အဆင့်(၂)ဆေးကြောခြင်း
အဆင့်(၃) moisturizer
#LM_Naung_Naung
#Lifestyle_Myanmar
Ref-healthyfoodhouse
Unicode

စမတ်ဖုန်းကို ညဖက်သုံးစွဲခြင်းကြောင့် ဖြစ်စေတတ်တဲ့ ဆိုးကျိုးများ
Unicode
ခြေဖနောင့် အက်ကွဲခြင်းကို ရက်အနည်းငယ်နဲ့ ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း
ခြေဖနောင့် အက်ကွဲခြင်းဆိုတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးရှိပါတယ်။ ကုန်ကျစရိတ်နည်းပါးပြီး လွယ်ကူသလိုပဲ ရက်အနည်းငယ်နဲ့ ပျောက်ကင်းစေတာကြောင့် ဗဟုသုတရရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။
အဆင့်(၁) ရေနွေးနဲ့ကုသခြင်း
လိုအပ်တဲ့ ပစ္စည်းတွေက ရေနွေး၊ မုတ်ဖုတ်ဆိုဒါ ၂ဇွန်း၊ ကျောက်ပွ (Pumice stone)၊ ဆားနှစ်ဇွန်း တို့ဖြစ်ပြီး ဆားရယ် ဆိုဒါရယ်ကို ရေနွေးထဲရောပြီး မွှေပေးပါ။ ပြီးလျှင်ခြေထောက်ကို ၁၅ မိနစ်ခန့်စိမ်ထားပေးပါ။ နောက်ဆုံးမှာ ခြောက်သွားတဲ့အချိန်ထိ ကျောက်ပွနဲ့ပွတ်တိုက်ပေးပါ။
အဆင့်(၂)ဆေးကြောခြင်း
ဆီ ၂ဇွန်းကို သကြားတစ်ဇွန်းနဲ့ ရောမွှေပါ။ ပြီးလျှင်ထိုအရောနဲ့ ခြေထောက်ကိုနှိပ်နယ်ပေးပြီး ပွတ်လိမ်းပေးပြီး ပုံမှန်အတိုင်းဖြစ်အောင် ပြန်သုတ်ပါ။
အဆင့်(၃) moisturizer
ဖယောင်းတိုင်မှ ဖရောင်းအနည်းငယ်ကို ဆီနှစ်ဇွန်းနဲ့ရောပါ။ ရောပြီးထည့်ထားတဲ့ ပန်ကန်လုံးကို ရေနွေးပူထဲမှာ ဖယောင်းအရည်ပျော်တဲ့အထိ ထည့်ထားပေးပါ။ ပြီးလျှင်အအေးခံပြီး အိပ်ရာဝင်တဲ့အချိန် ခြေထောက်ကိုသုတ်လိမ်းပြီးနောက် ခြေအိတ်စွပ်ပြီး အိပ်ရာဝင်ပါ။ ထိုနည်းအတိုင်း ရက်အနည်းငယ်လုပ်ရုံနဲ့ ခြေဖနောင့် အက်ကွဲခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-healthyfoodhouse