ျမန္ဆန္စြာ ေလ့လာသင္ယူႏိုင္ဖို႔အတြက္ သိပၸံနည္းက် နည္းလမ္း (၁၁) ခ်က္

0
567

မိမိတို႔လိုခ်င္တဲ့ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိႏိုင္ဖို႔အတြက္ ေလ့လာသင္ယူႏိုင္မႈ စြမ္းရည္ေတြကို ေလ့က်င့္ေပးေနမွ ျဖစ္ပါလိမ့္မယ္။ လူတိုင္းဟာ သင္ယူျခင္းႏွင့္ ပတ္သတ္ၿပီး နည္းလမ္းေတြကို ျမွင့္တင္ျခင္းမရွိပဲ ေလ့လာမႈေတြကိုသာ လုပ္ေဆာင္တတ္ၾကပါတယ္။ ဒါေၾကာင့္ သင္ေလ့လာသင္ယူခ်င္သမွ် အရာရာတိုင္းကို အျမန္ဆံုးတတ္ေျမာက္ေစဖို႔အတြက္ သိပၸံနည္းက်တဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

-Advertisement-

၁။ ကၽြမ္းက်င္မႈေတြကို အဆင့္အလိုက္ေလ့လာပါ
ဥပမာအေနနဲ႕ တကယ္လို႔သင္ဂစ္တာဘယ္လိုတီးရလဲ ေလ့လာခ်င္တဲ့အခါ တႀကိမ္ထဲနဲ႔ အရာအားလံုး ဘယ္လိုလုပ္ရမယ္ဆိုတာကို မစဥ္းစားသင့္ပါဘူး။ အရင္ဆံုး လြယ္ကူတဲ့လက္ကြက္ေတြကို အခ်ိန္အေတာ္ၾကာ ေလ့လာၿပီးမွ လက္ခတ္ကိုေလ့က်င့္ျခင္း၊ ေကာ့ဒ္တစ္ခုကို ဘယ္လိုဖြဲ႕စည္းထားလဲ ဆိုတာကိုေလ့လာျခင္း၊ စတဲ့ပိုအဆင့္ျမင့္တာေတြကို အေျခခံက်က် ေလ့လာသင္ယူပါ။ ဒီလိုအဆင့္အလိုက္ေလ့လာျခင္းဟာ သင့္ရဲ႕ဂစ္တာစြမ္းရည္ကို ပိုမိုျမန္ဆန္စြာေကာင္းလာေစမွာပါ။

၂။ multitasking မလုပ္ပါနဲ႕
multitasking ဆိုသည္မွာ တခ်ိန္တည္းနဲ႔ အရာေတာ္ေတာ္မ်ားမ်ားကို အာ႐ံုစိုက္လုပ္ေဆာင္ျခင္းကို ဆိုလိုပါတယ္။ လူသားရဲ႕ဦးေႏွာက္ဟာ တခ်ိန္တည္းမွာ ႏွစ္ခုကို အာ႐ံုမစိုက္ႏိုင္ပါဘူး။ ဒါေၾကာင့္ တစ္ခုခုကိုသင္ယူတဲ့အခါ အျခားအရာေတြအေပၚ အာ႐ံုမမ်ားပါနဲ႕။

၃။ ေရးက်င့္ပါ
သင္ေလ့လာသမွ်ကို စာရြက္ေပၚမွာ ေရးက်င့္တတ္တဲ့ အေလ့အက်င့္ဟာလည္း ပိုၿပီးေတာ့ မွတ္မိေစပါတယ္။ ၂၀၁၄ ခုႏွစ္ သုေတသနျပဳမႈေတြအရ လက္ေတာ့ေပၚမွာစာ႐ိုက္ၿပီး ေလ့က်င့္သူထက္ စာရြက္ေပၚမွာခ်ေရးၿပီး ေလ့က်င့္သူေတြက ပိုၿပီးေတာ့ မွတ္မိတတ္ၾကေၾကာင္း သိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြန္ျပဴတာမွာစာ႐ိုက္တဲ့အခါ ျဖစ္ပ်က္မႈျမန္ၿပီး စာရြက္မွာ ခ်ေရးတဲ့အခါ ဦးေႏွာက္နဲ႔လက္နဲ႔ တထပ္တည္းက်တာေၾကာင့္ ပိုမွတ္မိတာျဖစ္ႏိုင္ပါတယ္။

