အပ်ိဳတုန္းက ျမင္သူတိုင္းေငးရေလာက္ေအာင္ လွပေပမယ့္ အိမ္ေထာင္က်ၿပီးလို႔ ကေလးေမြးၿပီးတဲ့အခါ gym လည္းမသြားႏိုင္၊ ခင္ပြန္းနဲ႔ ကေလးအတြက္လည္း ျပဳစုေစာင့္ေရွာက္ ရတဲ့အတြက္ အလွအပဆိုတာဟာ စိန္ေခၚမႈတစ္ရပ္လို ျဖစ္လာပါတယ္။ စစ္တမ္းတစ္ခုရဲ႕ေဖာ္ျပခ်က္အရ အိမ္ေထာင္က်ၿပီးတဲ့ အမ်ိဳးသမီး ၆၀ ရာခိုင္ႏႈန္းဟာ တစ္ႏွစ္ကေန ႏွစ္ႏွစ္အတြင္း ကိုယ္အေလးခ်ိန္ေတြ တိုးလာၾကေၾကာင္း သိရွိရပါတယ္။ ဒီလို ေျပာင္းလဲမႈေတြေၾကာင့္ ကိုယ့္ကိုယ္ကို မျပဳျပင္ပဲ မေနလိုက္ပါနဲ႔။ ကိုယ့္ရဲ႕အိမ္မွာပဲ ကေလးထိန္းရင္း ေလ့က်င့္ခန္းလုပ္ႏိုင္မယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။ ကေလးနဲ႔အတူ ေလ့က်င့္ခန္းလုပ္ျခင္းဟာ ကယ္လိုရီေတြကို ပိုမိုေလာင္ကၽြမ္းေစ႐ံုသာမကပဲ ကေလးနဲ႔သင္ပါ ေပ်ာ္ရြင္မႈေတြ ခံစားရမွာပါ။
၁။ squard
သင့္ရဲ႕ကေလးကို ပံုပါအတိုင္းခ်ီထားၿပီး သင့္ပခံုးရဲ႕အက်ယ္အတိုင္း ေျခေထာက္ကိုကားၿပီး ရပ္ေနပါ။ ၿပီးလွ်င္ တင္ပါးကို အေနာက္ဖက္သို႔ အသားေပးၿပီး ထိုင္ခ်ႏိုင္သေလာက္ ထိုင္ခ်ပါ။ ၿပီးလွ်င္အရင္ပံုစံအတိုင္းျပန္ေနပါ။
၂။ Forward Lunges
ေျခေထာက္ကို ခ်ဲထားတဲ့ပံုစံအတိုင္း ရပ္ေနၿပီး ကေလးကို၀မ္းဗိုက္နဲ႔ကပ္လ်က္ ခ်ီထားပါ။ ၿပီးလွ်င္ ေရွ႕သို႔ ဒူေခါင္း ၉၀ ဒီဂရီျဖစ္ေအာင္ ေျခလွမ္းက်ဲက်ဲလွမ္းပါ။ ေျခေထာက္ကို ျပန္႐ုတ္ၿပီး ေနာက္တစ္ဖက္ကို ေျပာင္းလုပ္ပါ။
၃။ Side Lunges
သင့္ရဲ႕ကေလးကို ေမွာက္လ်က္အေနအထားနဲ႔ ၀မ္းဗိုက္နားမွာ ကပ္လ်က္ခ်ီထားပါ။ညာဖက္သို႔ ေျခလွမ္းက်ဲက်ဲလွမ္းပါ။ ညာဖက္ေျခေထာက္က ေျဖာင့္တန္းေနရမွျဖစ္ၿပီး ဘယ္ဘယ္ဒူးေခါင္းနဲ႔ ေျခေခ်ာင္းေတြဟာ တတန္းတည္းရွိပါေစ။ ထိုနည္းအတိုင္း ေျခေထာက္တစ္ဖက္စီလုပ္ေပးပါ။
၄။ Pliés
သင့္ရဲ႕ေျခေထာက္ေတြကို ပခံုးထက္က်ယ္ေအာင္ ကားထားၿပီး ကေလးကိုသင့္ေရွ႕မွာ ခ်ီထားပါ။ ဒူေခါင္းေတြကို ၉၀ ဒီဂရီေရာက္တဲ့အထိ ထိုင္ခ်ၿပီး ထိုပံုစံအတိုငး ၂-၃မိနစ္ေလာက္ ေနေပးပါ။ ၿပီးလွ်င္ မူလပံုအတိုင္း ျပန္ေနေပးပါ။
၅။ Hip Bridges
