• Latest
  • Trending
  • All
  • News
  • Lifestyle

Sexy က်ေအာင္လွတဲ့ တင္ပါးနဲ႔ ၀မ္းဗိုက္ကို ရရွိဖို႔အတြက္ ၿပီးျပည့္စံုတဲ့ workout

February 14, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ

December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား

December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ

December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ

December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်

December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ

December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်

December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ

December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Tuesday, February 7, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

    ရည္းစားေဟာင္း

    ကိုယ့္ရဲ႕ ရည္းစားေဟာင္း အေပၚ ေက်းဇူးတင္သင့္တဲ့ အခ်က္အခ်ိဳ႕

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    တကယ္ႀကိဳးစားခ်င္စိတ္ရွိတဲ့လူတစ္ေယာက္ဟာ ဘယ္လိုပဲ အခက္အခဲေတြ ႀကံဳေတြ႕ေနပါေစ အၿမဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    ခလုတ္ထိမွ အမိတ ဆိုသလို ကၽြန္ေတာ္တို႔ေတြဟာ ျပႆနာေတြ၊ ဒုကၡေတြနဲ႔ ႀကံဳလာတဲ့အခါ

    မိန္းမေခ်ာ့နည္း

    မိန္းမေခ်ာ့နည္း

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

    ငါးမိနစ္တစ္ခါ စိတ္ေျပာင္းတတ္တဲ့ မိန္းကေလးတို႔ရဲ႕ သဘာဝ အပိုင္း(၂)

  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Health & Beauty

Sexy က်ေအာင္လွတဲ့ တင္ပါးနဲ႔ ၀မ္းဗိုက္ကို ရရွိဖို႔အတြက္ ၿပီးျပည့္စံုတဲ့ workout

by Nandar Lwin
February 14, 2018
in Health & Beauty, Lifestyle
0
0
SHARES
119
VIEWS
Share on FacebookShare on Twitter

ခႏၶာကိုယ္အခ်ိဳးအစား လွပေျပျပစ္ၿပီး သန္စြမ္းၾကံ့ခိုင္ဖို႔ဟာ မိန္းကေလးတိုင္းရဲ႕ အိမ္မက္ပါ။ ဒီလိုခႏၶာကိုယ္ေျပာင္းလဲဖို႔အတြက္ အိမ္မွာပဲေလ့က်င့္ခန္းေတြလုပ္ရင္ ျဖစ္ႏိုင္ေပမယ့္ Gym မွာအခ်ိန္ေပးၿပီး အေလးေတြနဲ႔ ေဆာ့ကစားရင္ ပိုမိုျမန္ဆန္ပါတယ္။ ဒါေၾကာင့္ တကယ္လို႔ မိမိတို႔ရဲ႕ အိမ္အနီးအနားမွာ Gym ရွိရင္ပဲျဖစ္ျဖစ္ အခ်ိန္ေပးႏိုင္ရင္ရင္ပဲ ျဖစ္ျဖစ္ သြားေရာက္ေဆာ့ကစားျခင္းျဖင့္ Active Lifestyle အျဖစ္ ေနထိုင္သင့္ပါတယ္။ မိန္းကေလးတိုင္း စိတ္ညစ္ညဴးရတဲ့ ကိုယ္ခႏၶာအစိတ္အပိုင္းဟာ တင္ပါးနဲ႔၀မ္းဗိုက္ပါ။ ဒီအတြက္ အနည္းဆံုးတစ္လေလာက္နဲ႔ စတင္ေျပာင္းလဲေပးႏိုင္မဲ့ workout ကိုသိခ်င္ၾကတဲ့ သူေတြရွိႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ပဲ Sexy က်တဲ့ တင္ပါးနဲ႔ Abs ရရွိေစဖို႔ ၿပီးျပည့္စံုတဲ့ workout တစ္ခုကိုမွ်ေ၀ေပးလိုက္ပါတယ္။

