လူေတြနဲ႔ အနီးဆံုးရွိေနတတ္တဲ့ တိရိစာၦန္ျဖစ္တဲ့ေခြးဟာ သင့္အတြက္ေကာင္းက်ိဳးေတြေပးႏိုင္သလို သတိမထားျခင္းေၾကာင့္ ဆိုးက်ိဳးေတြလည္း ျဖစ္ေစႏိုင္ပါတယ္။ တခ်ိဳ႕တိခ်စ္သူေတြက မိမိတို႔ရဲ႕အိမ္ေမြးေခြးေလးေတြနဲ႔ အတူတူအိပ္တာေတြ မ်က္ႏွာကိုေပးလ်က္တာေတြကို အမႈ႕မဲ့အမွတ္မဲ့ ျပဳလုပ္တတ္ၾကပါတယ္။ ဒါေပမယ့္ အခန္႔မသင့္ရင္သင့္ရဲ႕ က်န္းမာေရးအတြက္ ထိခိုက္ေစႏိုင္တာေၾကာင့္ ဘယ္လိုအက်ိဳးဆက္ေတြျဖစ္ေစတတ္တယ္ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။ သင့္ရဲ႕ေခြးကိုဘယ္ေလာက္ပဲခ်စ္ခ်စ္ ကိုင္ၿပီးတဲ့အခါ လက္ကိုစင္ၾကယ္စြာျပန္ေဆးဖို႔နဲ႔ မ်က္ႏွာကိုေပးလ်က္ျခင္းတို႕ကို ေရွာင္ရွားသင့္ပါတယ္။
၁။ ကပ္ပါးပိုးေတြ သင့္ဆီေရာက္ႏိုင္တယ္
Hookworm နဲ႔ roundworms လိုသံေကာင္၊ ကပ္ပါးေကာင္ေတြဟာ ေခြးေတြရဲ႕ပါးစပ္ကေနတဆင့္ သင့္ကိုကူးစက္ႏိုင္ေခ်ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေခြးေတြဟာသဘာ၀အားျဖင့္ သူတို႔ရဲ႕စအိုကိုလွ်ာနဲ႔လ်က္တာေတြ၊ အျခားေခြးရဲ႕စအိုကိုလွ်ာနဲ႔လ်က္တာေတြ ျပဳလုပ္တတ္တာေၾကာင့္ ေခြးတစ္ေကာင္နဲ႔တစ္ေကာင္ ကပ္ပါးပိုးေတြ ကူးစက္သလိုပဲ သင့္ဆီကိုလည္း ကူးစက္ႏိုင္ပါတယ္။ ဒီလိုကပ္ပါးေကာင္ေတြ ကူးစက္ျခင္းေၾကာင့္ အသားအေရယားယံျခင္း၊ အဖုထျခင္း၊ အစာအိမ္နာက်င္ျခင္းႏွင့္၀မ္းေလ်ာျခင္း၊ ကိုယ္အေလးခ်ိန္က်ျခင္း သို႔မဟုတ္ အစာစားခ်င္စိတ္ေလ်ာ့နည္းျခင္း၊ႏွင့္ အသက္႐ႈက်ပ္ျခင္းတို႕ကို ျဖစ္ေစတတ္ပါတယ္။
၂။ အစာအိမ္ေနထိုင္မေကာင္းျခင္း
ေခြးေတြဟာ တစ္ေနကုန္သူတို႔ရဲ႕ ႏႈတ္သီးနဲ႔ အရာရာတိုင္းကို ထိေတြ႕ေနတတ္တာေၾကာင့္ ဘက္တီးရီးယားေပါင္းစံု ရွိေနတတ္ပါတယ္။ တခ်ိဳ႕ဘက္တီးရီးယားေတြဟာ zoonotic ျဖစ္တတ္ပါတယ္။ အဓိပၸာယ္က တိရိစာၦန္ေတြ အေပၚကိုသက္ေရာက္မႈမရွိပဲ လူသားေတြမွာေတာ့ ေရာဂါေတြျဖစ္ေစတတ္ပါတယ္။ ေခြးကေနတဆင့္ ကူးစက္တတ္တဲ့ တခ်ိဳ႕ဘက္တီးရီးယားေတြဟာ အစာအိမ္နာက်င္ျခင္း၊ ၀မ္းေလ်ာျခင္း၊ ဖ်ားျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း တို႕ကိုျဖစ္ေစႏိုင္ပါတယ္။ ဘက္တီးရီးယားအမ်ိဳးအစားေတြဟာ Giardia, Cryptosporidium, Clostridium, E. coli, Salmonella, Pasteurella, Leptospira, and Campylobacter တိုျဖစ္ၿပီး သင့္ကိုစိတ္ခ်မ္းသာမႈကေန ေရာဂါရတာနဲ႔မတန္ေအာင္ ျဖစ္ေစႏိုင္တဲ့အတြက္ သတိျပဳေစခ်င္ပါတယ္။
