ညစ္ညမ္းဗီဒီယိုေတြကို ၾကည့္႐ႈျခင္းဟာ မွန္ေၾကာင္း၊ မွားေၾကာင္းကို မဆိုလိုေပမယ့္ ၾကည့္႐ႈသူနဲ႔ သူ႕ရဲ႕ခ်စ္ရတဲ့သူအေပၚမွာေတာ့ မေကာင္းတဲ့သက္ေရာက္မႈေတြ ျဖစ္ေစနုိင္ပါတယ္။ ဒီလိုဗီဒီယိုေတြကို ၾကည့္႐ႈျခင္းဟာ အပန္းေျဖျခင္းတစ္မ်ိဳးလို႔ ယူဆလို႔မရပဲ စြဲစြဲလန္းလန္း ၾကည့္႐ႈတတ္ျခင္းေၾကာင့္ အႏႈတ္သေေဘာေဆာင္တဲ့ ဆိုးက်ိဳးေတြ ၾကံဳေတြ႔ရႏိုင္တာေၾကာင့္ ဘယ္လိုသက္ေရာက္မႈေတြ ျဖစ္ေစတတ္တယ္ဆိုတာကို Lifestyle Myanmar ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။ သင့္ရဲ႕ အသိေတြထဲမွာ အဆိုပါဗီဒီယိုၾကည့္တတ္သူေတြကို မန္းရွင္းေခၚၿပီးမွ်ေ၀ေပးလိုက္ပါ။
၁။ ကမာၻအတုမွာ စိတ္ပိုင္းအေႏွာင္အဖြဲ႔ေတြ ဖန္တီးမိတတ္တယ္
လူသားအခ်င္းခ်င္း ရင္းႏွီးမႈနဲ႔ စိတ္ပိုင္းဆိုင္ရာဆက္သြယ္မႈဆိုတာ လူအားလံုးအတြက္ အေရးပါေသာ လိုအပ္ခ်က္ ျဖစ္ပါတယ္။ ဒီလို ညစ္ညမ္းဗီဒီယိုေတြကို ၾကည့္႐ႈျခင္းေၾကာင့္ လူေတြအေပၚ ပံုမွန္မဟုတ္တဲ့ စိတ္ေတြ ထားတတ္လာၿပီး ဇာတ္ကားေတြထဲကအတိုင္း ထင္ျမင္လာတာေၾကာင့္ လူအစစ္ေတြနဲ႔ေပါင္းသင္းဆက္ဆံေရး စြမ္းရည္က်ဆင္းလာတတ္ပါတယ္။
၂။ လိင္ကိစၥမွာ ရင္းႏွီးမႈမပါတတ္ဖူး
ညစ္ညမ္းဗီဒီယို (Pornography) ေတြဟာ လိင္ကိစၥကို မွားယြင္းတဲ့အေၾကာင္းျပခ်က္လိုမ်ိဳး အသံုးျပဳၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆိုပါဗီဒီယိုေတြမွာ ခံစားခ်က္ပိုင္းဆိုင္ရာ ရင္းႏွီးမႈကိုမေဖာ္ျပတတ္ပဲ လိင္စိတ္ငတ္မြတ္မႈေတြကိုသာ အသားေပးတတ္ၾကပါတယ္။ ဒါေၾကာင့္ ၾကည့္႐ႈသူေတြဟာ သူတို႔ရဲ႕ relationship မွာတစ္ခုခုမွားယြင္းေနတယ္လို႔ ထင္တတ္ၾကၿပီး စိတ္ဓါတ္က်ျခင္း၊ စိတ္ခုျခင္းေတြကို စတင္ခံစားရပါေတာ့တယ္။ ၾကာလာတာနဲ႔အမွ် ခံစားခ်က္ကုန္ဆံုးျခင္းနဲ႔ ပတ္၀န္းက်င္အေပၚ ျပတ္ေတာက္ျခင္းေတြကို ၾကံဳေတြ႕ရႏိုင္ပါတယ္။
၃။ အလိုမျပည့္ျခင္း