The Leg press


သင့္ရဲ႕ခႏၶာကိုယ္တစ္ခုလံုးမွာ အသန္မာဆံုးအ႐ိုးေတြနဲ႔ အားအေကာင္းဆံုးဟာ ေျခေထာက္ျဖစ္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္ေအာက္ပိုင္းအတြက္ ျပင္းထန္တဲ့ေလ့က်င့္ခန္းျပဳလုပ္ဖို႕ Leg press ဟာ အထိေရာက္ဆံုးပါပဲ။ အဆိုပါကိရိယာကို အသံုးျပဳတဲ့အခါမွာ ပံုထဲကအတိုင္း ေျခေထာက္ေတြကိုအေပၚေျခကန္တဲ့ေနရာမွာထားၿပီး အနည္းငယ္ခြဲထားပါ။ သင့္ရဲ႕လက္က အႏၱရာယ္ကင္းေစဖို႔ ေဘးနားကေမာင္းတံကို ကိုင္ထားၿပီး အေပၚသို႔ အနည္းငယ္ကန္ၿပီးေနာက္ ျဖည္းညင္းစြာဒူးေခါင္းကို ရင္ဘတ္ဆီသို႕ ၉၀ ဒီဂရီျဖစ္ေအာင္ ျပန္ခ်ပါ။ သတိထားရမွာက သင္ႏိုင္သေလာက္ အေလးနဲ႔ပဲေဆာ့ကစားသင့္ၿပီး ေျခေထာက္ကို အဆံုးထိမဆန္႔ထုတ္သင့္ပါဘူး။ ေဆာ့ကစားတာၾကာလာတာနဲ႔အမွ် အေလးေတြကို ပိုမိုႏိုင္ပါလိမ့္မယ္။ ဒီလိုပံုစံအတိုင္း ၁၀ႀကိမ္အျပည့္ေဆာ့ပါ။ သင့္မွာထပ္ေဆာ့ဖို႔ ခြန္အားက်န္ေသးရင္ ေနာက္ထပ္ ငါးႀကိမ္ကိုေျခေထာက္ တ၀က္ေလာက္ထိပဲ ေကြးၿပီးထပ္ေဆာ့ေပးပါ။ ထိုနည္းအတိုင္း စုစုေပါင္း ၁၅ခါ ၃ေက်ာ့ ထိေဆာ့ရပါမယ္။

ADVERTISEMENT

Leg Plié Squeeze


သင့္ရဲ႕ေပါင္အတြင္းပိုင္းကိုေဆာ့ကစားဖို႔အတြက္ အေလးနဲ႕ထိုင္ထျပဳလုပ္ျခင္းဟာ ထိေရာက္တဲ့ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။ သင့္ရဲ႕ပခုံထက္ ပိုက်ယ္ေအာင္ ေျခေထာက္ႏွစ္ဖက္ကို ခ်ဲၿပီးရပ္ပါ။ အေလးတံုးကို ပံုပါအတိုင္း ကိုင္ၿပီး ၄၅ ဒီဂရီအထိေရာက္ေအာင္ ထိုင္ခ်ပါ။
ၿပီးလွ်င္ ပံုမွန္အတိုင္းျဖည္းညင္းစြာျပန္ေနပါ။ ယခုေလ့က်င့္ခန္းကို တဆက္တည္း ၁၀-၁၅ ေခါက္ကို သံုးေက်ာ့ ေဆာ့ကစားေပးပါ။ ၿပီးရင္ ခဏနားေနပါ၊ ေခၽြးမတိတ္ပါေစနဲ႕။

Deep Bench Lunge


ယခုလို Bench ကိုအသံုးျပဳၿပီး ခႏၶာကိုယ္ေအာက္ပိုင္း ေဆာ့ကစားျခင္းဟာလည္း အေကာင္းဆံုးနည္းလမ္းထဲမွာ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ယခုလိုေဆာ့ကစားျခင္းဟာ သင့္ရဲ႕ေျခေထာက္ေတြနဲ႔ တင္ပါးကိုလွပေစတဲ့အျပင္ ခႏၶာကိုယ္ကို ဟန္ခ်က္ပိုမိုထိန္းလာႏိုင္ေစပါတယ္။ အရင္ဆံုး Bench နဲ႔နည္းနည္းခြာရပ္ၿပီး ပံုထဲကအတိုင္း သင့္ညာေျခဖမိုးကို ပံုေပၚသို႔ ေနာက္ျပန္တင္ထားပါ။ ထို႔ေနာက္ ဘယ္ေျခကို ၉၀ ဒီဂရီထိေကြးခ်ႏိုင္ေအာင္ ျဖည္းညင္းစြာထိုင္ခ်ပါ။ ထိုနည္းအတိုင္းေျခေထာက္တစ္ဖက္စီေျပာင္းၿပီး ၈-၁၂ ႀကိမ္ထိ သံုးေက်ာ့ ေဆာ့ကစားေပးပါ။

