အိမ္ေထာင္တစ္ခုတည္ျမဲျခင္းဆုိသည္မွာ ႏွစ္ဦးစလံုးႀကိဳးစားရင္ လြယ္ကူတယ္လို႔ ထင္ရေပမယ့္ အိမ္ေထာင္သက္ၾကာလာတာနဲ႔အမွ် တစ္ေယာာက္ကိုတစ္ေယာက္ ခ်စ္သူဘ၀ကလိုမ်ိဳး ဂ႐ုစိုက္မႈေတြ ေလ်ာ့ပါးလာႏိုင္တာေၾကာင့္ အဆင္မေျပမႈေတြ ၾကံဳေတြ႔လာႏိုင္ပါတယ္။ အရာအားလံုးၿပီးျပည့္စံုတဲ့ အိမ္ေထာင္ေရးဆိုတာ ရွားပါးၾကၿပီး စံုတြဲတိုင္းမွာ အခက္အခဲေတြ၊အဆင္မေျပမႈေတြ၊ နားလည္မႈလြဲမွားျခင္းေတြနဲ႔ ဥေပကၡာျပဳတတ္ျခင္းေတြ ျဖစ္တတ္ၾကပါတယ္။ ဒီလိုၾကံဳေတြ႔လာရတဲ့အခက္အခဲေတြကို အခ်ိန္ယူၿပီးျပန္လည္ေျဖရွင္းႏိုင္ဖို႔အတြက္ သိပ္မခက္ခဲတဲ့ ေျပာင္းလဲမႈေလးေတြနဲ႔ ေျဖရွင္းၾကည့္ရေအာင္ပါ။
၁။ သင့္ရဲ႕အိမ္ေထာင္ဖက္ကို မနက္တိုင္းေပြ႕ဖက္ၿပီး နမ္းေပးပါ
ပထမဆံုးအခ်က္အေနနဲ႔ သင္ဟာဘယ္တုန္းကမွ ယခုလိုအျပဳအမူမ်ိဳး မလုပ္ဖူးရင္ေတာင္မွ အိမ္ေထာင္ေရးပိုအဆင္ေျပေစၿပီး တိုးတက္ေစဖို႔အတြက္ သူ႔ကိုမနက္ခင္းတိုင္းမွာ တင္းက်ပ္စြားေပြ႔ဖက္ၿပီး နမ္းေပးပါ။ ဒီလိုအျပဳအမူကို အိပ္ရာထထျခင္းျပဳလုပ္တာထက္ မနက္ခင္းေကာ္ဖီေသာက္တဲ့အခ်ိန္မွာ ျပဳလုပ္ေပးသင့္ပါတယ္။ သင္တို႔ႏွစ္ေယာက္ ညဖက္မွသေဘာထားကြဲလြဲရင္ေတာင္မွ မနက္ခင္းမွာ အနမ္းတစ္ပြင့္က ျပန္လည္ကုစားေပးႏိုင္ပါတယ္။ ယခုလိုအျပဳအမူမ်ိဳးကို တပတ္ေလာက္ပံုမွန္ျပဳလုပ္ေပးရင္ေတာင္မွ သင္နဲ႔သင့္ရဲ႕လက္တြဲေဖာ္ဟာ တစ္ေယာက္ေယာက္မရွိလို႔မျဖစ္တဲ့့ ခံစားခ်က္ေတြ ျပန္လည္ေမြးဖြားလာပါလိမ့္မယ္။
၂။ စာပို႔တာထက္စကားပိုေျပာပါ
ခ်စ္တဲ့သူတဲ့ အျပင္မွာစကားေျပာတာေတြ၊ ေျဖၾကားတာေတြထက္ ဖုန္းနဲ႔ မက္ေဆ့ပို႔ေနျခင္းက ၾကာလာတဲ့အခါ စိတ္ညစ္စရာေတြ၊ ပူပန္ရမႈေတြနဲ႔ အျခားမေကာင္းတဲ့ခံစားခ်က္လကၡဏာေတြကို ၾကံဳေတြ႔ႏိုင္ပါတယ္။ ဒီလိုစာေတြပိုတဲ့အခါ ပိုမိုအဆင္ေျပေစဖို႔ emoji ေတြသံုးေပမယ့္ အျပင္မွာစကားေျပာတာလိုမ်ိဳးမဟုတ္ပဲ ျပႆနာေတြ အထင္လြဲမႈေတြရံဖန္ရံခါ ၾကံဳရေလ့ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုအေၾကာင္းမ်ိဳးပဲရွိရွိ စကားနဲ႔ေျပာႏိုင္ေအာင္ အေလ့အက်င့္ျပဳလုပ္ေပးျခင္းျဖင့္ သင္တို႔ရဲ႕ relationship ဟာအရင္ကထက္ပိုေကာင္းလာပါလိမ့္မယ္။
၃။ အျပစ္တင္ျခင္းကို ရပ္တန္႔ပါ
