အမျိုးသမီးတိုင်းသိထားသင့်တဲ့ ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာ (၁၁) ချက်

0
152
Gorgeous tired young office worker falling asleep at her desk while trying to work in modern office

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွင်းက အရေးကြီးတဲ့ဖြစ်စဉ်အတော်များများကို ဟော်မုန်းကထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဟော်မုန်းထုတ်လုပ်မှု ပုံမမှန်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ခံစားချက်၊ အပြုအမူ၊ နေထိုင်မှုပုံစံ၊ ပုံပန်းသဏ္ဍာန် အပေါ်မှာ ပြောင်းလဲမှုတွေများစွာ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းမညီမျှဖြင်းကြောင့် ဖြစ်လေ့ရှိတဲ့ လက္ခဏာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Gorgeous tired young office worker falling asleep at her desk while trying to work in modern office

၁။ ၀က်ခြံရုတ်တရက် ထွက်ခြင်း
သင့်မျက်နှာမှာ ချွေးပေါက်တွေပိတ်နေတဲ့အခါ ၀က်ခြံနဲ့မှဲ့ခြောက်တွေ ဖြစ်လာစေနိုင်ပါတယ်။ သို့သော်လည်း ဆရာဝန်တွေရဲ့အဆိုအရ ခန္ဓာကိုယ်တွွင်းဟော်မုန်းအပြောင်းအလဲကြောင့် ၀က်ခြံရုတ်တရက် ထွက်လာရခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ အန်ဒရိုဂျင် ပမာဏနည်းလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ၀က်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို အဖြစ်များဆုံးဟာ ဆယ်ကျော်သက်အရွယ်မှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး လူတိုင်းစိတ်ညစ်ရလေ့ရှိပါတယ်။

၂။ မကြာခဏခေါင်းကိုက်ခြင်း
ပညာရှင်တွေရဲ့အဆိုအရ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် မဟုတ်ပဲ မကြာခဏခေါင်းကိုက်တတ်ခြင်းဟာ estrogen level နိမ့်နေတာဖြစ်နိုင်ပါတယ်။ Estrogen ဟာ သားဥအိမ်ကနေထွက်ရှိတဲ့ အမျိုးသမီးဟော်မုန်းဖြစ်ပြီး ဦးနှာက်နဲ့ ကျောရိုးမှ ဇီဝဖြစ်စဉ်အားလုံးကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် estrogen နည်းလာတာနဲ့အမျှ ခေါက်တခြမ်းကိုက်ခြင်းနှင့် စိတ်ရောကိုယ်ပါ မအီမသာဖြစ်ခြင်းတို့ကို ကြုံတွေ့ရတာဖြစ်ပါတယ်။

၃။ မကြာခဏ အိပ်မပျော်ခြင်း
မကြာခဏအိပ်မပျော်ခြင်း (Insomnia) ဟာ အရမ်းကိုအန္တရာယ်များတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဒီလိုဖြစ်ရခြင်းဟာ progesterone level နိမ့်နေခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်စက်ခြင်းနှင့်ပတ်သတ်ပြီး အထူးကုဖြစ်သူ Dr. Traci Jhonson က Progesterone ဟာ သဘာဝအနားယူခြင်းဖြစ်ပါတယ်။ ဒီလိုရောဂါကို ပျောက်ကင်းဖို့အတွက် သင့်စိတ်ကိုဖြေလျော့ပြီး ပုံမှန်အိပ်စက်ခြင်းဖြင့် ဟော်မုန်းပမာဏကို ပြန်လည်ထိန်းညှိနိုင်ပါတယ် လို့ပြောခဲ့ပါတယ်။ Academy of Psychosomatic Medicine ရဲ့အဆိုအရ estrogen နဲ့ progesterone ဟာ အမျိုးသမီးတွေ မီးဖွားပြီးတဲ့နောက်မှာ အရမ်းကိုနိမ့်ကျသွားတာကြောင့် အချို့အမျိုးသမီးတွေဟာ အိပ်စက်ခြင်းနှင့် ပတ်သတ်ပြီးဒုက္ခတွေခံစားကြရပါတယ်လို့ ဆိုခဲ့ပါတယ်။

၃။ ချွေးအရမ်းထွက်ခြင်း
ရုတ်တရက် ချွေးအရမ်းထွက်လာခြင်းဟာ အဖျားသို့မဟုတ် သင့်ရဲ့ဟော်မုန်းပမာဏ ချို့ယွင်းချက်တစ်ခုခုကြောင့် ဖြစ်လေ့ရှိတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဟော်မုန်းဟာ ခန္ဓာကိုယ်အတွင်းက အပူချိန်ကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ဟော်မုန်းပမာဏမညီမျှတာနဲ့ အရမ်းပူသလိုခံစားရမှဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့အဆိုအရ သွေးဆုံးပြီးတဲ့နောက်ပိုင်း ဟော်မုန်းမတည်ငြိမ်ခြင်းကြောင့် ယခုလိုလက္ခဏာတွေ ဖြစ်လေ့ရှိပြီး ဒါဟာခန္ဓာကိုယ်တွင်းမှာ ပြဿနာတစ်ခုခုရှိနေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