Bridge


သင့္ရဲ႕တင္ပါးနဲ႔ တံေကာက္ေကြးကို ပစ္မွတ္ထားၿပီး ေဆာ့ကစားဖို႔အတြက္ ယခုနည္းလမ္းဟာဘယ္ေနရာမွာပဲျဖစ္ျဖစ္ ျပဳလုပ္ႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ အရင္ဆံုး အိပ္လ်က္အေနအထားအတိုင္း ဒူးေထာင္ထားၿပီး ဗိုက္ေပၚကို အေလးတင္ထားပါ။ သင့္ရဲ႕လက္ေမာင္းႏွစ္ဖက္ကို ေဘးခ်ထားၿပီး အေလးကိုထိန္းကိုင္ထားေပးပါ။ ၿပီးလွ်င္ သင္ေျမွာက္ႏိုင္သေလာက္ခါးကို ေကာ့ၿပီး ျဖည္းညင္းစြာျပန္ေလ်ာ့ပါ။ ထရိန္နာေတြရဲ႕အၾကံျပဳခ်က္အရ ယခုကစားနည္းကို အေလးမ်ားမ်ားနဲ႔ေဆာ့ကစားၿပီး တင္ပါးဆံု႐ိုးကိုအားျပဳၿပီး ေျမွာက္ႏိုင္သေလာက္ေျမွာက္ေပးသင့္ေၾကာင္း အၾကံျပဳထားပါတယ္။ ယခုနည္းလမ္းအတိုင္ ၁၀ႀကိမ္ကို ၃ေက်ာ့ျပန္ေဆာ့ေပးပါ။

၀မ္းဗိုက္ကစားဖို႔အတြက္ (Abs workout)
အေပၚမွာေဖာ္ျပခဲ့တဲ့ နည္းေတြကို ေဆာ့ကစားၿပီးတာနဲ႔ ၁မိနစ္ေလာက္ပဲနားၿပီး ၀မ္းဗိုက္ကစားဖို႔စတင္ပါ။

 Medicine Ball Rotation


ေလ့က်င့္ခန္းလုပ္တဲ့ ဖ်ာေပၚမွာ ပံုပါအတိုင္းေနၿပီး ၄ေပါင္ကေန ၆ေပါင္ထိေလးတဲ့့ Medicine Ball ကို လက္ဆန္႔ကိုင္ထားၿပီး ခါးကို ၄၅ ဒီဂရီလွည့္ပါ။ သင့္ရဲ႕မ်က္လံုးအၾကည့္ကို ေဘာလံုးဆီမွာပဲထားေပးပါ။ ထိုနည္းအတိုင္း ဘယ္ညာ ၁ေခါက္ကို အႀကိမ္ ၁၀ ကေန ၂၀ ထိ သံုးေက်ာ့ ေဆာ့ကစားေပးပါ။ ၀မ္းဗိုက္ေဘးသားေတြ ခ်ပ္ရပ္လွပလာပါလိမ့္မယ္။

Side Plank With Cable Pull


၀မ္းဗိုက္ေဘးသားေတြနဲ႔ အတြင္းပိုင္းၾကြက္သားေတြထိေရာက္ေစဖို႔ ယခုနည္းလမ္းအတိုင္း ေဆာ့ကစားေပးပါ။ အရင္ဆံုး ခႏၶာကိုယ္တေစာင္းအေနအထားအတိုင္း လက္ေထာက္ထားၿပီး က်န္လက္တစ္ဖက္က ေကဘယ္ကိုဆြဲေပးပါ။ ေကဘယ္ႀကိဳးကိုလည္း လက္နဲ႔တတန္းတည္းျဖစ္ေအာင္ ႀကိဳတင္ခ်ိန္ထားသင့္ပါတယ္။ ထိုနည္းအတိုင္း တစ္ဖက္ဆီကို ၁၀ ႀကိမ္ျပဳလုပ္ေပးၿပီး ၃ေက်ာ့ေဆာ့ကစားေပးပါ။

