စိတ္ဖိစီးမႈကို သဘာ၀အတိုင္း ထိန္းခ်ဳပ္ကြပ္ကဲႏိုင္မယ့္ နည္းလမ္း (၆) ခ်က္

0
60

လူသားတိုင္း စိတ္ဖိစီးမႈေတြကေန ႐ုန္းထြက္ဖို႔ ခက္ခဲပါလိမ့္မယ္။ အလုပ္ႀကိဳးစားတဲ့သူေတြဆိုရင္ မိုးလင္းကေနမိုးခ်ဳပ္ထိ အလုပ္ထဲမွာပဲ စိတ္ကိုႏွစ္ျမွပ္ထားတတ္ၾကၿပီး ဘ၀တစ္ခုလံုး နိစၥဓူ၀သံသရာထဲမွာပဲ လည္ပတ္ေနၾကပါတယ္။ ဒီလိုစီးပြားေရး၊ လူမႈေရးေတြေၾကာင့္ စိတ္ဖိစီးမႈေတြ မ်ားျပားလာတဲ့အခါ စိတ္ထြက္ေပါက္ျဖစ္ႏိုင္မယ့္အရာေတြကို လုပ္တတ္ၾကေသာ္လည္း သဘာ၀အတိုင္း မိမိတို႔ရဲ႕စိတ္ကို စီမံႏိုင္ဖို႔အတြက္ သဘာ၀က်က်ေျဖရွင္ဖို႔ နည္းလမ္းတခ်ိဳ႕ကို အေထာက္အကူျဖစ္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

တစ္စံုတစ္ေယာက္ကို ကူညီပါ
သင္ဟာကမၻာႀကီးကို ပိုေကာင္းေစခ်င္တဲ့ စိတ္ကူးရွိရင္ေတာင္မွ သင္ဟာပါ၀င္ပတ္သတ္သူတစ္ေယာက္ မျဖစ္ေစပဲ ပြဲၾကည့္ပရိသတ္အေနနဲ႔သာ ရွိေစခ်င္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အရာရာတိုင္းကို သင့္စိတ္တိုင္းက် မေျပာင္းလဲႏိုင္ရင္ ပိုၿပီးစိတ္ပင္ပန္းေစႏိုင္ပါတယ္။ ေန႔စဥ္ လူတစ္ေယာက္ကို သင္ကူညီလိုက္႐ံုနဲ႔ ကမာၻႀကီးကိုသင္ကိုယ္တိုင္ ေျပာင္းလဲရာေရာက္ပါလိမ့္မယ္။ သင္လူတစ္ေယာက္ကို ကူညီလိုက္တာဟာ ထိုသူတစ္ေယာက္တည္းကို ကူညီလိုက္တာ မဟုတ္ပါဘူး။ ထိုသူအဆင္ေျပသြားၿပီး ေပ်ာ္ရြင္သြားတာနဲ႔အမွ် တျခားတစ္ေယာက္ကိုလည္း သင့္နည္းတူ သူကကူညီေပးႏိုင္ပါတယ္။ သူကူညီေပးတဲ့ သူဟာလည္း အျခားသူေတြကိုကူညီရင္း တေျဖးေျဖးဆင့္ပြားလာျခင္းကို ဆင့္ကဲျဖစ္စဥ္မ်ားအျဖစ္ ေလ့လာေတြ႔ရွိခဲ့လိုပါပဲ။

သတင္းေတြကို ၾကည့္တတ္တဲ့အခ်ိန္ကို ကန္႔သတ္ပါ
တီဗြီကသတင္းေတြကို တနာရီေလာက္ထိုင္ၾကည့္ေနရတဲ့အေတာအတြင္းဟာ စိတ္အပန္းေျပေစတယ္လို႔ ထင္ရေပမယ့္ ဦးေႏွာက္စြမ္းအားေတြနဲ႔ အခ်ိန္ေတြကေတာ့ ကုန္ဆံုးရပါတယ္။ ဒါေၾကာင့္ သတင္းၾကည့္တဲ့အခ်ိန္ေတြကို သင့္အေနနဲ႔ ကန္႔သတ္သင့္ပါတယ္။ ဒါ့အျပင္ေဖ့ဘြတ္ကေနတဆင့္ သတင္းေတြဖတ္တဲ့အခါ ေကာင္းတာေတြထက္ မေကာင္းတာေတြ ပိုမ်ားေနတာကိုလည္း သင္သတိထားႏိုင္ပါတယ္။ ဒီလိုစိတ္ညစ္စရာ အမႈိက္သ႐ိုက္ေတြကို ေရွာင္ကြင္းသြားသင့္ၿပီး တကယ္စိတ္၀င္စားတဲ့ အရာေတြကိုသာ ရွာေဖြဖတ္႐ႈသင့္ပါတယ္။

