ခႏၶာကိုယ္တစ္ခု ပုံမွန္လႈပ္ရွားႏိုင္ဖို႔ ေရဓာတ္က အမ်ားႀကီးအေထာက္အပ့ံေပးထားတာျဖစ္ပါတယ္။ သင့္ခႏၶာကိုယ္ရဲ႕ ေက်ာက္ကပ္နဲ႔ ၾကြက္သားမ်ားကိုေရဓာတ္ ၇၃%ျဖင့္တည္ေဆာက္ထားတာျဖစ္ၿပီး သင့္ခႏၶာကိုယ္မွာလည္ပတ္ေနတဲ့ ေသြးရဲ႕ ၈၃% ဟာေရဓာတ္ကေနျဖစ္ေပၚလာတာျဖစ္ပါတယ္။ အဆုတ္အတြက္ ၉၀% ၊ ဦးေႏွာက္အတြက္ ၇၆% ကို ေရမ်ားျဖင့္ ဖြဲ႕စည္းထားတာျဖစ္တာေၾကာင့္ ခႏၶာကိုယ္မွာ ေရဓာတ္က အလြန္အေရးပါပါတယ္။ ခႏၶာကိုယ္အတြင္းမွရွိတဲ့အစိတ္အပိုင္းေတြဟာ လိုအပ္တဲ့ ေရဓာတ္ကို အသုံးျပဳၿပီး ပိုလွ်ံတဲ့ ေရဓာတ္ေတြကို ခႏၶာကိုယ္အတြင္းမွာ ကိန္းေအာင္းမထားဘဲ ဆီး၊ ေခၽြးတို႔မွတစ္ဆင့္ စြန္႔ထုတ္ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ေရဓာတ္ဟာ ခႏၶာကိုယ္အတြက္အပိုအေနနဲ႔ စုေဆာင္းေလ့မရွိတာေၾကာင့္ မၾကာခဏလိုအပ္ေနတာျဖစ္ပါတယ္။ အမ်ိဳးသားေတြအတြက္ ေရဓာတ္ကို တစ္ေန႔ကို ၃လီတာ ေသာက္သုံးရန္ လိုအပ္ၿပီး အမ်ိဳးသမီးမ်ားအတြက္ တစ္ေန႔ကို ၂.၂ လီတာလိုအပ္ပါတယ္။
၁။ ဆီးသြားတဲ့အခါ အဝါေရာင္သမ္းျခင္း။
ဆီးသြားတဲ့အခါမွာ ဆီးအေရာင္ဟာ အဝါေရာင္သမ္းေနရင္ေတာ့ ေရဓာတ္လုံေလာက္မႈမရွိေၾကာင္းကို ေဖာ္ျပေနတဲ့ မူလနိမိတ္လကၡဏာတစ္ခုျဖစ္ပါတယ္။ လူတစ္ေယာက္က ပုံမွန္အားျဖင့္တစ္ေန႔ကို ဆီး ၆ႀကိမ္နဲ႔ ၇ႀကိမ္ၾကားသြားေလ့ရွိပါတယ္။ ေရလုံလုံေလာက္ေလာက္မေသာက္သုံးတဲ့အခါမွာ ဇီဝျဖစ္စဥ္မ်ား ေကာင္းစြာအလုပ္မလုပ္ေတာ့ဘဲ ဆီးသြားတာေလ်ာ့နည္းျခင္း၊ သြားတဲ့ဆီအေရာင္းလည္း ပုံမွန္မဟုတ္ေတာ့ဘဲ အဝါးေရာင္သမ္းျခင္းျဖစ္ေပၚတတ္ပါတယ္။ ထိုကဲ့သို႔ ေရလုံေလာက္မႈမရွိျခင္းဟာ ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးမ်ားျဖစ္ေပၚႏိုင္တာေၾကာင့္ေရဓာတ္ကိုလုံလုံေလာက္ေလာက္ျဖည့္တင္းဖို႔လိုအပ္ပါတယ္။
၂။ ဝမ္းခ်ဳပ္ျခင္း
ေရဓာတ္ဟာအူမႀကီးလမ္းေၾကာင္းအတြင္းမွ အစားမ်ားကိုေပ်ာ့ေပ်ာင္းၿပီး ျပင္ပသို႔ အလြယ္တကူစြန္႔ပစ္ႏိုင္ရန္အေထာက္အကူျပဳတာေၾကာင့္ ေရဓာတ္လုံေလာက္မႈမရွိတဲ့အခါမွာ အူမႀကီးလမ္းေၾကာင္းမွာ အစားမ်ားေပ်ာ့ေပ်ာင္းမႈမရွိေတာ့ဘဲပိတ္ဆို႔ေနတတ္ၿပီး မၾကာခဏဝမ္းခ်ဳပ္ျခင္းကိုျဖစ္ေပၚေစပါတယ္။ ဝမ္းခ်ဳပ္ျခင္းကေနတစ္ဆင့္ အခ်ိန္ၾကာလာတဲ့အခါမွာ ေနာက္ဆက္တြဲေရာဂါမ်ားျဖစ္ပြား ဆင့္ပြားျဖစ္ေပၚလာႏိုင္ပါတယ္။
၃။ အသားအေရမ်ား ေျခာက္ေသြ႕ျခင္းႏွင့္ အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္း
