ပဋိပကၡ ျပႆနာေတြဟာ တသက္တာအတြက္ ပံုမွန္အစိတ္အပိုင္း တစ္ခုျဖစ္ၿပီးေတာ့ ကၽြန္ေတာ္တို႔အားလံုး ေရွာင္ရွားဖို႔ႀကိဳးစားတတ္ၾကပါတယ္။ ကေလးေတြဟာလည္း သူတို႔ေတြရဲ႕ အသက္အပိုင္းအျခားအလိုက္ ျပႆနာေတြကို ေျဖရွင္းႏိုင္ျခင္းဟာ ဖြံ႔ၿဖိဳးတိုးတက္မႈအဆင့္နဲ႔ ဘ၀အေတြ႕အၾကံဳေတြအျဖစ္ တိုက္႐ိုက္ဆက္စပ္ေနပါတယ္။ ဒါေၾကာင့္ ကေလးေတြကို ပဋိပကၡေတြ ေျဖရွင္းႏိုင္ေအာင္ ကူညီေပးျခင္းဟာ သူတို႔အတြက္ ၿပီးျပည့္စံုတဲ့မိတ္ေဆြသူငယ္ခ်င္းေတြရရွိေစႏိုင္ၿပီး လူမႈဆက္ဆံေရးအေတြ႕အၾကံဳအျပင္ ပိုမိုေပ်ာ္ရြင္ရတဲ့ဘ၀တစ္ခုကို ပိုင္ဆိုင္ေစမွာပါ။ ဒါေၾကာင့္ သင့္ရဲ႕ကေလးကို ကူညီေပးႏိုင္ဖို႔အတြက္ ပဋိပကၡေတြကို ေျဖရွင္းျခင္း အမူအက်င့္ ၅ခ်က္နဲ႔ သူတို႔အတြက္ေလ့က်င့္ေပးႏိုင္တဲ့ အေရးႀကီးနည္းလမ္းသံုးခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ စိတ္ခံစားခ်က္ ျပင္းထန္မႈကို ထိန္းခ်ဳပ္ရန္ေလ့လာျခင္း
ကေလးငယ္ေတြ စိတ္ဆိုးတဲ့အခါ သို႔မဟုတ္ စိတ္ပ်က္တဲ့အခါေတြမွာ စိတ္ခံစားခ်က္ျပင္းထန္မႈေတြကို ေဖာ္ျပတတ္ၿပီး သူတို႔ေတြေအာ္ဟစ္ျခင္း၊ ႐ုပ္ပိုင္းဆိုင္ရာတိုက္ခိုက္ျခင္းနဲ႔ ေၾကာင္ရြံ႕ျခင္းေတြဟာ အဆိုပါပဋိပကၡကို မေျဖရွင္းႏိုင္းေၾကာင္း သူတို႔ကိုယ္တိုင္ ေလ့လာသင္ယူႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒီလိုစိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ႐ိုးရွင္းတဲ့နည္းလမ္းေလးေတြျဖစ္တဲ့ အသက္ကိုခပ္ျပင္းျပင္း႐ႈျခင္း သို႔မဟုတ္ ၁၀ အထိေရတြက္ျခင္း တို႔ဟာ ပဋိပကၡေတြကို ေျဖရွင္းဖို႔အတြက္ အေရးပါတဲ့အစိတ္အပိုင္းျဖစ္တာေၾကာင့္ သူတို႔ကိုအကူအညီေပးႏိုင္ပါတယ္။
၂။ စကားေျပာျခင္းႏွင့္ နားေထာင္ျခင္း
စကားကိုခ်ိဳသာစြာေျပာဖို႔ႀကိဳးစားျခင္းနဲ႔ စကားလံုးေတြရဲ႕တန္ဖိုးကို သိရွိေအာင္ေလ့က်င့္ေပးျခင္းဟာလည္း ျပႆနာေတြကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ေတြကို စကားေျပာလိမၼာယဥ္ေက်းဖို႔နဲ႔ စကားအသံုးအႏႈန္းေတြ ပိုမိုေျပျပစ္ေစဖို႔ ဘယ္လိုေျပာဆိုရမယ္၊ ဘယ္လိုနားလည္ရမယ္ဆိုတာကို မိဘေတြက သင္ၾကားေပးႏိုင္ပါတယ္။ တကယ္လို႔ကေလးေတြအခ်င္းခ်င္း ပဋိပကၡေတြျဖစ္တဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ အျပစ္ပံုခ်ဖို႔ႀကိဳးစားျခင္းထက္ ျပႆနာကိုေျဖရွင္းဖို႔ နည္းလမ္းကိုရွာေဖြေစျခင္း၊ ပဋိပကၡျဖစ္ရတဲ့ ရင္ျမစ္ကိုရွာေဖြေစျခင္းတို႔ကို သင္ၾကားေပးပါ။ ေကာင္းမြန္စြာ နားေထာင္တတ္ျခင္းဟာလည္း အေရးႀကီးပါတယ္။
ကေလးေတြအခ်င္းခ်င္း နားေထာင္ဖို႔ႀကိဳးစားခိုင္းျခင္းဟာ ငယ္ရြယ္သူေတြျဖစ္ၿပီး စိတ္ကိုသိပ္မထိန္းခ်ဳပ္တတ္တာေၾကာင့္ ခက္ခဲႏိုင္ပါတယ္။ ဒါေပမယ့္ အျခားသူေတြရဲ႕ စကားကိုေသခ်ာနားေထာင္ေပးတတ္ၿပီး ကၽြမ္းက်င္စြာျပန္လည္ေျပာဆိုႏိုင္တဲ့ အေလ့အက်င့္ကိုေတာ့ အခ်ိန္ယူၿပီး ေလ့က်င့္ေပးႏိုင္ပါတယ္။
၃။ ျပႆနာကိုေျဖရွင္းဖို႔အေျဖကို အတူတကြရွာေဖြျခင္း
အရင္ဦးဆံုး ျပႆနာေတြဟာ အရမ္းစိုးရိမ္စရာမဟုတ္သလို ေၾကာက္ရြံ႕ဖို႔ မလိုေၾကာင္း သင္ၾကားထားေပးပါ။ ဘယ္လိုျပႆနာေတြကိုပဲျဖစ္ျဖစ္ အေျဖရွာေတြ႕တဲ့ အခ်ိန္ဟာေပ်ာ္စရာအေကာင္းဆံုး ျဖစ္ေၾကာင္း သူတို႔ကိုသိပါေစ။ ဒီလိုျပႆနာေတြကို ပူးေပါင္းၿပီး ရွာေဖြတတ္တဲ့အေလ့အက်င့္ေၾကာင့္ ေက်ာင္းစာေတြသာမက ကေလးအခ်င္းခ်င္းျပႆနာတတ္မႈေတြကို သူတို႔ကိုယ္တိုင္ ေျဖရွင္းႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။
၄။ တရားမွ်တမႈကို အားေပးပါ
ငယ္စဥ္ကတည္းက မွ်တျခင္းကို အားေပးျခင္းေၾကာင့္ သူတို႔ႀကီးလာတဲ့အခါ ေျဖာင့္မွတ္မွန္ကန္ေသာ အေလ့အက်င့္ေကာင္းမ်ားကို ရရွိေစႏိုင္ပါတယ္။ ဒါေၾကာင့္ သူတို႔ေတြရဲ႕ ေကာင္းမြန္တဲ့လုပ္ေဆာင္ခ်က္ေတြ၊ ၾကင္နာသနားမႈေတြကို အျမဲတမ္းေစာင့္ၾကည့္ေနၿပီး သူတို႔ကိုအားေပးျခင္း ဆုခ်ျခင္းတို႔ကို ဂ႐ုစိုက္ေပးပါ။ သူတို႔ရဲ႕ပတ္၀န္းက်င္မွာရွိတဲ့ အရာေတြကိုဥပမာေပးၿပီး ဆံုးမေပးပါ။ ဥပမာဘယ္အရာေတြကမွ်တမႈရွိၿပီး၊ ဘယ္လိုအရာေတြကို ေရွာင္က်ဥ္သင့္တယ္ဆိုတာကို သင္ၾကားေပးပါ။
၅။ မဆိုင္တာကို မစပ္စုတတ္ဖို႔
