ခ်စ္ဖို႔အတြက္ ready ျဖစ္ေနေသာ္လည္း အဆိုပါ ခံစားခ်က္ေတြနဲ႔ ကင္းေ၀းေနသူေတြအတြက္ သ႐ုပ္ေဖာ္ပံုေလးေတြက သင္ဘာေၾကာင့္ အထီးက်န္ေနရတာလဲ ဆိုတာနဲ႕ အခ်စ္ကိုရွာေဖြေတြ႕ရွိႏိုင္ဖို႔ ေျဖရွင္းျပထားပါတယ္။
၁။ သင့္ဘ၀မွာ အခ်စ္အတြက္ ေနရာမရွိလို႔
သင္ဟာ ဘ၀တေလွ်ာက္လံုး လက္တြဲမယ့္ခ်စ္သူကိုလည္း ေတြ႕ရွိထားၿပီး အခ်စ္အတြက္လည္း အဆင္သင့္ျဖစ္ေနပါတယ္။ ဒါေပမယ့္ သူ႔ကိုေတာ့ ဒီညေတြ႔ျဖစ္မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သင္ဟာ အလုပ္ထဲမွာပဲ ရွိေနမွာျဖစ္လို႔ပါပဲ။ ေသာၾကာေန႔လို႔အခ်ိန္ေတြမွာ သူငယ္ခ်င္းေတြနဲ႔ေတြ႔ဆံုၿပီး သူတို႔ရဲ႕ျပႆနာေတြကို သင္နားေထာင္ေပးပါတယ္။ အလုပ္အေရးႀကီးတဲ့ အခါေတြမွာ အခ်ိန္ပိုဆင္းေပးရျခင္းကိုလည္း သင္ဟာ မၿငိဳျငင္တတ္ပါဘူး။ ဒါေၾကာင့္ သင္ဟာအခ်စ္မွတစ္ပါး အရာအားလံုးနဲ႔ အလုပ္႐ႈပ္ေနတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။
သင္ဘယ္လိုလုပ္သင့္လဲ
စိတ္ပိုင္းဆိုင္ရာ စာအုပ္အေျမာက္အျမားကို ေရးသားခဲ့သူ စာေရးဆရာ Steve McClatchy ရဲ႕အၾကံျပဳခ်က္အရ လႊဲမွားတဲ့ ဦးစားေပးမႈေတြနဲ႔ ကၽြန္ေတာ္တို႔ကိုယ္တိုင္ ေပ်ာ္ရြင္ေစဖို႔၊ ဂ႐ုစိုက္ေစဖို႔ ခြင့္မျပဳသင့္ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေပၚ လာပိတတ္တဲ့ ျပႆနာေပါင္းစံုနဲ႔ တာ၀န္ေတြ ကို ရပ္တန္႔ပစ္ဖို႔ လိုအပ္ပါတယ္။ ပထမဦးဆံုး သင့္ကိုယ္သင္ခ်စ္ပါ၊ အခ်ိန္ရွိတုန္း အိမ္ကိုျပန္ၿပီး ကေလးတစ္ေယာက္လိုသင့္ကို ဂ႐ုစိုက္ေပးတတ္တဲ့ အေမ့ရဲ႕ ဂ႐ုစိုက္မႈကို ခံယူပါ။ သူငယ္ခ်င္းေတြနဲ႔ ပံုမွန္ေတြ႔ေနၾကအခ်ိန္ေတြကို ဘရိတ္အုပ္လိုက္ပါ။ သင့္ရဲ႕ ရင္ခုန္စရာ စြန္စားမႈအသစ္ေတြအေၾကာင္းကို ေျပာျပဖို႔အတြက္ အခြင့္အေရးရလာပါလိမ့္မယ္။
၂။ အရင္ relationship ေဟာင္းကို ဆုပ္ကိုင္ထားဆဲ
ေနာက္ဆံုးမွာေတာ့ သင္ခ်ိန္းေတြဖို႔အတြက္ အခ်ိန္ေတြကို ရရွိခဲ့ပါၿပီ။ သင္ဟာ မွန္ေရွ႕မွာ အခ်ိန္အၾကာႀကီး ရပ္ေနၿပီး အ၀တ္ေတြကို တထည္ၿပီးတထည္ေျပာင္း၀တ္ေနရင္း သူ႕ရဲ႕ အၾကည့္ေတြ၊ ရွက္ေၾကာက္ေနတဲ့ အျပံဳးေတြနဲ႔ ရယ္စရာေကာင္းတဲ့ ပ်က္လံုးေတြကို စိတ္ကူးယဥ္ေနမိပါတယ္။ ဒါေပမယ့္ မသြားခင္အခ်ိန္မွာပဲ သင္ငိုခ်င္ေနမိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခ်စ္အေၾကာင္းကို ေတြးလိုက္တာနဲ႔ သင့္ရဲ႕ရည္စားေဟာင္း ပံုရိပ္က ေခါင္းထဲမွာ ျပန္ေပၚလာလို႔ပါ။ သူဟာ အရမ္းကိုခန္႔တယ္၊ သတၱိရွိၿပီးေတာ့ ျပည့္စံုတဲ့အျပင္ သင့္ကိုလည္း အရမ္းဂ႐ုစိုက္တတ္တယ္ စသျဖင့္ေပါ့။ သင့္ရဲ႕ အရင္ relationship က သင့္ႏွလံုးသားမွာ ေနရာယူထားဆဲပါ။ ဒါေၾကာင့္လည္း စိတ္ပညာေလ့လာသူ Sigmund Freud က အရင္ အခ်စ္ေရးကို အတိတ္မွာပဲ ထားခဲ့ဖို႔ ဘယ္ေလာက္ထိအေရးႀကီးေၾကာင္း ေရးခဲ့ပါတယ္။
သင္ဘယ္လို လုပ္သင့္လဲ
ဒီအတြက္ ေမးခြန္းတစ္ခုေလာက္ ေျဖပါ? သင့္ရဲ႕အခ်စ္ေရးက ၿပီးသြားပါၿပီ၊ အခ်ိန္ေနာက္ျပန္သြားလို႔ရတဲ့ စက္ကလည္း မတီထြင္ႏိုင္ေသးသလို အရာအားလံုးကိုလည္း သင္ေျပာင္းလဲႏိုင္မွာ မဟုတ္ပါဘူး။ သင့္ရဲ႕ ရည္းစားေဟာင္းက အရာအားလံုးမၿပီးျပည့္စံုပါဘူး၊ သင့္ရဲ႕ဦးေႏွာက္ထဲမွာေလာက္ပဲ သူကႀကီးက်ယ္ေနတာပါ။ ဒီလုိသင့္ရဲ႕ မသိစိတ္တပိုင္း စိတ္ခံစားခ်က္ေတြနဲ႔ စိတ္ကူးယဥ္မႈေတြက သင့္ရဲ႕ အခ်စ္ခရီးလမ္း အသစ္အေပၚကို ႀကီးမားတဲ့အက်ိဳးေတြ သက္ေရာက္တတ္ပါတယ္။ သင့္ကိုယ္သင္ ေရွ႕ဆက္လွမ္းေလွ်ာက္ခြင့္ေပးလိုက္ပါ။ ဒါဟာေပ်ာ္ရြင္ရမယ့္ အခ်ိန္ေတြပါပဲ။
၃။ အိမ္မွာပဲ အခ်ိန္ကုန္တာမ်ားေနလို႔
ပင္ပန္းႏြမ္းနယ္မႈ၊ ဆိုး၀ါးတဲ့ ရာသီဥတု နဲ႔ စိတ္က်ေစတဲ့ ေဆာင္းရာသီလို အခ်ိန္ေတြဟာ အိမ္တြင္းေအာင္းရျခင္းရဲ႕ အေၾကာင္းျပခ်က္ တစ္ခုလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဇာတ္ကားအသစ္ေတြ ၾကည့္ဖို႔နဲ႔ စိတ္၀င္စားစရာ စာအုပ္ေတြလည္း ဖတ္ဖို႔ရွိႏိိုင္ၿပီး သိုးေမႊးထိုးျခင္းဟာလည္း ၀ါသနာအႀကီးႀကီး တစ္ခုပါ။ ဒါေတြေၾကာင့္ သင္အိမ္တြင္းေအာင္းပါတယ္။တနဂၤေႏြနဲ႔ ႐ံုးပိတ္ရက္ေတြေရာက္လာတဲ့ အခါတိုင္း ဆင္ေျခတစ္ခုခု ရွာတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့သင့္ကိုေပြ႕ဖက္မယ့္သူ မရွိတဲ့ အခ်ိန္ေတြဟာ သင့္အတြက္ ၀မ္းနည္းစရာ ခံစားခ်က္ေတြ ျဖစ္ေနလို႔ပါပဲ။
သင္ဘယ္လိုလုပ္သင့္လဲ