Mountain Climber


ယခုနည္းလမ္းက သင့္ရဲ႕၀မ္းဗိုက္ကို က်စ္လစ္လွပလာမွာျဖစ္ၿပီး ႏွလံုးခုန္ႏႈန္းတိုးတက္လာေစမွာျဖစ္ပါတယ္။ အရင္ဆံုး ဒိုက္ထိုးတဲ့အေနအထားအတိုင္းေနၿပီး သင့္ရဲ႕ဒူးေခါင္းကို ေတာင္တက္တဲ့ပံုစံအတိုင္းအထက္သို႔ ပင့္တင္ပါ။ ဒူးေခါင္းကို တတ္ႏိုင္သေလာက္ ရင္ညႊန္႔ထိေရာက္ေအာင္ ျမွင့္တင္ေပးပါ။ ယခုကစားနည္းက ခပ္သြက္သြက္ေဆာ့ရတာျဖစ္ပါတယ္။ ေျခေထာက္ႏွစ္ဖက္ကို တစ္လွည့္စီေျပာင္းၿပီး လႈပ္ရွားပါ။ ထိုနည္းအတိုင္း ၁၀-၂၀ ကို ၃ေက်ာ့ထိေဆာ့ေပးရပါမယ္။

ဒါ့အျပင္ ပံုမွန္စက္ဘီးနင္းတဲ့ ကစားနည္းကိုပံုမွန္ေဆာ့ေပးပါ။ သင့္မွာကိုယ္ပိုင္စက္ဘီးရွိရင္ အျပင္ဖက္မွာ ပံုမွန္အျမဲလိုက္စီးသင့္ၿပီး Gym မွာလည္းစက္ဘီးနင္းတဲ့ကိရိယာနဲ႔ ေဆာ့ကစားႏိုင္ပါတယ္။ ယခုကစားနည္း အားလံုးဟာ တစ္ဆက္တည္းေဆာ့ရမွာျဖစ္ၿပီး ပံုမွန္ေဆာ့ေပးျခင္းျဖင့္ မၾကာမီလူတိုင္းအားက်ရေလာက္တဲ့ ခႏၶာကိုယ္ေအာက္ပိုင္းအလွကို ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-Fabiosa

စိတ္ဖိစီးမႈကို ေလ်ာ့က်ေစတဲ့ ေယာဂ Poses ၃မ်ိဳး


Unicode

Sexy ကျအောင်လှတဲ့ တင်ပါးနဲ့ ၀မ်းဗိုက်ကို ရရှိဖို့အတွက် ပြီးပြည့်စုံတဲ့ workout
ခန္ဓာကိုယ်အချိုးအစား လှပပြေပြစ်ပြီး သန်စွမ်းကြံ့ခိုင်ဖို့ဟာ မိန်းကလေးတိုင်းရဲ့ အိမ်မက်ပါ။ ဒီလိုခန္ဓာကိုယ်ပြောင်းလဲဖို့အတွက် အိမ်မှာပဲလေ့ကျင့်ခန်းတွေလုပ်ရင် ဖြစ်နိုင်ပေမယ့် Gym မှာအချိန်ပေးပြီး အလေးတွေနဲ့ ဆော့ကစားရင် ပိုမိုမြန်ဆန်ပါတယ်။ ဒါကြောင့် တကယ်လို့ မိမိတို့ရဲ့ အိမ်အနီးအနားမှာ Gym ရှိရင်ပဲဖြစ်ဖြစ် အချိန်ပေးနိုင်ရင်ရင်ပဲ ဖြစ်ဖြစ် သွားရောက်ဆော့ကစားခြင်းဖြင့် Active Lifestyle အဖြစ် နေထိုင်သင့်ပါတယ်။ မိန်းကလေးတိုင်း စိတ်ညစ်ညူးရတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းဟာ တင်ပါးနဲ့ဝမ်းဗိုက်ပါ။ ဒီအတွက် အနည်းဆုံးတစ်လလောက်နဲ့ စတင်ပြောင်းလဲပေးနိုင်မဲ့ workout ကိုသိချင်ကြတဲ့ သူတွေရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ Sexy ကျတဲ့ တင်ပါးနဲ့ Abs ရရှိစေဖို့ ပြီးပြည့်စုံတဲ့ workout တစ်ခုကိုမျှဝေပေးလိုက်ပါတယ်။