က်န္းမာစြာေနထိုင္ပါ
က်န္းမာစြာေနထိုင္ျခင္းဟာလည္း စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါေစပါတယ္။ တကယ္လို႔သင္ဟာ အရက္၊ ဘီယာေတြ နဲ႔ စိတ္ေျပေပ်ာက္ေအာင္ အပန္ေျဖေပမယ့္ ထိုအရာေတြက လြန္တဲ့အခါေတြနဲ႔ အာနိသင္ပယ္တဲ့အခ်ိန္ေတြမွာ စိတ္ကိုပို႐ႈပ္ေထြးေစတတ္ပါတယ္။ ဒါေၾကာင့္ အေျခခံက်န္းမာေရးေနထိုင္မႈအျဖစ္ အသက္႐ႈေလ့က်င့္ခန္း(သို႕) တရားထိုင္ျခင္း၊ အနည္းဆံုးေရ ၆- ၈ ေအာင္စခန္႔ေရေသာက္သံုးျခင္း၊ အလယ္အလတ္ေလ့က်င့္ခန္းေတြကို ေန႔စဥ္ပံုမွန္ျပဳလုပ္ျခင္း၊ နီကိုတင္နဲ႔ အယ္ကိုေဟာကို ေရွာင္ျခင္း(သို႔မဟုတ္) ျဖတ္ျခင္း၊ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာ ၃ ၄ မ်ိဳးကိုေန႔စဥ္စားသံုးျခင္း စတဲ့ အေလ့အက်င့္ေတြကို ျပဳလုပ္ေပးပါ။

လူေတြနဲ႔ စကားေျပာပါ
သင့္ရဲ႕သူငယ္ခ်င္း၊ မိသားစုေတြဆီကို အလည္သြားဖို႔အတြက္ အခ်ိန္ေပးသင့္ပါတယ္။ သူတို႔ေတြနဲ႔ အတူတကြထိုင္ၿပီး စကားေတြေျပာပါ၊ မုန္႔ေတြေ၀စားပါ၊ ဒါမွမဟုတ္ အျပင္ကိုအတူတူသြားပါ။ ဒါေပမယ့္ သင့္ရဲ႕မိသားစုနဲ႔ သူငယ္ခ်င္းေတြအတြက္လည္း သင့္ကိုယ္သင္ကန္႔သတ္ပါ။ ဘာေၾကာင့္လည္းဆိုေတာ့ အျပင္ဖက္မွာ ကမာၻႀကီးတစ္ခုလံုးရွိေနတဲ့အတြက္ အျခားသူေတြနဲ႔လည္း မိတ္ေဆြသစ္ေတြဖြဲ႕ပါ။
သင့္ရဲ႕ပတ္၀န္းက်င္ကို ေပ်ာ္စရာေတြျဖစ္လာေအာင္ သင္ကိုယ္တိုင္ဖန္တီးႏိုင္ပါတယ္။

သင္ႏွစ္သက္တဲ့အရာေတြကို လုပ္ပါ
ဘ၀ဟာ တကယ္ကိုတိုေတာင္းလြန္းပါတယ္။ ဒါေၾကာင့္ သင္ျမတ္ႏိုးတဲ့၀ါသနာေတြအတြက္လည္း အခ်ိန္ေပးပါ။ ဥပမာ စာဖတ္ျခင္း၊ တရားထိုင္ျခင္း၊ ကြန္ျပဴတာဂိမ္း၊ စာေရးျခင္း နဲ႕ ပန္းခ်ီဆြဲျခင္း စတဲ့ သင္၀ါသနာပါရာတစ္ခုခုအတြက္ အခ်ိန္ေပးႏိုင္ေအာင္ ႀကိဳးစားျခင္းက သင့္ကိုပိုၿပီး စိတ္ေအးလက္ေအး ျဖစ္ေစႏိုင္ပါတယ္။

တခုခုအေပၚမွာ အာ႐ံုစိုက္ပါ
လူတိုင္းဟာ ပ်မ္းမွ်အားျဖင့္ ေန႔စဥ္နဲ႔အမွ် အေတြးေပါင္း ၅ေသာင္း၊ ၆ေသာင္းေလာက္ ျဖစ္ေနတတ္ပါတယ္။ ဒီလိုစိတ္ပ်ံ႕လြင့္ျခင္းေၾကာင့္ အေတြးေပါင္းမ်ားကသင့္ကိုစိတ္ဖိစီးမႈေတြ ေပးႏိုင္ပါတယ္။ ဒီအတြက္ အေရးအပါဆံုး အရာေတြအေပၚမွာသာ အာ႐ံုစိုက္တတ္တဲ့ အေလ့အက်င့္ကို ျပဳလုပ္ေပးပါ။ မလိုအပ္တာေတြကို ေခါင္းထဲထည့္မထားပဲ ထုတ္ပစ္လိုက္ျခင္းက သင့္ရဲ႕စိတ္ကိုေပါ့ပါးေစပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-positivethingsonly