တစ္ကိုယ္တည္း အခ်ိန္ျဖဳန္းၿပီး ကၽြန္ေတာ္တို႔ရဲ႕ အႀကိဳက္ဆံုး hero အေၾကာင္း၀တၱဳကို ေစာင္ေလးျခံဳထားၿပီး ဖတ္ရတာဟာ တကယ့္ကို ၿငိမ္းခ်မ္းမႈတစ္ခုပါ။ ဒါေပမယ့္ ေသေသခ်ာခ်ာစဥ္းစားၾကည့္ရင္ နံရံေလးဖက္ သင့္ကို ကာထားတဲ့အတြက္ သင့္ရဲ႕ေန႔ရက္ေတြဟာ ေရခဲေသတၱာထဲမွာ ကုန္ဆံုးေနရသလိုပါပဲ။ သင့္အိမ္ရဲ႕အျပင္ဖက္မွာ ထူးျခားၿပီး အံ့ဖြယ္ကမၻာႀကီး ရွိေနတာေၾကာင့္ ကမၻာႀကီးနဲ႔ ရင္းႏွီးကၽြမ္း၀င္ဖို႔ အားထုတ္သင့္ပါတယ္။
၄။ သင့္ရဲ႕အသြင္အျပင္ကို ဂ႐ုမစိုက္တတ္ဖူး
စားေသာက္ဆိုင္တစ္ခုမွာ သင့္နဲ႔အတူပါလာတဲ့ သင့္ရဲ႕သူငယ္ခ်င္းကို ၀ိတ္တာျဖစ္သူက အရမ္းကိုဂ႐ုစိုက္ေနၿပီး သင္ကမွာၾကားရင္ေတာ့ သူကပံုမွန္မ်က္ႏွာေပးနဲ႔ပါပဲ။ ခန္႔ညားတဲ့အမ်ိဳးသားတစ္ေယာက္ဟာလည္း ေတာက္ပေနတဲ့ အနီေရာင္၀တ္စံု၀တ္ထားတဲ့သင့္သူငယ္ခ်င္းရဲ႕ နာမည္ကိုသိခ်င္ေနပါတယ္။ သူမက လူေတြကိုဆြဲေဆာင္ႏိုင္တဲ့ ေရေမႊးကိုလည္း သံုးထားေသးတာေၾကာင့္ လူေတြအားလံုးရဲ႕ အာ႐ံုစိုက္မႈဟာ သူမဆီမွာ ရွိေနပါတယ္။ သင္ကေတာ့ သာမာန္၀တ္ဆင္ထားၿပီး ဆံပင္ကိုေနာက္မွာစုခ်ည္ထားသလို ပံုတံုးတံုးနဲ႔ပဲ ေနတတ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အျခားသူေတြအျမင္မွာ သင္ဘယ္လိုျဖစ္ေနလဲ ဆိုတာကို ဂ႐ုမစိုက္တတ္လို႔ပါပဲ။
သင္ဘယ္လိုလုပ္သင့္လဲ
အေမျဖစ္သူဟာ အျခားသူေတြ သင့္ရဲ႕ စိတ္နဲ႔ အရည္အေသြးေတြကို ႏွစ္သက္ဖို႔အတြက္ အျမဲတမ္းေျပာခဲ့ပါတယ္။ တကယ္လည္း လူေတြသင့္ကို စိတ္၀င္စားမႈဟာ ေပ်ာ္စရာေကာင္းၿပီး ဆြဲေဆာင္မႈရွိျခင္းဟာ အခ်စ္ျဖစ္ျခင္းရဲ႕ အစပါပဲ။ သင္ဟာ စမတ္ျဖစ္ေနဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ လူအမ်ားၾကားမွာ ေပၚလြင္ေနေစဖို႔နဲ႔ ၾကည့္ေကာင္းေနေစဖို႔ မေမ့သင့္ပဲ တကယ္လို႔ ယခုေခတ္မွာ ဂ်င္းေဘာင္းဘီအက်ပ္ေတြ ေခတ္မစားရင္ေတာင္မွ သင့္နဲ႔လိုက္ဖက္ေနရင္ လူေတြက ႏွစ္သက္ပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ္နဲ႔အလိုက္ဖက္ဆံုး ကိုယ္ပိုင္စတိုင္တစ္ခုကို ေရြးခ်ယ္ၿပီး ကိုယ့္ရဲ႕အသြင္အျပင္ကို ဂ႐ုစိုက္ေပးပါ။
၅။ သင့္မိဘရဲ႕ ထင္ျမင္ခ်က္က သင့္အတြက္အေရးအႀကီးဆံုး