The Leg press
သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အသန်မာဆုံးအရိုးတွေနဲ့ အားအကောင်းဆုံးဟာ ခြေထောက်ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အောက်ပိုင်းအတွက် ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်ဖို့ Leg press ဟာ အထိရောက်ဆုံးပါပဲ။ အဆိုပါကိရိယာကို အသုံးပြုတဲ့အခါမှာ ပုံထဲကအတိုင်း ခြေထောက်တွေကိုအပေါ်ခြေကန်တဲ့နေရာမှာထားပြီး အနည်းငယ်ခွဲထားပါ။ သင့်ရဲ့လက်က အန္တရာယ်ကင်းစေဖို့ ဘေးနားကမောင်းတံကို ကိုင်ထားပြီး အပေါ်သို့ အနည်းငယ်ကန်ပြီးနောက် ဖြည်းညင်းစွာဒူးခေါင်းကို ရင်ဘတ်ဆီသို့ ၉၀ ဒီဂရီဖြစ်အောင် ပြန်ချပါ။ သတိထားရမှာက သင်နိုင်သလောက် အလေးနဲ့ပဲဆော့ကစားသင့်ပြီး ခြေထောက်ကို အဆုံးထိမဆန့်ထုတ်သင့်ပါဘူး။ ဆော့ကစားတာကြာလာတာနဲ့အမျှ အလေးတွေကို ပိုမိုနိုင်ပါလိမ့်မယ်။ ဒီလိုပုံစံအတိုင်း ၁၀ကြိမ်အပြည့်ဆော့ပါ။ သင့်မှာထပ်ဆော့ဖို့ ခွန်အားကျန်သေးရင် နောက်ထပ် ငါးကြိမ်ကိုခြေထောက် တဝက်လောက်ထိပဲ ကွေးပြီးထပ်ဆော့ပေးပါ။ ထိုနည်းအတိုင်း စုစုပေါင်း ၁၅ခါ ၃ကျော့ ထိဆော့ရပါမယ်။

Leg Plié Squeeze
သင့်ရဲ့ပေါင်အတွင်းပိုင်းကိုဆော့ကစားဖို့အတွက် အလေးနဲ့ထိုင်ထပြုလုပ်ခြင်းဟာ ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ပခုံထက် ပိုကျယ်အောင် ခြေထောက်နှစ်ဖက်ကို ချဲပြီးရပ်ပါ။ အလေးတုံးကို ပုံပါအတိုင်း ကိုင်ပြီး ၄၅ ဒီဂရီအထိရောက်အောင် ထိုင်ချပါ။
ပြီးလျှင် ပုံမှန်အတိုင်းဖြည်းညင်းစွာပြန်နေပါ။ ယခုလေ့ကျင့်ခန်းကို တဆက်တည်း ၁၀-၁၅ ခေါက်ကို သုံးကျော့ ဆော့ကစားပေးပါ။ ပြီးရင် ခဏနားနေပါ၊ ချွေးမတိတ်ပါစေနဲ့။

Deep Bench Lunge
ယခုလို Bench ကိုအသုံးပြုပြီး ခန္ဓာကိုယ်အောက်ပိုင်း ဆော့ကစားခြင်းဟာလည်း အကောင်းဆုံးနည်းလမ်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယခုလိုဆော့ကစားခြင်းဟာ သင့်ရဲ့ခြေထောက်တွေနဲ့ တင်ပါးကိုလှပစေတဲ့အပြင် ခန္ဓာကိုယ်ကို ဟန်ချက်ပိုမိုထိန်းလာနိုင်စေပါတယ်။ အရင်ဆုံး Bench နဲ့နည်းနည်းခွာရပ်ပြီး ပုံထဲကအတိုင်း သင့်ညာခြေဖမိုးကို ပုံပေါ်သို့ နောက်ပြန်တင်ထားပါ။ ထို့နောက် ဘယ်ခြေကို ၉၀ ဒီဂရီထိကွေးချနိုင်အောင် ဖြည်းညင်းစွာထိုင်ချပါ။ ထိုနည်းအတိုင်းခြေထောက်တစ်ဖက်စီပြောင်းပြီး ၈-၁၂ ကြိမ်ထိ သုံးကျော့ ဆော့ကစားပေးပါ။