၃။ အေရျပားျပႆနာေတြ ၾကံဳေတြ႕ႏိုင္တယ္
တကယ္လို႔ သင့္ရဲ႕ေခြးက သင့္ရဲ႕မ်က္ႏွာသို႕မဟုတ္ အေရျပားတစ္ေနရာကို လွ်ာနဲ႔လ်က္တဲ့အခါ မိနစ္အနည္းငယ္အတြင္း နီျမန္းလာျခင္းတို႔ကို ၾကံဳေတြ႔ပါက သင့္မွာဓာတ္မတည့္မႈရွိေၾကာင္း ျပသတဲ့အခ်က္တစ္ခုပါပဲ။ ေခြးေတြရဲ႕တံေတြးမွာ glycoprotein ပါရွိၿပီး အခ်ိဳ႕လူေတြမွာေတာ့ ကာကြယ္ႏိုင္ေပမယ့္ အခ်ိဳ႕လူေတြမွာ ဓါတ္မတည့္မႈျဖစ္ေစႏိုင္ပါတယ္။ ဒီလိုကူးစက္ခံရျခင္းေၾကာင့္ အေရျပားထိခိုက္ျခင္းကို ကာကြယ္ဖို႔ antifungal လို႔ေခၚတဲ့ မႈိကာကြယ္တဲ့ေဆးေတြလိမ္းမယ့္အစား လွ်ာနဲ႔အလ်က္ခံရျခင္းကို ေရွာင္က်ဥ္ျခင္းက သင့္အတြက္ပိုလြယ္ကူပါလိမ့္မယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-prevention.com
၀ိုင္အနီရဲ႕ ေကာင္းက်ိဳးမ်ားနဲ႔ ဘာေၾကာင့္ပံုမွန္ေသာက္သံုးသင့္တာလဲ
Unicode
သင့်ခွေးကို သင့်ရဲ့မျက်နှာအား လျှာနဲ့ပေးလျက်ခြင်းကြောင့် ဖြစ်တတ်တဲ့အရာ (၃) ခု
လူတွေနဲ့ အနီးဆုံးရှိနေတတ်တဲ့ တိရိစ္ဆာန်ဖြစ်တဲ့ခွေးဟာ သင့်အတွက်ကောင်းကျိုးတွေပေးနိုင်သလို သတိမထားခြင်းကြောင့် ဆိုးကျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ တချို့တိချစ်သူတွေက မိမိတို့ရဲ့အိမ်မွေးခွေးလေးတွေနဲ့ အတူတူအိပ်တာတွေ မျက်နှာကိုပေးလျက်တာတွေကို အမှု့မဲ့အမှတ်မဲ့ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင်သင့်ရဲ့ ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တာကြောင့် ဘယ်လိုအကျိုးဆက်တွေဖြစ်စေတတ်တယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့ခွေးကိုဘယ်လောက်ပဲချစ်ချစ် ကိုင်ပြီးတဲ့အခါ လက်ကိုစင်ကြယ်စွာပြန်ဆေးဖို့နဲ့ မျက်နှာကိုပေးလျက်ခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။
၁။ ကပ်ပါးပိုးတွေ သင့်ဆီရောက်နိုင်တယ်