အိမ္ေထာင္ေရးအဆင္မေျပမႈေတြရဲ႕ အဓိကအခ်က္တစ္ခုကေတာ့ အျပစ္တင္ေ၀ဖန္ျခင္းပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ေတြဟာ အိမ္ေထာင္သည္ဘ၀ပဲျဖစ္ျဖစ္၊ ခ်စ္သူဘ၀မွာပဲျဖစ္ျဖစ္ တစ္ေယာက္ကိုတစ္ေယာက္ ျပစ္တင္ေ၀ဖန္တာေတြ လုပ္တတ္ၾကပါတယ္။ တကယ္ေတာ့ကိုယ္ဟာ လက္တြဲေဖာ္ရဲ႕ မိဘမဟုတ္သလို၊ ဆရာသမားေတြလည္းမဟုတ္ၾကပါဘူး။ ဒီလိုသက္ဆံုးခ်ိန္ထိေပါင္းသင္းရမယ့္သူကို ျပစ္တင္ေ၀ဖန္ျခင္းနဲ႔ ျပဳျပင္မယ့္အစား သေဘာထားခ်င္းဖလွယ္တာေတြ၊ အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးမႈေတြ၊ သေဘာတူညီမႈေတြနဲ႔ အားေပးမႈေတြကို အေလ့အက်င့္ျပဳလုပ္ေပးသင့္ပါတယ္။ ဒီလိုေသးငယ္တဲ့ေျပာင္းလဲမႈေလးက သင္တို႔အတြက္ ႀကီးမားတဲ့အရာတစ္ခု ျဖစ္ေစႏိုင္ပါတယ္။
၄။ တစ္ေယာက္ကိုတစ္ေယာက္ အကဲခတ္ေနပါ
ကိုယ့္ရဲ႕ခ်စ္သူကို အျခားသူေတြထက္ ပိုမိုဂ႐ုစိုက္ဖို႔ လိုအပ္ေၾကာင္း အားလံုးသိၾကပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ သူတို႔ရဲ႕စိတ္ထဲဘာရွိေနတယ္၊ ဘာကိုေျပာခ်င္တယ္ဆိုတာကို သတိမထားမိရင္ မသိႏိုင္ပါဘူး။ ဒါေၾကာင့္ ဘယ္ေလာက္ပဲအလုပ္မ်ားမ်ား ကိုယ့္ရဲ႕လက္တြဲေဖာ္ဟာ ၀မ္းနည္းေနလား၊ ေပ်ာ္ေနလား၊ စိတ္ညစ္ေနလား စသျဖင့္ အျမဲတမ္းအကဲခတ္တတ္တဲ့ အေလ့အက်င့္ကို ျပဳလုပ္ေပးသင့္ပါတယ္။ ဒါမွသာတစ္ေယာက္ရဲ႕လိုအပ္ခ်က္ကို တစ္ေယာက္ကေကာင္းစြာသိႏိုင္တာေၾကာင့္ အရာရာအဆင္ေျပႏိုင္ၿပီး အိမ္ေထာင္ေရးပိုသာယာႏိုင္ပါလိမ့္မယ္။
၅။ သင့္တို႔အိမ္ေထာင္ေရးရဲ႕ အေျခအေနကို ပံုေသမမွတ္ထားပါနဲ႔
အထူးသျဖင့္ အိမ္ေထာင္က်ၿပီးတဲ့အခါ ငါပိုင္ၿပီ၊တစ္သက္လံုးငါနဲ႔ပဲလက္တြဲရမွာ စသျဖင့္ မိမိတို႔ရဲ႕အိမ္ေထာင္ေရးအေျခအေနကို ပံုေသသေဘာမ်ိဳး သတ္မွတ္မထားသင့္ပါဘူး။ ဒီလိုသတ္မွတ္ျခင္းေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ အရင္ကေလာက္ ဂ႐ုမစိုက္မိတာေတြ၊ ရန္ျဖစ္တတ္တာေတြကို မၾကာခဏၾကံဳေတြ႕ႏိုင္ပါတယ္။ မိမိတို႔ရဲ႕အိမ္ေထာင္ေရးကို ထာ၀ရတည္ျမဲၿပီး သာယာဖို႔အတြက္ ႏွစ္ေယာက္အတူတူႀကိဳးစားမွ ျဖစ္မွျဖစ္သလို အခ်င္းခ်င္း ေလးစားျမတ္ႏိုးၿပီးတန္ဖိုးထားဖို႔လိုအပ္တာေၾကာင့္ ယခုလိုအေတြးမ်ိဳးကို ေျပာင္းလဲဖို႔ လိုအပ္ပါတယ္။ ဒီလိုေျပာင္းလဲမႈေသးေသးေလးေတြက သင္တို႔ရဲ႕အိမ္ေထာင္ေရးအတြက္ ႀကီးမားတဲ့သက္ေရာက္မႈေတြ ၾကံဳေတြ႔ႏိုင္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-famifi
Illustrator-yehuda devir
အမ်ိဳးသမီးတိုင္း ယံုၾကည္မႈပိုရွိေစမယ့္ ႐ိုးရွင္းတဲ့နည္းလမ္း (၅) ခ်က္
Unicode
သင့်ရဲ့အိမ်ထောင်ရေး အခြေအနေကို တိုးတက်စေနိုင်တဲ့ သေးငယ်သောပြောင်းလဲမှု (၅) ချက်