သင့္ကိုျခြင္းခ်က္မရွိ ခ်စ္ေၾကာင္း ျပသေနတဲ့ သူ႕ရဲ႕အျပဳအမူ (၈) ခ်က္


စိတ်ဖိစီးမှုကို သဘာဝအတိုင်း ထိန်းချုပ်ကွပ်ကဲနိုင်မယ့် နည်းလမ်း (၆) ချက်
လူသားတိုင်း စိတ်ဖိစီးမှုတွေကနေ ရုန်းထွက်ဖို့ ခက်ခဲပါလိမ့်မယ်။ အလုပ်ကြိုးစားတဲ့သူတွေဆိုရင် မိုးလင်းကနေမိုးချုပ်ထိ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်မြှပ်ထားတတ်ကြပြီး ဘဝတစ်ခုလုံး နိစ္စဓူဝသံသရာထဲမှာပဲ လည်ပတ်နေကြပါတယ်။ ဒီလိုစီးပွားရေး၊ လူမှုရေးတွေကြောင့် စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါ စိတ်ထွက်ပေါက်ဖြစ်နိုင်မယ့်အရာတွေကို လုပ်တတ်ကြသော်လည်း သဘာဝအတိုင်း မိမိတို့ရဲ့စိတ်ကို စီမံနိုင်ဖို့အတွက် သဘာဝကျကျဖြေရှင်ဖို့ နည်းလမ်းတချို့ကို အထောက်အကူဖြစ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

တစ်စုံတစ်ယောက်ကို ကူညီပါ
သင်ဟာကမ္ဘာကြီးကို ပိုကောင်းစေချင်တဲ့ စိတ်ကူးရှိရင်တောင်မှ သင်ဟာပါ၀င်ပတ်သတ်သူတစ်ယောက် မဖြစ်စေပဲ ပွဲကြည့်ပရိသတ်အနေနဲ့သာ ရှိစေချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရာရာတိုင်းကို သင့်စိတ်တိုင်းကျ မပြောင်းလဲနိုင်ရင် ပိုပြီးစိတ်ပင်ပန်းစေနိုင်ပါတယ်။ နေ့စဉ် လူတစ်ယောက်ကို သင်ကူညီလိုက်ရုံနဲ့ ကမ္ဘာကြီးကိုသင်ကိုယ်တိုင် ပြောင်းလဲရာရောက်ပါလိမ့်မယ်။ သင်လူတစ်ယောက်ကို ကူညီလိုက်တာဟာ ထိုသူတစ်ယောက်တည်းကို ကူညီလိုက်တာ မဟုတ်ပါဘူး။ ထိုသူအဆင်ပြေသွားပြီး ပျော်ရွင်သွားတာနဲ့အမျှ တခြားတစ်ယောက်ကိုလည်း သင့်နည်းတူ သူကကူညီပေးနိုင်ပါတယ်။ သူကူညီပေးတဲ့ သူဟာလည်း အခြားသူတွေကိုကူညီရင်း တဖြေးဖြေးဆင့်ပွားလာခြင်းကို ဆင့်ကဲဖြစ်စဉ်များအဖြစ် လေ့လာတွေ့ရှိခဲ့လိုပါပဲ။

သတင်းတွေကို ကြည့်တတ်တဲ့အချိန်ကို ကန့်သတ်ပါ
တီဗွီကသတင်းတွေကို တနာရီလောက်ထိုင်ကြည့်နေရတဲ့အတောအတွင်းဟာ စိတ်အပန်းပြေစေတယ်လို့ ထင်ရပေမယ့် ဦးနှောက်စွမ်းအားတွေနဲ့ အချိန်တွေကတော့ ကုန်ဆုံးရပါတယ်။ ဒါကြောင့် သတင်းကြည့်တဲ့အချိန်တွေကို သင့်အနေနဲ့ ကန့်သတ်သင့်ပါတယ်။ ဒါ့အပြင်ဖေ့ဘွတ်ကနေတဆင့် သတင်းတွေဖတ်တဲ့အခါ ကောင်းတာတွေထက် မကောင်းတာတွေ ပိုများနေတာကိုလည်း သင်သတိထားနိုင်ပါတယ်။ ဒီလိုစိတ်ညစ်စရာ အမှိုက်သရိုက်တွေကို ရှောင်ကွင်းသွားသင့်ပြီး တကယ်စိတ်ဝင်စားတဲ့ အရာတွေကိုသာ ရှာဖွေဖတ်ရှုသင့်ပါတယ်။

