တခ်ိဳ႕ပစၥည္းေတြဟာ ကၽြန္ေတာ္တို႔အတြက္ အသုံးဝင္ေသးတယ္၊ ေကာင္းေသးတယ္လို႔ဆိုေပမဲ့ ကၽြန္ေတာ္တို႔က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ကၽြန္ေတာ္တို႔နဲ႔ ေန႔စဥ္ထိေတြ႕ေနတဲ့ ပစၥည္းေတြထဲက
ဘယ္ပစၥည္းအခ်ိဳက က်န္းမာေရးကို ထိခိုက္ေစႏိုင္လဲဆိုတာ Lifestyle_Myanmar ပရိတ္သတ္ႀကီးအတြက္ မွ်ေဝေပးလိုက္တယ္ေနာ္။
၁။ သြားတိုက္သြားပြတ္တံ
သြားတိုက္သြားပြတ္တံဟာဆိုရင္ သက္တမ္းေက်ာ္လြန္သြားတဲ့အခါ ဘက္တီးရီးယားနဲ႔ အျခားေရာဂါပိုးမႊားမ်ားခိုေအာင္းႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သြားတိုက္သြားပြတ္တံကို အနည္းဆုံး ၃လ တစ္ႀကိမ္ လဲလည္အသုံးျပဳသင့္ၿပီး အစိုဓာတ္ရွိတဲ့ေနရာမ်ိဳးမွာ ထားျခင္းကို ေရွာင္ၾကဥ္ပါ။
၂။ လက္သုတ္ပုဝါ/ မ်က္ႏွာသုတ္ပုဝါ
လက္သုတ္ပုဝါ/ မ်က္ႏွာသုတ္ပုဝါဆိုတာ ကၽြန္ေတာ္တို႔ ခႏၶာကိုယ္နဲ႔အၿမဲလိုလိုထိေတြ႕ေနတတ္ၿပီး အစိုဓာတ္အၿမဲရွိတာေၾကာင့္ ပိုးမႊားမ်ား ခိုေအာင္းႏိုင္ၿပီး ကူးစက္ဖို႔လည္း လြယ္ကူတဲ့ အိမ္သုံးပစၥည္းတစ္ခုပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သန္႔သန္႔ရွင္းရွင္းျဖစ္ေအာင္ တစ္ပတ္ကို တစ္ႀကိမ္အနည္းဆုံးေလွ်ာ္ဖြတ္ၿပီးမွအသုံးျပဳသင့္ပါတယ္။ လက္သုတ္ပုဝါကို အနည္းဆုံး ၂ႏွစ္သက္တမ္းအထိပဲ အသုံးျပဳသင့္ၿပီး ၂ႏွစ္ေက်ာ္တဲ့အခါ လက္သုတ္ပုဝါ အသစ္ကို လဲလည္အသုံးျပဳသင့္ပါတယ္။
၃။ ေရေမႊး
ေရေမႊးဟာ ၁၀ႏွစ္ေလာက္ထိ အနံ႔ကို ထိန္းသိမ္းထားႏိုင္ေပမဲ့ အသုံးျပဳဖို႔အတြက္ေတာ့ ၁ႏွစ္ကေန ၂ႏွစ္အထိပဲေကာင္းမြန္ပါတယ္။ စနစ္တက်ထုတ္ပိုးထားတဲ့ ေစ်းႀကီးတဲ့ ေရေမႊးအမ်ားစုကေတာ့ ၃ႏွစ္ေလာက္ထိ အသုံးျပဳႏိုင္ပါတယ္။ အစိုဓာတ္ရွိတာေၾကာင့္ ဘက္တီးရီးယားပိုးမႊားမ်ားခိုေအာင္းရာေနရာတစ္ခုျဖစ္ၿပီး ကၽြန္ေတာ္တို႔ ခႏၶာကိုယ္ကို အၿမဲလိုလို စြတ္ဖ်န္းေနတာေၾကာင့္ သင့္က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။
၄။ ေခါင္းအုံး