၄။ အမွားေတြကို ေလ့လာပါ
ဘယ္အရာမွ ျပည့္စံုျခင္းဆိုတာ မရွိႏိုင္ပါဘူး။ သင္ယူမႈရဲ႕ အဓိကအခ်က္ဟာ ႀကိဳးစားျခင္း၊ က်႐ႈံးျခင္း နဲ႔ သင္လုပ္ခဲ့တဲ့ အမွားေတြကို ေလ့လာျခင္းပဲ ျဖစ္ပါတယ္။ လူ႔ဦးေႏွာက္ဟာ အရာရာကိုမွတ္မိေနဖို႔အတြက္ အမွန္သာမက အမွားေတြကိုပါ သိေနဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႕ ကေလးေတြကို အမွားေတြကို လုပ္ခြင့္ေပးပါ။ ဘာေၾကာင့္လဲဆိုေတာ့ အမွားေတြကို လုပ္ခြင့္မေပးတဲ့အခါ ကေလးေတြမွာ အသိပညာေပါင္း ေျမာက္မ်ားစြာကို ဆံုး႐ႈံးတတ္ပါတယ္။

၅။ အေကာင္းျမင္ျခင္းဟာ အသံုး၀င္ပါတယ္
စိုးရိမ္ေၾကာက္လန္႔စိတ္ဟာ အေျဖကုိရွာေတြ႕ဖို႔အတြက္ အဟန္႔အတားတစ္ခုျဖစ္ပါတယ္။ စိုးရိမ္စိတ္ျဖစ္ေပၚလာရျခင္းမွာ တစ္ခုခုအေပၚ အႏုတ္သေဘာေဆာင္ၿပီး ျမင္တတ္တာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုအႏုတ္သေဘာေဆာင္တဲ့ မေကာင္းေသာအေတြးက သင့္ရဲ႕ေလ့လာႏိုင္မႈ ျဖစ္စဥ္ကို မ်ားစြာထိခိုက္ေစတတ္ပါတယ္။ စိတ္ပညာရွင္ေတြရဲ႕ အဆိုအရ ဖြင့္ထားတဲ့စိတ္ဟာ အရာရာကိုသင္ယူႏိုင္ဖို႔ အေကာင္းဆံုးျဖစ္ၿပီး ကေလးေတြကို သင္ယူမႈေတြကိုခ်စ္ေအာင္ အရာရာကိုစြန္႔စားခ်င္စိတ္ရွိေအာင္ သင္ၾကားထားေပးသင့္ေၾကာင္း ေျပာခဲ့ၾကပါတယ္။

၆။ စိတ္လႈပ္ရွားေစတဲ့ ေခါင္းစဥ္ေတြက ေလ့လာဖို႔အတြက္ ပိုေကာင္းတယ္
ကေလးေတြေလ့လာသင္ယူတဲ့အခါ ထူးျခားတဲ့အရာေတြ ဆိုလွ်င္ပိုမွတ္မိတတ္ၾကပါတယ္။ သာမာန္အားျဖင့္ အေဖျဖစ္သူရဲ႕ ထူးျခားတဲ့အ၀တ္အစား၊ အေမ့ရဲ႕မီးဖိုေခ်ာင္ကအနံ႕ စတဲ့အရာေတြကို ဦးေႏွာက္ကမွတ္မိေနတတ္ၿပီး ကာတြန္းကားၾကည့္လွ်င္ေတာင္မွ အစအဆံုးကို မွတ္မိေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔စိတ္၀င္စားေစမယ့္ ေခါင္းစဥ္နဲ႔ ႐ုပ္ပံုကဒ္ေတြကို စီစဥ္ေပးၿပီး ေလ့လာေစတဲ့အခါ ပိုမိုလြယ္ကူေစပါတယ္။