ကိုယ္နဲ႔ မဆိုင္တဲ့အရာေတြ၊ မသိတဲ့သူေတြကို ၀င္ေရာက္ပတ္သတ္ျခင္း၊ ယံုၾကည္ျခင္းေတြကို ေရွာင္ရွားခိုင္းျခင္းဟာ သူတို႔အတြက္ အႏၱရာယ္ကင္းေစၿပီး ျပႆနာေတြၾကံဳတဲ့အခါ အျခားယံုၾကည္ရတဲ့ အသက္ႀကီးသူေတြကို အကူအညီေတာင္းၿပီး အႏၱရာယ္ေတြ၊ ျပႆနာေတြကို ေျဖရွင္းတတ္ေအာင္ သင္ၾကားထားေပးပါ။
၆။ အျခား လူႀကီးေတြ မစေနာက္ေစရန္ ဂ႐ုစိုက္ပါ
သင့္ရဲ႕ကေလးကို ခ်စ္လို႔ပဲျဖစ္ျဖစ္ အျမဲစိတ္ဆိုးေဒါသထြက္ေအာင္ စေနာက္ျခင္းကို ခြင့္မျပဳသင့္ပါဘူး။ ကေလးေတြကို စိတ္ဆိုေအာင္စေနာက္ျခင္းဟာ စိတ္တိုလြယ္တဲ့အေလ့အက်င့္ ျဖစ္သြားတတ္ၿပီး အျခားသူေတြကို ေလးစားမႈေလ်ာ့နည္းတတ္ပါတယ္။ ဒါေၾကာင့္ အျခားသူေတြက သင့္ကေလးကိုယခုလိုမ်ိဳးစေနာက္ပါက မလုပ္ဖို႔တားဆီးပါ။
၇။ စိတ္ကူးယဥ္ကစားနည္းမ်ားကို အားေပးပါ
ကေလးသဘာ၀ စိတ္ကူးယဥ္ၿပီး ကစားေနျခင္းဟာ သူတို႔ရဲ႕စိတ္ကိုႏူးညံ့ေစၿပီး အႏၱရာယ္ကင္းတာေၾကာင့္ ခြင့္ျပဳသင့္ပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ဖန္တီးမႈစြမ္းအားနဲ႔ ေတြးေခၚၾကံဆႏိုင္စြမ္းကိုလည္း ျမင့္မားေစပါတယ္။ ဒါ့အျပင္ ျပႆနာအရပ္ရပ္ကို ေျဖရွင္းႏိုင္ဖို႕အတြက္ သူတို႔ကိုယ္တိုင္ အၾကံအစည္ေတြ ဖန္တီးႏိုင္ေစပါတယ္။
၈။ ခင္မင္ရင္းႏွီးတတ္ေစရန္ သင္ၾကားေပးပါ
သင့္ရဲ႕ကေလးကို စာေတာ္တဲ့သူေတြနဲ႔မွ ေပါင္းသင္းေစျခင္းဟာ မွားယြင္းတဲ့အတၱျဖစ္ပါတယ္။ သူတို႔ရဲ႕ဘ၀မွာ လူေပါင္းမ်ိဳးစံုနဲ႔ ေတြ႔ၾကံဳရမွာျဖစ္တာေၾကာင့္ ဘယ္သူနဲ႔ပဲျဖစ္ျဖစ္ အဆင္ေျပစြာေပါင္းသင္းေစရန္ႏွင့္ မနာလိုစိတ္မရွိေစရန္ သင္ၾကားထားေပးပါ။ တကယ္လို႔ သူတို႕ေတြအေပါင္းအသင္းေၾကာင့္ စိတ္ဓါတ္ပ်က္စီးမွွာကို စိုးရိမ္ပါက သင္ကိုယ္တိုင္သင့္ကေလးကို ေလ့လာေစာင့္ၾကည့္သင့္ၿပီး အေပၚကအခ်က္ေတြအတိုင္း အမွန္နဲ႔အမွားကို ခြဲျခားတတ္ေစရန္ ဆံုးမေပးပါ။ ငယ္ရြယ္တဲ့အခ်ိန္မွာ သင္လိုသလိုပံုသြင္းႏိုင္ၿပီး သင့္ရဲ႕သင္ၾကားမႈဟာ ကေလးရဲ႕အနာဂတ္နဲ႕ တိုက္႐ိုက္ဆက္စပ္ေနေၾကာင္း သတိရပါေစ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-childhood101
အသက္၄၀ ဝန္းက်င္ မမမ်ား ခႏၶာကိုယ္အခ်ိဳးအစားက်ၿပီး အလွမပ်က္ေစမဲ့ ေလ့က်င့္ခန္း အခ်ိဳ႕
သင့်ရဲ့ကလေး သူငယ်ချင်းကောင်းတွေ ရရှိဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်း (၈) ချက်