အျပာဇာတ္ကားေတြကို ၾကည့္႐ႈျခင္းေၾကာင့္ ကိုယ့္ကိုကိုယ္ေလးစားမႈေလ်ာ့နည္းျခင္း၊ ဆိုး၀ါးစြာအထီးက်န္ျခင္း တို႔အျပင္ အလိုမျပည့္မႈေတြကို တိုေတာင္းတဲ့ကာလအတြင္းမွာတင္ ျမင့္မားစြာျဖစ္ေပၚတတ္ပါတယ္။ ဒီလိုခံစားခ်က္ေတြဟာ ေနာက္ဆံုးမွာ ကိုယ့္ရဲ႕ Relationship အတြင္း ခံစားခ်က္ေတြကို ပိုပိုေ၀းသြားေအာင္ ဖန္တီးပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻမွာဖန္တီးေနာကတဲ့ အျပာဇာတ္လမ္းေတြဟာ စိတ္ပုိင္းဆိုင္ရာ ေက်နပ္မႈမရွိေအာင္ ထပ္ဆင့္ဖန္တီးေနသကဲ့သို႕ ထပ္တလဲလဲၾကည့္ခ်င္စိတ္ျဖစ္ေအာင္ ဖန္တီးထားတာေၾကာင့္ စြဲလန္းေစတတ္ပါတယ္။
၄။ ဦးေႏွာက္မွာ စြဲလမ္းျခင္းသံသရာကို အစပ်ိဳးလိုက္တယ္
လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြ ေျပာင္းလဲျခင္းဟာ တစ္စံုတစ္ခုကိုစြဲလမ္းရာကေန စတင္ၿပီး အရက္၊ မူးယစ္ေဆးနဲ႔၊ အျပာကားေတြဟာ အတူတူပဲျဖစ္တယ္လို႔ ေလ့လာမႈေတြက ေဖာ္ျပလိုက္ပါတယ္။ အျပာကားၾကည့္ျခင္းဟာ အလြန္အမင္းစိတ္စြဲလမ္းေစၿပီး ၾကည့္သူရဲ႕ထိန္းခ်ဳပ္ႏိုင္စြမ္း စြမ္းအားေတြက်ဆင္းလာပါတယ္။ ဒီလိုစြဲလမ္းေနရင္ေတာ့ ေဆးျဖတ္သလိုပဲ ျပန္လည္ထူေထာင္ဖို႔ ခက္ခဲႏိုင္ပါတယ္။
၅။ သင့္စိတ္ကို လွည့္စားလိမ့္မယ္
ကနဦးပိုင္း အျပာဇာတ္လမ္းေတြရဲ႕ ဆြဲေဆာင္မႈကို သင္ခံရတဲ့အခါ အဆိုပါဗီဒီယိုေတြအေပၚကို အေကာင္းျမင္တဲ့ ခံစားခ်က္ေတြကို သင္ထင္မွတ္ေနမိပါလိမ့္မယ္။ ဥပမာ- ယခုလိုျပင္းျပတဲ့ခံစားခ်က္ကို ခ်စ္တာမ်ိဳး၊ အားလပ္ခ်ိန္အေကာင္းဆံုးအနားယူေနတယ္လို႔ ထင္မွတ္တာမ်ိဳး သင့္စိတ္မွာ ထင္မွတ္ႏိုင္ပါတယ္။ ေနာက္ဆံုးမွာေတာ့ ဒီအရာေတြက သင့္ကိုဆန္႔က်င္ဖက္ေတြ ေပးပါလိမ့္မယ္။ ဥပမာ- သင့္ဘ၀မွာေပ်ာ္ရြင္ေစႏိုင္တဲ့အရာ ဘာမွမရွိဘူးလို႔ထင္ျခင္း၊ စိတ္ဖိစီးမႈနဲ႔၊ ပူပန္ျခင္းကို အခ်ိန္တိုင္းျဖစ္ေနတယ္လို႔ထင္ျခင္း၊ ကမာၻႀကီးမွာ သင္တစ္ေယာက္တည္း အထီးက်န္ေနတယ္လို႔ထင္ျခင္း စတဲ့စိတ္ခံစားခ်က္ေတြ ျဖစ္ေပၚလာေစပါတယ္။
၆။ အစစ္အမွန္တရားေတြကို တုပတတ္တယ္