ေရဓာတ္ဆုံး႐ႈံးတဲ့အခါမွာ အသားအေရမ်ားေျခာက္ေသြ႕လားၿပီး အေရးအေၾကာင္းေတြျဖစ္ေပၚလာႏိုင္ပါတယ္။ ဒီျပႆနာမ်ားကို အျခားအသားအေရအတြက္ထုတ္လုပ္ထားတဲ့ အလွကုန္ပစၥည္းေတြနဲ႔ ကုသျခင္းထက္ ေရဓာတ္ကို လုံလုံေလာက္ေလာက္ျဖည့္တင္းေပးတာက သင့္က်န္းမာေရးနဲ႔ အသားအေရအတြက္ ပိုၿပီးေကာင္းမြန္မႈရွိပါတယ္။
၄။ ေရအရမ္းဆာေလာင္ျခင္း
ေရကို ပုံမွန္ေသာက္သုံးမႈမရွိဘဲ ေရအရမ္းဆာေလာင္တဲ့အခါမွ အမ်ားႀကီးေသာက္သုံးျခင္းက သင့္ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးမေပးသလို ကယ္လိုရီ နဲ႔ ခႏၶာကိုယ္အေလးခ်ိန္ကိုလည္း ပိုၿပီးတက္လာေစပါတယ္။ ဒါ့ေၾကာင့္ ေရကို အဆာခံၿပီး ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ၿပီးပုံမွန္ပဲေသာက္သုံးသင့္ပါတယ္။
၅။ ေရငတ္ျခင္းနဲ႔ ခံတြင္းေျခာက္ေသြ႕ျခင္း
ေရကိုလုံေလာက္စြာေသာက္သုံးမႈမရွိတဲ့အခါမွာ ခံတြင္းမ်ား ေျခာက္ကပ္လာျခင္း၊ သာမန္ထက္ေရပိုငတ္ျခင္းမ်ားျဖစ္ေပၚတတ္ပါတယ္။ ေနာက္ဆက္တြဲျပႆနာေတြအေနနဲ႔ေတာ့ အာသီးမ်ား ေရာင္ရမ္းျခင္း၊ လည္ေခ်ာင္းကြဲျခင္း၊ လွ်ာမ်ားကြဲျခင္း၊ ႏႈတ္ခမ္းမ်ား ေျခာက္ေသြ႕ျခင္း၊စတဲ့ ဆိုးက်ိဳးေတြကိုျဖစ္ေပၚလာႏိုင္ပါတယ္။
၆။ ေခါင္းတစ္ျခမ္းကိုက္ျခင္း
ေရဟာ ခႏၶာကိုယ္အတြင္းပိုင္းရဲ႕ အစိတ္ပိုင္းေတာ္ေတာ္မ်ားမ်ားအတြက္ အေထာက္အကူျဖစ္ေစတာေၾကာင့္ ေရဓာတ္လုံေလာက္မႈမရွိတဲ့အခါမွာ ေသြးပမာဏက်င္ဆင္းျခင္း၊ ဦးေႏွာက္ဆီပို႔ေပးတဲ့ ေအာက္စီဂ်င္အတိုင္းအတာမ်ားေလ်ာ့က်လာတာေၾကာင့္ ဦးေႏွာက္မွာရွိတဲ့ ေသြးျပန္ေၾကာေတြဟာ ေခါင္းကိုက္ျခင္း၊ ေရာင္ရမ္ျခင္းကိုျဖစ္ေပၚေစႏိုင္ပါတယ္။
၇။ ပင္ပန္းျခင္း
ေရဓာတ္ဆုံး႐ႈံးမႈမ်ားၿပီး ျပန္လည္ျဖည့္တင္းမႈမရွိအခါ သာမန္ထက္ပိုပင္ပန္းျခင္း၊ ေမာပန္းျခင္း ကိုျဖစ္ေစႏိုင္ပါတယ္။ ေရဓာတ္မလုံေလာက္တဲ့အခါ ေသြးပမဏေလ်ာ့နည္းလာၿပီး ႏွလုံးေကာင္းေကာင္းအလုပ္မလုပ္တာေၾကာင့္ သင့္ကို သာမန္ထက္ ပင္ပန္းႏြမ္းနယ္မႈကိုျဖစ္ေပၚေစပါတယ္။ထိုကဲ့သို႔အခ်ိန္မ်ိဳးမွာ လက္ဖက္ရည္၊ ေဖ်ာ္ရည္ယမကာ ကို ေသာက္သုံးျခင္းထက္ ေရကိုသာ ေသာက္သုံးျခင္းက ပိုၿပီးေကာင္းမြန္ေစပါတယ္။
ပ်ိဳေမတို႔ သိထားသင့္တဲ့ အလွအပဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္အခ်ိဳ႕
Unicode
ရေသောက်ဖို့လိုအပ်နေကြောင်းဖော်ပြနေတဲ့ နမိတ်လက္ခဏာများ
