သတိမထားမိရင္ ကၽြန္ေတာ္တို႔ကို ဆံုး႐ႈံးမႈေတြေပးတတ္တဲ့ သာမန္အရာ (၁၀)ခ်က္

0
37

တစ္ခါတစ္ေလမွာ ေသးငယ္တယ္လို႔ထင္ရတဲ့အရာေလးေတြ သတိမမူမိတဲ့အမူအက်င့္ေလးေတြက ကၽြန္ေတာ္တို႔ခံစားခ်က္ေတြကို ဖ်က္စီးႏိုင္ပါတယ္။ ဒီလိုအရာေလးေတြကို သိရွိျခင္းျဖင့္ အမွားေသးေသးေလးေတြကေန မလိုအပ္တဲ့ အက်ိဳးဆက္ေတြကို တားဆီးႏိုင္ပါလိမ့္မယ္။
၁။ ေသးငယ္တဲ့အရာေလးေတြကို လိမ္တတ္တဲ့အမူအက်င့္
ကၽြန္ေတာ္တို႔ေတြဟာ အေကာင္းေတြကိုပဲ အျမဲလိုခ်င္တတ္ပါတယ္။ ဒီလိုလိုခ်င္တဲ့အရာေတြကို ရရွိေအာင္မစြမ္းေဆာင္ႏိုင္တဲ့အခါ အခ်ိဳ႕လူေတြက အထင္ႀကီးခံခ်င္တဲ့စိတ္နဲ႔ လိမ္ညာတတ္ၾကပါတယ္။ ဘယ္လိုပဲ လိမ္ညာပါေစ အမွန္တရားဆိုတာဟာ အေႏွးနဲ႔အျမန္ဆိုသလို ေပၚေပါက္လာတတ္တာေၾကာင့္ ၾကာလာရင္လူေတြက သင့္စကားကိုမယံုးၾကေတာ့သလို သင့္ကိုယ္သင္တန္ဖိုးထားမႈလည္း
ေလ်ာ့က်လာတတ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင္ေျပာတဲ့အရာေတြဟာ လိမ္လည္မႈေတြဆိုတာကို သင့္ကိုယ္သင္သိေနလို႔ပါပဲ။


၂။ အျခားသူေတြကို အျပစ္ပံုခ်တတ္တဲ့အမူအက်င့္
အျခားသူေတြကို အျပစ္ပံုခ်တတ္ျခင္းဟာ ကၽြန္ေတာ္တို႔ကိုယ္တိုင္ရဲ႕ တာ၀န္ခံမႈမရွိေၾကာင္းကို ၀န္ခံသလိုပါပဲ။ ကၽြန္ေတာ္တို႔ကိုယ္တိုင္ လုပ္ေဆာင္ခ်က္ေတြကို တာ၀န္ခံမႈမရွိျခင္းဟာ ေရရွည္မွာကၽြန္ေတာ္တို႔ကို ထိခိုက္ေစႏိုင္ပါတယ္။

၃။ ခံစားခ်က္အစစ္ေတြကို ဖံုးကြယ္တတ္တဲ့ အမူအက်င့္
ခံစားခ်က္ေတြကို ဖံုးကြယ္တတ္ျခင္းဟာ တနည္းအားျဖင့္ အျခားသူေတြကို ျပသရမွာ စိုးရြံ႕ျခင္းျဖစ္ပါတယ္။ ကိုယ္ရဲ႕ခံစားခ်က္ေတြကို ဖံုးကြယ္ျခင္းဟာ တခ်ိန္မွာကိုယ့္အတြက္ ဆံုး႐ႈံးမႈေတြကို ျဖစ္ေစတတ္ပါတယ္။

၄။အရမ္းေနာက္က်မွ ဒုကၡကိုဂ႐ုစိုက္တတ္ျခင္း
ကိုယ္အတြက္ မေကာင္းတာေတြကို ၾကံဳမွာသိသိရက္နဲ႔ အေလးမထားျခင္း စိတ္မျပတ္သားျခင္းတို႔ေၾကာင့္ ၾကာလာတဲ့အခါ ဆိုးရြားတဲ့အေျခအေနေတြကို ရင္ဆိုင္ရႏိုင္ပါတယ္။