ညစ္ညမ္းဗီဒီယိုေတြဟာ ဖန္တီးထားတဲ့အတုျဖစ္တာေၾကာင့္ သင့္စိတ္ထဲစြဲေနတဲ့အခါ သင့္ရဲ႕အေဖာ္ကို လိင္ကိစၥနဲ႔ပတ္သတ္ၿပီး အထင္အျမင္လြဲမွားေစႏိုင္ပါတယ္။ ဇာတ္ကားေတြထဲကအတိုင္း သင့္ကလိုက္လံက်င့္သံုးတဲ့အခါ သဘာ၀မဟုတ္တာေၾကာင့္ လူသားအခ်င္းခ်င္းဆက္သြယ္မႈေတြ ျပတ္ေတာက္တတ္ၿပီး ရင္းႏွီးမႈေတြ ခမ္းေျခာက္ႏိုင္ပါတယ္။
၇။ အျမဲတမ္းဆာေလာင္ေနတတ္တယ္
အဆိုပါဇာတ္ကားေတြဟာ စြဲလမ္းေစတာေၾကာင့္ သင့္ကိုယ္သင္ဆာေလာင္မႈေတြကို ဖန္တီးေစၿပီး မၾကာခဏ ထပ္ခါထပ္ခါ ၾကည့္႐ႈျခင္းနဲ႔ အခ်ိန္ျဖဳန္းတတ္သလို ၾကည့္ခ်င္စိတ္ကိုပိုၿပီး အသစ္အသစ္ေတြၾကည့္ခ်င္စိတ္ကို တိုးတိုးလာတတ္ပါတယ္။ ဒီလိုၾကည့္႐ႈျခင္းေၾကာင့္ သင့္ရဲ႕အလုပ္၊ က်န္းမာေရးနဲ႔၊ ဆက္ဆံေရးေတြမွာ ဆံုး႐ႈံးတတ္တာကို သတိျပဳပါ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-famifi.com
ကေလးငယ္တုိင္းကို သင္ၾကားေပးသင့္တဲ့ ဘ၀ကို လြယ္ကူစြာျဖတ္သန္းေစဖို႔ အ႐ိုးရွင္းဆံုး ဘ၀ေနနည္း (၇) ခ်က္
Unicode
ညစ်ညမ်းဗီဒီယိုတွေက သင့်ကိုဘယ်လိုနည်းလမ်းနဲ့ သက်ရောက်မှုတွေ ပေးတတ်လဲ
ညစ်ညမ်းဗီဒီယိုတွေကို ကြည့်ရှုခြင်းဟာ မှန်ကြောင်း၊ မှားကြောင်းကို မဆိုလိုပေမယ့် ကြည့်ရှုသူနဲ့ သူ့ရဲ့ချစ်ရတဲ့သူအပေါ်မှာတော့ မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဗီဒီယိုတွေကို ကြည့်ရှုခြင်းဟာ အပန်းဖြေခြင်းတစ်မျိုးလို့ ယူဆလို့မရပဲ စွဲစွဲလန်းလန်း ကြည့်ရှုတတ်ခြင်းကြောင့် အနှုတ်သေဘောဆောင်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့ရနိုင်တာကြောင့် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေတတ်တယ်ဆိုတာကို Lifestyle Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့ အသိတွေထဲမှာ အဆိုပါဗီဒီယိုကြည့်တတ်သူတွေကို မန်းရှင်းခေါ်ပြီးမျှဝေပေးလိုက်ပါ။
၁။ ကမ္ဘာအတုမှာ စိတ်ပိုင်းအနှောင်အဖွဲ့တွေ ဖန်တီးမိတတ်တယ်