ပဋိပက္ခ ပြဿနာတွေဟာ တသက်တာအတွက် ပုံမှန်အစိတ်အပိုင်း တစ်ခုဖြစ်ပြီးတော့ ကျွန်တော်တို့အားလုံး ရှောင်ရှားဖို့ကြိုးစားတတ်ကြပါတယ်။ ကလေးတွေဟာလည်း သူတို့တွေရဲ့ အသက်အပိုင်းအခြားအလိုက် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်နဲ့ ဘဝအတွေ့အကြုံတွေအဖြစ် တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါကြောင့် ကလေးတွေကို ပဋိပက္ခတွေ ဖြေရှင်းနိုင်အောင် ကူညီပေးခြင်းဟာ သူတို့အတွက် ပြီးပြည့်စုံတဲ့မိတ်ဆွေသူငယ်ချင်းတွေရရှိစေနိုင်ပြီး လူမှုဆက်ဆံရေးအတွေ့အကြံုအပြင် ပိုမိုပျော်ရွင်ရတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်စေမှာပါ။ ဒါကြောင့် သင့်ရဲ့ကလေးကို ကူညီပေးနိုင်ဖို့အတွက် ပဋိပက္ခတွေကို ဖြေရှင်းခြင်း အမူအကျင့် ၅ချက်နဲ့ သူတို့အတွက်လေ့ကျင့်ပေးနိုင်တဲ့ အရေးကြီးနည်းလမ်းသုံးချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စိတ်ခံစားချက် ပြင်းထန်မှုကို ထိန်းချုပ်ရန်လေ့လာခြင်း
ကလေးငယ်တွေ စိတ်ဆိုးတဲ့အခါ သို့မဟုတ် စိတ်ပျက်တဲ့အခါတွေမှာ စိတ်ခံစားချက်ပြင်းထန်မှုတွေကို ဖော်ပြတတ်ပြီး သူတို့တွေအော်ဟစ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းနဲ့ ကြောင်ရွံ့ခြင်းတွေဟာ အဆိုပါပဋိပက္ခကို မဖြေရှင်းနိုင်းကြောင်း သူတို့ကိုယ်တိုင် လေ့လာသင်ယူနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုစိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းလေးတွေဖြစ်တဲ့ အသက်ကိုခပ်ပြင်းပြင်းရှုခြင်း သို့မဟုတ် ၁၀ အထိရေတွက်ခြင်း တို့ဟာ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်တာကြောင့် သူတို့ကိုအကူအညီပေးနိုင်ပါတယ်။
၂။ စကားပြောခြင်းနှင့် နားထောင်ခြင်း