ေခါင္းအုံးကို ၂ႏွစ္တစ္ခါ သို႔မဟုတ္ ၃ႏွစ္တစ္ခါ အသစ္လဲလွယ္ အသုံးျပဳသင့္ပါတယ္။ ေခါင္းအုံးကို သတ္မွတ္ထားတဲ့ သက္တမ္းကို ေက်ာ္လြန္ၿပီး အသုံးျပဳျခင္းဟာ ေခါင္းအုံးအတြင္းမွာ ထည့္သြင္းထားတဲ့ ဂြမ္း၊ မိႈ႕ စတဲ့ အရာေတြက သင့္ရဲ႕က်န္းမာေရးကို ထိခိုက္တတ္ၿပီး ေရရွည္အသုံးျပဳပါက လည္ပင္းနာျခင္းစတဲ့ ေဝဒနာကို ခံစားတတ္ပါတယ္။
၅။ ဖိနပ္
အိမ္စီးဖိနပ္ရဲ႕ သက္တမ္းဟာ အနည္းဆုံး ၆လေလာက္ပဲ အသုံးျပဳသင့္ပါတယ္။ ဖိနပ္ဆိုတာ ကၽြန္ေတာ္တို႔သြားလာတဲ့ေနရာတိုင္းမွာ အၿမဲလိုလိုလိုက္ပါေနတာေၾကာင့္ ပတ္ဝန္းက်င္က ပိုးမႊားမ်ား ကပ္ပါတတ္ပါတယ္။ သင့္အေနနဲ႔လဲ တစ္ပတ္တစ္ႀကိမ္ျဖစ္ျဖစ္ ဖိနပ္ကိုသန္႔စင္ေအာင္ ေဆးေၾကာ အေျခာက္ခံၿပီးမွ ျပန္လည္အသုံးျပဳသင့္ပါတယ္။
၆။ ေရျမွဳပ္
ပန္းကန္ေဆးေရျမွဳပ္ပဲျဖစ္ျဖစ္၊ ကိုယ္တိုက္တဲ့ ေရျမွဳပ္ပဲျဖစ္ျဖစ္ ၂ပတ္ထက္ေက်ာ္လြန္ၿပီး အသုံးမျပဳသင့္ပါဘူး။ အဆိုပါ ေရျမွဳပ္ဟာအၿမဲလိုလို စိုထိုင္းတဲ့အတြက္ ဘက္တီးရီးယားမ်ား ခိုေအာင္တတ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလဲလည္ရေသးဘူးဆိုရင္ေတာ့ ေရးေႏြးျဖင့္ ေရျမွဳပ္ကို ျပဳတ္ၿပီး အသုံးျပဳႏိုင္ပါတယ္။
၇။ ဘီး (သို႔) Hairbrush
ဘီး (သို႔) Hairbrush ကို အနည္းဆုံးတစ္ပတ္တစ္ႀကိမ္ေလာက္ သန္႔စင္ေအာင္ ေဆးေၾကာသင့္ၿပီး တစ္ႏွစ္ကို တစ္ႀကိမ္ အသစ္လဲလည္အသုံးျပဳသင့္ပါတယ္။
၈။ ခ်ိဳလိမ္
ကေလးငယ္ေတြအတြက္ အသုံးျပဳေနတဲ့ ႏို႔ဘူးထိပ္မွာတပ္ဆင္ေသာ ႏို႔သီးေခါင္း (သို႔) ခ်ိဳလိမ္ကို အနည္းဆုံး ၂ပတ္မွ အမ်ားဆုံး ၅ပတ္ထိပဲအသုံးျပဳသင့္ပါတယ္။ အဆိုပါ ခ်ိဳလိမ္ဟာ ေရာ္ဘာေစးျဖင့္ ျပဳလုပ္ထားတာေၾကာင့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ကြဲျခင္း ေပါက္ျခင္း မ်ားျဖစ္တတ္ၿပီး ပိုးမႊားမ်ားတြယ္ကပ္တတ္ပါတယ္။
၉။ ဘရာစီယာ
အမ်ိဳးသမီးမ်ားအသုံးျပဳတဲ့ ဘရာစီယာကို အနည္းဆုံး ၁ႏွစ္မွ ၂ႏွစ္အထိပဲ ဝတ္ဆင္အသုံးျပဳသင့္ပါတယ္။ ခႏၶာကိုယ္ဖြံ႕ၿဖိဳးေနတဲ့အခ်ိန္မွာ တစ္ႏွစ္နဲ႔တစ္ႏွစ္ သင့္ရဲ႕ရင္သားအရြယ္အစားက မတူညီႏိုင္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ႕ ဘရာစီယာ Size ဟာသင္နဲ႔ မေတာ္ဘူးဆိုရင္ ရင္သားႀကီးထြားမႈရပ္တန္႔ႀကီး က်ဳံ႕သြားျခင္းစတဲ့ ျပႆနာမ်ားျဖစ္ေပၚတတ္ပါတယ္။