လူသားအချင်းချင်း ရင်းနှီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုဆိုတာ လူအားလုံးအတွက် အရေးပါသော လိုအပ်ချက် ဖြစ်ပါတယ်။ ဒီလို ညစ်ညမ်းဗီဒီယိုတွေကို ကြည့်ရှုခြင်းကြောင့် လူတွေအပေါ် ပုံမှန်မဟုတ်တဲ့ စိတ်တွေ ထားတတ်လာပြီး ဇာတ်ကားတွေထဲကအတိုင်း ထင်မြင်လာတာကြောင့် လူအစစ်တွေနဲ့ပေါင်းသင်းဆက်ဆံရေး စွမ်းရည်ကျဆင်းလာတတ်ပါတယ်။
၂။ လိင်ကိစ္စမှာ ရင်းနှီးမှုမပါတတ်ဖူး
ညစ်ညမ်းဗီဒီယို (Pornography) တွေဟာ လိင်ကိစ္စကို မှားယွင်းတဲ့အကြောင်းပြချက်လိုမျိုး အသုံးပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါဗီဒီယိုတွေမှာ ခံစားချက်ပိုင်းဆိုင်ရာ ရင်းနှီးမှုကိုမဖော်ပြတတ်ပဲ လိင်စိတ်ငတ်မွတ်မှုတွေကိုသာ အသားပေးတတ်ကြပါတယ်။ ဒါကြောင့် ကြည့်ရှုသူတွေဟာ သူတို့ရဲ့ relationship မှာတစ်ခုခုမှားယွင်းနေတယ်လို့ ထင်တတ်ကြပြီး စိတ်ဓါတ်ကျခြင်း၊ စိတ်ခုခြင်းတွေကို စတင်ခံစားရပါတော့တယ်။ ကြာလာတာနဲ့အမျှ ခံစားချက်ကုန်ဆုံးခြင်းနဲ့ ပတ်ဝန်းကျင်အပေါ် ပြတ်တောက်ခြင်းတွေကို ကြုံတွေ့ရနိုင်ပါတယ်။
၃။ အလိုမပြည့်ခြင်း
အပြာဇာတ်ကားတွေကို ကြည့်ရှုခြင်းကြောင့် ကိုယ့်ကိုကိုယ်လေးစားမှုလျော့နည်းခြင်း၊ ဆိုးဝါးစွာအထီးကျန်ခြင်း တို့အပြင် အလိုမပြည့်မှုတွေကို တိုတောင်းတဲ့ကာလအတွင်းမှာတင် မြင့်မားစွာဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုခံစားချက်တွေဟာ နောက်ဆုံးမှာ ကိုယ့်ရဲ့ Relationship အတွင်း ခံစားချက်တွေကို ပိုပိုဝေးသွားအောင် ဖန်တီးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာဖန်တီးနောကတဲ့ အပြာဇာတ်လမ်းတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုမရှိအောင် ထပ်ဆင့်ဖန်တီးနေသကဲ့သို့ ထပ်တလဲလဲကြည့်ချင်စိတ်ဖြစ်အောင် ဖန်တီးထားတာကြောင့် စွဲလန်းစေတတ်ပါတယ်။
၄။ ဦးနှောက်မှာ စွဲလမ်းခြင်းသံသရာကို အစပျိုးလိုက်တယ်
လူတစ်ယောက်ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ပြောင်းလဲခြင်းဟာ တစ်စုံတစ်ခုကိုစွဲလမ်းရာကနေ စတင်ပြီး အရက်၊ မူးယစ်ဆေးနဲ့၊ အပြာကားတွေဟာ အတူတူပဲဖြစ်တယ်လို့ လေ့လာမှုတွေက ဖော်ပြလိုက်ပါတယ်။ အပြာကားကြည့်ခြင်းဟာ အလွန်အမင်းစိတ်စွဲလမ်းစေပြီး ကြည့်သူရဲ့ထိန်းချုပ်နိုင်စွမ်း စွမ်းအားတွေကျဆင်းလာပါတယ်။ ဒီလိုစွဲလမ်းနေရင်တော့ ဆေးဖြတ်သလိုပဲ ပြန်လည်ထူထောင်ဖို့ ခက်ခဲနိုင်ပါတယ်။