၅။ ျပစ္တင္တိုင္ေတာတတ္ျခင္း
တခ်ိဳ႕လူေတြဟာ သူတို႔ရဲ႕ပတ္၀န္းက်င္မွာရွိတဲ့ အရာေတြအေပၚ အျမဲမေက်နပ္ျဖစ္ေနတတ္ၾကပါတယ္။ ဒီလိုမေက်နပ္မႈေတြကိုလည္း အျခားသူေတြကိုရင္ဖြင့္တတ္တဲ့အတြက္လည္း အျခားသူေတြရဲ႕စိတ္ၿငိဳျငင္မႈကို ခံရႏိုင္ပါတယ္။ ဒီလိုအမူအက်င္ဟာ သင့္ရဲကယံုၾကည္မႈကိုလည္း ေပ်ာက္ဆံုးေစတ္ၿပီး မေကာင္းျမင္သူတစ္ေယာက္ျဖစ္ေစပါလိမ့္မယ္။

၆။ သင္ရဲ႕ၾကြယ္၀မႈထက္ ေက်ာ္လြန္ေအာင္ ေနထိုင္ျခင္း
ကၽြန္ေတာ္တို႔ အားထုတ္ႏိုင္တာထက္ပိုၿပီး ေငြးေၾကးကိုသံုးစြဲျခင္းဟာ ကိုယ့္ကိုကိုယ္အဆိုးသံသရာထဲ ဆြဲသြင္းသလိုပါပဲ။ ဒါေၾကာင့္ ကိုယ္၀ယ္ခ်င္တဲ့အရာေတြကို ကိုယ္ရဲ႕၀င္ေငြနဲ႔ ျပန္လည္ခ်ိန္ညွိၿပီးမွသာ ၀ယ္ယူသင့္ၿပီး အျခားသူေတြဆီက မၾကာခဏေခ်းငွားျခင္းမ်ိဳးကို ေရွာင္က်ဥ္သင့္ပါတယ္။

၇။ တစ္ခုခုကို အျမဲသက္ေသျပခ်င္တဲ့ အမူအက်င့္
တကယ္လို႔သင္ဟာ အျမဲတမ္းအျခားသူေတြရဲ႕ အျမင္ေတြကို သေဘာမတူတဲ့အခါ အေႏွးနဲ႔အျမန္ဆိုသလို လူေတြနဲ႔ကင္းကြာလာပါလိမ့္မယ္။ သင္ကအျမဲမွန္ေနရင္ေတာင္မွ အျခားသူေတြလည္း သူတို႔ရဲ႕အျမင္အေပၚ မွန္တယ္လို႔ယူဆၾကမွာပါပဲ။ တခါတစ္ေလေတြမွာ တခ်ိဳ႕အရာေတြဟာ တျခားတစ္ဖက္ကေန ပိုေကာင္းေနတတ္ပါတယ္။

၈။ အရာရာတိုင္းကို ၿပီးျပည့္စံုမွ လက္ခံတတ္တဲ့အယူအဆ
အရာအားလံုးကို ၿပီးျပည့္စံုေအာင္ ေစ့ေစ့စပ္စပ္သံုးသပ္တတ္ျခင္းဟာ အံ့ၾသစရာေကာင္းပါတယ္။ ဒါေပမယ့္ ဒါဟာလည္း စိတ္မူမမွန္ျခင္းတစ္မ်ိဳးလို႔ ပညာရွင္ေတြက သံုးသပ္ၾကပါတယ္။ ဖန္တီးမႈအရာရာတိုင္းဟာ ပုဂၢလအယူအဆျဖစ္တာေၾကာင့္ လူတိုင္းခံစားပံုမတူညီၾကျခင္းကို နားလည္ရင္ အဆိုပါအယူအဆကို ေျဖေဖ်ာက္ႏိုင္ပါလိမ့္မယ္။

 

၉။ အေရးမႀကီးတာေတြကို ဦးစားေပးတတ္ျခင္း
ဘ၀မွာအေရးမႀကီးတာေတြကို ေရွ႕တန္းတင္တာေၾကာင့္ ေနာင္တခ်ိန္မွာ ေနာင္တရစရာေတြ ၾကံဳေတြရတတ္ပါတယ္။

၁၀။ ကိုယ့္ကိုကိုယ္စေတးခံျခင္း

ဒီလိုကိုယ္က်ိဳးကို စြန္႔လႊတ္တတ္ျခင္းမ်ိဳးဆိုရင္ လူ႔အသိုင္းက သူေတာ္ေကာင္းအျဖစ္ခ်ီးက်ဴးတတ္ၾကပါတယ္။ ဒါေပမယ့္ လူေတြဟာအရိယာသူေတာ္စင္ေတြ မဟုတ္တဲ့အတြက္ ကိုယ္က်ိဳးကိုအျမဲစြန္႔ျခင္းဟာ ကိုယ့္ကိုကိုယ္ေလးစားခ်စ္ခင္မႈ ေလ်ာ့နည္းေစသလို အျခားသူေတြရဲ႕အခြင့္အေရးယူမႈကို အျမဲတမ္းခံေနရတတ္ပါတယ္။ဒါေၾကာင့္ ကိုယ့္ကိုကိုယ္အရင္ဆံုး ခ်စ္ေအာင္ႀကိဳးစားၿပီးမွသာ အျခားသူေတြရဲ႕အလိုဆႏၵကို ျဖည့္ဆည္းဖို႔ႀကိဳးစားသင့္ပါတယ္။


