လက်ဖ၀ါးချွေးထွက်ခြင်းဟာ ကျန်းမာရေးအရ ထိခိုက်မှုမရှိသော်လည်း နေ့စဉ်လူမှုဘ၀မှာတော့ အခက်အခဲတွေ အများကြီးကြုံတွေ့ရပါတယ်။ တစ်စုံတစ်ယောက်ကို သင်ကလက်ဆွဲနှုတ်ဆက်တဲ့အခါ သင့်လက်ကစိုစွတ်နေတာကြောင့်အားနာမိတတ်တာမျိုး၊ ဒါမှမဟုတ် လက်ကိုဘောင်းဘီနဲ့ အရင်သုတ်လိုက်မိပြီးမှ လက်ဆွဲနှုတ်ဆက်တာမျိုး စတဲ့ ဂွကျကျအဖြစ်တွေ ကြုံတွေ့နိုင်ပါတယ်။ ဒါတွေအပြင်တူရိယာတစ်ခုခုတီးခတ်တဲ့အခါ လက်ချွေးထွက်နေတာာကြောင့် ကိုင်ရတာအဆင်မပြေခြင်း၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ ချော်နေတတ်ခြင်း၊ သင့်ရဲ့စာရွက်စာတမ်းတွေဟာ စိုစွတ်နေတတ်ခြင်း စတဲ့အခက်အခဲတွေအပြင် ဖုန်းသုံးတဲ့အခါ စခရင်ကိုပွတ်ရတာကလည်း စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒီလိုအခက်အခဲရှိသူတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတွေကို ရှာဖွေပြီး မျှဝေပေးလိုက်ပါတယ်။
လက်ဖက်ခြောက်နှပ်
People’s Pharmacy ၏အဆိုအရ လက်ဖက်ခြောက်ဖန်ရည်ဟာ လက်ဖ၀ါးချွေးထွက်မှုကို သက်သာစေနိုင်ကြောင်း သိရှိရပါတယ်။ လက်ဖ၀ါးကို ခြောက်သွေ့စေတဲ့ Astringent product တွေဟာလည်း ချွေးပေါက်တွေကို ကျဉ်းစေပြီး ချွေးထွက်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ လက်ဖက်ခြောက်အထုပ်ကို ရေနွေးထဲမှာ ငါးမိနစ်ခန့်စိမ်ထားပေးပါ။ ပြီးလျှင်လက်ဖက်ခြောက်ထုပ်ကိုဖယ်ပြီး အေးအောင်ထားပါ။ အဆိုပါဖန်ရည်ထဲကို မိနစ်သုံးဆယ်လောက် လက်ဖ၀ါးတွေကို စိမ်ထားပေးပါ။ ညတိုင်းပြုလုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ရေအေး
အေးစက်နေတဲ့ရေဟာလည်း ချွေးထွက်ခြင်းကို သက်သာစေတဲ့ သဘာဝနည်းတစ်ခုဖြစ်ပါတယ်။ Prevention Health Book ရဲ့ဖော်ပြချက်အရ မိနစ်သုံးဆယ်လောက် ရေအေးထဲမှာစိမ်ထားတဲ့ လက်ဖ၀ါးဟာ သုံးနာရီကျော်ထိ ချွေးလုံးဝမထွက်အောင် တားဆီးပေးနိုင်ကြောင်း သိရပါတယ်။
ပေါင်ဒါများ
ပေါင်ဒါမှုန်တွေဟာ ချွေးထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မုတ်ဖုတ်ဆိုဒါကိုလည်း သုံးစွဲနိုင်ပါတယ်။ ပေါင်ဒါရဲ့သဘာဝအရ ချွေးတွေကိုခြောက်သွေ့စေနိုင်တာကြောင့် ကိုယ်နဲ့အဆင်ပြေနိုင်တဲ့ ပေါင်ဒါတစ်မျိုးမျိုးကို ဆောင်ထားခြင်းဖြင့် ကာကွယ်ပေးနိုင်ပြီး အဆင်ပြေစေနိုင်မှာပါ။
နှင်းဆီရှာလကာရည်
နှင်းဆီပွင့်ချပ်တွေကို ရေထဲမှာစိမ်ထားခြင်းဖြင့် နှင်းဆီရေကို ရရှိနိုင်ပါတယ်။ အဆိုပါနှင်းဆီရည်ကို ရှာလကာရည်နဲ့ဆတူရောပြီး မနက်နဲ့ညနေတိုင်း သင့်လက်ဖ၀ါးကိုပုံမှန် ရေဖတ်တိုက်ပေးခြင်းဖြင့် လက်ဖ၀ါးချွေးထွက်မှုကို ပျောက်ကင်းစေပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-livestrong.com
အမျိုးသမီးအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လက္ခဏာရပ်များ
Unicode
#LM_Naung_Naung
#Lifestyle_Myanmar
Ref-livestrong.com