၁၀။ အေမႊးနံ႔သာ
သဘာဝအေမႊးနံသာမ်ားရဲ႕ အနံ႔အာနိသင္ဟာ မ်ားေသာအားျဖင့္ ၁ႏွစ္မွ ၃ႏွစ္အထိသာ ရွိပါတယ္။ သတ္မွတ္ထားတဲ့ႏွစ္ထက္ေက်ာ္လြန္သြားရင္ေတာ့ အနံ႔အာနိသင္ ပ်က္ျပယ္ သြားၿပီး ၆လအတြင္းအသုံးတာက အာနိသင္ပိုရွိပါတယ္။
၁၂။ ဂ်ံဳမႈန္႔
ပထမတန္းစား ဂ်ဳံမႈန္႔ကိုေတာ့ ၆လထိအသုံးျပဳႏိုင္ၿပီး အရည္အေသြးျမင့္မားစြာ ထုတ္ပိုးထားတဲ့ ဂ်ဳံမႈန္႔အမ်ိဳးအစားကေတာ့ ၁ႏွစ္အထိ ၾကာရွည္စြာအသုံးျပဳႏိုင္ပါတယ္။ ထိုသတ္မွတ္ထားတဲ့ သက္တမ္းထက္ေက်ာ္လြန္သြားရင္ေတာ့ က်န္မာေရးအရ အသုံးမျပဳသင့္ေတာ့ပါဘူး။
၁၃။ မီးသတ္ေဆးဘူး
မီးသတ္ေဆးဘူးဟာ ၁၅ႏွစ္အထိအသုံးျပဳႏိုင္ၿပီး သက္တမ္းေက်ာ္လြန္သြားရင္ေတာ့ ခ်ိဳ႕ယြင္းမႈ႕မ်ားရွိၿပီး အာနိသင္လဲ ကုန္ခမ္းသြားတတ္ပါတယ္။ ဒါေၾကာင့္ မီးသတ္ေဆးဘူးကို ၁၅ႏွစ္ထက္ေက်ာ္လြန္ၿပီးအသုံးမျပဳသင့္ပါဘူး။
၁၄။ မီးပလတ္ခုံ (Power strips)
မီးပလက္ခုံရဲ႕ သက္တမ္းဟာ မ်ားေသာအားျဖင့္ ၁ႏွစ္မွ ၂ႏွစ္အထိသာ လုံၿခံဳမႈရွိပါတယ္။ လွ်ပ္စစ္မီးရဲ႕ အႏ ၱာရယ္ဟာ လူကို မၾကာခဏ ဒုကၡေပးတာေၾကာင့္ သင့္အေနနဲ႔ သက္တမ္းေက်ာ္လြန္သြားလွ်င္ သင့္အေနနဲ႔ အသစ္တစ္ခုလဲလည္အသုံးျပဳသင့္ပါတယ္။
၁၅။ ပိုးသတ္ေဆးဘူး
ဘက္တီးရီးယားပိုးသတ္ေဆးဘူးကို ၃လအထိသာအသုံးျပဳသင့္ၿပီး ၃လေက်ာ္လြန္သြားရင္ ထိေရာက္မႈ ေဆးအာနိသင္ ေလ်ာ့နည္းသြားတတ္ပါတယ္။
၁၆။ ျခင္ေဆး (စပေရးဘူး)
ျခင္းေဆးဘူးကို ၂ႏွစ္အထိအသုံးျပဳႏိုင္ပါတယ္။ ၂ႏွစ္ထက္ေက်ာ္လြန္ရင္ေတာ့ ၎ရဲ႕ ေဆးအာနိသင္ဟာ ထိေရာက္မႈမရွိေတာ့ပါဘူး။ ဒါေၾကာင့္သင့္အေနနဲ႔ ျခင္ေဆးဘူးအသုံးျပဳမယ္ဆိုရင္၂ႏွစ္ထိသာ အသုံးျပဳသင့္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ကေလးေမြးၿပီးတဲ့ ေမေမေတြ အပ်ိဳတုန္းကအတိုင္း လွေနေစဖို႔
