Blue light အကြောင်း
၃။ အိပ်မပျော်ရောဂါ
၎။ စိတ်ကျရောဂါ
#LM_Naung_Naung
#Lifestyle_Myanmar
ကျန်းမာရေးကောင်းမွန်ပြီး အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ မပြုလုပ်သင့်တဲ့ အမူအကျင့်အချို
Unicode
စမတ်ဖုန်းကို ညဖက်သုံးစွဲခြင်းကြောင့် ဖြစ်စေတတ်တဲ့ ဆိုးကျိုးများ
လူတိုင်းလိုလို စမတ်ဖုန်းကို ညခင်းဖက်အလွန်အကျွံသုံးစွဲ နေကြပါတယ်။ ယခုခေတ်ပေါ် စမတ်ဖုန်းတွေဟာလည်း လူတွေကိုဆွဲဆောင်နိုင်တဲ့ feature မျိုးစုံနဲ့ တစ်နေ့တစ်မျိုး ဆန်းသစ်ပြီး ထုတ်လုပ်နေကြပြီး လူတွေရဲ့နေ့စဉ်ဘဝမှာ စမတ်ဖုန်းဟာ တစ်စိတ်တစ်ဒေသ အရေးပါသကဲ့သို့ များစွာအသုံးဝင်ရုံသာမက လူတွေရဲ့စိတ်ကိုပါ ဖမ်းစားထားနိုင်ပါတယ်။ တစ်ယောက်ယောက်ကို စကားပြောချင်တဲ့အခါ၊ ဓါတ်ပုံရိုက်ချင်တဲ့အခါ၊ အင်တာနက်ဖွင့်ပြီး ဖေ့ဘွတ်သုံး၊ မက်ဆေ့ပို့နဲ့ လူတိုင်းလိုလိုကို စမတ်ဖုန်းက အလုပ်များစွာပေးထားနိုင်ပါတယ်။ ဒါကြောင့်လည်း မအိပ်ခင်အနည်းဆုံးတော့ ဖုန်းကိုနည်းနည်းစစ်ဆေးကြည့်ပြီးမှ အိပ်ပျော်နိုင်ကြပါတယ်။
ဒါပေမယ့် အင်တာနက်ကိုဖွင့်ပြီး ဖေ့ဘွတ် သို့မဟုတ် အင်စတာဂရမ်ကို ဖွင့်ကြည့်တဲ့အခါတိုင်း ပို့စ်တစ်ခုတည်းကိုပဲ ကြည့်ပြီးပြန်မပိတ်တတ်တာကြောင့် ညဉ့်နက်ချိန်ထိ သုံးမိနေတာ ခဏခဏလို ဖြစ်နေပါလိမ့်မယ်။ ဒီလိုသုံးစွဲခြင်းကြောင့် သင့်ရဲ့ကျန်းမာရေးအတွက် များစွာထိခိုက်စေနိုင်ကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
Blue light အကြောင်း
Blue light ဟာ လူတွေနေ့စဉ် နေရောင်ခြည်နဲ့ ထိတွေ့နေသလိုပဲ ရောင်စဉ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ညအချိန် ထိုအလင်းရောင်ဟာ အလွန်မြင့်မားတတ်တာကြောင့် အမြင်အာရုံကို ပျက်စီးစေတတ်ပါတယ်။ Blur light ဟာ ခန္ဓာကိုယ်တွင်းက သဘာဝအတိုင်း အိပ်စက်ဖို့အတွက် ထုတ်လုပ်ပေးတဲ့ melatonin ကို ဖိနှိပ်နိုင်တာကြောင့် အိပ်စက်ခြင်းကိုများစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖုုန်းခဏဖွင့်သုံးရုံလေးနဲ့ အိပ်စက်ခြင်းသံသရာကို ရှုပ်ထွေးသွားစေပြီး မျက်စိကြောင်သွားတာ ဖြစ်ပါတယ်။ တကယ်လို့ သင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင်ဖုန်းကိုဖွင့်မကြည့်ပဲ အိပ်စက်တာအကောင်းဆုံးပါပဲ။ အိပ်ရာမဝင်ခင် ဖုန်းသုံးစွဲခြင်းကြောင့် ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာ ၄ မျိုး ရှိပါတယ်။