၇။ စာဖတ္ျမန္ျခင္းရဲ႕ အဓိပၸာယ္ဟာ ျမန္ျမန္သင္ယူျခင္း ျဖစ္တယ္
စာဖတ္ျမန္ျခင္းဟာ သင့္အတြက္ ဦးေႏွာက္ကို ပိုမိုအားစိုက္ရေစၿပီး ဦးေႏွာက္ကို ေလ့က်င့္ေပးဖို႔အတြက္ အေကာင္းဆံုးေလ့က်င့္ခန္းလို႔ေတာင္ ေျပာလို႔ရပါတယ္။ဒါ့အျပင္ ျမန္ျမန္ဖတ္ျခင္းေၾကာင့္လည္း အခ်ိန္တိုအတြင္း ပိုမိုမွတ္မိေစႏိုင္ပါတယ္။

၈။ ေလ့က်င့္မွေအာင္ျမင္မယ္
ထပ္တလဲလဲေလ့က်င့္ျခင္းဟာ သင့္ကိုပိုၿပီးေတာ္လာေစပါတယ္။ ဘ႐ုစ္စလီေျပာခဲ့တဲ့ စကားတစ္ခြန္းရွိပါတယ္။ သိုင္းကြက္တစ္ေသာင္းတတ္တဲ့သူနဲ႔ ရင္ဆိုင္ဖို႔အတြက္ မစိုးရိမ္ပါဘူး။ သိုင္းကြက္တစ္ကြက္ကို အႀကိမ္တစ္ေသာင္း ေလ့က်င့္ထားသူနဲ႔ ရင္ဆိုင္ရမွာကိုပဲ စိုးရိမ္ပါတယ္တဲ့။ ဒါေၾကာင့္ တစ္ခုခုကို ပိုၿပီးေတာ္ေစဖို႔အတြက္ ထပ္ခါထပ္ခါ ေလ့က်င့္ေပးပါ။

၉။ အရင္က အသိပညာေတြကို ျပန္သံုးပါ
တကယ္လို႔သင့္ကေလးဟာ အသစ္ေတြကို သင္ယူဖို႔ ခက္ခဲေနတယ္ဆိုရင္ အသစ္ေတြဟာ ေလ့လာၿပီးသားတစ္ခုနဲ႔ ခ်ိတ္ဆက္ေနေၾကာင္းကို သူတို႔နားလည္ေအာင္ မိဘေတြကကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေလ့လာၿပီးသားအရာေတြနဲ႔ ဆက္စပ္စဥ္းစားႏိုင္ေအာင္ေလ့က်င့္ေပးပါ။

၁၀။ မမွတ္မိႏိုင္တဲ့ အရာေတြကို ရွာေဖြပါ
လူတိုင္းလိုလို တစ္ခုခုအေပၚ သိၿပီးေတာ့ မမွတ္မိႏိုင္တာကို ျဖစ္တတ္ၾကပါတယ္။ ဒီလိုျပႆနာေတြကုိ ကေလးေတြကို ေျဖရွင္းႏိုင္ေအာင္သင္ၾကားထားသင့္ၿပီး မမွတ္မိပါက ဂူးဂဲလ္ကေန ရွာေဖြတတ္တဲ့အေလ့အက်င့္ ျပဳလုပ္ေပးပါ။

၁၁။ အျခားသူေတြကို ျပန္သင္ေပးပါ
ေလ့လာမႈေတြအရ ေမာင္ႏွမေတြထဲမွာ အႀကီးဆံုးေတြဟာ ပိုၿပီးစမတ္က်ေၾကာင္း သိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ရဲ႕အေတြ႕အၾကံဳေတြနဲ႔ သိသမွ်ကို အငယ္ေတြကိုျပန္သင္ေပးတာေၾကာင့္ ပါတဲ့။ ဒီလိုကိုယ္သိထားတဲ့၊ နားလည္ထားတဲ့အ၇ာေတြကို အျခားသူေတြအား မွ်ေ၀ေပးျခင္းဟာ သင့္ကိုပိုမွတ္မိေစၿပီး ေတြးေခၚႏိုင္စြမ္းကို ပိုျမင့္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ စာေတြကိုေက်ညက္ေစခ်င္လွ်င္ အျခားသူေတြကုိ ျပန္သင္ေပးပါ။
#LM_Naung_Naung
#Lifestyle_Myanmar
Ref_gottadotherightthing