ကောင်းနေသေးလို့၊ နှမြောလို့ မစွန့်ပစ်ပေမဲ့ ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်ဆိုတာ
တချို့ပစ္စည်းတွေဟာ ကျွန်တော်တို့အတွက် အသုံးဝင်သေးတယ်၊ ကောင်းသေးတယ်လို့ဆိုပေမဲ့ ကျွန်တော်တို့ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့နဲ့ နေ့စဉ်ထိတွေ့နေတဲ့ ပစ္စည်းတွေထဲကဘယ်ပစ္စည်းအချိုက ကျန်းမာရေးကို ထိခိုက်စေနိုင်လဲဆိုတာ Lifestyle_Myanmar ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်တယ်နော်။
၁။ သွားတိုက်သွားပွတ်တံ
သွားတိုက်သွားပွတ်တံဟာဆိုရင် သက်တမ်းကျော်လွန်သွားတဲ့အခါ ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးမွှားများခိုအောင်းနိုင်ပါတယ်။ ဒါ့ကြောင့် သွားတိုက်သွားပွတ်တံကို အနည်းဆုံး ၃လ တစ်ကြိမ် လဲလည်အသုံးပြုသင့်ပြီး အစိုဓာတ်ရှိတဲ့နေရာမျိုးမှာ ထားခြင်းကို ရှောင်ကြဉ်ပါ။
၂။ လက်သုတ်ပုဝါ/ မျက်နှာသုတ်ပုဝါ
လက်သုတ်ပုဝါ/ မျက်နှာသုတ်ပုဝါဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့အမြဲလိုလိုထိတွေ့နေတတ်ပြီး အစိုဓာတ်အမြဲရှိတာကြောင့် ပိုးမွှားများ ခိုအောင်းနိုင်ပြီး ကူးစက်ဖို့လည်း လွယ်ကူတဲ့ အိမ်သုံးပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် သန့်သန့်ရှင်းရှင်းဖြစ်အောင် တစ်ပတ်ကို တစ်ကြိမ်အနည်းဆုံးလျှော်ဖွတ်ပြီးမှအသုံးပြုသင့်ပါတယ်။ လက်သုတ်ပုဝါကို အနည်းဆုံး ၂နှစ်သက်တမ်းအထိပဲ အသုံးပြုသင့်ပြီး ၂နှစ်ကျော်တဲ့အခါ လက်သုတ်ပုဝါ အသစ်ကို လဲလည်အသုံးပြုသင့်ပါတယ်။
၃။ ရေမွှေး
ရေမွှေးဟာ ၁၀နှစ်လောက်ထိ အနံ့ကို ထိန်းသိမ်းထားနိုင်ပေမဲ့ အသုံးပြုဖို့အတွက်တော့ ၁နှစ်ကနေ ၂နှစ်အထိပဲကောင်းမွန်ပါတယ်။ စနစ်တကျထုတ်ပိုးထားတဲ့ စျေးကြီးတဲ့ ရေမွှေးအများစုကတော့ ၃နှစ်လောက်ထိ အသုံးပြုနိုင်ပါတယ်။ အစိုဓာတ်ရှိတာကြောင့် ဘက်တီးရီးယားပိုးမွှားများခိုအောင်းရာနေရာတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ကို အမြဲလိုလို စွတ်ဖျန်းနေတာကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၄။ ခေါင်းအုံး
