က်န္းမာလွပၿပီး ၿပီးျပည့္စံုတဲ့ ဘ၀တစ္ခုရရွိဖို႔အတြက္ ေန႔စဥ္ပံုမွန္ active ျဖစ္ေနတဲ့ lifestyle တစ္ခုလိုအပ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းဟာ ကိုယ္တြင္းအဂၤါေတြရဲ႕ လုပ္ငန္းစဥ္ေတြကို ပိုမိုတိုးတက္ေကာင္းမြန္ေစၿပီး ၾကြက္သားေတြနဲ႔ လွပက်စ္လစ္တဲ့ ခႏၶာကိုယ္တစ္ခုကို ပိုင္ဆိုင္ေစတဲ့အျပင္ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစၿပီး ေအာင္ျမင္မႈေတြကို ရရွိေစႏိုင္ပါတယ္။ ပံုမွန္ေလ့က်င့္ခန္း လုပ္ျခင္းေၾကာင့္ ခႏၶာကိုယ္မွာ ျဖစ္သြားတဲ့အရာေတြနဲ႔ အက်ိဳးေက်းဇူးေတြကို Lifestyle Myanmar ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။
၁။ သင့္ကိုပိုၿပီးေပ်ာ္ရြင္ေစႏိုင္ပါတယ္
ေပ်ာ္ရြင္မႈဆိုတဲ့အရာကို လူတိုင္းလိုခ်င္ၾကၿပီး ေလ့က်င့္ခန္းလုပ္ျခင္းေၾကာင့္ အဆိုပါေပ်ာ္ရြင္မႈေတြကို ရရွိေစႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ကၽြန္ေတာ္တို႔ခႏၶာကိုယ္မွာ သဘာ၀ endorphins မ်ားကို ထုတ္လႊတ္ေပးတာေၾကာင့္ ဦးေႏွာက္ဓါတုပစၥည္းမ်ားကို ထိန္းညွိေပးျခင္း၊ စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ေသာကမ်ားကို ကူညီေပးျခင္း နဲ႔ စိတ္က်ေရာဂါလကၡဏာေတြကို သက္သာဖို႔အတြက္ ကူညီေပးႏိုင္တာေၾကာင့္ ပိုၿပီးေပ်ာ္ရြင္မႈကို ရရွိေစတာျဖစ္ပါတယ္။
၂။ အသက္ပိုရွည္ေအာင္ ကူညီေပးတယ္
ရာစုႏွစ္ေတြအတြက္ လူ႔ရဲ႕သက္တမ္းဟာ က်န္းမာတဲ့ ဘ၀ေနထိုင္မႈပံုစံနဲ႔ ဆက္စပ္ေနပါတယ္။ အထိုင္မ်ားတဲ့ ေနထိုင္မႈပံုစံရွိသူေတြဟာ အ၀လြန္ျခင္း၊ ေရာဂါဘယေတြနဲ႔ ေစာစီးစြာေသဆံုးျခင္းတို႔ကို ျဖစ္ေစႏိုင္ေၾကာင္း ပညာရွင္ေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ယေန႔စိတ္ပညာေလ့လာမႈေတြအရ ပံုမွန္ေလ့က်င့္ခန္းလုပ္ျခင္းဟာ ေဆးလိပ္ျဖတ္လိုက္သကဲ့သို႔ ဘ၀အေပၚမ်ားစြာ သက္ေရာက္မႈရွိေၾကာင္း သိရွိရပါတယ္။
၃။ သင့္ရဲ႕စြမ္းအင္ေတြကို ျမွင့္တင္ေပးႏိုင္တယ္
ေလ့က်င့္ခန္းလုပ္ျခင္းဟာ စြမ္းအင္ကိုျမွင့္တင္ေပးႏိုင္တဲ့ အလုပ္တစ္ခုျဖစ္ၿပီး ပင္ပန္းႏြမ္းနယ္မႈေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကို ပံုမွန္မလုပ္ႏိုင္ရင္ေတာင္မွ ေန႔စဥ္ ၁၅ မိနစ္ခန္႔ လမ္းေလွ်ာက္ျခင္းကို ျပဳလုပ္ေပးသင့္ပါတယ္။
၄။ နာတာရွည္ေရာဂါျဖစ္မႈကို ေလ်ာ့နည္းေစႏိုင္တယ္
ပံုမွန္ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ အင္ဆူလင္တံု႔ျပန္မႈ၊ ခႏၶာကိုယ္ဖြဲ႕စည္းမႈ၊ ၾကြက္သားနဲ႔အေလးခ်ိန္အခ်ိဳး၊ ႏွလံုးေသြးေၾကာၾကံ့ခိုင္မႈေတြနဲ႔ ဆက္စပ္ေနပါတယ္။ ဒါေၾကာင့္ ေသြးဖိအားနဲ႔ အဆီဖြဲ႕စည္းမႈကိုလည္း ေလ်ာ့က်ေစပါတယ္။
၅။ အိပ္စက္ျခင္း ျပႆနာေတြကို ကူညီေပးႏိုင္တယ္