ကျန်းမာစွာနေထိုင်ပါ
ကျန်းမာစွာနေထိုင်ခြင်းဟာလည်း စိတ်ဖိစီးမှုတွေကို လျော့ပါစေပါတယ်။ တကယ်လို့သင်ဟာ အရက်၊ ဘီယာတွေ နဲ့ စိတ်ပြေပျောက်အောင် အပန်ဖြေပေမယ့် ထိုအရာတွေက လွန်တဲ့အခါတွေနဲ့ အာနိသင်ပယ်တဲ့အချိန်တွေမှာ စိတ်ကိုပိုရှုပ်ထွေးစေတတ်ပါတယ်။ ဒါကြောင့် အခြေခံကျန်းမာရေးနေထိုင်မှုအဖြစ် အသက်ရှုလေ့ကျင့်ခန်း(သို့) တရားထိုင်ခြင်း၊ အနည်းဆုံးရေ ၆- ၈ အောင်စခန့်ရေသောက်သုံးခြင်း၊ အလယ်အလတ်လေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်ပြုလုပ်ခြင်း၊ နီကိုတင်နဲ့ အယ်ကိုဟောကို ရှောင်ခြင်း(သို့မဟုတ်) ဖြတ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ ၃ ၄ မျိုးကိုနေ့စဉ်စားသုံးခြင်း စတဲ့ အလေ့အကျင့်တွေကို ပြုလုပ်ပေးပါ။

လူတွေနဲ့ စကားပြောပါ
သင့်ရဲ့သူငယ်ချင်း၊ မိသားစုတွေဆီကို အလည်သွားဖို့အတွက် အချိန်ပေးသင့်ပါတယ်။ သူတို့တွေနဲ့ အတူတကွထိုင်ပြီး စကားတွေပြောပါ၊ မုန့်တွေဝေစားပါ၊ ဒါမှမဟုတ် အပြင်ကိုအတူတူသွားပါ။ ဒါပေမယ့် သင့်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေအတွက်လည်း သင့်ကိုယ်သင်ကန့်သတ်ပါ။ ဘာကြောင့်လည်းဆိုတော့ အပြင်ဖက်မှာ ကမ္ဘာကြီးတစ်ခုလုံးရှိနေတဲ့အတွက် အခြားသူတွေနဲ့လည်း မိတ်ဆွေသစ်တွေဖွဲ့ပါ။
သင့်ရဲ့ပတ်ဝန်းကျင်ကို ပျော်စရာတွေဖြစ်လာအောင် သင်ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။

သင်နှစ်သက်တဲ့အရာတွေကို လုပ်ပါ
ဘဝဟာ တကယ်ကိုတိုတောင်းလွန်းပါတယ်။ ဒါကြောင့် သင်မြတ်နိုးတဲ့ဝါသနာတွေအတွက်လည်း အချိန်ပေးပါ။ ဥပမာ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ကွန်ပြူတာဂိမ်း၊ စာရေးခြင်း နဲ့ ပန်းချီဆွဲခြင်း စတဲ့ သင်ဝါသနာပါရာတစ်ခုခုအတွက် အချိန်ပေးနိုင်အောင် ကြိုးစားခြင်းက သင့်ကိုပိုပြီး စိတ်အေးလက်အေး ဖြစ်စေနိုင်ပါတယ်။

တခုခုအပေါ်မှာ အာရုံစိုက်ပါ
လူတိုင်းဟာ ပျမ်းမျှအားဖြင့် နေ့စဉ်နဲ့အမျှ အတွေးပေါင်း ၅သောင်း၊ ၆သောင်းလောက် ဖြစ်နေတတ်ပါတယ်။ ဒီလိုစိတ်ပျံ့လွင့်ခြင်းကြောင့် အတွေးပေါင်းများကသင့်ကိုစိတ်ဖိစီးမှုတွေ ပေးနိုင်ပါတယ်။ ဒီအတွက် အရေးအပါဆုံး အရာတွေအပေါ်မှာသာ အာရုံစိုက်တတ်တဲ့ အလေ့အကျင့်ကို ပြုလုပ်ပေးပါ။ မလိုအပ်တာတွေကို ခေါင်းထဲထည့်မထားပဲ ထုတ်ပစ်လိုက်ခြင်းက သင့်ရဲ့စိတ်ကိုပေါ့ပါးစေပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-positivethingsonly

LEAVE A REPLY

Please enter your comment!
Please enter your name here