ခေါင်းအုံးကို ၂နှစ်တစ်ခါ သို့မဟုတ် ၃နှစ်တစ်ခါ အသစ်လဲလှယ် အသုံးပြုသင့်ပါတယ်။ ခေါင်းအုံးကို သတ်မှတ်ထားတဲ့ သက်တမ်းကို ကျော်လွန်ပြီး အသုံးပြုခြင်းဟာ ခေါင်းအုံးအတွင်းမှာ ထည့်သွင်းထားတဲ့ ဂွမ်း၊ မှို့ စတဲ့ အရာတွေက သင့်ရဲ့ကျန်းမာရေးကို ထိခိုက်တတ်ပြီး ရေရှည်အသုံးပြုပါက လည်ပင်းနာခြင်းစတဲ့ ဝေဒနာကို ခံစားတတ်ပါတယ်။
၅။ ဖိနပ်
အိမ်စီးဖိနပ်ရဲ့ သက်တမ်းဟာ အနည်းဆုံး ၆လလောက်ပဲ အသုံးပြုသင့်ပါတယ်။ ဖိနပ်ဆိုတာ ကျွန်တော်တို့သွားလာတဲ့နေရာတိုင်းမှာ အမြဲလိုလိုလိုက်ပါနေတာကြောင့် ပတ်ဝန်းကျင်က ပိုးမွှားများ ကပ်ပါတတ်ပါတယ်။ သင့်အနေနဲ့လဲ တစ်ပတ်တစ်ကြိမ်ဖြစ်ဖြစ် ဖိနပ်ကိုသန့်စင်အောင် ဆေးကြော အခြောက်ခံပြီးမှ ပြန်လည်အသုံးပြုသင့်ပါတယ်။
၆။ ရေမြှုပ်
ပန်းကန်ဆေးရေမြှုပ်ပဲဖြစ်ဖြစ်၊ ကိုယ်တိုက်တဲ့ ရေမြှုပ်ပဲဖြစ်ဖြစ် ၂ပတ်ထက်ကျော်လွန်ပြီး အသုံးမပြုသင့်ပါဘူး။ အဆိုပါ ရေမြှုပ်ဟာအမြဲလိုလို စိုထိုင်းတဲ့အတွက် ဘက်တီးရီးယားများ ခိုအောင်တတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလဲလည်ရသေးဘူးဆိုရင်တော့ ရေးနွေးဖြင့် ရေမြှုပ်ကို ပြုတ်ပြီး အသုံးပြုနိုင်ပါတယ်။
၇။ ဘီး (သို့) Hairbrush
ဘီး (သို့) Hairbrush ကို အနည်းဆုံးတစ်ပတ်တစ်ကြိမ်လောက် သန့်စင်အောင် ဆေးကြောသင့်ပြီး တစ်နှစ်ကို တစ်ကြိမ် အသစ်လဲလည်အသုံးပြုသင့်ပါတယ်။
၈။ ချိုလိမ်
ကလေးငယ်တွေအတွက် အသုံးပြုနေတဲ့ နို့ဘူးထိပ်မှာတပ်ဆင်သော နို့သီးခေါင်း (သို့) ချိုလိမ်ကို အနည်းဆုံး ၂ပတ်မှ အများဆုံး ၅ပတ်ထိပဲအသုံးပြုသင့်ပါတယ်။ အဆိုပါ ချိုလိမ်ဟာ ရော်ဘာစေးဖြင့် ပြုလုပ်ထားတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ကွဲခြင်း ပေါက်ခြင်း များဖြစ်တတ်ပြီး ပိုးမွှားများတွယ်ကပ်တတ်ပါတယ်။
၉။ ဘရာစီယာ