ေနာက္ဆံုးမွေတာ့ သင္ရင္ခုန္ရတဲ့ သူကို ရွာေတြ႔ခဲ့ပါၿပီ။ သင့္ရဲ႕အေမက သူ႔ရဲ႕အေၾကာင္းေတြနဲ႔ ၀ါသနာကိုေမးေနၿပီး သင့္ရဲ႕အေဖကေတာ့ သူ႔ရဲ႕အလုပ္ကို စိတ္၀င္စားေနပါတယ္။ ဒါေပမယ့္ အဆံုးသတ္မွာ သင္နဲ႔မလိုက္ဖက္ေၾကာင္း ေျပာလာပါတယ္။ သင့္မိဘေတြရဲ႕ သူ႔အေပၚမေကာင္းတဲ့႐ႈေထာင့္က အျမင္ေတြနဲ႔ သင့္ရဲ႕ခံစားခ်က္ၾကားထဲမွာ ေရြးစရာမရွိခဲ့ပါဘူး။ ဒါေၾကာင့္ မိဘေတြဆႏၵကို လိုက္ေလ်ာခဲ့ပါတယ္။ ဒီအတြက္ Bristol တကၠသိုလ္က ေဒါက္တာ Tim Fawcett က သိပၸံနည္းက် သုေတသနျပဳၿပီး ျဖန္႔ေ၀ခဲ့တဲ့ေဆာင္းပါးမွာ မိဘေတြဟာ မၾကာခဏ ကေလးေတြရဲ႕ေရြးခ်ယ္မႈေတြကို မႏွစ္သက္တတ္ၾကေၾကာင္းနဲ႔ ဒါဟာလည္းပံုမွန္သာမာန္အရာသာ ျဖစ္ပါတယ္လို႔ ဆိုခဲ့ပါတယ္။
သင္ဘယ္လိုလုပ္သင့္လဲ
မိဘအုပ္ထိမ္းမႈ နဲ႔သက္ဆိုင္တဲ့ၾသဇာဟာ ကေလးေတြကိုျပဳစုပ်ိဳးေထာင္ဖို႔အတြက္ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ အေမျဖစ္သူဟာ သင့္ခ်စ္သူရဲ႕ အားနည္းခ်က္တစ္ခုကို မႀကိဳက္သလို သင့္အေဖကလည္း အျခားအားနည္းခ်က္ကို မႏွစ္သက္ပါဘူး။ ဒါေပမယ့္ သင့္ရဲ႕မိဘေတြဟာ သားသမီးဘ၀က သူတို႔ရဲ႕အခ်စ္ကို သူတို႔ရွာေတြ႕ခဲ့တာေၾကာင့္ အခုသင့္ကိုေတာင္ေမြးထားတာျဖစ္ပါတယ္။ ယခု သင္ဆံုးျဖတ္ခ်က္ခ်ရမယ့္ အလွည့္ပါ။ သင့္ရဲ႕ကိုယ္ပိုင္ခံစားခ်က္ေတြနဲ႔ အျမင္ေတြအတိုင္းပဲ လိုက္လုပ္ဖို႔ လိုအပ္ပါတယ္။ အေဖအေမေတြရဲ႕ စကားေတြကိုလည္း ထည့္စဥ္းစားသင့္ပါတယ္။
၆။ အသစ္တစ္ခုခုကို ႀကိဳးစားဖို႔ ဆန္႔က်င္ေနရင္
သင္ဟာ အသစ္ေတြကိုႀကိဳးစားဖို႔ မလုပ္ေဆာင္တတ္ပဲ ေကာ္ဖီဆိုင္တစ္ဆိုင္တည္းကိုသာ သူငယ္ခ်င္းေတြနဲ႔ သြားတတ္တာမ်ိဳး ႐ုပ္ရွင္သြားၾကည့္တဲ့အခါမွာလည္း ပံုစံတစ္မ်ိဳးတည္းကိုသာ ေရြးခ်ယ္ၾကည့္႐ႈတတ္ပါတယ္။ ဒီလိုက်ဥ္းေျမာင္းတဲ့ အယူအဆနဲ႔ အက်င့္က သင့္ကိုေရွ႕မေရာက္ေစတတ္ပါဘူး။
ဘယ္လိုလုပ္သင့္လဲ
ကမၻာႀကီးက က်ယ္ျပန္႔ၿပီး ကြဲျပားျခားနားမႈေတြ အမ်ားႀကီးပါ။ သင့္ကိုယ္သင္တည္ေဆာက္ထားတဲ့ ဖြဲ႕စည္းပံုကို ဖယ္ရွားဖို႔ႀကိဳးစားၿပီး အသစ္ေတြကို ျမည္းစမ္းဖို႔ ႀကိဳးစားၾကည့္ပါ။ ဒီလိုဖြဲ႕စည္းမႈေတြရဲ႕ အျပင္ဖက္ပံုမွန္ေနရာေတြ၊ ၀ါသနာဆိုင္ရာေတြမွာ သင့္ရဲ႕အခ်စ္စစ္က သင့္ကိုေစာင့္ေမွ်ာ္ေနတတ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside
Illustrated by Sergey Raskovalov
လွပတဲ့အသားအေရကို ပိုင္ဆိုင္ခ်င္လွ်င္ မျပဳလုပ္သင့္တဲ့ အမွား(၆)ခု
Unicode
အချစ်ကို သင်ရှာမတွေ့ရခြင်းရဲ့ အကြောင်းရင်းကို ရှင်းပြထားတဲ့ သရုပ်ဖော်ပုံများ
