အိပ္ရာမ၀င္ခင္မွာ ေရွာင္ရွားသင့္တဲ့ အရာ (၁၀)ခ်က္

0
84
- Advertisement -

တေန႔တာလံုး ပင္ပန္းသမွ်ကိုေျပေပ်ာက္ေစဖို႔နဲ႔ ေနာက္တစ္ေန႔အတြက္ စြမ္းအင္ေတြကို ျပန္လည္ျဖည့္တင္းဖို႔ဆိုတာ ေကာင္းမြန္တဲ့အိပ္စက္ျခင္း ရရွိဖို႔လိုအပ္ပါတယ္။ ဒီလိုမ်ိဳး စြမ္းအင္ျပည့္၀တဲ့ အိမ္စက္ျခင္းကို ရရွိေစဖို႔ မအိပ္ခင္မွာ ေရွာင္ရွားသင့္တဲ့ အရာေတြကို ေရွာင္ရွားျခင္းျဖင့္ က်န္းမာတဲ့ဘ၀ေနထိုင္မႈ ပံုစံတစ္ခုကို ရရွိေစမွာျဖစ္ပါတယ္။
၁။ အယ္ကိုေဟာ
အယ္ကိုေဟာပါ၀င္တဲ့ အရက္အမ်ိဳးမ်ိဳး၊ ဘီယာ၊ ၀ိုင္ စတာေတြကို မွီ၀ဲၿပီး အိပ္ရာ၀င္ျခင္းဟာ အ္ပ္စက္ျခင္းကို မ်ားစြာအေႏွာက္အယွက္ ျဖစ္ေစႏိုင္ပါတယ္။ အယ္ကိုေဟာဟာ ရင္ပူေစတာေၾကာင့္ အိပ္ရာႏိုးႏိုးျခင္း ေရငတ္ျခင္း၊ ေရဓါတ္ဆံုး႐ႈံးျခင္း၊ တေရးႏိုးျခင္း စတဲ့အရာေတြကို ျဖစ္ေစႏိုင္ၿပီး ကိုယ္အေလးခ်ိန္မညီမွ်မႈကိုလည္း ျဖစ္ေစတတ္တာေၾကာင့္ ညခင္းဖက္ အလြန္အကၽြံမေသာက္သံုးသင့္သလို အကယ္၍ ဘီယာ၊၀ိုင္လို အယ္ကိုေဟာပါ၀င္မႈနည္းတဲ့ အရာေတြကို ေသာက္သံုးရင္ေတာင္မွ အိပ္ခ်ိန္နဲ႔ သံုးနာရီေလာက္ခြာၿပီး ေသာက္သံုးသင့္ပါတယ္။

-Advertisement-

၂။ မိုဘိုင္းဖုန္း
မ်ားစြာေသာ ေလ့လာမႈေတြအရ အိပ္ရာ၀င္ခါနီး ဖုန္းသံုးျခင္း၊ တက္ပလက္၊ e-reader ၊ နဲ႔ တီဗြီၾကည့္ရင္ေတာင္မွ အိပ္စက္ျခင္းကို မ်ားစြာေႏွာက္ယွက္ႏိုင္ေၾကာင္း သိရွိရပါတယ္။ အဆိုပါ စက္ပစၥည္းေတြက ထြက္တဲ့  blue light ဟာ မ်က္စိကိုေၾကာင္ေစ႐ံုသာမက အိပ္ရာမွႏိုးတဲ့အခါလည္း အိပ္ေရးမ၀ျခင္းကို ျဖစ္ေစႏိုင္တာေၾကာင့္ စြမ္းအင္ျပည့္၀စြာ အိပ္စက္အနားယူဖို႔အတြက္ ေရွာင္ရွားသင့္ပါတယ္။

၃။ ကာဖိန္း
ေကာ္ဖီတခြက္ဟာ ကာဖိန္းဓါတ္အနည္းဆံုး ၈၀ ကေန ၁၂၀ ထိပါ၀င္ၿပီး ကၽြန္ေတာ္တို႔ခႏၶာကိုယ္အတြင္းမွာ ၁၀- ၁၂ နာရီနီးပါ ရွိေနတတ္ပါတယ္။ ကာဖိန္းဓါတ္ဟာလည္း အိပ္စက္ျခင္းကိုမ်ားစြာေႏွာက္ယွက္ႏိုင္တာေၾကာင့္ ညဖက္ေသာက္သံုးျခင္းကို ေရွာင္ရွားသင့္ပါတယ္။