ဒူးႏွစ္ဖက္ကို ေထာင္ထားၿပီး ကေလးကိုခ်ီလွ်က္ ပက္လက္ေနပါ။ ကေလးကိုဗိုက္ေပၚတင္ၿပီးကိုင္ထားရင္လည္းရပါတယ္။ ၿပီးလွ်င္တင္ပါးကို အေပၚသို႔ပံုအတိုင္း ေျမွာက္ေပးပါ။ ၿပီးလွ်င္မူလပံုအတိုင္း ျပန္ေနပါ။
၆။ Reverse Curls
ပံုအတိုင္း ပက္လက္အေနအထားနဲ႔ ေျခသလံုးေပၚမွာ ကေလးကိုတင္ထားပါ။ ၿပီးလွ်င္အေပၚပိုင္းကိုယ္နဲ႔ တင္ပါးကိုေျမွာက္ၿပီး ကေလးနဲ႔နဖူးကို ထိေအာင္နမ္းပါ။ ၿပီးလွ်င္ပံုစံအတိုင္းျပန္ေနပါ။
၇။ Plank
သင့္ကေလးကို ေဘးမွာထားပါ။ ပံုပါအတိုင္း လက္ေထာက္လွ်က္ တံေတာင္ဆစ္နဲ႔ လက္ဖ်ံေပၚကို အားျပဳၿပီး ၁-၂ မိနစ္ခန္႔ ေနေပးပါ။ သင့္ရဲ႕ဖေနာင့္နဲ႔ဦးေခါင္းထိပ္ဟာ တတန္းတည္းျဖစ္ေနပါေစ။ ယခုနည္းလမ္းေတြကို ေန႔စဥ္ေန႔တိုင္း ကေလးထိန္းရင္းနဲ႔ လုပ္ႏိုင္သေလာက္လုပ္ေပးပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် သင့္အတြက္အံ့ၾသဖြယ္ အက်ိဳးေက်းဇူးေတြကို ရရွိလာပါလိမ့္မယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-brightside
ေဆးထိုးေဆးမလိမ္းဘဲ သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း
Unicode
အပျိုတုန်းက မြင်သူတိုင်းငေးရလောက်အောင် လှပပေမယ့် အိမ်ထောင်ကျပြီးလို့ ကလေးမွေးပြီးတဲ့အခါ gym လည်းမသွားနိုင်၊ ခင်ပွန်းနဲ့ ကလေးအတွက်လည်း ပြုစုစောင့်ရှောက် ရတဲ့အတွက် အလှအပဆိုတာဟာ စိန်ခေါ်မှုတစ်ရပ်လို ဖြစ်လာပါတယ်။ စစ်တမ်းတစ်ခုရဲ့ဖော်ပြချက်အရ အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းဟာ တစ်နှစ်ကနေ နှစ်နှစ်အတွင်း ကိုယ်အလေးချိန်တွေ တိုးလာကြကြောင်း
သိရှိရပါတယ်။ ဒီလို ပြောင်းလဲမှုတွေကြောင့် ကိုယ့်ကိုယ်ကို မပြုပြင်ပဲ မနေလိုက်ပါနဲ့။ ကိုယ့်ရဲ့အိမ်မှာပဲ ကလေးထိန်းရင်း လေ့ကျင့်ခန်းလုပ်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ကလေးနဲ့အတူ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေရုံသာမကပဲ ကလေးနဲ့သင်ပါ ပျော်ရွင်မှုတွေ ခံစားရမှာပါ။
၁။ squard
