#Lifestyle_Myanmar
#LM_Nandar
Unicode
2018 အာရှအနုပညာရှင်ဆုပေးပွဲမှာ အရမ်းဖော်လွန်းတဲ့ ဂါဝန်ကြောင့် လူတိုင်းကို ရှော့ရစေခဲ့တဲ့ Sunmi
တောင်ကိုရီးယား အမျိုးသမီး အဆိုတော် Sunmi ဟာ 2018 အာရှအနုပညာရှင်ဆုပေးပွဲ(2018 AAA) အတွက်အနီရောင်ကော်ဇောထက်မှာ ရောက်ရှိလာပြီး သူမရဲ့ အရမ်းဖော်လွန်းတဲ့ evening ဂါဝန်ကြောင့် လူတိုင်းအံ့အားသင့်ခဲ့ရပါတယ်။
နိုဝင်ဘာ ၂၈ရဲ့နေ့လည်ခင်းမှာ Wonder Girls အဖွဲ့ဝင်ဟောင်း Sunmi ဟာ 2018 အာရှအနုပညာရှင် ဆုပေးပွဲအတွက် အင်ချွန်းပါရာဒိုက်စီးတီး Art Space Plaza က ကော်ဇောနီထက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ Sunmi ဟာ ပုံမှန်သူမဝတ်ဆင်နေကျ အဝတ်အစားတွေထက် အနည်းငယ်ဟိုက်ထားတဲ့ ညနေခင်းဂါဝန်ရှည် အနက်ရောင်တစ်ထည်ကို ဝတ်ဆင်ပြီး သူမရဲ့သွယ်သွယ်လျလျကိုယ်ခန္ဓာကို ထုတ်ဖော်ပြသခဲ့ပါတယ်။
သူမရဲ့ဂါဝန်က ဘယ်လိုပဲ fancyဖြစ်နေပါစေ။ သူမရဲ့ ကျော့ရှင်းတဲ့အပြုံးနဲ့ ကင်မရာရှေ့မှာပေးတတ်တဲ့ သူမရဲ့ပိုစ့်တွေကြောင့်ပဲ Sunmi ရဲ့အလှအပကို ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ပါဘူး။
#Lifestyle_Myanmar
#LM_Nandar