၄။ ေခ်ာကလက္
ေခ်ာကလက္ အထူးသျဖင့္ အမဲေရာင္ေခ်ာကလက္မွာ ကာဖိန္းဓါတ္မ်ားျပားစြာပါ၀င္ၿပီး မ်က္စိေၾကာင္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ညစာစားၿပီး အခ်ိဳတည္းတဲ့အခါ ေခ်ာကလက္စားသံုးျခင္းကို ေရွာင္ရွားေပးပါ။

၅။ အလြန္အက်ဴးစားျခင္း
ညခင္းဖက္မွာ ကၽြန္ေတာ္တို႔ရဲ႕ ဇီ၀ျဖစ္ပ်က္မႈဟာ အလြန္ေႏွးေကြးတာေၾကာင့္ အလြန္အက်ဴးစားတဲ့အခါ အစာမေၾကျခင္း၊ အ၀လြန္ျခင္း နဲ႔ အျခားက်န္းမာေရး ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္သလို အိပ္ေရးမ၀ျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ညဖက္မွာ အလြန္အက်ဴးမစားပဲ မနက္စာကိုပိုစားသင့္ေၾကာင္း အၾကံျပဳပါတယ္။

၆။ ေရေသာက္မ်ားျခင္း
မနက္ခင္းနဲ႔ ေန႔လည္ပိုင္း အလုပ္လုပ္ေနတဲ့အခ်ိန္မွာ ေရမ်ားမ်ားေသာက္ဖို႔ လိုအပ္ေသာ္လည္း ညဖက္အိပ္ခါနီးမွာေတာ့ အမ်ားႀကီးေသာက္ဖို႔ မလိုအပ္ပါဘူး။ ေရအမ်ားႀကီးေသာက္တဲ့အခါ တေရးႏိုးဆီးသြားျခင္းေတြ၊ ဆီးအိမ္မွာ ဆီးေတြမ်ားေနေစတာေၾကာင့္ သင့္အတြက္အိပ္ေရးပ်က္ေစသလို က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။

၇။ မွားယြင္းစြာစားျခင္း
ညခင္းအိပ္ခါနီးမွာ အဆီနဲ႔ အခ်ိဳမ်ားတဲ့ အစားအစာေတြကို ေရွာင္ရွားသင့္ပါတယ္။ သင့္အတြက္အဆီတက္ေစသလို က်န္းမာေရးအတြက္လည္း အေထာက္အကူမျဖစ္ေစပါဘူး။

၈။ ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ကို အိပ္ရာ၀င္ခါနီးေသာက္တဲ့အခါ စိတ္ပိုမိုအပန္းေျပေစတယ္လို႔ တခ်ိဳ႕ကထင္မွတ္ေသာ္လည္း သင့္ရဲ႕အိပ္စက္ျခင္းကိုေတာ့ မ်ားစြာေႏွာက္ယွက္ႏိုင္ေစပါတယ္။ ေဆးလိပ္မွာတဲ့ နီကိုတင္းဟာ အိပ္ေရးမ၀ျခင္းနဲ႔ အသက္႐ႈလမ္းေၾကာင္း ျပႆနာေတြကို ျဖစ္ေစႏိုင္တာေၾကာင့္ မအိပ္ခင္ေရွာင္ရွားသင့္တဲ့ အရာတစ္ခုျဖစ္ပါတယ္။

၉။ ေလ့က်င့္ခန္းလုပ္ျခင္း
ေရေသာက္ျခင္းလိုပဲ ေလ့က်င့္ခန္းလုပ္ျခင္းဟာ သင့္ရဲ႕ခႏၶာကိုယ္အတြက္ မ်ားစြာအေထာက္အကူျပဳေစေသာ္လည္း အိပ္ခါနီးျပဳလုပ္တဲ့အခါ ေဟာ္မုန္းေတြကို တက္ၾကြေစတာေၾကာင့္ အနားယူဖို႔အတြက္ အေႏွာက္အယွက္ ျဖစ္ေစႏိုင္သလို မ်က္စိေၾကာင္ေစပါတယ္။
ဒါေၾကာင့္ အိပ္ခါနီးေလ့က်င့္ခန္းမလုပ္သင့္ပါဘူး။