ခန္ဓာကိုယ်တစ်ခု ပုံမှန်လှုပ်ရှားနိုင်ဖို့ ရေဓာတ်က အများကြီးအထောက်အပ့ံပေးထားတာဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ကျောက်ကပ်နဲ့ ကြွက်သားများကိုရေဓာတ် ၇၃%ဖြင့်တည်ဆောက်ထားတာဖြစ်ပြီး သင့်ခန္ဓာကိုယ်မှာလည်ပတ်နေတဲ့ သွေးရဲ့ ၈၃% ဟာရေဓာတ်ကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဆုတ်အတွက် ၉၀% ၊ ဦးနှောက်အတွက် ၇၆% ကို ရေများဖြင့် ဖွဲ့စည်းထားတာဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်က အလွန်အရေးပါပါတယ်။ ခန္ဓာကိုယ်အတွင်းမှရှိတဲ့အစိတ်အပိုင်းတွေဟာ လိုအပ်တဲ့ ရေဓာတ်ကို အသုံးပြုပြီး ပိုလျှံတဲ့ ရေဓာတ်တွေကို ခန္ဓာကိုယ်အတွင်းမှာ ကိန်းအောင်းမထားဘဲ ဆီး၊ ချွေးတို့မှတစ်ဆင့် စွန့်ထုတ်လေ့ရှိပါတယ်။ ဒါ့ကြောင့်ရေဓာတ်ဟာ ခန္ဓာကိုယ်အတွက်အပိုအနေနဲ့ စုဆောင်းလေ့မရှိတာကြောင့် မကြာခဏလိုအပ်နေတာဖြစ်ပါတယ်။ အမျိုးသားတွေအတွက် ရေဓာတ်ကို တစ်နေ့ကို ၃လီတာ သောက်သုံးရန် လိုအပ်ပြီး အမျိုးသမီးများအတွက် တစ်နေ့ကို ၂.၂ လီတာလိုအပ်ပါတယ်။
၁။ ဆီးသွားတဲ့အခါ အဝါရောင်သမ်းခြင်း။
ဆီးသွားတဲ့အခါမှာ ဆီးအရောင်ဟာ အဝါရောင်သမ်းနေရင်တော့ ရေဓာတ်လုံလောက်မှုမရှိကြောင်းကို ဖော်ပြနေတဲ့ မူလနိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်က ပုံမှန်အားဖြင့်တစ်နေ့ကို ဆီး ၆ကြိမ်နဲ့ ရကြိမ်ကြားသွားလေ့ရှိပါတယ်။ ရေလုံလုံလောက်လောက်မသောက်သုံးတဲ့အခါမှာ ဇီဝဖြစ်စဉ်များ ကောင်းစွာအလုပ်မလုပ်တော့ဘဲ ဆီးသွားတာလျော့နည်းခြင်း၊ သွားတဲ့ဆီအရောင်းလည်း ပုံမှန်မဟုတ်တော့ဘဲ အဝါးရောင်သမ်းခြင်းဖြစ်ပေါ်တတ်ပါတယ်။ ထိုကဲ့သို့ ရေလုံလောက်မှုမရှိခြင်းဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးများဖြစ်ပေါ်နိုင်တာကြောင့်ရေဓာတ်ကိုလုံလုံလောက်လောက်ဖြည့်တင်းဖို့လိုအပ်ပါတယ်။
၂။ ဝမ်းချုပ်ခြင်း
ရေဓာတ်ဟာအူမကြီးလမ်းကြောင်းအတွင်းမှ အစားများကိုပျော့ပျောင်းပြီး ပြင်ပသို့ အလွယ်တကူစွန့်ပစ်နိုင်ရန်အထောက်အကူပြုတာကြောင့် ရေဓာတ်လုံလောက်မှုမရှိတဲ့အခါမှာ အူမကြီးလမ်းကြောင်းမှာ အစားများပျော့ပျောင်းမှုမရှိတော့ဘဲပိတ်ဆို့နေတတ်ပြီး မကြာခဏဝမ်းချုပ်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဝမ်းချုပ်ခြင်းကနေတစ်ဆင့် အချိန်ကြာလာတဲ့အခါမှာ နောက်ဆက်တွဲရောဂါများဖြစ်ပွား ဆင့်ပွားဖြစ်ပေါ်လာနိုင်ပါတယ်။