၅။ သင့်စိတ်ကို လှည့်စားလိမ့်မယ်
ကနဦးပိုင်း အပြာဇာတ်လမ်းတွေရဲ့ ဆွဲဆောင်မှုကို သင်ခံရတဲ့အခါ အဆိုပါဗီဒီယိုတွေအပေါ်ကို အကောင်းမြင်တဲ့ ခံစားချက်တွေကို သင်ထင်မှတ်နေမိပါလိမ့်မယ်။ ဥပမာ- ယခုလိုပြင်းပြတဲ့ခံစားချက်ကို ချစ်တာမျိုး၊ အားလပ်ချိန်အကောင်းဆုံးအနားယူနေတယ်လို့ ထင်မှတ်တာမျိုး သင့်စိတ်မှာ ထင်မှတ်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ ဒီအရာတွေက သင့်ကိုဆန့်ကျင်ဖက်တွေ ပေးပါလိမ့်မယ်။ ဥပမာ- သင့်ဘဝမှာပျော်ရွင်စေနိုင်တဲ့အရာ ဘာမှမရှိဘူးလို့ထင်ခြင်း၊ စိတ်ဖိစီးမှုနဲ့၊ ပူပန်ခြင်းကို အချိန်တိုင်းဖြစ်နေတယ်လို့ထင်ခြင်း၊ ကမ္ဘာကြီးမှာ သင်တစ်ယောက်တည်း အထီးကျန်နေတယ်လို့ထင်ခြင်း စတဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာစေပါတယ်။
၆။ အစစ်အမှန်တရားတွေကို တုပတတ်တယ်
ညစ်ညမ်းဗီဒီယိုတွေဟာ ဖန်တီးထားတဲ့အတုဖြစ်တာကြောင့် သင့်စိတ်ထဲစွဲနေတဲ့အခါ သင့်ရဲ့အဖော်ကို လိင်ကိစ္စနဲ့ပတ်သတ်ပြီး အထင်အမြင်လွဲမှားစေနိုင်ပါတယ်။ ဇာတ်ကားတွေထဲကအတိုင်း သင့်ကလိုက်လံကျင့်သုံးတဲ့အခါ သဘာဝမဟုတ်တာကြောင့် လူသားအချင်းချင်းဆက်သွယ်မှုတွေ ပြတ်တောက်တတ်ပြီး ရင်းနှီးမှုတွေ ခမ်းခြောက်နိုင်ပါတယ်။
၇။ အမြဲတမ်းဆာလောင်နေတတ်တယ်
အဆိုပါဇာတ်ကားတွေဟာ စွဲလမ်းစေတာကြောင့် သင့်ကိုယ်သင်ဆာလောင်မှုတွေကို ဖန်တီးစေပြီး မကြာခဏ ထပ်ခါထပ်ခါ ကြည့်ရှုခြင်းနဲ့ အချိန်ဖြုန်းတတ်သလို ကြည့်ချင်စိတ်ကိုပိုပြီး အသစ်အသစ်တွေကြည့်ချင်စိတ်ကို တိုးတိုးလာတတ်ပါတယ်။ ဒီလိုကြည့်ရှုခြင်းကြောင့် သင့်ရဲ့အလုပ်၊ ကျန်းမာရေးနဲ့၊ ဆက်ဆံရေးတွေမှာ ဆုံးရှုံးတတ်တာကို သတိပြုပါ။
#LM_Naung_Naung
#Lifestyle_Myanmar
Source-famifi.com