စကားကိုချိုသာစွာပြောဖို့ကြိုးစားခြင်းနဲ့ စကားလုံးတွေရဲ့တန်ဖိုးကို သိရှိအောင်လေ့ကျင့်ပေးခြင်းဟာလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကို စကားပြောလိမ္မာယဉ်ကျေးဖို့နဲ့ စကားအသုံးအနှုန်းတွေ ပိုမိုပြေပြစ်စေဖို့ ဘယ်လိုပြောဆိုရမယ်၊ ဘယ်လိုနားလည်ရမယ်ဆိုတာကို မိဘတွေက သင်ကြားပေးနိုင်ပါတယ်။ တကယ်လို့ကလေးတွေအချင်းချင်း ပဋိပက္ခတွေဖြစ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချဖို့ကြိုးစားခြင်းထက် ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကိုရှာဖွေစေခြင်း၊ ပဋိပက္ခဖြစ်ရတဲ့ ရင်မြစ်ကိုရှာဖွေစေခြင်းတို့ကို သင်ကြားပေးပါ။ ကောင်းမွန်စွာ နားထောင်တတ်ခြင်းဟာလည်း အရေးကြီးပါတယ်။
ကလေးတွေအချင်းချင်း နားထောင်ဖို့ကြိုးစားခိုင်းခြင်းဟာ ငယ်ရွယ်သူတွေဖြစ်ပြီး စိတ်ကိုသိပ်မထိန်းချုပ်တတ်တာကြောင့် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အခြားသူတွေရဲ့ စကားကိုသေချာနားထောင်ပေးတတ်ပြီး ကျွမ်းကျင်စွာပြန်လည်ပြောဆိုနိုင်တဲ့ အလေ့အကျင့်ကိုတော့ အချိန်ယူပြီး လေ့ကျင့်ပေးနိုင်ပါတယ်။
၃။ ပြဿနာကိုဖြေရှင်းဖို့အဖြေကို အတူတကွရှာဖွေခြင်း
အရင်ဦးဆုံး ပြဿနာတွေဟာ အရမ်းစိုးရိမ်စရာမဟုတ်သလို ကြောက်ရွံ့ဖို့ မလိုကြောင်း သင်ကြားထားပေးပါ။ ဘယ်လိုပြဿနာတွေကိုပဲဖြစ်ဖြစ် အဖြေရှာတွေ့တဲ့ အချိန်ဟာပျော်စရာအကောင်းဆုံး ဖြစ်ကြောင်း သူတို့ကိုသိပါစေ။ ဒီလိုပြဿနာတွေကို ပူးပေါင်းပြီး ရှာဖွေတတ်တဲ့အလေ့အကျင့်ကြောင့် ကျောင်းစာတွေသာမက ကလေးအချင်းချင်းပြဿနာတတ်မှုတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။
၄။ တရားမျှတမှုကို အားပေးပါ
ငယ်စဉ်ကတည်းက မျှတခြင်းကို အားပေးခြင်းကြောင့် သူတို့ကြီးလာတဲ့အခါ ဖြောင့်မှတ်မှန်ကန်သော အလေ့အကျင့်ကောင်းများကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ၊ ကြင်နာသနားမှုတွေကို အမြဲတမ်းစောင့်ကြည့်နေပြီး သူတို့ကိုအားပေးခြင်း ဆုချခြင်းတို့ကို ဂရုစိုက်ပေးပါ။ သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကိုဥပမာပေးပြီး ဆုံးမပေးပါ။ ဥပမာဘယ်အရာတွေကမျှတမှုရှိပြီး၊ ဘယ်လိုအရာတွေကို ရှောင်ကျဉ်သင့်တယ်ဆိုတာကို သင်ကြားပေးပါ။
၅။ မဆိုင်တာကို မစပ်စုတတ်ဖို့
ကိုယ်နဲ့ မဆိုင်တဲ့အရာတွေ၊ မသိတဲ့သူတွေကို ၀င်ရောက်ပတ်သတ်ခြင်း၊ ယုံကြည်ခြင်းတွေကို ရှောင်ရှားခိုင်းခြင်းဟာ သူတို့အတွက် အန္တရာယ်ကင်းစေပြီး ပြဿနာတွေကြံုတဲ့အခါ အခြားယုံကြည်ရတဲ့ အသက်ကြီးသူတွေကို အကူအညီတောင်းပြီး အန္တရာယ်တွေ၊ ပြဿနာတွေကို ဖြေရှင်းတတ်အောင် သင်ကြားထားပေးပါ။
၆။ အခြား လူကြီးတွေ မစနောက်စေရန် ဂရုစိုက်ပါ
သင့်ရဲ့ကလေးကို ချစ်လို့ပဲဖြစ်ဖြစ် အမြဲစိတ်ဆိုးဒေါသထွက်အောင် စနောက်ခြင်းကို ခွင့်မပြုသင့်ပါဘူး။ ကလေးတွေကို စိတ်ဆိုအောင်စနောက်ခြင်းဟာ စိတ်တိုလွယ်တဲ့အလေ့အကျင့် ဖြစ်သွားတတ်ပြီး အခြားသူတွေကို လေးစားမှုလျော့နည်းတတ်ပါတယ်။ ဒါကြောင့် အခြားသူတွေက သင့်ကလေးကိုယခုလိုမျိုးစနောက်ပါက မလုပ်ဖို့တားဆီးပါ။
၇။ စိတ်ကူးယဉ်ကစားနည်းများကို အားပေးပါ
ကလေးသဘာဝ စိတ်ကူးယဉ်ပြီး ကစားနေခြင်းဟာ သူတို့ရဲ့စိတ်ကိုနူးညံ့စေပြီး အန္တရာယ်ကင်းတာကြောင့် ခွင့်ပြုသင့်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဖန်တီးမှုစွမ်းအားနဲ့ တွေးခေါ်ကြံဆနိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။ ဒါ့အပြင် ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် သူတို့ကိုယ်တိုင် အကြံအစည်တွေ ဖန်တီးနိုင်စေပါတယ်။
၈။ ခင်မင်ရင်းနှီးတတ်စေရန် သင်ကြားပေးပါ
သင့်ရဲ့ကလေးကို စာတော်တဲ့သူတွေနဲ့မှ ပေါင်းသင်းစေခြင်းဟာ မှားယွင်းတဲ့အတ္တဖြစ်ပါတယ်။ သူတို့ရဲ့ဘဝမှာ လူပေါင်းမျိုးစုံနဲ့ တွေ့ကြံုရမှာဖြစ်တာကြောင့် ဘယ်သူနဲ့ပဲဖြစ်ဖြစ် အဆင်ပြေစွာပေါင်းသင်းစေရန်နှင့် မနာလိုစိတ်မရှိစေရန် သင်ကြားထားပေးပါ။ တကယ်လို့ သူတို့တွေအပေါင်းအသင်းကြောင့် စိတ်ဓါတ်ပျက်စီးမှှာကို စိုးရိမ်ပါက သင်ကိုယ်တိုင်သင့်ကလေးကို လေ့လာစောင့်ကြည့်သင့်ပြီး အပေါ်ကအချက်တွေအတိုင်း အမှန်နဲ့အမှားကို ခွဲခြားတတ်စေရန် ဆုံးမပေးပါ။ ငယ်ရွယ်တဲ့အချိန်မှာ သင်လိုသလိုပုံသွင်းနိုင်ပြီး သင့်ရဲ့သင်ကြားမှုဟာ ကလေးရဲ့အနာဂတ်နဲ့ တိုက်ရိုက်ဆက်စပ်နေကြောင်း သတိရပါစေ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-childhood101