သင့်ရဲ့ကလေးကို ပုံပါအတိုင်းချီထားပြီး သင့်ပခုံးရဲ့အကျယ်အတိုင်း ခြေထောက်ကိုကားပြီး ရပ်နေပါ။ ပြီးလျှင် တင်ပါးကို အနောက်ဖက်သို့ အသားပေးပြီး ထိုင်ချနိုင်သလောက် ထိုင်ချပါ။ ပြီးလျှင်အရင်ပုံစံအတိုင်းပြန်နေပါ။
၂။ Forward Lunges
ခြေထောက်ကို ချဲထားတဲ့ပုံစံအတိုင်း ရပ်နေပြီး ကလေးကိုဝမ်းဗိုက်နဲ့ကပ်လျက် ချီထားပါ။ ပြီးလျှင် ရှေ့သို့ ဒူခေါင်း ၉၀ ဒီဂရီဖြစ်အောင် ခြေလှမ်းကျဲကျဲလှမ်းပါ။ ခြေထောက်ကို ပြန်ရုတ်ပြီး နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။ ၃။ သင့်ရဲ့ကလေးကို မှောက်လျက်အနေအထားနဲ့ ၀မ်းဗိုက်နားမှာ ကပ်လျက်ချီထားပါ။ညာဖက်သို့ ခြေလှမ်းကျဲကျဲလှမ်းပါ။ ညာဖက်ခြေထောက်က ဖြောင့်တန်းနေရမှဖြစ်ပြီး ဘယ်ဘယ်ဒူးခေါင်းနဲ့ ခြေချောင်းတွေဟာ တတန်းတည်းရှိပါစေ။ ထိုနည်းအတိုင်း ခြေထောက်တစ်ဖက်စီလုပ်ပေးပါ။
၄။ Pliés
သင့်ရဲ့ခြေထောက်တွေကို ပခုံးထက်ကျယ်အောင် ကားထားပြီး ကလေးကိုသင့်ရှေ့မှာ ချီထားပါ။ ဒူခေါင်းတွေကို ၉၀ ဒီဂရီရောက်တဲ့အထိ ထိုင်ချပြီး ထိုပုံစံအတိုငး ၂-၃မိနစ်လောက် နေပေးပါ။ ပြီးလျှင် မူလပုံအတိုင်း ပြန်နေပေးပါ။
၅။ Hip Bridges
ဒူးနှစ်ဖက်ကို ထောင်ထားပြီး ကလေးကိုချီလျှက် ပက်လက်နေပါ။ ကလေးကိုဗိုက်ပေါ်တင်ပြီးကိုင်ထားရင်လည်းရပါတယ်။ ပြီးလျှင်တင်ပါးကို အပေါ်သို့ပုံအတိုင်း မြှောက်ပေးပါ။ ပြီးလျှင်မူလပုံအတိုင်း ပြန်နေပါ။
၆။ Reverse Curls
ပုံအတိုင်း ပက်လက်အနေအထားနဲ့ ခြေသလုံးပေါ်မှာ ကလေးကိုတင်ထားပါ။ ပြီးလျှင်အပေါ်ပိုင်းကိုယ်နဲ့ တင်ပါးကိုမြှောက်ပြီး ကလေးနဲ့နဖူးကို ထိအောင်နမ်းပါ။ ပြီးလျှင်ပုံစံအတိုင်းပြန်နေပါ။
၇။ Plank
သင့်ကလေးကို ဘေးမှာထားပါ။ ပုံပါအတိုင်း လက်ထောက်လျှက် တံတောင်ဆစ်နဲ့ လက်ဖျံပေါ်ကို အားပြုပြီး ၁-၂ မိနစ်ခန့် နေပေးပါ။ သင့်ရဲ့ဖနောင့်နဲ့ဦးခေါင်းထိပ်ဟာ တတန်းတည်းဖြစ်နေပါစေ။ ယခုနည်းလမ်းတွေကို နေ့စဉ်နေ့တိုင်း ကလေးထိန်းရင်းနဲ့ လုပ်နိုင်သလောက်လုပ်ပေးပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်အတွက်အံ့သြဖွယ် အကျိုးကျေးဇူးတွေကို ရရှိလာပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-brightside