KingChoice ဆိုတာ K-pop နဲ့ပတ်သက်သော အကြောင်းအရာအမျိုးမျိုးကို လစဉ် ပရိတ်သတ်တွေရဲ့ မဲတွေနဲ့အတူ စစ်တမ်းကောက်ယူနေသော ဝဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဖေဖော်ဝါရီလရဲ့ အကြောင်းအရာတစ်ခုအနေနဲ့ ပရိသတ်တွေက လက်ရှိတောင်ကိုရီယားအနုပညာလောကမှာ အချောဆုံးကိုရီးယားမင်းသမီးတွေကို မဲပေးပြီး ရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီ့ထဲကမှ အလှဆုံးကိုရီယားမင်းသမီး ထိပ်တန်း (၁၅) ယောက်ကို မျှဝေပေးမှာဖြစ်ပါတယ်။
၁၅။ Shin Min Ah

Hometown Cha-Cha-Cha (2021) ဒရာမာနဲ့အတူ မင်းသမီး Shin Min Ah ကတော့ မဲပေါင်း ၈၄၂၇ နဲ့အတူ ဒီစစ်တမ်းမှာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။
၁၄။ Han Hyo Joo

Happiness (2021) ဒရာမာထွက်ရှိထားတဲ့ Han Hyo Joo ကတော့ ဒီစစ်တမ်းမှာ ၈၇၄၄ မဲနဲ့ နံပါတ် ၁၄ နေရာမှာရှိနေပါတယ်။
၁၃။ Park Min Young

Forecasting Love and Weather (2022) ဒရာမာ ထွက်ရှိထားတဲ့ Park Min Young ကတော့ ဒီစစ်တမ်းမှာ မဲ၁၆၄၈၅ မဲ ရရှိခဲ့ပါတယ်။
၁၂။ Kim Ji Won

လတ်တလောမှာ Arthdal Chronicles (2019) ဒရာမာကို ရိုက်ကူးထားတဲ့ မင်းသမီး Kim Ji Won ကတော့ ဒီစစ်တမ်းမှာ မဲ ၂၃၄၄၈ မဲရရှိခဲ့ပါတယ်။
၁၁။ IU

သီချင်းဆိုတဲ့နေရာမှာ အသံအေးအေးလေးနဲ့ ဆရာကျလွန်းတဲ့ IU ဟာ ဒရာမာတွေမှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်နေခဲ့ပြန်ပါတယ်။ ဒီစစ်တမ်းမှာတော့ သူမက မဲပေါင်း ၂၆၇၅၈ မဲ ရရှိခဲ့ပါတယ်။
၁၀။ Kim Yoo Jung

ကလေးသရုပ်ဆောင်ဘဝကနေ ဒီကနေ့အထိ ပရိတ်သတ်တွေရဲ့ အသည်းစွဲဖြစ်နေဆဲမင်းသမီး Kim Yoo Jung ကတော့ ဒီစစ်တမ်းမှာ မဲပေါင်း ၃၁၄၂၄ ရခဲ့ပါတယ်။
၉။ Han So Hee

The world of the married ဒရာမာနဲ့အတူ လူသိများလာတဲ့ မင်းသမီးဟာ စီးရီးတွေလည်း အဆက်မပြတ်ရိုက်ကူးလာခဲ့သလို ဒီစစ်တမ်းမှာလည်း မဲပေါင်း ၃၉၆၂၇ မဲရရှိခဲ့ပါတယ်။
၈။ Song Hye Kyo

ကိုရီးယားနိုင်ငံရဲ့ အလှဆုံး၊ အချောဆုံးလို့ပြောရင် တို့တွေရဲ့ မမ Song Hye Kyo တစ်ယောက်ကို ချန်ထားခဲ့လို့မရပါဘူး။ ဒီစစ်တမ်းမှာတော့ Hye Kyo ဟာ မဲပေါင်း ၅၃၁၄၉ မဲရရှိခဲ့ပါတယ်။
၇။ Son Ye Jin

ခုလက်ရှိ ongoing ပြသနေဆဲဖြစ်တဲ့ Thirty-Nine(2022) ဒရာမာနဲ့အတူ Son Ye Jin သည် စစ်တမ်းမှာ မဲပေါင်း ၆၀၄၈၆ မဲရရှိခဲ့ပါတယ်။
၆။ Bae Suzy

(2020) ခုနှစ်မှာကတည်းက ထွက်ရှိခဲ့တဲ့ Start-Up ဒရာမာနဲ့အတူ Bae Suzy ဟာ နာမည်ကျသွားခြင်းမရှိဘဲ ဒီစစ်တမ်းမှာ မဲပေါင်း ၆၁၆၃၉ မဲရရှိခဲ့ပါတယ်။
၅။ Kim Go Eun
Yumi’s Cells (2021) ဒရာမာနဲ့အတူ Globin မင်းသမီး Kim Go Eun ဒီစစ်တမ်းရဲ့ ဆန္ဒမဲ ၁၀၉၆၇၄(စုစုပေါင်း ၈.၃ ရာခိုင်နှုန်း)အထိ ရရှိခဲ့ပြီး နံပါတ် (၅) နေရာမှာ ရှိနေပါတယ်။
၄။ Lee Se Young

The Red Sleeve (2021) ဒရာမာနဲ့အတူ မင်းသမီး Lee Se Young ကတော့ ဒီစစ်တမ်းရဲ့ ၁၄၁၈၁၁ မဲရရှိထားပါတယ်။
၃။ Seo Yea Ji

It’s Okay to Not Be Okay (2020)မှာ တော်တော်လေးမိမိုက်လာခဲ့သော မမSeo Yea Ju တစ်ယောက်ကတော့ ဒရာမအသစ်ထွက်မလာသေးပေမယ့် ဒီစစ်တမ်း ထောက်ခံမဲ ၁၅၃၉၅၈ (စုစုပေါင်းမဲရဲ့ ၁၁.၇ ရာခိုင်နှုန်း) ကို ရရှိခဲ့ပါတယ်။
၂။ Kim So Hyun

River Where the Moon Rises (2021) ဆိုတဲ့ ဒရာမာတစ်ခုကို ရိုက်ကူးထားခဲ့တဲ့ Kim So Hyun ကတော့ ဒီစစ်တမ်းမှာ မဲပေါင်း ၁၇၅၅၃၂ (စုစုပေါင်းရဲ့ ၁၃.၃ ရာခိုင်နှုန်း) ရရှိခဲ့ပါတယ်။
၁။ Kim Jisoo

Kim Jisoo သည် Blackpink အဖွဲ့ရဲ့ main visual တစ်ဦးလည်းဖြစ်သလို မကြာသေးခင်ကာလကပဲ snowdrop (2021-2022) ဆိုတဲ့ ဒရာမာတစ်ပုဒ်ကို ရိုက်ကူးခဲ့ပါတယ်။ သူမဟာ ဒီစစ်တမ်းမှာ မဲပေါင်း ၃၆၈၄၇၃ (စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်း) ဖြင့် အလှဆုံးကိုရီးယားမင်းသမီးတစ်ယောက်အနေနဲ့နံပါတ်(တစ်)နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-koreaboo