အိမ်ထောင်တစ်ခုတည်မြဲခြင်းဆိုသည်မှာ နှစ်ဦးစလုံးကြိုးစားရင် လွယ်ကူတယ်လို့ ထင်ရပေမယ့် အိမ်ထောင်သက်ကြာလာတာနဲ့အမျှ တစ်ယောာက်ကိုတစ်ယောက် ချစ်သူဘဝကလိုမျိုး ဂရုစိုက်မှုတွေ လျော့ပါးလာနိုင်တာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့လာနိုင်ပါတယ်။ အရာအားလုံးပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ ရှားပါးကြပြီး စုံတွဲတိုင်းမှာ အခက်အခဲတွေ၊အဆင်မပြေမှုတွေ၊ နားလည်မှုလွဲမှားခြင်းတွေနဲ့ ဥပေက္ခာပြုတတ်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုကြုံတွေ့လာရတဲ့အခက်အခဲတွေကို အချိန်ယူပြီးပြန်လည်ဖြေရှင်းနိုင်ဖို့အတွက် သိပ်မခက်ခဲတဲ့ ပြောင်းလဲမှုလေးတွေနဲ့ ဖြေရှင်းကြည့်ရအောင်ပါ။
၁။ သင့်ရဲ့အိမ်ထောင်ဖက်ကို မနက်တိုင်းပွေ့ဖက်ပြီး နမ်းပေးပါ
ပထမဆုံးအချက်အနေနဲ့ သင်ဟာဘယ်တုန်းကမှ ယခုလိုအပြုအမူမျိုး မလုပ်ဖူးရင်တောင်မှ အိမ်ထောင်ရေးပိုအဆင်ပြေစေပြီး တိုးတက်စေဖို့အတွက် သူ့ကိုမနက်ခင်းတိုင်းမှာ တင်းကျပ်စွားပွေ့ဖက်ပြီး နမ်းပေးပါ။ ဒီလိုအပြုအမူကို အိပ်ရာထထခြင်းပြုလုပ်တာထက် မနက်ခင်းကော်ဖီသောက်တဲ့အချိန်မှာ ပြုလုပ်ပေးသင့်ပါတယ်။ သင်တို့နှစ်ယောက် ညဖက်မှသဘောထားကွဲလွဲရင်တောင်မှ မနက်ခင်းမှာ အနမ်းတစ်ပွင့်က ပြန်လည်ကုစားပေးနိုင်ပါတယ်။ ယခုလိုအပြုအမူမျိုးကို တပတ်လောက်ပုံမှန်ပြုလုပ်ပေးရင်တောင်မှ သင်နဲ့သင့်ရဲ့လက်တွဲဖော်ဟာ တစ်ယောက်ယောက်မရှိလို့မဖြစ်တဲ့့ ခံစားချက်တွေ ပြန်လည်မွေးဖွားလာပါလိမ့်မယ်။
၂။ စာပို့တာထက်စကားပိုပြောပါ
ချစ်တဲ့သူတဲ့ အပြင်မှာစကားပြောတာတွေ၊ ဖြေကြားတာတွေထက် ဖုန်းနဲ့ မက်ဆေ့ပို့နေခြင်းက ကြာလာတဲ့အခါ စိတ်ညစ်စရာတွေ၊ ပူပန်ရမှုတွေနဲ့ အခြားမကောင်းတဲ့ခံစားချက်လက္ခဏာတွေကို ကြုံတွေ့နိုင်ပါတယ်။ ဒီလိုစာတွေပိုတဲ့အခါ ပိုမိုအဆင်ပြေစေဖို့ emoji တွေသုံးပေမယ့် အပြင်မှာစကားပြောတာလိုမျိုးမဟုတ်ပဲ ပြဿနာတွေ အထင်လွဲမှုတွေရံဖန်ရံခါ ကြုံရလေ့ရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းမျိုးပဲရှိရှိ စကားနဲ့ပြောနိုင်အောင် အလေ့အကျင့်ပြုလုပ်ပေးခြင်းဖြင့် သင်တို့ရဲ့ relationship ဟာအရင်ကထက်ပိုကောင်းလာပါလိမ့်မယ်။
၃။ အပြစ်တင်ခြင်းကို ရပ်တန့်ပါ