၁၀။ ေရခ်ိဳးျခင္း
ေရခ်ိဳးျခင္းဟာ သင့္တစ္ကိုယ္လံုးကို လန္းဆန္းေစပါတယ္။ ဒါေပမယ့္ အိပ္ခါနီးခ်ိဳးရင္ေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ျခင္းကို ထိခိုက္ေစႏိုင္ၿပီး တေရးႏိုးမ်က္စိေၾကာင္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဥာဥ့္နက္ပိုင္း ေရခ်ိဳးတတ္တဲ့အေလ့အထကို ေရွာင္ရွားေပးပါ။ အိပ္စက္ျခင္းဟာ အစား၊ ေလ နဲ႔ ေရလိုပဲ ခႏၶာကိုယ္အတြက္ မ်ားစြာလိုအပ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ အိပ္စက္ျခင္းကို အထူးဂ႐ုစိုက္ဖို႔လိုအပ္ၿပီး အိပ္ခါနီး စိတ္ညစ္စရာေတြကို ေတြးေတာျခင္းနဲ႔ အေပၚမွာ ေဖာ္ျပခဲ့တဲ့အရာေတြကို ေရွာင္ရွားျခင္းေၾကာင့္ ပိုမိုက်န္းမာတဲ့ ဘ၀ေနထိုင္မႈကို ရရွိမွာျဖစ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar

ခြဲစိတ္ကုသျခင္းမျပဳလုပ္ပဲ လိပ္ေခါင္းေရာဂါကို ေပ်ာက္ကင္းႏိုင္မဲ့ နည္းလမ္းအခ်ိဳ႕


အိပ်ရာမဝင်ခင်မှာ ရှောင်ရှားသင့်တဲ့ အရာ (၁၀)ချက်
တနေ့တာလုံး ပင်ပန်းသမျှကိုပြေပျောက်စေဖို့နဲ့ နောက်တစ်နေ့အတွက် စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ဆိုတာ ကောင်းမွန်တဲ့အိပ်စက်ခြင်း ရရှိဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး စွမ်းအင်ပြည့်ဝတဲ့ အိမ်စက်ခြင်းကို ရရှိစေဖို့ မအိပ်ခင်မှာ ရှောင်ရှားသင့်တဲ့ အရာတွေကို ရှောင်ရှားခြင်းဖြင့် ကျန်းမာတဲ့ဘဝနေထိုင်မှု ပုံစံတစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။
၁။ အယ်ကိုဟော
အယ်ကိုဟောပါ၀င်တဲ့ အရက်အမျိုးမျိုး၊ ဘီယာ၊ ၀ိုင် စတာတွေကို မှီဝဲပြီး အိပ်ရာဝင်ခြင်းဟာ အ်ပ်စက်ခြင်းကို များစွာအနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ အယ်ကိုဟောဟာ ရင်ပူစေတာကြောင့် အိပ်ရာနိုးနိုးခြင်း ရေငတ်ခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်း၊ တရေးနိုးခြင်း စတဲ့အရာတွေကို ဖြစ်စေနိုင်ပြီး ကိုယ်အလေးချိန်မညီမျှမှုကိုလည်း ဖြစ်စေတတ်တာကြောင့် ညခင်းဖက် အလွန်အကျွံမသောက်သုံးသင့်သလို အကယ်၍ ဘီယာ၊၀ိုင်လို အယ်ကိုဟောပါ၀င်မှုနည်းတဲ့ အရာတွေကို သောက်သုံးရင်တောင်မှ အိပ်ချိန်နဲ့ သုံးနာရီလောက်ခွာပြီး သောက်သုံးသင့်ပါတယ်။

၂။ မိုဘိုင်းဖုန်း
များစွာသော လေ့လာမှုတွေအရ အိပ်ရာဝင်ခါနီး ဖုန်းသုံးခြင်း၊ တက်ပလက်၊ e-reader ၊ နဲ့ တီဗွီကြည့်ရင်တောင်မှ အိပ်စက်ခြင်းကို များစွာနှောက်ယှက်နိုင်ကြောင်း သိရှိရပါတယ်။ အဆိုပါ စက်ပစ္စည်းတွေက ထွက်တဲ့  blue light ဟာ မျက်စိကိုကြောင်စေရုံသာမက အိပ်ရာမှနိုးတဲ့အခါလည်း အိပ်ရေးမဝခြင်းကို ဖြစ်စေနိုင်တာကြောင့် စွမ်းအင်ပြည့်ဝစွာ အိပ်စက်အနားယူဖို့အတွက် ရှောင်ရှားသင့်ပါတယ်။

၃။ ကာဖိန်း
ကော်ဖီတခွက်ဟာ ကာဖိန်းဓါတ်အနည်းဆုံး ၈၀ ကနေ ၁၂၀ ထိပါ၀င်ပြီး ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းမှာ ၁၀- ၁၂ နာရီနီးပါ ရှိနေတတ်ပါတယ်။ ကာဖိန်းဓါတ်ဟာလည်း အိပ်စက်ခြင်းကိုများစွာနှောက်ယှက်နိုင်တာကြောင့် ညဖက်သောက်သုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။