ေျခဖေနာင့္ အက္ကြဲျခင္းကို ရက္အနည္းငယ္နဲ႔ ေပ်ာက္ကင္းေစႏိုင္မယ့္ နည္းလမ္း


Unicode

မြန်ဆန်စွာ လေ့လာသင်ယူနိုင်ဖို့အတွက် သိပ္ပံနည်းကျ နည်းလမ်း (၁၁) ချက်
မိမိတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် လေ့လာသင်ယူနိုင်မှု စွမ်းရည်တွေကို လေ့ကျင့်ပေးနေမှ ဖြစ်ပါလိမ့်မယ်။ လူတိုင်းဟာ သင်ယူခြင်းနှင့် ပတ်သတ်ပြီး နည်းလမ်းတွေကို မြှင့်တင်ခြင်းမရှိပဲ လေ့လာမှုတွေကိုသာ လုပ်ဆောင်တတ်ကြပါတယ်။ ဒါကြောင့် သင်လေ့လာသင်ူချင်သမျှ အရာရာတိုင်းကို အမြန်ဆုံးတတ်မြောက်စေဖို့အတွက် သိပ္ပံနည်းကျတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျွမ်းကျင်မှုတွေကို အဆင့်အလိုက်လေ့လာပါ
ဥပမာအနေနဲ့ တကယ်လို့သင်ဂစ်တာဘယ်လိုတီးရလဲ လေ့လာချင်တဲ့အခါ တကြိမ်ထဲနဲ့ အရာအားလုံး ဘယ်လိုလုပ်ရမယ်ဆိုတာကို မစဉ်းစားသင့်ပါဘူး။ အရင်ဆုံး လွယ်ကူတဲ့လက်ကွက်တွေကို အချိန်အတော်ကြာ လေ့လာပြီးမှ လက်ခတ်ကိုလေ့ကျင့်ခြင်း၊ ကော့ဒ်တစ်ခုကို ဘယ်လိုဖွဲ့စည်းထားလဲ ဆိုတာကိုလေ့လာခြင်း၊ စတဲ့ပိုအဆင့်မြင့်တာတွေကို အခြေခံကျကျ လေ့လာသင်ယူပါ။ ဒီလိုအဆင့်အလိုက်လေ့လာခြင်းဟာ သင့်ရဲ့ဂစ်တာစွမ်းရည်ကို ပိုမိုမြန်ဆန်စွာကောင်းလာစေမှာပါ။

၂။ multitasking မလုပ်ပါနဲ့
multitasking ဆိုသည်မှာ တချိန်တည်းနဲ့ အရာတော်တော်များများကို အာရုံစိုက်လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ လူသားရဲ့ဦးနှောက်ဟာ တချိန်တည်းမှာ နှစ်ခုကို အာရုံမစိုက်နိုင်ပါဘူး။ ဒါကြောင့် တစ်ခုခုကိုသင်ယူတဲ့အခါ အခြားအရာတွေအပေါ် အာရုံမများပါနဲ့။

၃။ ရေးကျင့်ပါ
သင်လေ့လာသမျှကို စာရွက်ပေါ်မှာ ရေးကျင့်တတ်တဲ့ အလေ့အကျင့်ဟာလည်း ပိုပြီးတော့ မှတ်မိစေပါတယ်။ ၂၀၁၄ ခုနှစ် သုတေသနပြုမှုတွေအရ လက်တော့ပေါ်မှာစာရိုက်ပြီး လေ့ကျင့်သူထက် စာရွက်ပေါ်မှာချရေးပြီး လေ့ကျင့်သူတွေက ပိုပြီးတော့ မှတ်မိတတ်ကြကြောင်း သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်ပြူတာမှာစာရိုက်တဲ့အခါ ဖြစ်ပျက်မှုမြန်ပြီး စာရွက်မှာ ချရေးတဲ့အခါ ဦးနှောက်နဲ့လက်နဲ့ တထပ်တည်းကျတာကြောင့် ပိုမှတ်မိတာဖြစ်နိုင်ပါတယ်။

