၁။ ရိုးသားမှု
၂။ နားလည်မှု
၃။ ဂရုစိုက်မှု
၅ ။ သနားဂရုဏာစိတ်
၆ ။ လုံခြုံမှု
၇။ မျက်ကန်းသစ္စာရှိမှု
#LM_Naung_Naung
#Lifestyle_Myanmar
Ref- E-Lite
2017 ခုနှစ် Most stylish man အဖြစ်ရွှေးချယ်ခံရသူ Loki အဖြစ်လူသိများတဲ့ Tom Hiddleston
Unicode
အမျိုးသမီးတွေတိုင်း ချစ်သူကောင်လေးဆီက အလိုချင်ဆုံး အရာ(၇) ခုကဘာတွေလဲ
မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူဆီက လိုချင်တဲ့အရာ သိပ်အများကြီး မရှိပါဘူး။ သူမရဲ့ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အတွက် အမျိုးသားတစ်ယောက်ဆီက သူတို့လိုအပ်တဲ့အရာဆိုလို့ အဓိကအရည်အချင်း (၇) ခုပဲ ရှိပါတယ်။ ဒီလိုသူတို့လိုချင်တဲ့ အရည်အချင်းတွေ အကုန်ပြည့်တဲ့ယောကျ်ားလေးဆိုတာ ရှားပါးပေမယ့် အရာအားလုံးမပြည့်စုံရင်တောင်မှ ကိုယ့်ရဲ့ချစ်သူကို အမြဲပျော်ရွင်အောင်ဖြည့်ဆည်းပေးနိုင်တဲ့ အမျိုးသားတွေ များစွာရှိပါတယ်။
၁။ ရိုးသားမှု
မိန်းကလေးတွေသူတို့ရဲ့ချစ်သူဆီက လိုချင်ဟာ ရိုးသားမှုပါ။ ဒါပေမဲ့ အရမ်းကြီးရိုးသားလွန်းတော့လည်း သူတို့ကမနှစ်သက်ပြန်ပါဘူး။ အမျိုးသားတွေရဲ့ ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် မိန်းကလေးတွေက လိုချင်ကြပါတယ်။ ဒါကြောင့်ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် သူတို့တွေကို အရိုးသားဆုံးပြောဆိုဆက်ဆံဖို့ ကြိုးစားတတ်ကြပါတယ်။ ယောကျ်ားလေးတွေရဲ့ သာယာတဲ့အတွေ့အကြုံတွေ၊ အမှတ်တရတွေကို အမြဲတမ်းမျှဝေသိချင်ပေမဲ့ လိမ်ပြောတာကို မကြိုက်ကြသလို အရာအားလုံးမခြွင်းမချန် အမှန်အတိုင်းပြောရင်လည်း အတိတ်ကဖြစ်ခဲ့တဲ့အရာတွေအပေါ် သဝန်တိုပြီးစိတ်ခုတတ်ပါသေးတယ်။ တကယ်လို့သူမက သူမဘယ်လိုနေလဲ၊ အရမ်းလှလား၊ သူမနဲ့ပတ်သတ်ပြီး
ဘယ်အရာကိုအကြိုက်ဆုံးလဲ စတဲ့မေးခွန်းတွေ မေးလာခဲ့ရင် သတိရှိရှိဖြေကြားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အရာအားလုံးမကောင်းမွန်ပဲ အရေးမပါတဲ့အရာတွေ၊ ရုပ်ပိုင်းဆိုင်ရာဆင်ယင်မှုအလွဲတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ဒီလိုအရာတွေကို သင်ကအမှန်အတိုင်းဖြေကြားမယ်ဆိုရင်တော့ ပြဿနာကအကြီးကြီးပါပဲ။ ဒါကြောင့် လိမ်သင့်တဲ့နေရာ လိမ်ပြောတတ်ဖို့လဲလိုအပ်ပါလိမ့်မယ်။