ချစ်ဖို့အတွက် ready ဖြစ်နေသော်လည်း အဆိုပါ ခံစားချက်တွေနဲ့ ကင်းဝေးနေသူတွေအတွက် သရုပ်ဖော်ပုံလေးတွေက သင်ဘာကြောင့် အထီးကျန်နေရတာလဲ ဆိုတာကို ဖြေရှင်းပြထားပါတယ်။
၁။ သင့်ဘဝမှာ အချစ်အတွက် နေရာမရှိလို့
သင်ဟာ ဘဝတလျှောက်လုံး လက်တွဲမယ့်ချစ်သူကိုလည်း တွေ့ရှိထားပြီး အချစ်အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ဒီညတွေ့ဖြစ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်ဟာ အလုပ်ထဲမှာပဲ ရှိနေမှာဖြစ်လို့ပါပဲ။ သောကြာနေ့လို့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သူတို့ရဲ့ပြဿနာတွေကို သင်နားထောင်ပေးပါတယ်။ အလုပ်အရေးကြီးတဲ့ အခါတွေမှာ အချိန်ပိုဆင်းပေးရခြင်းကိုလည်း သင်ဟာ မငြိုငြင်တတ်ပါဘူး။ ဒါကြောင့် သင်ဟာအချစ်မှတစ်ပါး အရာအားလုံးနဲ့ အလုပ်ရှုပ်နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။
သင်ဘယ်လိုလုပ်သင့်လဲ
စိတ်ပိုင်းဆိုင်ရာ စာအုပ်အမြောက်အမြားကို ရေးသားခဲ့သူ စာရေးဆရာ Steve McClatchy ရဲ့အကြံပြုချက်အရ လွှဲမှားတဲ့ ဦးစားပေးမှုတွေနဲ့ ကျွန်တော်တို့ကိုယ်တိုင် ပျော်ရွင်စေဖို့၊ ဂရုစိုက်စေဖို့ ခွင့်မပြုသင့်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အပေါ် လာပိတတ်တဲ့ ပြဿနာပေါင်းစုံနဲ့ တာဝန်တွေ ကို ရပ်တန့်ပစ်ဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံး သင့်ကိုယ်သင်ချစ်ပါ၊ အချိန်ရှိတုန်း အိမ်ကိုပြန်ပြီး ကလေးတစ်ယောက်လိုသင့်ကို ဂရုစိုက်ပေးတတ်တဲ့ အမေ့ရဲ့ ဂရုစိုက်မှုကို ခံယူပါ။ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့နေကြအချိန်တွေကို ဘရိတ်အုပ်လိုက်ပါ။ သင့်ရဲ့ ရင်ခုန်စရာ စွန်စားမှုအသစ်တွေအကြောင်းကို ပြောပြဖို့အတွက် အခွင့်အရေးရလာပါလိမ့်မယ်။
အရင် relationship ဟောင်းကို ဆုပ်ကိုင်ထားဆဲ
နောက်ဆုံးမှာတော့ သင်ချိန်းတွေဖို့အတွက် အချိန်တွေကို ရရှိခဲ့ပါပြီ။ သင်ဟာ မှန်ရှေ့မှာ အချိန်အကြာကြီး ရပ်နေပြီး အဝတ်တွေကို တထည်ပြီးတထည်ပြောင်းဝတ်နေရင်း သူ့ရဲ့ အကြည့်တွေ၊ ရှက်ကြောက်နေတဲ့ အပြုံးတွေနဲ့ ရယ်စရာကောင်းတဲ့ ပျက်လုံးတွေကို စိတ်ကူးယဉ်နေမိပါတယ်။ ဒါပေမယ့် မသွားခင်အချိန်မှာပဲ သင်ငိုချင်နေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အချစ်အကြောင်းကို တွေးလိုက်တာနဲ့ သင့်ရဲ့ရည်စားဟောင်း ပုံရိပ်က ခေါင်းထဲမှာ ပြန်ပေါ်လာလို့ပါ။ သူဟာ အရမ်းကိုခန့်တယ်၊ သတ္တိရှိပြီးတော့ ပြည့်စုံတဲ့အပြင် သင့်ကိုလည်း အရမ်းဂရုစိုက်တတ်တယ် စသဖြင့်ပေါ့။ သင့်ရဲ့ အရင် relationship က သင့်နှလုံးသားမှာ နေရာယူထားဆဲပါ။ ဒါကြောင့်လည်း စိတ်ပညာလေ့လာသူ Sigmund Freud က အရင် အချစ်ရေးကို အတိတ်မှာပဲ ထားခဲ့ဖို့ ဘယ်လောက်ထိအရေးကြီးကြောင်း ရေးခဲ့ပါတယ်။
သင်ဘယ်လို လုပ်သင့်လဲ
ဒီအတွက် မေးခွန်းတစ်ခုလောက် ဖြေပါ? သင့်ရဲ့အချစ်ရေးက ပြီးသွားပါပြီ၊ အချိန်နောက်ပြန်သွားလို့ရတဲ့ စက်ကလည်း မတီထွင်နိုင်သေးသလို အရာအားလုံးကိုလည်း သင်ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ ရည်းစားဟောင်းက အရာအားလုံးမပြီးပြည့်စုံပါဘူး၊ သင့်ရဲ့ဦးနှောက်ထဲမှာလောက်ပဲ သူကကြီးကျယ်နေတာပါ။ ဒီလိုသင့်ရဲ့ မသိစိတ်တပိုင်း စိတ်ခံစားချက်တွေနဲ့ စိတ်ကူးယဉ်မှုတွေက သင့်ရဲ့ အချစ်ခရီးလမ်း အသစ်အပေါ်ကို ကြီးမားတဲ့အကျိုးတွေ သက်ရောက်တတ်ပါတယ်။ သင့်ကိုယ်သင် ရှေ့ဆက်လှမ်းလျှောက်ခွင့်ပေးလိုက်ပါ။ ဒါဟာပျော်ရွင်ရမယ့် အချိန်တွေပါပဲ။
အိမ်မှာပဲ အချိန်ကုန်တာများနေလို့
ပင်ပန်းနွမ်းနယ်မှု၊ ဆိုးဝါးတဲ့ ရာသီဥတု နဲ့ စိတ်ကျစေတဲ့ ဆောင်းရာသီလို အချိန်တွေဟာ အိမ်တွင်းအောင်းရခြင်းရဲ့ အကြောင်းပြချက် တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကားအသစ်တွေ ကြည့်ဖို့နဲ့ စိတ်ဝင်စားစရာ စာအုပ်တွေလည်း ဖတ်ဖို့ရှိနိိုင်ပြီး သိုးမွှေးထိုးခြင်းဟာလည်း ၀ါသနာအကြီးကြီး တစ်ခုပါ။ ဒါတွေကြောင့် သင်အိမ်တွင်းအောင်းပါတယ်။တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေရောက်လာတဲ့ အခါတိုင်း ဆင်ခြေတစ်ခုခု ရှာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့သင့်ကိုပွေ့ဖက်မယ့်သူ မရှိတဲ့ အချိန်တွေဟာ သင့်အတွက် ၀မ်းနည်းစရာ ခံစားချက်တွေ ဖြစ်နေလို့ပါပဲ။
သင်ဘယ်လိုလုပ်သင့်လဲ
