2020 ခုနှစ် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် နွေရာသီအိုလံပစ်ပွဲတော်အတွက် လေအေးပေးစက်ပါဝင်တဲ့ တီရှပ်ကို SONY ကတီထွင်ခဲ့

0
31

တနှစ်ထက်တနှစ် ပူပြင်းလာတဲ့ နွေအပူချိန်ကို လျော့ချနိုင်ဖို့အတွက် နိုင်ငံမျိုးစုံက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလျက်ရှိကြပါတယ်။ ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony ကတော့ လာမယ့် ၂၀၂၀ ခုနှစ် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် နွေရာသီ အိုလံပစ်ပွဲတော်အတွက် လေအေးပေးစက်ပါဝင်တဲ့ တီရှပ်ကိုတီထွင်ခဲ့ပါတယ်။

အဓိကအားဖြင့်တော့ နွေရာသီမှာ ကျရောက်လာမယ့် အပူရှိန်ကို ကာကွယ်နိုင်ဖို့ဖြစ်ကြောင်းနဲ့ တီရှပ်အဖြစ်ဝတ်ဆင်နိုင်အောင် ဖန်တီးထားတာကြောင့် ဘယ်ကိုသွားသွား အဆင်ပြေစေမှာြဖစ်ကြောင်း sony ကပြောခဲ့ပါတယ်။ အဆိုပါကိရိယာဟာ စမတ်ဖုန်းအရွယ်အစားခန့်ရှိပြီး လူရဲ့ကိုယ်ခန္ဓာအပူချိန်ကို ၂၃ ဒီဂရီလောက် လျော့ချပေးနိုင်ပြီး ၁၄ ဒီဂရီထိ တိုးအောင်လည်း ပြုလုပ်နိုင်ပါတယ်။

အဆိုပါကိရိယာကို အက်ပလီကေးရှင်းအနေနဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပြီး ဘက်ထရီသက်တမ်းက နှစ်နာရီကြာမြင့်မှာဖြစ်သလို လက်ရှိမှာတော့ ၁၁၇ ဒေါ်လာနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကံမကောင်းစွာပဲ အဆိုပါ Reon Pocket device ကို အမျိုးသားတွေအတွက်သာ ထုတ်လုပ်ထားပြီး small, medium နဲ့ large ဆိုဒ်ဆိုပြီး အရွယ်အစားသုံးမျိုးကို ထုတ်လုပ်ထားပါတယ်။ လက်ရှိမှာတော့ အဆိုပါစက်ပစ္စည်းကို ဂျပန်နိုင်ငံမှာပဲ အသုံးပြုလို့ရနေပြီး ၂၀၂၀ ခုနှစ်ရောက်ရင်တော့ ပြည်ပသို့တင်ပို့ရောင်းချပေးသွားဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi font

LEAVE A REPLY

Please enter your comment!
Please enter your name here