Hookworm နဲ့ roundworms လိုသံကောင်၊ ကပ်ပါးကောင်တွေဟာ ခွေးတွေရဲ့ပါးစပ်ကနေတဆင့် သင့်ကိုကူးစက်နိုင်ချေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးတွေဟာသဘာဝအားဖြင့် သူတို့ရဲ့စအိုကိုလျှာနဲ့လျက်တာတွေ၊ အခြားခွေးရဲ့စအိုကိုလျှာနဲ့လျက်တာတွေ ပြုလုပ်တတ်တာကြောင့် ခွေးတစ်ကောင်နဲ့တစ်ကောင် ကပ်ပါးပိုးတွေ ကူးစက်သလိုပဲ သင့်ဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ဒီလိုကပ်ပါးကောင်တွေ ကူးစက်ခြင်းကြောင့် အသားအရေယားယံခြင်း၊ အဖုထခြင်း၊ အစာအိမ်နာကျင်ခြင်းနှင့်ဝမ်းလျောခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် အစာစားချင်စိတ်လျော့နည်းခြင်း၊နှင့် အသက်ရှုကျပ်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။
၂။ အစာအိမ်နေထိုင်မကောင်းခြင်း
ခွေးတွေဟာ တစ်နေကုန်သူတို့ရဲ့ နှုတ်သီးနဲ့ အရာရာတိုင်းကို ထိတွေ့နေတတ်တာကြောင့် ဘက်တီးရီးယားပေါင်းစုံ ရှိနေတတ်ပါတယ်။ တချို့ဘက်တီးရီးယားတွေဟာ zoonotic ဖြစ်တတ်ပါတယ်။ အဓိပ္ပာယ်က တိရိစ္ဆာန်တွေ အပေါ်ကိုသက်ရောက်မှုမရှိပဲ လူသားတွေမှာတော့ ရောဂါတွေဖြစ်စေတတ်ပါတယ်။ ခွေးကနေတဆင့် ကူးစက်တတ်တဲ့ တချို့ဘက်တီးရီးယားတွေဟာ အစာအိမ်နာကျင်ခြင်း၊ ၀မ်းလျောခြင်း၊ ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားအမျိုးအစားတွေဟာ Giardia, Cryptosporidium, Clostridium, E. coli, Salmonella, Pasteurella, Leptospira, and Campylobacter တိုဖြစ်ပြီး သင့်ကိုစိတ်ချမ်းသာမှုကနေ ရောဂါရတာနဲ့မတန်အောင် ဖြစ်စေနိုင်တဲ့အတွက် သတိပြုစေချင်ပါတယ်။
၃။ အရေပြားပြဿနာတွေ ကြုံတွေ့နိုင်တယ်
တကယ်လို့ သင့်ရဲ့ခွေးက သင့်ရဲ့မျက်နှာသို့မဟုတ် အရေပြားတစ်နေရာကို လျှာနဲ့လျက်တဲ့အခါ မိနစ်အနည်းငယ်အတွင်း နီမြန်းလာခြင်းတို့ကို ကြံုတွေ့ပါက သင့်မှာဓာတ်မတည့်မှုရှိကြောင်း ပြသတဲ့အချက်တစ်ခုပါပဲ။ ခွေးတွေရဲ့တံတွေးမှာ glycoprotein ပါရှိပြီး အချို့လူတွေမှာတော့ ကာကွယ်နိုင်ပေမယ့် အချို့လူတွေမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။ ဒီလိုကူးစက်ခံရခြင်းကြောင့် အရေပြားထိခိုက်ခြင်းကို ကာကွယ်ဖို့ antifungal လို့ခေါ်တဲ့ မှိုကာကွယ်တဲ့ဆေးတွေလိမ်းမယ့်အစား လျှာနဲ့အလျက်ခံရခြင်းကို ရှောင်ကျဉ်ခြင်းက သင့်အတွက်ပိုလွယ်ကူပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-prevention.com
Unicode