Bridge
သင့်ရဲ့တင်ပါးနဲ့ တံကောက်ကွေးကို ပစ်မှတ်ထားပြီး ဆော့ကစားဖို့အတွက် ယခုနည်းလမ်းဟာဘယ်နေရာမှာပဲဖြစ်ဖြစ် ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အရင်ဆုံး အိပ်လျက်အနေအထားအတိုင်း ဒူးထောင်ထားပြီး ဗိုက်ပေါ်ကို အလေးတင်ထားပါ။ သင့်ရဲ့လက်မောင်းနှစ်ဖက်ကို ဘေးချထားပြီး အလေးကိုထိန်းကိုင်ထားပေးပါ။ ပြီးလျှင် သင်မြှောက်နိုင်သလောက်ခါးကို ကော့ပြီး ဖြည်းညင်းစွာပြန်လျော့ပါ။ ထရိန်နာတွေရဲ့အကြံပြုချက်အရ ယခုကစားနည်းကို အလေးများများနဲ့ဆော့ကစားပြီး တင်ပါးဆုံရိုးကိုအားပြုပြီး မြှောက်နိုင်သလောက်မြှောက်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။ ယခုနည်းလမ်းအတိုင် ၁၀ကြိမ်ကို ၃ကျော့ပြန်ဆော့ပေးပါ။

၀မ်းဗိုက်ကစားဖို့အတွက် (Abs workout)
အပေါ်မှာဖော်ပြခဲ့တဲ့ နည်းတွေကို ဆော့ကစားပြီးတာနဲ့ ၁မိနစ်လောက်ပဲနားပြီး ၀မ်းဗိုက်ကစားဖို့စတင်ပါ။ Medicine Ball Rotation
လေ့ကျင့်ခန်းလုပ်တဲ့ ဖျာပေါ်မှာ ပုံပါအတိုင်းနေပြီး ၄ပေါင်ကနေ ၆ပေါင်ထိလေးတဲ့့ Medicine Ball ကို လက်ဆန့်ကိုင်ထားပြီး ခါးကို ၄၅ ဒီဂရီလှည့်ပါ။ သင့်ရဲ့မျက်လုံးအကြည့်ကို ဘောလုံးဆီမှာပဲထားပေးပါ။ ထိုနည်းအတိုင်း ဘယ်ညာ ၁ခေါက်ကို အကြိမ် ၁၀ ကနေ ၂၀ ထိ သုံးကျော့ ဆော့ကစားပေးပါ။ ၀မ်းဗိုက်ဘေးသားတွေ ချပ်ရပ်လှပလာပါလိမ့်မယ်။

Side Plank With Cable Pull
၀မ်းဗိုက်ဘေးသားတွေနဲ့ အတွင်းပိုင်းကြွက်သားတွေထိရောက်စေဖို့ ယခုနည်းလမ်းအတိုင်း ဆော့ကစားပေးပါ။ အရင်ဆုံး ခန္ဓာကိုယ်တစောင်းအနေအထားအတိုင်း လက်ထောက်ထားပြီး ကျန်လက်တစ်ဖက်က ကေဘယ်ကိုဆွဲပေးပါ။ ကေဘယ်ကြိုးကိုလည်း လက်နဲ့တတန်းတည်းဖြစ်အောင် ကြိုတင်ချိန်ထားသင့်ပါတယ်။ ထိုနည်းအတိုင်း တစ်ဖက်ဆီကို ၁၀ ကြိမ်ပြုလုပ်ပေးပြီး ၃ကျော့ဆော့ကစားပေးပါ။

Mountain Climber
ယခုနည်းလမ်းက သင့်ရဲ့ဝမ်းဗိုက်ကို ကျစ်လစ်လှပလာမှာဖြစ်ပြီး နှလုံးခုန်နှုန်းတိုးတက်လာစေမှာဖြစ်ပါတယ်။ အရင်ဆုံး ဒိုက်ထိုးတဲ့အနေအထားအတိုင်းနေပြီး သင့်ရဲ့ဒူးခေါင်းကို တောင်တက်တဲ့ပုံစံအတိုင်းအထက်သို့ ပင့်တင်ပါ။ ဒူးခေါင်းကို တတ်နိုင်သလောက် ရင်ညွှန့်ထိရောက်အောင် မြှင့်တင်ပေးပါ။ ယခုကစားနည်းက ခပ်သွက်သွက်ဆော့ရတာဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်ကို တစ်လှည့်စီပြောင်းပြီး လှုပ်ရှားပါ။ ထိုနည်းအတိုင်း ၁၀-၂၀ ကို ၃ကျော့ထိဆော့ပေးရပါမယ်။

ဒါ့အပြင် ပုံမှန်စက်ဘီးနင်းတဲ့ ကစားနည်းကိုပုံမှန်ဆော့ပေးပါ။ သင့်မှာကိုယ်ပိုင်စက်ဘီးရှိရင် အပြင်ဖက်မှာ ပုံမှန်အမြဲလိုက်စီးသင့်ပြီး Gym မှာလည်းစက်ဘီးနင်းတဲ့ကိရိယာနဲ့ ဆော့ကစားနိုင်ပါတယ်။ ယခုကစားနည်း အားလုံးဟာ တစ်ဆက်တည်းဆော့ရမှာဖြစ်ပြီး ပုံမှန်ဆော့ပေးခြင်းဖြင့် မကြာမီလူတိုင်းအားကျရလောက်တဲ့ ခန္ဓာကိုယ်အောက်ပိုင်းအလှကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-Fabiosa

ShareTweetShare
Nandar Lwin

Nandar Lwin

Related Posts

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ

by Thinzar
December 20, 2022
0

အောင်မြင်မှုကို ရယူလိုသူတိုင်း ဇွဲနပဲ ကြီးစွာ ကြိုးစားရမှာပါ။ ဒါပေမယ့် ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆိုရင်လည်း အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါပဲ။ အောင်မြင်မှုရရှိဖို့အတွက် နေ့စဉ်ဆောင်ရွက်သင့်တဲ့ အချက်ကလေးတွေကို ညွှန်းပေးပါရစေ။ ရည်မှန်းချက်ထားပါ အောင်မြင်မှုရဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်က...

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း

by Thinzar
December 20, 2022
0

လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး

by Thinzar
December 20, 2022
0

ဝိတ်ချဖို့စဉ်းစားကြတဲ့အခါ တော်တော်များများက အစားအသောက်ထိန်းတာ အားကစားအပြင်းထန်လုပ်တာတွေလောက်ပဲ တွေးမိကြပါတယ်။ သင်ဟာ ချွေးသံရွှဲရွှဲလုပ်ရတဲ့ အားကစားနည်းတွေနဲ့ ဝိတ်ချရတာ အဆင်မပြေဘူးဆိုရင်တော့ ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်းတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။ ရေကူးခြင်းဟာ ဝိတ်ကျစေတဲ့အပြင် စိတ်ဖိစီးမှုလျော့စေခြင်း ၊ အမောခံနိုင်ခြင်း ၊...

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ

by Thinzar
December 20, 2022
0

Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ ကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ဘယ်လိုစကားတွေဟာ...

Lifestyle Myanmar

Copyright © 2017 Lifestyle Myanmar.

Digital Media Production in Myanmar.

  • About
  • Advertise
  • Privacy & Policy
  • Contact

Follow Us

No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us

Copyright © 2017 Lifestyle Myanmar.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 263

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 264

Warning: Trying to access array offset on value of type bool in /var/www/html/lifestylemyanmar.com/wp-content/plugins/153a86ea-jnews-jsonld/class.jnews-jsonld.php on line 265