အိမ်ထောင်ရေးအဆင်မပြေမှုတွေရဲ့ အဓိကအချက်တစ်ခုကတော့ အပြစ်တင်ဝေဖန်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ အိမ်ထောင်သည်ဘဝပဲဖြစ်ဖြစ်၊ ချစ်သူဘဝမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် ပြစ်တင်ဝေဖန်တာတွေ လုပ်တတ်ကြပါတယ်။ တကယ်တော့ကိုယ်ဟာ လက်တွဲဖော်ရဲ့ မိဘမဟုတ်သလို၊ ဆရာသမားတွေလည်းမဟုတ်ကြပါဘူး။ ဒီလိုသက်ဆုံးချိန်ထိပေါင်းသင်းရမယ့်သူကို ပြစ်တင်ဝေဖန်ခြင်းနဲ့ ပြုပြင်မယ့်အစား သဘောထားချင်းဖလှယ်တာတွေ၊ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ၊ သဘောတူညီမှုတွေနဲ့ အားပေးမှုတွေကို အလေ့အကျင့်ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုသေးငယ်တဲ့ပြောင်းလဲမှုလေးက သင်တို့အတွက် ကြီးမားတဲ့အရာတစ်ခု ဖြစ်စေနိုင်ပါတယ်။
၄။ တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေပါ
ကိုယ့်ရဲ့ချစ်သူကို အခြားသူတွေထက် ပိုမိုဂရုစိုက်ဖို့ လိုအပ်ကြောင်း အားလုံးသိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ သူတို့ရဲ့စိတ်ထဲဘာရှိနေတယ်၊ ဘာကိုပြောချင်တယ်ဆိုတာကို သတိမထားမိရင် မသိနိုင်ပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲအလုပ်များများ ကိုယ့်ရဲ့လက်တွဲဖော်ဟာ ဝမ်းနည်းနေလား၊ ပျော်နေလား၊ စိတ်ညစ်နေလား စသဖြင့် အမြဲတမ်းအကဲခတ်တတ်တဲ့ အလေ့အကျင့်ကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှသာတစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ကကောင်းစွာသိနိုင်တာကြောင့် အရာရာအဆင်ပြေနိုင်ပြီး အိမ်ထောင်ရေးပိုသာယာနိုင်ပါလိမ့်မယ်။
၅။ သင့်တို့အိမ်ထောင်ရေးရဲ့ အခြေအနေကို ပုံသေမမှတ်ထားပါနဲ့
အထူးသဖြင့် အိမ်ထောင်ကျပြီးတဲ့အခါ ငါပိုင်ပြီ၊တစ်သက်လုံးငါနဲ့ပဲလက်တွဲရမှာ စသဖြင့် မိမိတို့ရဲ့အိမ်ထောင်ရေးအခြေအနေကို ပုံသေသဘောမျိုး သတ်မှတ်မထားသင့်ပါဘူး။ ဒီလိုသတ်မှတ်ခြင်းကြောင့် တစ်ယောက်ကိုတစ်ယောက် အရင်ကလောက် ဂရုမစိုက်မိတာတွေ၊ ရန်ဖြစ်တတ်တာတွေကို မကြာခဏကြုံတွေ့နိုင်ပါတယ်။ မိမိတို့ရဲ့အိမ်ထောင်ရေးကို ထာဝရတည်မြဲပြီး သာယာဖို့အတွက် နှစ်ယောက်အတူတူကြိုးစားမှ ဖြစ်မှဖြစ်သလို အချင်းချင်း လေးစားမြတ်နိုးပြီးတန်ဖိုးထားဖို့လိုအပ်တာကြောင့် ယခုလိုအတွေးမျိုးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုပြောင်းလဲမှုသေးသေးလေးတွေက သင်တို့ရဲ့အိမ်ထောင်ရေးအတွက် ကြီးမားတဲ့သက်ရောက်မှုတွေ ကြုံတွေ့နိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-famifi