၂။ နားလည်မှု
ဘယ်လိုသဘောထားကွဲလွဲမှုမျိုးကိုမဆို သင့်ဖက်ကနားလည်ပေးနိုင်မှုမျိုးကို သူမကမျှော်လင့်နေပါတယ်။ သူမကိုယ်တိုင်ရှင်းပြနေရတဲ့ ခံစားချက်မျိုးကိုလည်း မလိုချင်ပြန်ပါဘူး။ ဒါကြောင့် သူမမဖြေရှင်းပဲ သူမဖြစ်ချင်တဲ့အရာကို သင်ကအတွင်းရောအပြင်ရော နားလည်နေဖို့ သူမကလိုချင်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သင်ကသူမမှသူမ ကိုပဲချစ်နေစေချင်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကိုယ့်ကိုကိုယ်တောင်မှ အရာအားလုံးနားလည်ပေးနိုင်ဖို့ဆိုတာ တခါတလေ ခက်ခဲတဲ့ကိစ္စဖြစ်နေတတ်ပါတယ်။
၃။ ဂရုစိုက်မှု
ဂရုစိုက်ခံရခြင်းရဲ့ အဓိပ္ပာယ်ဟာ ဘဝမှအထီးမကျန်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မိန်းကလေးတွေကတော့ ချစ်သူရဲ့ဂရုစိုက်မှုကို အပြည့်အဝလိုချင်ကြပါတယ်။ လူအများစုဟာ အခြားတစ်ယောက်ကို ဂရုစိုက်ဖို့အတွက် အတင်းအကျပ် တွန်းအားပေးနေတတ်ပြီး ဒီလိုမျိုးအခြားသူကို သဘာဝအတိုင်းမဟုတ်ပဲ ဂရုစိုက်ပေးတတ်တဲ့ အတွေးအခေါ်ဟာ အမြဲတမ်းမှန်မနေတတ်ပါဘူး။ တကယ်လို့ ကိုယ်ကဂရုမစိုက်တဲ့ အချိန်ခဏလေးမှာ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒီအတွက် လူတိုင်းမှာအထီးအမသဘာဝနဲ့ မဆိုင်ပဲလူတိုင်းမှာ ဆန္ဒဆိုတာရှိကြောင်း သူမကိုသိပါစေ။ ဟန်ဆောင်ပြီး ဂရုစိုက်ပြခြင်းထက် စိတ်ထဲကလိုလိုလားလား ဂရုစိုက်ခြင်းမျိုးကသာ နှစ်ဦးစလုံးအတွက် အကျိုးရှိပါလိမ့်မယ်။ ဒီအတွက် အခြားစုံတွဲတွေနဲ့ နှိုင်းယှဉ်စရာလည်း မလိုအပ်ပါဘူး။
၄ ။ သန်စွမ်းကြံ့ခိုင်မှု
ရုပ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့ အမျိုးသားတွေကို လိုချင်တဲ့အမျိုးသမီးဆိုတာ မိန်းကလေးတွေရဲ့ သဘာဝအရ မရှိကြပါဘူး။ ဒါဟာသင်ဟာ ဝေဒနာသည်တစ်ယောက်ဖြစ်နေရင် သူမကလက်မတွဲဘူးလို့လဲ ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပိုင်း၊ ရုပ်ပိုင်းကြံ့ခိုင်တဲ့ အမျိုးသားတွေကို ပိုမိုနှစ်သက်ကြပြီး သင့်ရဲ့သန်စွမ်းကြံ့ခိုင်မှုဟာလည်း သူမအတွက်ဖြစ်နေရပါမယ်။ ဒါကြောင့် သူမကိုလုံခြံုစေမယ့်သူ၊ အရာရာကိုလုပ်ဆောင်နိုင်တဲ့သူမျိုးတွေကို ပိုမိုနှစ်သက်တာဖြစ်ပါတယ်။
၅ ။ သနားဂရုဏာစိတ်