၁။ ဦးနှောက်ကို နှောက်ယှက်တယ်
အိပ်ရာမဝင်ခင် ဖုန်းသုံးစွဲခြင်းကြောင့် သင့်ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုနဲ့ လေ့လာသင်ယူနိုင်မှုကို ခက်ခဲစေနိုင်ပါတယ်။ ကြာလာတာနဲ့အမျှ တစ်နေကုန်အာရုံပျံ့လွင့်မှုတွေကို သင်ကြုံတွေ့လာပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေဟာ အိပ်ရေးဝသူတွေနဲ့ ဖုန်းသုံးစွဲခြင်းကြောင့် အိပ်ရေးမဝသူတွေကို လေ့လာတဲ့အခါ အိပ်ရေးမဝသူတွေဟာ သွေးလည်ပတ်မှုပိုနှေးခြင်းနဲ့ ဦးနှောက်အတွင် ဇီဝဖြစ်စဉ် ကွဲပြားမှုတွေကို
အိပ်ရေးမဝတွေဆီမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
၂။ ကင်ဆာအန္တရာယ်ကို တိုးပွားစေတယ်
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ Blue light ဟာ ညခင်းအိပ်စက်ခြင်းကို နှောက်ယှက်နိုင်ရုံသာမက ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်မှု အန္တရာယ်တွေကိုလည်း မြင့်မားစေပါတယ်။ ကင်ဆာရောဂါကို အဓိကတွန်းလှန်တဲ့ သဘာဝလက်နက်ဟာ melatonin ဖြစ်ပါတယ်။ Blue light က melatonin ကိုဖိနှိပ်ပစ်တာကြောင့် ကင်ဆာဖြစ်ပွားနိုင်မှုကို တိုးပွားစေတာဖြစ်ပါတယ်။
၃။ အိပ်မပျော်ရောဂါ
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ကောင်းမွန်ပြည့်ဝစွာ အိပ်စက်ခြင်းနဲ့ အနားယူခြင်းတို့ကို ရရှိစေဖို့အတွက် melatonin ဟော်မုန်းကို လိုအပ်ပါတယ်။ Blue light က ထိုဟော်မုန်းကို ကောင်းကောင်းနှောက်ယှက်တာကြောင့် အိပ်မပျော်ရောဂါဖြစ်စေတတ်တာဖြစ်ပါတယ်။
၄။ စိတ်ကျရောဂါ
အိပ်ခါနီး ဖုန်းသုံးစွဲခြင်းမှ ထွက်လာတဲ့ blue light ဟာ melatonin level ကိုနိမ့်ကျစေတာကြောင့် စိတ်ကျရောဂါ ကိုဖြစ်ပွားစေနိုင်ပြီး အာရုံကြောတွေရဲ့အကြားက Synaptic အချက်ပြမှုကို ကျဆင်းစေတတ်ပါတယ်။ ဒါ့အပြင် Blue Light ကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ၊ အဝလွန်ခြင်း၊ မှတ်ဉာဏ်ပြဿနာတွေ၊ တုံ့ပြန်မှုနှေးခြင်း၊ အမြင်ဆိုင်ရာပြဿနာများနဲ့ အချိန်မတိုင်မီ အိုမင်းခြင်းတို့လို ပြဿနာပေါင်း များစွာကို ဖြစ်ပွားစေတတ်တာကြောင့် အိပ်ရာမဝင်ခင် ဖုန်သုံးစွဲခြင်းကို တတ်နိုင်သလောက် သတိထားပြီး ရှောင်ရှားသင့်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-gottadotherightthing