သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္ ေဆြမ်ိဳးေတြနဲ႔ ဘာေၾကာင့္ ေ၀းေ၀းမွာေနသင့္တာလဲ

0
113

လူရယ္လို႔ ျဖစ္လာရင္ ေဆြမ်ိဳးအသိုင္းအ၀ိုင္း ရွိမွသာ အဆင္ေျပႏိုင္ပါတယ္။ ဒါေပမယ့္ ေဆြမ်ိဳးအသိုင္းအ၀ိုင္း ဆက္ဆံေရးဟာ အလြန္ကို႐ႈပ္ေထြးတဲ့ အရာတစ္ခု ဆိုရင္လည္း မမွားပါဘူး။ လူတိုင္းလိုလို ေဆြမ်ိဳးေတြၾကားမွာ ျပႆနာတစ္ခုခုကို ကိုယ္တိုင္ၾကံဳဖူးတဲ့ အေတြ႔အၾကံရွိႏိုင္ပါတယ္။ ကိုယ့္အေပၚေကာင္းတဲ့သူေတြ ဆိုရင္ေတာ့ တစ္ဦးကိုတစ္ဦးေစာင့္ေရွာက္ ရမွာျဖစ္ၿပီး ကိုယ္အတြက္ဒုကၡေတြ၊ ျပႆနာေတြကို သယ္ေဆာင္လာတတ္တဲ့ ေဆြမ်ိဳး ညီကိုေမာင္ႏွမေတြကိုေတာ့ ဘယ္ေလာက္ရင္းပါေစ ေ၀းေ၀းမွာေနတာက အေကာင္းဆံုးပဲျဖစ္ပါလိမ့္မယ္။

-Advertisement-

သင့္ကိုႀကိဳးကိုင္ခ်ယ္လွယ္ဖို႔ ႀကိဳးစားရင္
သင္တို႔ရဲ႕ ပတ္သတ္မႈနဲ႔ ရင္ႏွီးမႈကို အေၾကာင္းျပဳၿပီး ကိစၥတစ္ခုခုမွာ သင့္ကိုႀကိဳးကိုင္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ရင္ သူတို႔နဲ႔ေ၀းေ၀းမွာ ေနတာအေကာင္းဆံုးပါပဲ။ မိသားစုအရင္းႀကီးမွာေတာင္မွ တစ္ဦးကိုတစ္ဦး ေလးစားမႈရွိဖို႔ လိုအပ္ပါတယ္။ သင့္ရဲ႕ေဆြမ်ိဳးအႀကီးအကဲေတြက ၾသဇာအာဏာကိုသံုး၍လည္ေကာင္း သို႔မဟုတ္ စည္းစိမ္ခ်မ္းသာမႈကို အသံုးျပဳၿပီး သင္ရဲ႕ပုဂၢိဳလ္ေရးကိစၥေတြ၊ ကိုယ္ပိုင္ဆံုးျဖတ္ခြင့္ေတြမွာ ၀င္ေရာက္စြက္ဖက္ဖို႔ ႀကိဳးစားျခင္းဟာ သင့္အတြက္ မ်ားစြာထိခိုက္မႈေတြကိုျဖစ္ေစၿပီ ေရရွည္မွာလည္း ယခုလိုအျပဳအမူမ်ိဳးေတြကို ဆက္တိုက္ၾကံဳေတြ႔ႏိုင္ပါတယ္။ ဒါေၾကာင့္ ယခုလိုပတ္သတ္မႈကို အေၾကာင္းျပဳၿပီး သင့္ကိုႀကိဳးဆြဲဖို႔ႀကိဳးစားတတ္တဲ့ ေဆြမ်ိဳးေတြနဲ႔ ကင္းေအာင္ေနတာ အေကာင္းဆံုးပါပဲ။