၄။ ချောကလက်
ချောကလက် အထူးသဖြင့် အမဲရောင်ချောကလက်မှာ ကာဖိန်းဓါတ်များပြားစွာပါ၀င်ပြီး မျက်စိကြောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညစာစားပြီး အချိုတည်းတဲ့အခါ ချောကလက်စားသုံးခြင်းကို ရှောင်ရှားပေးပါ။

၅။ အလွန်အကျူးစားခြင်း
ညခင်းဖက်မှာ ကျွန်တော်တို့ရဲ့ ဇီဝဖြစ်ပျက်မှုဟာ အလွန်နှေးကွေးတာကြောင့် အလွန်အကျူးစားတဲ့အခါ အစာမကြေခြင်း၊ အဝလွန်ခြင်း နဲ့ အခြားကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်စေနိုင်သလို အိပ်ရေးမဝခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညဖက်မှာ အလွန်အကျူးမစားပဲ မနက်စာကိုပိုစားသင့်ကြောင်း အကြံပြုပါတယ်။

၆။ ရေသောက်များခြင်း
မနက်ခင်းနဲ့ နေ့လည်ပိုင်း အလုပ်လုပ်နေတဲ့အချိန်မှာ ရေများများသောက်ဖို့ လိုအပ်သော်လည်း ညဖက်အိပ်ခါနီးမှာတော့ အများကြီးသောက်ဖို့ မလိုအပ်ပါဘူး။ ရေအများကြီးသောက်တဲ့အခါ တရေးနိုးဆီးသွားခြင်းတွေ၊ ဆီးအိမ်မှာ ဆီးတွေများနေစေတာကြောင့် သင့်အတွက်အိပ်ရေးပျက်စေသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

၇။ မှားယွင်းစွာစားခြင်း
ညခင်းအိပ်ခါနီးမှာ အဆီနဲ့ အချိုများတဲ့ အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။ သင့်အတွက်အဆီတက်စေသလို ကျန်းမာရေးအတွက်လည်း အထောက်အကူမဖြစ်စေပါဘူး။

၈။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ကို အိပ်ရာဝင်ခါနီးသောက်တဲ့အခါ စိတ်ပိုမိုအပန်းပြေစေတယ်လို့ တချို့ကထင်မှတ်သော်လည်း သင့်ရဲ့အိပ်စက်ခြင်းကိုတော့ များစွာနှောက်ယှက်နိုင်စေပါတယ်။ ဆေးလိပ်မှာတဲ့ နီကိုတင်းဟာ အိပ်ရေးမဝခြင်းနဲ့ အသက်ရှုလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် မအိပ်ခင်ရှောင်ရှားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်ခြင်း
ရေသောက်ခြင်းလိုပဲ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုစေသော်လည်း အိပ်ခါနီးပြုလုပ်တဲ့အခါ ဟော်မုန်းတွေကို တက်ကြွစေတာကြောင့် အနားယူဖို့အတွက် အနှောက်အယှက် ဖြစ်စေနိုင်သလို မျက်စိကြောင်စေပါတယ်။
ဒါကြောင့် အိပ်ခါနီးလေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။

၁၀။ ရေချိုးခြင်း
ရေချိုးခြင်းဟာ သင့်တစ်ကိုယ်လုံးကို လန်းဆန်းစေပါတယ်။ ဒါပေမယ့် အိပ်ခါနီးချိုးရင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို ထိခိုက်စေနိုင်ပြီး တရေးနိုးမျက်စိကြောင်စေနိုင်ပါတယ်။ ဒါကြောင့် ဉာဉ့်နက်ပိုင်း ရေချိုးတတ်တဲ့အလေ့အထကို ရှောင်ရှားပေးပါ။ အိပ်စက်ခြင်းဟာ အစား၊ လေ နဲ့ ရေလိုပဲ ခန္ဓာကိုယ်အတွက် များစွာလိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်ခြင်းကို အထူးဂရုစိုက်ဖို့လိုအပ်ပြီး အိပ်ခါနီး စိတ်ညစ်စရာတွေကို တွေးတောခြင်းနဲ့ အပေါ်မှာ ဖော်ပြခဲ့တဲ့အရာတွေကို ရှောင်ရှားခြင်းကြောင့် ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှုကို ရရှိမှာဖြစ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here