တစ်ကိုယ်တည်း အချိန်ဖြုန်းပြီး ကျွန်တော်တို့ရဲ့ အကြိုက်ဆုံး hero အကြောင်းဝတ္တုကို စောင်လေးခြံုထားပြီး ဖတ်ရတာဟာ တကယ့်ကို ငြိမ်းချမ်းမှုတစ်ခုပါ။ ဒါပေမယ့် သေသေချာချာစဉ်းစားကြည့်ရင် နံရံလေးဖက် သင့်ကို ကာထားတဲ့အတွက် သင့်ရဲ့နေ့ရက်တွေဟာ ရေခဲသေတ္တာထဲမှာ ကုန်ဆုံးနေရသလိုပါပဲ။ သင့်အိမ်ရဲ့အပြင်ဖက်မှာ ထူးခြားပြီး အံ့ဖွယ်ကမ္ဘာကြီး ရှိနေတာကြောင့် ကမ္ဘာကြီးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ အားထုတ်သင့်ပါတယ်။
သင့်ရဲ့အသွင်အပြင်ကို ဂရုမစိုက်တတ်ဖူး
စားသောက်ဆိုင်တစ်ခုမှာ သင့်နဲ့အတူပါလာတဲ့ သင့်ရဲ့သူငယ်ချင်းကို ၀ိတ်တာဖြစ်သူက အရမ်းကိုဂရုစိုက်နေပြီး သင်ကမှာကြားရင်တော့ သူကပုံမှန်မျက်နှာပေးနဲ့ပါပဲ။ ခန့်ညားတဲ့အမျိုးသားတစ်ယောက်ဟာလည်း တောက်ပနေတဲ့ အနီရောင်ဝတ်စုံဝတ်ထားတဲ့သင့်သူငယ်ချင်းရဲ့ နာမည်ကိုသိချင်နေပါတယ်။ သူမက လူတွေကိုဆွဲဆောင်နိုင်တဲ့ ရေမွှေးကိုလည်း သုံးထားသေးတာကြောင့် လူတွေအားလုံးရဲ့ အာရုံစိုက်မှုဟာ သူမဆီမှာ ရှိနေပါတယ်။ သင်ကတော့ သာမာန်ဝတ်ဆင်ထားပြီး ဆံပင်ကိုနောက်မှာစုချည်ထားသလို ပုံတုံးတုံးနဲ့ပဲ နေတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခြားသူတွေအမြင်မှာ သင်ဘယ်လိုဖြစ်နေလဲ ဆိုတာကို ဂရုမစိုက်တတ်လို့ပါပဲ။
သင်ဘယ်လိုလုပ်သင့်လဲ
အမေဖြစ်သူဟာ အခြားသူတွေ သင့်ရဲ့ စိတ်နဲ့ အရည်အသွေးတွေကို နှစ်သက်ဖို့အတွက် အမြဲတမ်းပြောခဲ့ပါတယ်။ တကယ်လည်း လူတွေသင့်ကို စိတ်ဝင်စားမှုဟာ ပျော်စရာကောင်းပြီး ဆွဲဆောင်မှုရှိခြင်းဟာ အချစ်ဖြစ်ခြင်းရဲ့ အစပါပဲ။ သင်ဟာ စမတ်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လူအများကြားမှာ ပေါ်လွင်နေစေဖို့နဲ့ ကြည့်ကောင်းနေစေဖို့ မမေ့သင့်ပဲ တကယ်လို့ ယခုခေတ်မှာ ဂျင်းဘောင်းဘီအကျပ်တွေ ခေတ်မစားရင်တောင်မှ သင့်နဲ့လိုက်ဖက်နေရင် လူတွေက နှစ်သက်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့အလိုက်ဖက်ဆုံး ကိုယ်ပိုင်စတိုင်တစ်ခုကို ရွေးချယ်ပြီး ကိုယ့်ရဲ့အသွင်အပြင်ကို ဂရုစိုက်ပေးပါ။
သင့်မိဘရဲ့ ထင်မြင်ချက်က သင့်အတွက်အရေးအကြီးဆုံး