သင့္အေၾကာင္းကို အတင္းတုတ္ရင္
ေဆြမ်ိဳးအရင္းေတြက ကိုယ့္ရဲ႕အေၾကာင္းေတြကို အျခားသူေတြအား အတင္းတုတ္ျခင္းဟာ ေနာက္ေက်ာကိုဓါးနဲ႔ အထိုးခံရသလိုပဲ သိပ္ေၾကာက္စရာေကာင္းပါတယ္။ ဒီလိုကိစၥေတြျဖစ္လာခဲ့ရင္ ဘယ္ေလာက္ရင္းတဲ့ ေဆြမ်ိဳးျဖစ္ေစ သည္းမခံသင့္ပါဘူး။ ရင္းႏွီးလြန္းရင္ ပိုၿပီးေတာ့ေတာင္ သည္းမခံသင့္တာပါ။ တကယ္လို႔သင့္ရဲ႕ျပႆနာေတြကို ေဆြမ်ိဳးေတြကို အသိေပးရင္ေတာင္မွ သင့္ရဲ႕ အားနည္းခ်က္ေတြ၊ Privacy ေတြကို ေလးစားေသာအားျဖင့္ လႈိ႕၀ွက္ထားေပးသင့္ပါတယ္။ ဒီလိုမွမဟုတ္ပဲ ပါးစပ္ဖြာၿပီး ေလွ်ာက္ေျပာေနရင္ေတာ့ သင့္အတြက္ေၾကာက္စရာအေကာင္းဆံုး မိတ္ေဆြေယာင္ေဆာင္ထားတဲ့ ရန္သူကို လံုး၀အဆက္ျဖတ္လိုက္တာ သင့္အတြက္ ပိုေကာင္းေစမွာပါ။

အထက္စီးကေန စစ္ေဆးတတ္ရင္
ဒီကေန႔ ကမာၻႀကီးမွာ ကိုယ္တိုင္အျပစ္မကင္းတာေတာင္မွ အျခားသူေတြရဲ႕အျပစ္ကိုသာ ရွာတတ္ၿပီး စစ္ေၾကာေရးကို ၀ါသနာထံုတဲ့ လူမ်ိဳးေတြမ်ားစြာရွိပါတယ္။ အျပဳသေဘာေဆာင္တဲ့ ေ၀ဖန္မႈမ်ိဳးဆိုရင္ေတာ့ သင့္အေနနဲ႔ လက္ခံရမွာျဖစ္ၿပီး တဖတ္သတ္ကိုယ့္ကိုအျပစ္သားကဲ့သို စစ္ေဆးေမးျမန္းေနတတ္တဲ့ သူမ်ိဳးေတြကိုေတာ့ ေဆြမ်ိဳးျဖစ္ပါေစ လက္မခံသင့္ပါဘူး။ ယခုကဲ့သို႔ သင့္ကိုျပဳမူဆက္ဆံျခင္းဟာ ပတ္၀န္းက်င္မွာ သင့္ကိုပိုမိုေသးငယ္သြား သေယာင္ ျဖစ္ေစသကဲ့သို႔ ကိုယ့္ကိုယ္ကိုေလးစားယံုၾကည္မႈကိုလည္း ေလ်ာ့ပါးလာေစပါတယ္။ ထိုသူေတြနဲ႔ ေ၀းေ၀းမွာေနတာ အေကာင္းဆံုးပါပဲ။

ပတ္သတ္မႈကို အခြင့္ေကာင္းယူတတ္သူ
သင္အဆင္ေျပေနတဲ့ အခ်ိန္မ်ိဳးမွာ ေပၚလာတတ္ၿပီး သင္အဆင္မေျပတ့ဲအခ်ိန္ေတြမွာ ေပ်ာက္ေနတတ္တဲ့ ေဆြမ်ိဳးေတြနဲ႔လည္း ေ၀းေ၀းမွာေနတာ ေကာင္းပါလိမ့္မယ္။ ထိုသူေတြဟာ သင္အဆင္္ေျပေနတဲ့ အခ်ိန္မ်ိဳးေတြမွာ ဘယ္လိုစကားလံုးအလွေတြသံုးၿပီး သင့္ဆီကရသေလာက္ ယူမယ္ဆိုတာကို ေကာင္းေကာင္းသိ႐ံုသာမက တကယ္လို႔သင္အဆင္မေျပတဲ့အခ်ိန္၊ သို႔မဟုတ္ ရစရာရွိတာေတြ ေတာင္းတဲ့အခ်ိန္မ်ိဳးေတြမွာ လံုး၀ကိုဆန္႔က်င္ဖက္ ပံုစံေျပာင္းသြားတတ္ၾကပါတယ္။ သင္ျပန္လည္အဆင္ေျပလာရင္ေတာ့ သနားစရာပံုစံတစ္မ်ိဳးနဲ႔ ထပ္မံေရာက္လာဦးမွာ ျဖစ္တာေၾကာင့္ သူတို႔နဲ႔ေ၀းေ၀းေနတာ အေကာင္းဆံုးပဲ ျဖစ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar

သင့္ကိုျခြင္းခ်က္မရွိ ခ်စ္ေၾကာင္း ျပသေနတဲ့ သူ႕ရဲ႕အျပဳအမူ (၈) ခ်က္


Unicode

သင့်အတွက် အဆိပ်အတောက်ဖြစ်စေမယ့် ဆွေမျိုးတွေနဲ့ ဘာကြောင့် ဝေးဝေးမှာနေသင့်တာလဲ
လူရယ်လို့ ဖြစ်လာရင် ဆွေမျိုးအသိုင်းအဝိုင်း ရှိမှသာ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဆွေမျိုးအသိုင်းအဝိုင်း ဆက်ဆံရေးဟာ အလွန်ကိုရှုပ်ထွေးတဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။ လူတိုင်းလိုလို ဆွေမျိုးတွေကြားမှာ ပြဿနာတစ်ခုခုကို ကိုယ်တိုင်ကြုံဖူးတဲ့ အတွေ့အကြံရှိနိုင်ပါတယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ ဆိုရင်တော့ တစ်ဦးကိုတစ်ဦးစောင့်ရှောက် ရမှာဖြစ်ပြီး ကိုယ်အတွက်ဒုက္ခတွေ၊ ပြဿနာတွေကို သယ်ဆောင်လာတတ်တဲ့ ဆွေမျိုး ညီကိုမောင်နှမတွေကိုတော့ ဘယ်လောက်ရင်းပါစေ ဝေးဝေးမှာနေတာက အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။

သင့်ကိုကြိုးကိုင်ချယ်လှယ်ဖို့ ကြိုးစားရင်
သင်တို့ရဲ့ ပတ်သတ်မှုနဲ့ ရင်နှီးမှုကို အကြောင်းပြုပြီး ကိစ္စတစ်ခုခုမှာ သင့်ကိုကြိုးကိုင်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရင် သူတို့နဲ့ဝေးဝေးမှာ နေတာအကောင်းဆုံးပါပဲ။ မိသားစုအရင်းကြီးမှာတောင်မှ တစ်ဦးကိုတစ်ဦး လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ဆွေမျိုးအကြီးအကဲတွေက သြဇာအာဏာကိုသုံး၍လည်ကောင်း သို့မဟုတ် စည်းစိမ်ချမ်းသာမှုကို အသုံးပြုပြီး သင်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေမှာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားခြင်းဟာ သင့်အတွက် များစွာထိခိုက်မှုတွေကိုဖြစ်စေပြီ ရေရှည်မှာလည်း ယခုလိုအပြုအမူမျိုးတွေကို ဆက်တိုက်ကြံုတွေ့နိုင်ပါတယ်။ ဒါကြောင့် ယခုလိုပတ်သတ်မှုကို အကြောင်းပြုပြီး သင့်ကိုကြိုးဆွဲဖို့ကြိုးစားတတ်တဲ့ ဆွေမျိုးတွေနဲ့ ကင်းအောင်နေတာ အကောင်းဆုံးပါပဲ။