၃။ အသားအရေများ ခြောက်သွေ့ခြင်းနှင့် အရေးအကြောင်းများဖြစ်ပေါ်ခြင်း
ရေဓာတ်ဆုံးရှုံးတဲ့အခါမှာ အသားအရေများခြောက်သွေ့လားပြီး အရေးအကြောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီပြဿနာများကို အခြားအသားအရေအတွက်ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ကုသခြင်းထက် ရေဓာတ်ကို လုံလုံလောက်လောက်ဖြည့်တင်းပေးတာက သင့်ကျန်းမာရေးနဲ့ အသားအရေအတွက် ပိုပြီးကောင်းမွန်မှုရှိပါတယ်။
၄။ ရေအရမ်းဆာလောင်ခြင်း
ရေကို ပုံမှန်သောက်သုံးမှုမရှိဘဲ ရေအရမ်းဆာလောင်တဲ့အခါမှ အများကြီးသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးသလို ကယ်လိုရီ နဲ့ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ပိုပြီးတက်လာစေပါတယ်။ ဒါ့ကြောင့် ရေကို အဆာခံပြီး သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီးပုံမှန်ပဲသောက်သုံးသင့်ပါတယ်။
၅။ ရေငတ်ခြင်းနဲ့ ခံတွင်းခြောက်သွေ့ခြင်း
ရေကိုလုံလောက်စွာသောက်သုံးမှုမရှိတဲ့အခါမှာ ခံတွင်းများ ခြောက်ကပ်လာခြင်း၊ သာမန်ထက်ရေပိုငတ်ခြင်းများဖြစ်ပေါ်တတ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေအနေနဲ့တော့ အာသီးများ ရောင်ရမ်းခြင်း၊ လည်ချောင်းကွဲခြင်း၊ လျှာများကွဲခြင်း၊ နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊စတဲ့ ဆိုးကျိုးတွေကိုဖြစ်ပေါ်လာနိုင်ပါတယ်။
၆။ ခေါင်းတစ်ခြမ်းကိုက်ခြင်း
ရေဟာ ခန္ဓာကိုယ်အတွင်းပိုင်းရဲ့ အစိတ်ပိုင်းတော်တော်များများအတွက် အထောက်အကူဖြစ်စေတာကြောင့် ရေဓာတ်လုံလောက်မှုမရှိတဲ့အခါမှာ သွေးပမာဏကျင်ဆင်းခြင်း၊ ဦးနှောက်ဆီပို့ပေးတဲ့ အောက်စီဂျင်အတိုင်းအတာများလျော့ကျလာတာကြောင့် ဦးနှောက်မှာရှိတဲ့ သွေးပြန်ကြောတွေဟာ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
၇။ ပင်ပန်းခြင်း
ရေဓာတ်ဆုံးရှုံးမှုများပြီး ပြန်လည်ဖြည့်တင်းမှုမရှိအခါ သာမန်ထက်ပိုပင်ပန်းခြင်း၊ မောပန်းခြင်း ကိုဖြစ်စေနိုင်ပါတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ သွေးပမဏလျော့နည်းလာပြီး နှလုံးကောင်းကောင်းအလုပ်မလုပ်တာကြောင့် သင့်ကို သာမန်ထက် ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေပါတယ်။ထိုကဲ့သို့အချိန်မျိုးမှာ လက်ဖက်ရည်၊ ဖျော်ရည်ယမကာ ကို သောက်သုံးခြင်းထက် ရေကိုသာ သောက်သုံးခြင်းက ပိုပြီးကောင်းမွန်စေပါတယ်။