#LM_Naung-Naung
#Lifestyle_Myanmar
Ref-Brightside

အမ်ိဳးသမီးတိုင္းသိထားသင့္တဲ့ ေဟာ္မုန္းမညီမွ်ျခင္းရဲ႕ လကၡဏာ (၁၁) ခ်က္


Unicode

သတိမထားမိရင် ကျွန်တော်တို့ကို ဆုံးရှုံးမှုတွေပေးတတ်တဲ့ သာမန်အရာ (၁၀)ချက်

တစ်ခါတစ်လေမှာ သေးငယ်တယ်လို့ထင်ရတဲ့အရာလေးတွေ သတိမမူမိတဲ့အမူအကျင့်လေးတွေက ကျွန်တော်တို့ခံစားချက်တွေကို ဖျက်စီးနိုင်ပါတယ်။ ဒီလိုအရာလေးတွေကို သိရှိခြင်းဖြင့် အမှားသေးသေးလေးတွေကနေ မလိုအပ်တဲ့ အကျိုးဆက်တွေကို တားဆီးနိုင်ပါလိမ့်မယ်။
၁။ သေးငယ်တဲ့အရာလေးတွေကို လိမ်တတ်တဲ့အမူအကျင့်
ကျွန်တော်တို့တွေဟာ အကောင်းတွေကိုပဲ အမြဲလိုချင်တတ်ပါတယ်။ ဒီလိုလိုချင်တဲ့အရာတွေကို ရရှိအောင်မစွမ်းဆောင်နိုင်တဲ့အခါ အချို့လူတွေက အထင်ကြီးခံချင်တဲ့စိတ်နဲ့ လိမ်ညာတတ်ကြပါတယ်။ ဘယ်လိုပဲ လိမ်ညာပါစေ အမှန်တရားဆိုတာဟာ အနှေးနဲ့အမြန်ဆိုသလို ပေါ်ပေါက်လာတတ်တာကြောင့် ကြာလာရင်လူတွေက သင့်စကားကိုမယုံးကြတော့သလို သင့်ကိုယ်သင်တန်ဖိုးထားမှုလည်း
လျော့ကျလာတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်ပြောတဲ့အရာတွေဟာ လိမ်လည်မှုတွေဆိုတာကို သင့်ကိုယ်သင်သိနေလို့ပါပဲ။

၂။ အခြားသူတွေကို အပြစ်ပုံချတတ်တဲ့အမူအကျင့်
အခြားသူတွေကို အပြစ်ပုံချတတ်ခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ တာဝန်ခံမှုမရှိကြောင်းကို ၀န်ခံသလိုပါပဲ။ ကျွန်တော်တို့ကိုယ်တိုင် လုပ်ဆောင်ချက်တွေကို တာဝန်ခံမှုမရှိခြင်းဟာ ရေရှည်မှာကျွန်တော်တို့ကို ထိခိုက်စေနိုင်ပါတယ်။

၃။ ခံစားချက်အစစ်တွေကို ဖုံးကွယ်တတ်တဲ့ အမူအကျင့်
ခံစားချက်တွေကို ဖုံးကွယ်တတ်ခြင်းဟာ တနည်းအားဖြင့် အခြားသူတွေကို ပြသရမှာ စိုးရွံ့ခြင်းဖြစ်ပါတယ်။ ကိုယ်ရဲ့ခံစားချက်တွေကို ဖုံးကွယ်ခြင်းဟာ တချိန်မှာကိုယ့်အတွက် ဆုံးရှုံးမှုတွေကို ဖြစ်စေတတ်ပါတယ်။

၄။အရမ်းနောက်ကျမှ ဒုက္ခကိုဂရုစိုက်တတ်ခြင်း
ကိုယ်အတွက် မကောင်းတာတွေကို ကြုံမှာသိသိရက်နဲ့ အလေးမထားခြင်း စိတ်မပြတ်သားခြင်းတို့ကြောင့် ကြာလာတဲ့အခါ ဆိုးရွားတဲ့အခြေအနေတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