၄။ စဉ်ဆက်မပြတ် ပင်ပန်းနွမ်းနယ်ခြင်း
ကျွန်တော်တို့အားလုံးဟာ အချိန်နဲ့အမျှ ပင်ပန်းနွမ်းနယ်မှုကို ကြံုရလေ့ရှိပါတယ်။ ဒါပေမယ့် သင်နားနေတဲ့အချိန်မှာတောင်မှ အချိန်တိုင်းပင်ပန်းနွမ်းနယ်သလိုခံစားနေရရင်တော့ ဒါဟာဟော်မုန်းမညီမျှမှုကြောင့် ဖြစ်နိုင်ပါတယ်။ မေရီလန်းပြည်နယ်က ဆရာဝန်တွေကတော့ ယခုလိုဖြစ်ပွားရခြင်းဟာ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု ပြဿနာနဲ့ ကြံုတွေ့နေရတာဖြစ်ကြောင်း အဆိုပြုကြပါတယ်။

၆။ ရုတ်တရက် အလေးချိန်ပြောင်းလဲခြင်း
ဟော်မုန်းမညီမျှခြင်းဟာ သင်ဘယ်အစားအစာကိုပဲစားစား မသက်ဆိုင်ပဲနဲ့ သင့်ကိုဝတ်တက်စေနိုင်ပါတယ်။ ဟော်မုန်းထုတ်လုပ်မှု နည်းပါးခြင်း သို့မဟုတ် ပိုလျှံခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆီတွေကိုစုစေပြီး ကြွက်သားထုထည်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဥပမာအားဖြင့် estrogen, cortisol သို့မဟုတ် insulin စတဲ့ဟော်မုန်းတွေ နည်းပါးလာတာနဲ့ သင့်ရဲ့ဝမ်းဗိုက်မှာ အဆီတွေစုလာတတ်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်း နည်းလာခြင်းကြောင့်လည်း ဇီဝကမ္မဖြစ်စဉ်တွေကို နှေးသွားစေပြီး ကိုယ်အလေးချိန်တိုးလာစေပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း
ဆံပင်ကျွတ်ခြင်းဟာလည်း သိုင်းရွိုက်ဟော်မုန်း၊ testosterone နဲ့ အင်ဆူလင် ကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။ ဥပမာအားဖြင့် testosterone ဟာအမျိုးသားတွေကို ကြီးစေပြီးအမွှေးထူစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေမှာ အဆိုပါဟော်မုန်းများလာရင်တော့ ထိပ်ပြောင်ခြင်းကို ကြံုတွေ့ရနိုင်ပါတယ်။

၈။ အစာခြေပြဿနာများ
တက္ကဆက်တက္ကသိုလ်ရဲ့လေ့လာမှုအရ estrogen ဟော်မုန်းပမာဏမြင့်မားမှုကြောင့် အူအပေါ်မှာသက်ရောက်မှုရှိပြီး အစာခြေစနစ်ကို ထိခိုက်နိုင်ကြောင်း သိရှိရပါတယ်။ အခြားလေ့လာမှုတစ်ခုမှာလည်း သားဥအိမ်ကနေ ဟော်မုန်းထုတ်လုပ်မှုမြင့်တက်ခြင်းဟာ အစာအိမ်ကို်ခဲမှုနှင့် အစာအိမ်ရောဂါကိုဖြစ်ပွားစေတတ်ပါတယ်။

၉။ ဆာလောင်မှုကို မထိန်းချုပ်နိုင်ခြင်း
ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်နဲ့ ဆာလောင်မှုအတွက် synthesize မှာတာဝန်ရှိနေပါတယ်။ အဆိုပါဟော်မုန်း မညီမျှတာနဲ့အမျှ ဆာလောင်မှုကို ထိန်ချုပ်ဖို့အတွက် အထိန်းအကွပ်မဲ့ လာစေပါတယ်။  ဆာလောင်မှုကို ညီမျှဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ghrelin နဲ့ leptin ဟော်မုန်း ညီမျှဖို့လိုအပ်ကြောင်း ဆရာဝန်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Leptin ဟာ ကျွန်တော်တို့စားပြီးတဲ့အချိန် ဆာလောင်မှုကိုလျော့နည်းစေပြီး ghrelin ကတော့ ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ အဆိုပါဟော်မုန်းကတော့ ဘယ်အချိန်စားမယ်ဆိုတာကို ကျွန်တော်တို့ကိုသိစေပါတယ်။

၁၀။ မေ့လျော့မှု
ခဏခဏမေ့တတ်ခြင်းနှင့် အာရုံစိုက်နိုင်မှုလျော့နည်းခြင်းဟာ ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဆိုပါပြဿနာဟာ cortisol နဲ့ estrogen ပမာဏနည်းခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ Estrogen ပမာဏနည်းပါးခြင်းဟာ မေ့လျော့တတ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ နဲ့ စိတ်မရှင်းလင်းခြင်း ရေတိုရေရှည်မှတ်ဉာဏ်တွေအပေါ် သက်ရောက်တတ်ခြင်း စတဲ့ပြဿနာတွေကို ကြံုတွေ့ရနိုင်ပါတယ်။

၁၁။ ရင်သားအပြောင်းအလဲများ
ရငသားပြောင်းလဲခြင်းဟာ ခန္ဓာကိုယ်အတွက် estrogen ပမာဏလျော့နည်းခြင်းကြောင့် ဖြစ်ပွားနိုင်ပြီး ပုံသဏ္ဍာန်ပျက်ယွင်းခြင်းနှင့် အရွယ်အစားပြောင်းလဲခြင်းတို့ကို ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလိုအရွယ်အစားပြောင်းလဲမှုမျိုးကို သွေးမဆုံးမီအချိန်ထိ အမျိုးသမီးတိုင်းကြံုတွေ့ရနိုင်ပါတယ်။ ဒါဟာကင်ဆာနဲ့တော့ မပတ်သတ်ပါဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here