၄။ အမှားတွေကို လေ့လာပါ
ဘယ်အရာမှ ပြည့်စုံခြင်းဆိုတာ မရှိနိုင်ပါဘူး။ သင်ယူမှုရဲ့ အဓိကအချက်ဟာ ကြိုးစားခြင်း၊ ကျရှုံးခြင်း နဲ့ သင်လုပ်ခဲ့တဲ့ အမှားတွေကို လေ့လာခြင်းပဲ ဖြစ်ပါတယ်။ လူ့ဦးနှောက်ဟာ အရာရာကိုမှတ်မိနေဖို့အတွက် အမှန်သာမက အမှားတွေကိုပါ သိနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို အမှားတွေကို လုပ်ခွင့်ပေးပါ။ ဘာကြောင့်လဲဆိုတော့ အမှားတွေကို လုပ်ခွင့်မပေးတဲ့အခါ ကလေးတွေမှာ အသိပညာပေါင်း မြောက်များစွာကို ဆုံးရှုံးတတ်ပါတယ်။

၅။ အကောင်းမြင်ခြင်းဟာ အသုံးဝင်ပါတယ်
စိုးရိမ်ကြောက်လန့်စိတ်ဟာ အဖြေကိုရှာတွေ့ဖို့အတွက် အဟန့်အတားတစ်ခုဖြစ်ပါတယ်။ စိုးရိမ်စိတ်ဖြစ်ပေါ်လာရခြင်းမှာ တစ်ခုခုအပေါ် အနုတ်သဘောဆောင်ပြီး မြင်တတ်တာကြောင့် ဖြစ်ပါတယ်။ ဒီလိုအနုတ်သဘောဆောင်တဲ့ မကောင်းသောအတွေးက သင့်ရဲ့လေ့လာနိုင်မှု ဖြစ်စဉ်ကို များစွာထိခိုက်စေတတ်ပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ဖွင့်ထားတဲ့စိတ်ဟာ အရာရာကိုသင်ယူနိုင်ဖို့ အကောင်းဆုံးဖြစ်ပြီး ကလေးတွေကို သင်ယူမှုတွေကိုချစ်အောင် အရာရာကိုစွန့်စားချင်စိတ်ရှိအောင် သင်ကြားထားပေးသင့်ကြောင်း ပြောခဲ့ကြပါတယ်။

၆။ စိတ်လှုပ်ရှားစေတဲ့ ခေါင်းစဉ်တွေက လေ့လာဖို့အတွက် ပိုကောင်းတယ်
ကလေးတွေလေ့လာသင်ယူတဲ့အခါ ထူးခြားတဲ့အရာတွေ ဆိုလျှင်ပိုမှတ်မိတတ်ကြပါတယ်။ သာမာန်အားဖြင့် အဖေဖြစ်သူရဲ့ ထူးခြားတဲ့အဝတ်အစား၊ အမေ့ရဲ့မီးဖိုချောင်ကအနံ့ စတဲ့အရာတွေကို ဦးနှောက်ကမှတ်မိနေတတ်ပြီး ကာတွန်းကားကြည့်လျှင်တောင်မှ အစအဆုံးကို မှတ်မိနေတတ်ကြပါတယ်။ ဒါကြောင့် သူတို့စိတ်ဝင်စားစေမယ့် ခေါင်းစဉ်နဲ့ ရုပ်ပုံကဒ်တွေကို စီစဉ်ပေးပြီး လေ့လာစေတဲ့အခါ ပိုမိုလွယ်ကူစေပါတယ်။