၅။ ပြစ်တင်တိုင်တောတတ်ခြင်း
တချို့လူတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေအပေါ် အမြဲမကျေနပ်ဖြစ်နေတတ်ကြပါတယ်။ ဒီလိုမကျေနပ်မှုတွေကိုလည်း အခြားသူတွေကိုရင်ဖွင့်တတ်တဲ့အတွက်လည်း အခြားသူတွေရဲ့စိတ်ငြိုငြင်မှုကို ခံရနိုင်ပါတယ်။ ဒီလိုအမူအကျင်ဟာ သင့်ရဲကယုံကြည်မှုကိုလည်း ပျောက်ဆုံးစေတ်ပြီး မကောင်းမြင်သူတစ်ယောက်ဖြစ်စေပါလိမ့်မယ်။

၆။ သင်ရဲ့ကြွယ်ဝမှုထက် ကျော်လွန်အောင် နေထိုင်ခြင်း
ကျွန်တော်တို့ အားထုတ်နိုင်တာထက်ပိုပြီး ငွေးကြေးကိုသုံးစွဲခြင်းဟာ ကိုယ့်ကိုကိုယ်အဆိုးသံသရာထဲ ဆွဲသွင်းသလိုပါပဲ။ ဒါကြောင့် ကိုယ်ဝယ်ချင်တဲ့အရာတွေကို ကိုယ်ရဲ့ဝင်ငွေနဲ့ ပြန်လည်ချိန်ညှိပြီးမှသာ ၀ယ်ယူသင့်ပြီး အခြားသူတွေဆီက မကြာခဏချေးငှားခြင်းမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

၇။ တစ်ခုခုကို အမြဲသက်သေပြချင်တဲ့ အမူအကျင့်
တကယ်လို့သင်ဟာ အမြဲတမ်းအခြားသူတွေရဲ့ အမြင်တွေကို သဘောမတူတဲ့အခါ အနှေးနဲ့အမြန်ဆိုသလို လူတွေနဲ့ကင်းကွာလာပါလိမ့်မယ်။ သင်ကအမြဲမှန်နေရင်တောင်မှ အခြားသူတွေလည်း သူတို့ရဲ့အမြင်အပေါ် မှန်တယ်လို့ယူဆကြမှာပါပဲ။ တခါတစ်လေတွေမှာ တချို့အရာတွေဟာ တခြားတစ်ဖက်ကနေ ပိုကောင်းနေတတ်ပါတယ်။

၈။ အရာရာတိုင်းကို ပြီးပြည့်စုံမှ လက်ခံတတ်တဲ့အယူအဆ
အရာအားလုံးကို ပြီးပြည့်စုံအောင် စေ့စေ့စပ်စပ်သုံးသပ်တတ်ခြင်းဟာ အံ့သြစရာကောင်းပါတယ်။ ဒါပေမယ့် ဒါဟာလည်း စိတ်မူမမှန်ခြင်းတစ်မျိုးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဖန်တီးမှုအရာရာတိုင်းဟာ ပုဂ္ဂလအယူအဆဖြစ်တာကြောင့် လူတိုင်းခံစားပုံမတူညီကြခြင်းကို နားလည်ရင် အဆိုပါအယူအဆကို ဖြေဖျောက်နိုင်ပါလိမ့်မယ်။

၉။ အရေးမကြီးတာတွေကို ဦးစားပေးတတ်ခြင်း
ဘဝမှာအရေးမကြီးတာတွေကို ရှေ့တန်းတင်တာကြောင့် နောင်တချိန်မှာ နောင်တရစရာတွေ ကြံုတွေရတတ်ပါတယ်။

၁၀။ ကိုယ့်ကိုကိုယ်စတေးခံခြင်း

ဒီလိုကိုယ်ကျိုးကို စွန့်လွှတ်တတ်ခြင်းမျိုးဆိုရင် လူ့အသိုင်းက သူတော်ကောင်းအဖြစ်ချီးကျူးတတ်ကြပါတယ်။ ဒါပေမယ့် လူတွေဟာအရိယာသူတော်စင်တွေ မဟုတ်တဲ့အတွက် ကိုယ်ကျိုးကိုအမြဲစွန့်ခြင်းဟာ ကိုယ့်ကိုကိုယ်လေးစားချစ်ခင်မှု လျော့နည်းစေသလို အခြားသူတွေရဲ့အခွင့်အရေးယူမှုကို အမြဲတမ်းခံနေရတတ်ပါတယ်။ဒါကြောင့် ကိုယ့်ကိုကိုယ်အရင်ဆုံး ချစ်အောင်ကြိုးစားပြီးမှသာ အခြားသူတွေရဲ့အလိုဆန္ဒကို ဖြည့်ဆည်းဖို့ကြိုးစားသင့်ပါတယ်။


#LM_Naung-Naung
#Lifestyle_Myanmar
Ref-Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here