အမျိုးသမီးများအသုံးပြုတဲ့ ဘရာစီယာကို အနည်းဆုံး ၁နှစ်မှ ၂နှစ်အထိပဲ ဝတ်ဆင်အသုံးပြုသင့်ပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးနေတဲ့အချိန်မှာ တစ်နှစ်နဲ့တစ်နှစ် သင့်ရဲ့ရင်သားအရွယ်အစားက မတူညီနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့ ဘရာစီယာ Size ဟာသင်နဲ့ မတော်ဘူးဆိုရင် ရင်သားကြီးထွားမှုရပ်တန့်ကြီး ကျုံ့သွားခြင်းစတဲ့ ပြဿနာများဖြစ်ပေါ်တတ်ပါတယ်။
၁၀။ အမွှေးနံ့သာ
သဘာဝအမွှေးနံသာများရဲ့ အနံ့အာနိသင်ဟာ များသောအားဖြင့် ၁နှစ်မှ ၃နှစ်အထိသာ ရှိပါတယ်။ သတ်မှတ်ထားတဲ့နှစ်ထက်ကျော်လွန်သွားရင်တော့ အနံ့အာနိသင် ပျက်ပြယ် သွားပြီး ၆လအတွင်းအသုံးတာက အာနိသင်ပိုရှိပါတယ်။
၁၂။ ဂျုံမှုန့်
ပထမတန်းစား ဂျုံမှုန့်ကိုတော့ ၆လထိအသုံးပြုနိုင်ပြီး အရည်အသွေးမြင့်မားစွာ ထုတ်ပိုးထားတဲ့ ဂျုံမှုန့်အမျိုးအစားကတော့ ၁နှစ်အထိ ကြာရှည်စွာအသုံးပြုနိုင်ပါတယ်။ ထိုသတ်မှတ်ထားတဲ့ သက်တမ်းထက်ကျော်လွန်သွားရင်တော့ ကျန်မာရေးအရ အသုံးမပြုသင့်တော့ပါဘူး။
၁၃။ မီးသတ်ဆေးဘူး
မီးသတ်ဆေးဘူးဟာ ၁၅နှစ်အထိအသုံးပြုနိုင်ပြီး သက်တမ်းကျော်လွန်သွားရင်တော့ ချို့ယွင်းမှု့များရှိပြီး အာနိသင်လဲ ကုန်ခမ်းသွားတတ်ပါတယ်။ ဒါကြောင့် မီးသတ်ဆေးဘူးကို ၁၅နှစ်ထက်ကျော်လွန်ပြီးအသုံးမပြုသင့်ပါဘူး။
၁၄။ မီးပလတ်ခုံ (Power strips)
မီးပလက်ခုံရဲ့ သက်တမ်းဟာ များသောအားဖြင့် ၁နှစ်မှ ၂နှစ်အထိသာ လုံခြံုမှုရှိပါတယ်။ လျှပ်စစ်မီးရဲ့ အန ္တာရယ်ဟာ လူကို မကြာခဏ ဒုက္ခပေးတာကြောင့် သင့်အနေနဲ့ သက်တမ်းကျော်လွန်သွားလျှင် သင့်အနေနဲ့ အသစ်တစ်ခုလဲလည်အသုံးပြုသင့်ပါတယ်။
၁၅။ ပိုးသတ်ဆေးဘူး
ဘက်တီးရီးယားပိုးသတ်ဆေးဘူးကို ၃လအထိသာအသုံးပြုသင့်ပြီး ၃လကျော်လွန်သွားရင် ထိရောက်မှု ဆေးအာနိသင် လျော့နည်းသွားတတ်ပါတယ်။
၁၆။ ခြင်ဆေး (စပရေးဘူး)
ခြင်းဆေးဘူးကို ၂နှစ်အထိအသုံးပြုနိုင်ပါတယ်။ ၂နှစ်ထက်ကျော်လွန်ရင်တော့ ၎င်းရဲ့ ဆေးအာနိသင်ဟာ ထိရောက်မှုမရှိတော့ပါဘူး။ ဒါကြောင့်သင့်အနေနဲ့ ခြင်ဆေးဘူးအသုံးပြုမယ်ဆိုရင်၂နှစ်ထိသာ အသုံးပြုသင့်ပါတယ်။