၇။ စာဖတ်မြန်ခြင်းရဲ့ အဓိပ္ပာယ်ဟာ မြန်မြန်သင်ယူခြင်း ဖြစ်တယ်
စာဖတ်မြန်ခြင်းဟာ သင့်အတွက် ဦးနှောက်ကို ပိုမိုအားစိုက်ရစေပြီး ဦးနှောက်ကို လေ့ကျင့်ပေးဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းလို့တောင် ပြောလို့ရပါတယ်။ဒါ့အပြင် မြန်မြန်ဖတ်ခြင်းကြောင့်လည်း အချိန်တိုအတွင်း ပိုမိုမှတ်မိစေနိုင်ပါတယ်။

၈။ လေ့ကျင့်မှအောင်မြင်မယ်
ထပ်တလဲလဲလေ့ကျင့်ခြင်းဟာ သင့်ကိုပိုပြီးတော်လာစေပါတယ်။ ဘရုစ်စလီပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ သိုင်းကွက်တစ်သောင်းတတ်တဲ့သူနဲ့ ရင်ဆိုင်ဖို့အတွက် မစိုးရိမ်ပါဘူး။ သိုင်းကွက်တစ်ကွက်ကို အကြိမ်တစ်သောင်း လေ့ကျင့်ထားသူနဲ့ ရင်ဆိုင်ရမှာကိုပဲ စိုးရိမ်ပါတယ်တဲ့။ ဒါကြောင့် တစ်ခုခုကို ပိုပြီးတော်စေဖို့အတွက် ထပ်ခါထပ်ခါ လေ့ကျင့်ပေးပါ။

၉။ အရင်က အသိပညာတွေကို ပြန်သုံးပါ
တကယ်လို့သင့်ကလေးဟာ အသစ်တွေကို သင်ယူဖို့ ခက်ခဲနေတယ်ဆိုရင် အသစ်တွေဟာ လေ့လာပြီးသားတစ်ခုနဲ့ ချိတ်ဆက်နေကြောင်းကို သူတို့နားလည်အောင် မိဘတွေကကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လေ့လာပြီးသားအရာတွေနဲ့ ဆက်စပ်စဉ်းစားနိုင်အောင်လေ့ကျင့်ပေးပါ။

၁၀။ မမှတ်မိနိုင်တဲ့ အရာတွေကို ရှာဖွေပါ
လူတိုင်းလိုလို တစ်ခုခုအပေါ် သိပြီးတော့ မမှတ်မိနိုင်တာကို ဖြစ်တတ်ကြပါတယ်။ ဒီလိုပြဿနာတွေကို ကလေးတွေကို ဖြေရှင်းနိုင်အောင်သင်ကြားထားသင့်ပြီး မမှတ်မိပါက ဂူးဂဲလ်ကနေ ရှာဖွေတတ်တဲ့အလေ့အကျင့် ပြုလုပ်ပေးပါ။

၁၁။ အခြားသူတွေကို ပြန်သင်ပေးပါ
လေ့လာမှုတွေအရ မောင်နှမတွေထဲမှာ အကြီးဆုံးတွေဟာ ပိုပြီးစမတ်ကျကြောင်း သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အတွေ့အကြုံတွေနဲ့ သိသမျှကို အငယ်တွေကိုပြန်သင်ပေးတာကြောင့် ပါတဲ့။ ဒီလိုကိုယ်သိထားတဲ့၊ နားလည်ထားတဲ့အရာတွေကို အခြားသူတွေအား မျှဝေပေးခြင်းဟာ သင့်ကိုပိုမှတ်မိစေပြီး တွေးခေါ်နိုင်စွမ်းကို ပိုမြင့်စေနိုင်ပါတယ်။ ဒါကြောင့် စာတွေကိုကျေညက်စေချင်လျှင် အခြားသူတွေကို ပြန်သင်ပေးပါ။
#LM_Naung_Naung
#Lifestyle_Myanmar
Ref_gottadotherightthing

LEAVE A REPLY

Please enter your comment!
Please enter your name here