သင့်အကြောင်းကို အတင်းတုတ်ရင်
ဆွေမျိုးအရင်းတွေက ကိုယ့်ရဲ့အကြောင်းတွေကို အခြားသူတွေအား အတင်းတုတ်ခြင်းဟာ နောက်ကျောကိုဓါးနဲ့ အထိုးခံရသလိုပဲ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီလိုကိစ္စတွေဖြစ်လာခဲ့ရင် ဘယ်လောက်ရင်းတဲ့ ဆွေမျိုးဖြစ်စေ သည်းမခံသင့်ပါဘူး။ ရင်းနှီးလွန်းရင် ပိုပြီးတော့တောင် သည်းမခံသင့်တာပါ။ တကယ်လို့သင့်ရဲ့ပြဿနာတွေကို ဆွေမျိုးတွေကို အသိပေးရင်တောင်မှ သင့်ရဲ့ အားနည်းချက်တွေ၊ Privacy တွေကို လေးစားသောအားဖြင့် လှို့ဝှက်ထားပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ပါးစပ်ဖွာပြီး လျှောက်ပြောနေရင်တော့ သင့်အတွက်ကြောက်စရာအကောင်းဆုံး မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူကို လုံးဝအဆက်ဖြတ်လိုက်တာ သင့်အတွက် ပိုကောင်းစေမှာပါ။

အထက်စီးကနေ စစ်ဆေးတတ်ရင်
ဒီကနေ့ ကမ္ဘာကြီးမှာ ကိုယ်တိုင်အပြစ်မကင်းတာတောင်မှ အခြားသူတွေရဲ့အပြစ်ကိုသာ ရှာတတ်ပြီး စစ်ကြောရေးကို ၀ါသနာထုံတဲ့ လူမျိုးတွေများစွာရှိပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးဆိုရင်တော့ သင့်အနေနဲ့ လက်ခံရမှာဖြစ်ပြီး တဖတ်သတ်ကိုယ့်ကိုအပြစ်သားကဲ့သို စစ်ဆေးမေးမြန်းနေတတ်တဲ့ သူမျိုးတွေကိုတော့ ဆွေမျိုးဖြစ်ပါစေ လက်မခံသင့်ပါဘူး။ ယခုကဲ့သို့ သင့်ကိုပြုမူဆက်ဆံခြင်းဟာ ပတ်ဝန်းကျင်မှာ သင့်ကိုပိုမိုသေးငယ်သွား သယောင် ဖြစ်စေသကဲ့သို့ ကိုယ့်ကိုယ်ကိုလေးစားယုံကြည်မှုကိုလည်း လျော့ပါးလာစေပါတယ်။ ထိုသူတွေနဲ့ ဝေးဝေးမှာနေတာ အကောင်းဆုံးပါပဲ။

ပတ်သတ်မှုကို အခွင့်ကောင်းယူတတ်သူ
သင်အဆင်ပြေနေတဲ့ အချိန်မျိုးမှာ ပေါ်လာတတ်ပြီး သင်အဆင်မပြေတဲ့အချိန်တွေမှာ ပျောက်နေတတ်တဲ့ ဆွေမျိုးတွေနဲ့လည်း ဝေးဝေးမှာနေတာ ကောင်းပါလိမ့်မယ်။ ထိုသူတွေဟာ သင်အဆင််ပြေနေတဲ့ အချိန်မျိုးတွေမှာ ဘယ်လိုစကားလုံးအလှတွေသုံးပြီး သင့်ဆီကရသလောက် ယူမယ်ဆိုတာကို ကောင်းကောင်းသိရုံသာမက တကယ်လို့သင်အဆင်မပြေတဲ့အချိန်၊ သို့မဟုတ် ရစရာရှိတာတွေ တောင်းတဲ့အချိန်မျိုးတွေမှာ လုံးဝကိုဆန့်ကျင်ဖက် ပုံစံပြောင်းသွားတတ်ကြပါတယ်။ သင်ပြန်လည်အဆင်ပြေလာရင်တော့ သနားစရာပုံစံတစ်မျိုးနဲ့ ထပ်မံရောက်လာဦးမှာ ဖြစ်တာကြောင့် သူတို့နဲ့ဝေးဝေးနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here