National SleepFoundation (NSF) ရဲ႕ေဖာ္ျပခ်က္အရ ေလ့က်င့္ခန္းပံုမွန္ လုပ္ျခင္းဟာ အိပ္စက္ျခင္းအရည္အေသြးကို ပိုမိုေကာင္းမြန္ေစေၾကာင္း သိရွိရၿပီး မနက္ပိုင္းနဲ႔ ညေနပိုင္းမွာ ျပဳလုပ္ေပးသင့္ေၾကာင္း ေဖာ္ျပထားပါတယ္။ အရမ္းေနာက္က်တဲ့ ညအခ်ိန္မွာ ျပဳလုပ္ျခင္းေၾကာင့္ အိပ္ေပ်ာ္ဖို႔ခက္ခဲမႈေတြ ၾကံဳေတြ႕ႏိုင္ေၾကာင္း၊ ဦးေႏွာက္ေမာ္တာစနစ္ကို ကေမာက္ကမျဖစ္ေစႏိုင္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
၆။ ကိုယ့္ကိုယ္ကိုခ်စ္ခင္မႈကို တိုးျမွင့္ေပးႏိုင္တယ္
ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္သူေတြဟာ ဘ၀ေနထိုင္မႈ ပိုအဓိပၸာယ္ရွိလာသလို ခံစားရေစၿပီး ေျပာင္းလဲလာတဲ့ ကိုယ္ခႏၶာသြင္ျပင္နဲ႔ ရလာဒ္ေတြေၾကာင့္ ကိုယ့္ကိုယ္ကိုခ်စ္ခင္မႈ၊ ယံုၾကည္မႈ နဲ႔ ေပ်ာ္စရာခံစားခ်က္ေတြကို ရရွိေစပါတယ္။
၇။ စိတ္ဖိစီးမႈေတြကို ဖယ္ရွားေပးႏိုင္တယ္
ေလ့က်င့္ခန္းျပဳလုပ္သူေတြဟာ အျခားသူေတြထက္ စိတ္ဖိစီးမႈေလ်ာ့နည္းေစေၾကာင္း နဲ႔ သဘာ၀ endorphin ေတြထုတ္လုပ္ေပးမႈေၾကာင့္ အေကာင္းျမင္စိတ္ေတြ တိုးပြားေစႏိုင္တာေၾကာင့္ လူတိုင္းအားလပ္ခ်ိန္ေတြမွာ ဖုန္းသံုးျခင္းကို ေလွ်ာ့ခ်ၿပီး ေလ့က်င့္ခန္းလုပ္ဖို႔အတြက္ အခ်ိန္ေပးသင့္ပါတယ္။
၈။ မွတ္ဥာဏ္ကို ပိုေကာင္းေစႏိုင္တယ္
ေလ့က်င့္ခန္းး လုပ္တဲ့အခ်ိန္မွွာ ႏွလံုးခုန္ႏႈန္းျမင့္မားလာၿပီး ဦးေႏွာက္ကေအာက္ဆီဂ်င္နဲ႔ ေသြးကို ပိုရရွိေစပါတယ္။ အာ႐ံုေၾကာဆိုင္ရာ ပညာရွင္ေတြရဲ႕ အဆိုအရ ပံုမွန္ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ သင္ယူမႈ၊ မွတ္ဥာဏ္နဲ႔ ပတ္သတ္တဲ့ ဦးေႏွာက္အစိတ္အပိုင္းေတြကို ပိုမိုတိုးျမွင့္ေပးႏိုင္ေၾကာင္း သိရွိရပါတယ္။
၉။ နာက်င္မႈေတြကို ေလ်ာ့နည္းေစတယ္
နာက်င္မႈေတြဟာ ပံုစံအမ်ိဳးမ်ိဳး အေျခအေနအမ်ိဳးမ်ိဳးနဲ႔ လူတိုင္းၾကံဳၾကရၿပီး အျဖစ္မ်ားတာကေတာ့ အ႐ိုးနဲ႔ အဆစ္အျမစ္ေတြကိုက္ခဲျခင္းေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ ေလ့လာမႈေတြအရ ေလ့က်င့္ခန္း ပံုမွန္လုပ္ျခင္းဟာ အဆိုပါနာက်င္မႈေတြကို ေလ်ာ့ခ်ေပးႏိုင္ယံုသာမက အ႐ိုးအဆစ္ေတြကိုပါ ပိုမိုသန္မာလာေစပါတယ္။
၁၀။ လိင္ကိစၥေတြ တိုးတက္လာေစတယ္
အိမ္ေထာင္တစ္ခုမွာ လိင္ကိစၥဟာအေရးပါၿပီး ပံုမွန္ေလ့က်င့္ခန္းျပဳလုပ္ျခင္းေၾကာင့္ အိမ္ေထာင္ေရးသုခကို ပိုမိုျပည့္စံုေစပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ ေဘာလံုး၊ ေဘာလီေဘာ၊ ေရကူး စတဲ့အားကစားေတြ အျပင္ အေလးမျခင္းစ စတဲ့ျပင္းထန္းတဲ့ေလ့က်င့္ခန္းေတြကို ျပဳလုပ္ရင္းပိုမိုေကာင္းမြန္တဲ့ ဘ၀ကို ဖန္တီးသင့္ေၾကာင္းနဲ႔ အမ်ိဳးသမီးေတြအေနနဲ႔ ေအ႐ိုးဗစ္၊ အေလးေတြနဲ႔ကစားျခင္း၊ ေယာဂေလ့က်င့္ခန္း စတဲ့ေန႔စဥ္ ပံုမွန္ျပဳလုပ္ေပးႏိုင္မယ့္ အားကစားတစ္ခုခုကို ျပဳလုပ္ျခင္းျဖင့္ က်န္းမာလွပတဲ့ ဘ၀တစ္ခုကို ပိုင္ဆိုင္ႏိုင္ေစဖို႔ အၾကံျပဳလိုက္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
ဓါတ္ပံု႐ိုက္တဲ့အခါ ေနရာဘယ္ေလာက္ဆိုးဆိုး ပံုေကာင္းေတြ ရရွိႏိုင္ေၾကာင္းကို သက္ေသျပထားတဲ့ပံုမ်ား
Unicode
နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၁၀) မျိုး