နောက်ဆုံးမှတော့ သင်ရင်ခုန်ရတဲ့ သူကို ရှာတွေ့ခဲ့ပါပြီ။ သင့်ရဲ့အမေက သူ့ရဲ့အကြောင်းတွေနဲ့ ၀ါသနာကိုမေးနေပြီး သင့်ရဲ့အဖေကတော့ သူ့ရဲ့အလုပ်ကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ သင်နဲ့မလိုက်ဖက်ကြောင်း ပြောလာပါတယ်။ သင့်မိဘတွေရဲ့ သူ့အပေါ်မကောင်းတဲ့ရှုထောင့်က အမြင်တွေနဲ့ သင့်ရဲ့ခံစားချက်ကြားထဲမှာ ရွေးစရာမရှိခဲ့ပါဘူး။ ဒါကြောင့် မိဘတွေဆန္ဒကို လိုက်လျောခဲ့ပါတယ်။ ဒီအတွက် Bristol တက္ကသိုလ်က ဒေါက်တာ Tim Fawcett က သိပ္ပံနည်းကျ သုတေသနပြုပြီး ဖြန့်ဝေခဲ့တဲ့ဆောင်းပါးမှာ မိဘတွေဟာ မကြာခဏ ကလေးတွေရဲ့ရွေးချယ်မှုတွေကို မနှစ်သက်တတ်ကြကြောင်းနဲ့ ဒါဟာလည်းပုံမှန်သာမာန်အရာသာ ဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။
သင်ဘယ်လိုလုပ်သင့်လဲ
မိဘအုပ်ထိမ်းမှု နဲ့သက်ဆိုင်တဲ့သြဇာဟာ ကလေးတွေကိုပြုစုပျိုးထောင်ဖို့အတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အမေဖြစ်သူဟာ သင့်ချစ်သူရဲ့ အားနည်းချက်တစ်ခုကို မကြိုက်သလို သင့်အဖေကလည်း အခြားအားနည်းချက်ကို မနှစ်သက်ပါဘူး။ ဒါပေမယ့် သင့်ရဲ့မိဘတွေဟာ သားသမီးဘဝက သူတို့ရဲ့အချစ်ကို သူတို့ရှာတွေ့ခဲ့တာကြောင့် အခုသင့်ကိုတောင်မွေးထားတာဖြစ်ပါတယ်။ ယခု သင်ဆုံးဖြတ်ချက်ချရမယ့် အလှည့်ပါ။ သင့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေနဲ့ အမြင်တွေအတိုင်းပဲ လိုက်လုပ်ဖို့ လိုအပ်ပါတယ်။ အဖေအမေတွေရဲ့ စကားတွေကိုလည်း ထည့်စ ဉ်းစားသင့်ပါတယ်။
အသစ်တစ်ခုခုကို ကြိုးစားဖို့ ဆန့်ကျင်နေရင်
သင်ဟာ အသစ်တွေကိုကြိုးစားဖို့ မလုပ်ဆောင်တတ်ပဲ ကော်ဖီဆိုင်တစ်ဆိုင်တည်းကိုသာ သူငယ်ချင်းတွေနဲ့ သွားတတ်တာမျိုး ရုပ်ရှင်သွားကြည့်တဲ့အခါမှာလည်း ပုံစံတစ်မျိုးတည်းကိုသာ ရွေးချယ်ကြည့်ရှုတတ်ပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အယူအဆနဲ့ အကျင့်က သင့်ကိုရှေ့မရောက်စေတတ်ပါဘူး။
ဘယ်လိုလုပ်သင့်လဲ
ကမ္ဘာကြီးက ကျယ်ပြန့်ပြီး ကွဲပြားခြားနားမှုတွေ အများကြီးပါ။ သင့်ကိုယ်သင်တည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံကို ဖယ်ရှားဖို့ကြိုးစားပြီး အသစ်တွေကို မြည်းစမ်းဖို့ ကြိုးစားကြည့်ပါ။ ဒီလိုဖွဲ့စည်းမှုတွေရဲ့ အပြင်ဖက်ပုံမှန်နေရာတွေ၊ ၀ါသနာဆိုင်ရာတွေမှာ သင့်ရဲ့အချစ်စစ်က သင့်ကိုစောင့်မျှော်နေတတ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside
Illustrated by Sergey Raskovalov