ့ လုံခြံုမှုတွေအတွက် အမြဲတမ်းအသိပေးနေတဲ့အတွက် သူတို့စိုးရိမ်ကြပါတယ်။
၈။ နာရီဝက်တိုင်း သင့်ကိုခေါ်နေမယ်
သင်အပြင်ထွက်ခြင်း ဒါမှမဟုတ် အလုပ်ကြောင့် အဝေးသွားရတဲ့အခါ သင့်ရဲ့အချိန်တွေတိုင်းကို စစ်ဆေးဖို့အတွက် အဆက်မပြတ် မကြာခဏဆိုသလို ဖုန်းခေါ်နေတတ်ပါတယ်။ သူတို့တွေရဲ့စိတ်မှာ သင့်ကိုအိမ်မှာပဲနေစေပြီး သူ့တစ်ယောက်ကိုပဲ ပြုစုယုယနေဖို့လိုအပ်ပြီး သူစိတ်တိုင်းကျသင့်ကို ခိုင်းစေလိုကြပါတယ်။ သင်ဖုန်းဖြေဖို့ နည်းနည်းနောက်ကျရင်တောင်မှ သူ့ရဲ့စစ်ကြောရေးကို ရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်ရပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source- Troab