ကျန်းမာလှပပြီး ပြီးပြည့်စုံတဲ့ ဘဝတစ်ခုရရှိဖို့အတွက် နေ့စဉ်ပုံမှန် active ဖြစ်နေတဲ့ lifestyle တစ်ခုလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုတိုးတက်ကောင်းမွန်စေပြီး ကြွက်သားတွေနဲ့ လှပကျစ်လစ်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်စေတဲ့အပြင် စိတ်ဖိစီးမှုကို လျော့နည်းစေပြီး အောင်မြင်မှုတွေကို ရရှိစေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ဖြစ်သွားတဲ့အရာတွေနဲ့ အကျိုးကျေးဇူးတွေကို Lifestyle Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ သင့်ကိုပိုပြီးပျော်ရွင်စေနိုင်ပါတယ်
ပျော်ရွင်မှုဆိုတဲ့အရာကို လူတိုင်းလိုချင်ကြပြီး လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အဆိုပါပျော်ရွင်မှုတွေကို ရရှိစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်မှာ သဘာဝ endorphins များကို ထုတ်လွှတ်ပေးတာကြောင့် ဦးနှောက်ဓါတုပစ္စည်းများကို ထိန်းညှိပေးခြင်း၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကများကို ကူညီပေးခြင်း နဲ့ စိတ်ကျရောဂါလက္ခဏာတွေကို သက်သာဖို့အတွက် ကူညီပေးနိုင်တာကြောင့် ပိုပြီးပျော်ရွင်မှုကို ရရှိစေတာဖြစ်ပါတယ်။
၂။ အသက်ပိုရှည်အောင် ကူညီပေးတယ်
ရာစုနှစ်တွေအတွက် လူ့ရဲ့သက်တမ်းဟာ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဆက်စပ်နေပါတယ်။ အထိုင်များတဲ့ နေထိုင်မှုပုံစံရှိသူတွေဟာ အဝလွန်ခြင်း၊ ရောဂါဘယတွေနဲ့ စောစီးစွာသေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း ပညာရှင်တွေက ဖော်ပြခဲ့ကြပါတယ်။ ယနေ့စိတ်ပညာလေ့လာမှုတွေအရ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆေးလိပ်ဖြတ်လိုက်သကဲ့သို့ ဘဝအပေါ်များစွာ သက်ရောက်မှုရှိကြောင်း သိရှိရပါတယ်။
၃။ သင့်ရဲ့စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်တယ်
လေ့ကျင့်ခန်းလုပ်ခြင်းဟာ စွမ်းအင်ကိုမြှင့်တင်ပေးနိုင်တဲ့ အလုပ်တစ်ခုဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ပုံမှန်မလုပ်နိုင်ရင်တောင်မှ နေ့စဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။
၄။ နာတာရှည်ရောဂါဖြစ်မှုကို လျော့နည်းစေနိုင်တယ်
ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အင်ဆူလင်တုံ့ပြန်မှု၊ ခန္ဓာကိုယ်ဖွဲ့စည်းမှု၊ ကြွက်သားနဲ့အလေးချိန်အချိုး၊ နှလုံးသွေးကြောကြံ့ခိုင်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် သွေးဖိအားနဲ့ အဆီဖွဲ့စည်းမှုကိုလည်း လျော့ကျစေပါတယ်။
၅။ အိပ်စက်ခြင်း ပြဿနာတွေကို ကူညီပေးနိုင်တယ်
