( ၁) လည်သာဖက်ရှင်
(၃) Crop Top အမိုက်စား
( ၄) ဘောင်းဘီဘေးအစင်း
(၆) Oversize t-shirt တွေ
(၇) jean jacket တွေ
Accessories
#LM_Naung_Naung
#Lifestyle_Myanmar
ခါးတုတ်ပြီး အဆီများနေတဲ့ မမများ သင်္ကြန်ရက်အမှီ ခါးလှတင်ကိတ်စေမဲ့ နည်းလမ်းအချို့
Unicode
အားလုံးစောင့်စားနေကြတဲ့ သင်္ကြန်ဖက်ရှင် အကြောင်းလေး ရေးပေးပါ့မယ်နော်။ သင်္ကြန် ဖက်ရှင်လို့ ဆိုလိုက်တာနဲ့ နှစ်စဉ်နှစ်တိုင်း မဖြစ်မနေ အမြဲထည့်သွင်းစဉ်းစားရမယ့် အရာတွေ ရှိနေပါတယ်။
ဥပမာ ဂျင်း၊ လည်သာ စသဖြင့်ပေါ့။ ဒါတွေက ဒီဇိုင်းသစ်တွေ ပေါ်လာပေမယ့် ရွေးချယ်ရ မယ့် စာရင်းထဲတော့ အမြဲထည့်သွင်းထားရ တာတွေပါ။
( ၁) လည်သာဖက်ရှင်
သင်္ကြန်လေးရက်အတွက် တစ်ရက်ကိုတော့ လည်သာဖက်ရှင် ဆင်မြန်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အထာကျသလို အားလုံးထဲမှာ ထင်းခနဲဖြစ်စေမယ့် အရာဖြစ် လို့ပါပဲ။ ဝတ်ရဲရင်တော့ လည်သာကို အနက် မဟုတ်ပဲ အရောင်တွေနဲ့လည်း ရွေးချယ်ဝတ် ဆင်နိုင်ပါတယ်နော်။
(၂) tee၊ တီရှပ် နဲ့ဂျင်း ဖက်ရှင်
ရိုးရိုးလေးနဲ့ အထာကျချင်တယ်ဆိုရင် tee လေးတွေ တီရှပ်လေးတွေကိုသာ ဂျင်းအတို အရှည်တွေနဲ့ တွဲဝတ်လိုက်ပါ။ ထူးခြားစေဖို့ ၁၉၈၀ပြည့်နှစ်ကလို ဘောင်းဘီထဲ အကျီထည့်ဝတ်တာမျိုး၊ boyfriend jean လို မပွတပွလေးတွေ ရွေးပြီးဝတ်တာမျိုးလေးတွေ လုပ်နိုင်ပါတယ်။ ခါးပတ်လေးထပ်ပတ်လိုက် ရင် မိုက်မှမိုက်နော်။
(၃) Crop Top အမိုက်စား
crop top လက်တို လက်ရှည်လေးတွေ ကလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတယ် နော်။ အတိုနဲ့တွဲမလား၊ အရှည်နဲ့တွဲမလား။ crop top မှာ စတစ်ကာအဆန်းလေးသာ ရွေးပါ။
( ၄) ဘောင်းဘီဘေးအစင်း
ခုနောက်ပိုင်း ထရက်စုဝမ်းဆက်တွေနဲ့ ဘောင်းဘီဘေးစင်းလေးတွေ ခေတ်စား နေတာ အားလုံးအသိပါ။ သူက လုံခြုံ ပြီး အထာကျတာမို့ ရွေးသင့်တဲ့ ဖက်ရှင်တွေထဲ က တစ်ခုပေါ့။
(၅) Oversize hoodie/pullover တွေ
ပေါင်တစ်ဝက်လောက်ရှည်တဲ့ hoodie ဒါမှမဟုတ် pullover တွေကို အောက်က Dr.Martin bootမျိုးတွေ၊ sneaker တွေနဲ့ တွဲစီးနိုင်ပါတယ်။ ပိုဆန်းချင်ရင်တော့ fish net ခံဝတ်ပါ။
(၆) Oversize t -shirt တွေ
ထူတာတွေ မဝတ်ချင်တဲ့ ပျိုမေတွေအတွက် လွတ်လပ်ပြီး အထာကျတဲ့ တီရှပ်ဆိုဒ်ကြီးတွေ ရွေးချယ်ပါ။ တွဲစပ်မှုကတော့ အပေါ်မှာ ပြောထားသလိုပါပဲ။
(၇) jean jacket တွေ
သင်္ကြန်အတွက် မရိုးတဲ့ jean jacket တွေကိုမှ အပွကြီးတွေ ခါးတိုစသဖြင့် ကိုယ်အဆင်ပြေ ရာ ရွေးနိုင်တယ်နော်။
(၈) အကွက်နဲ့အစင်း ဒီဇိုင်းတွေ
လူအများကြားမှာ ရိုးရိုးလေးနဲ့ ထင်းနေချင် တယ်ဆိုရင်တော့ အကွက်ရှပ်၊ jacket နဲ့ အစင်းဒီဇိုင်းလေးတွေကို ရွေးစေချင်ပါတယ်။ သူကအပေါ်ကထပ်ဝတ်မလား၊ တစ်ထပ်တည်း အမိုက်စားဝတ်မလား ကိုယ့်ဘာသာကိုယ် စဉ်းစားပါ။
(၉) korea japan street style
ကို့ယို့ကားယားနဲ့ သူများနဲ့မတူချင်၊ အထာ လည်းကျချင်သူတွေအတွက် ကိုရီးယားနဲ့ ဂျပန်မလေးတွေရဲ့ street style.လေးတွေ ရွေးပေးထားပါတယ်နော်။
(၁၀)bomber jacket နဲ့ အခြားသော jacket များ
ခုနောက်ပိုင်း မိုးကာသား အရောင်စပ် jacketလေးတွေ၊ bomber jacketလေးတွေ အများကြီးရှိလာပါပြီ။ ဒီအထဲက ကြိုက်ရာရွေး ချယ်ရုံပါပဲနော်။
Accessories
သင်္ကြန်အတွက်ဆို အိတ်တွေ၊ မျက်မှန်၊ ခေါင်းစည်း၊ ဦးထုပ်စတာတွေက အရေးပါလာ ပြီပေါ့။ ဦးထုပ်ကိုတော့ capဦးထုပ်ဖြစ်ဖြစ် အလှဆောင်း အဝိုင်းခပ်ကြီးကြီး ဦးထုပ်ကြီးတွေ အဆင်ပြေရာရွေးပါ။ မျက်မှန် ကိုတော့ ခုခေတ်စားနေတဲ့ ကာလာလေးတွေ ထဲက ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ အိတ်တွေထဲက jelly အိတ်လေးတွေ ရွေးပါ။ bandana ပုဝါလေးတွေကလည်း လည်ပင်းပဲ စည်းစည်း၊ လက်ပဲပတ်ပတ်၊ ဆံပင်ပဲ စည်းစည်း အသုံးဝင်တာမို့ မရှိမဖြစ်ပဲနော်။
ကဲ သင်္ကြန်မှာ ဘာဝတ်ရမလဲ ခေါင်းစားနေ တဲ့ ပျိုပျိုမေတွေ ခုလောက်ဆို ပုံလေးတွေ ကြည့်ပြီး အိုင်ဒီယာ ရလောက်ပါပြီနော်။ အားလုံးကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-textiledirectory