မိန်းကလေးတိုင်းဟာ ကြင်နာတတ်တဲ့ အမျိုးသားတွေကို အမြဲမျှော်လင့်နေတတ်ပါတယ်။ သူမအပေါ်မေတ္တာတွေ ပေးနိုင်ရုံသာမက လောကကြီးနဲ့ သက်ရှိတွေအပေါ် ကြင်နာတတ်တဲ့ ယောကျ်ားလေးတွေကို ပိုမိုနှစ်သက်ကြပါတယ်။ ဒီလိုသနားကြင်နာမှုမျိုးကိုတော့ စိတ်ဓာတ်ပျော့ညံ့တယ်လို့ သူမတို့က မထင်တတ်ကြပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း မုန်းတီးမှု၊ ရန်ငြိုးဖွဲမှုတွေကို မနှစ်သက်တတ်ကြသလို မိန်းကလေးတွေကတော့ သူတို့ရဲ့ချစ်သူဟာ အန္တရာယ်ရှိတဲ့သူတစ်ယောက် ဖြစ်နေမှာအရမ်းကို စိုးရိမ်တတ်ပါတယ်။
၆ ။ လုံခြံုမှု
မိန်းကလေးတိုင်းဟာ သူမတို့ရဲ့ဘဝလုံခြံုမှုရှိစေဖို့ အစဉ်အမြဲတွေးပူနေတတ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ သာယာချမ်းမြေဖို့အတွက် ငွေကြေးကလည်း အဓိကမဟုတ်တောင်အရေးပါတဲ့ အရာတစ်ခုဖြစ်ကြောင်း သူမတို့က ယုံကြည်ကြပါတယ်။ စီးပွားရေးအဆင်ပြေမှသာ ကျန်းမာရေး နဲ့ဘဝနေထိုင်မှုလုံခြံုမှု ရှိမယ်လို့ယူဆကြပါတယ်။ ဒါပေမယ့် ဒီအတွက်သင်က မီလျှံနာတစ်ယောက်ဖြစ်နေဖို့ မလိုအပ်ပါဘူး။
အချို့သောမိန်းကလေးတွေဟာ ငွေမက်တတ်ကြပေမဲ့ ဒါဟာလူတိုင်းတော့မဟုတ်ပါဘူး။ သူမရဲ့ဘဝအတွက် သင်ကလုံခြံုမှုပေးနိုင်မယ့်သူမျိုး၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်မယ့်သူမျိုးကို သူမတို့ မျှော်လင့်နေတတ်ပါတယ်။ ဒီလိုလုံခြံုမှုတွေအတွက် သင်ကဖြည့်ဆည်းပေးတယ်ဆိုတဲ့ စိတ်မျိုးနဲ့တင် သူမအတွက် လုံလောက်ပါတယ်။ တကယ်လို့ သူမကသင့်ထက် လစာကောင်းနေရင်တောင်မှ ဒီလိုခေါင်းဆောင်ပြီး ကာကွယ်ပေးနိုင်တဲ့ တာဝန်ကို သူမကမယူပဲသင့်နောက်ကနေ ပိုမိုလွယ်ကူအောင် အကူအညီပေးနေပါလိမ့်မယ်။
၇။ မျက်ကန်းသစ္စာရှိမှု
သူမတစ်ယောက်တည်းကိုသာ မြင်နိုင်တဲ့မျက်လုံးမျိုးကို သင့်ဆီမှာရှိနေစေချင်ပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးတစ်ယောက် ဒါမှမဟုတ် စမတ်အကျဆုံးမိန်းကလေးတစ်ယောက် မဟုတ်ဖူးဆိုတာကို သူမသိပါတယ်။ ဒါပေမဲ့ သူမဒါကို မလိုချင်ပါဘူး။ သူမသာလျှင်ကမ္ဘာပေါ်မှာ သင့်အတွက်အလှဆုံး နဲ့ အကောင်းဆုံးမိန်းကလေးတစ်ယောက် အဖြစ်သင့်ကိုမြင်နေစေချင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref- E-Lite