National SleepFoundation (NSF) ရဲ့ဖော်ပြချက်အရ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းဟာ အိပ်စက်ခြင်းအရည်အသွေးကို ပိုမိုကောင်းမွန်စေကြောင်း သိရှိရပြီး မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ပြုလုပ်ပေးသင့်ကြောင်း ဖော်ပြထားပါတယ်။ အရမ်းနောက်ကျတဲ့ ညအချိန်မှာ ပြုလုပ်ခြင်းကြောင့် အိပ်ပျော်ဖို့ခက်ခဲမှုတွေ ကြုံတွေ့နိုင်ကြောင်း၊ ဦးနှောက်မော်တာစနစ်ကို ကမောက်ကမဖြစ်စေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
၆။ ကိုယ့်ကိုယ်ကိုချစ်ခင်မှုကို တိုးမြှင့်ပေးနိုင်တယ်
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူတွေဟာ ဘဝနေထိုင်မှု ပိုအဓိပ္ပာယ်ရှိလာသလို ခံစားရစေပြီး ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာသွင်ပြင်နဲ့ ရလာဒ်တွေကြောင့် ကိုယ့်ကိုယ်ကိုချစ်ခင်မှု၊ ယုံကြည်မှု နဲ့ ပျော်စရာခံစားချက်တွေကို ရရှိစေပါတယ်။
၇။ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်တယ်
လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ အခြားသူတွေထက် စိတ်ဖိစီးမှုလျော့နည်းစေကြောင်း နဲ့ သဘာဝ endorphin တွေထုတ်လုပ်ပေးမှုကြောင့် အကောင်းမြင်စိတ်တွေ တိုးပွားစေနိုင်တာကြောင့် လူတိုင်းအားလပ်ချိန်တွေမှာ ဖုန်းသုံးခြင်းကို လျှော့ချပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။
၈။ မှတ်ဉာဏ်ကို ပိုကောင်းစေနိုင်တယ်
လေ့ကျင့်ခန်းး လုပ်တဲ့အချိန်မှှာ နှလုံးခုန်နှုန်းမြင့်မားလာပြီး ဦးနှောက်ကအောက်ဆီဂျင်နဲ့ သွေးကို ပိုရရှိစေပါတယ်။ အာရုံကြောဆိုင်ရာ ပညာရှင်တွေရဲ့ အဆိုအရ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင်ယူမှု၊ မှတ်ဉာဏ်နဲ့ ပတ်သတ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ပိုမိုတိုးမြှင့်ပေးနိုင်ကြောင်း သိရှိရပါတယ်။
၉။ နာကျင်မှုတွေကို လျော့နည်းစေတယ်
နာကျင်မှုတွေဟာ ပုံစံအမျိုးမျိုး အခြေအနေအမျိုးမျိုးနဲ့ လူတိုင်းကြံုကြရပြီး အဖြစ်များတာကတော့ အရိုးနဲ့ အဆစ်အမြစ်တွေကိုက်ခဲခြင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ အဆိုပါနာကျင်မှုတွေကို လျော့ချပေးနိုင်ယုံသာမက အရိုးအဆစ်တွေကိုပါ ပိုမိုသန်မာလာစေပါတယ်။
၁၀။ လိင်ကိစ္စတွေ တိုးတက်လာစေတယ်
အိမ်ထောင်တစ်ခုမှာ လိင်ကိစ္စဟာအရေးပါပြီး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် အိမ်ထောင်ရေးသုခကို ပိုမိုပြည့်စုံစေပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဘောလုံး၊ ဘောလီဘော၊ ရေကူး စတဲ့အားကစားတွေ အပြင် အလေးမခြင်းစ စတဲ့ပြင်းထန်းတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ရင်းပိုမိုကောင်းမွန်တဲ့ ဘဝကို ဖန်တီးသင့်ကြောင်းနဲ့ အမျိုးသမီးတွေအနေနဲ့ အေရိုးဗစ်၊ အလေးတွေနဲ့ကစားခြင်း၊ ယောဂလေ့ကျင့်ခန်း စတဲ့နေ့စဉ် ပုံမှန်ပြုလုပ်ပေးနိုင်မယ့် အားကစားတစ်ခုခုကို ပြုလုပ်ခြင်းဖြင့် ကျန်းမာလှပတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေဖို့ အကြံပြုလိုက်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar